မှား – မှန်
တိုင်းပြည်ဘဏ္ဍာ ပြည့်ဥစ္စာကို
မင်းပိုင်ပစ္စည်း မမှတ်လေနှင့်၊
ရှေးဘုန်းရှေးကံ ငါဥစ္စာဟု
ထင်ယောင်ထင်မှား မတွေးလေနှင့်၊
လုပ်ခွင့်အာဏာ လက်ကိုင်ထား၍
မတော်မတရား မလုပ်လေနှင့်၊
အမှားများစွာ သင်ကျူးလွန်သော်
သင့်ဒဏ်သင်ခံ ကယ်သူမရှိ ဖြစ်တတ်၏
မိမိကိုယ်ကျိုး ပယ်ကာစွန့်ချ
အများအကျိုးဆောင်ရွက် လမ်းမှန်ပြ၍
သင်ကြိုးစားသော် အများသူငါချစ်ပါမည်တည်း။
မင်းသုတ
15း45 P.M
14.9.2015
2 comments
kai
September 15, 2015 at 9:00 am
ဘုန်းကြီးလေသံ ဆုံးမသံပေါ့…
စာရင်းချုပ်တော့..
သူပဲစားသွားလေသတည်း..။ :k:
အောင် မိုးသူ
September 15, 2015 at 9:28 am
🙂