Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငိုးမ တပ်မဒေါ် နဲ့ မအလ ကာခ ျုပ်

ဟိုဒင်း စစ်တပ်ကို ငိုးမလို့ ပြောသာက ဒင်းရို့ ပစ္စည်းအလေးအပင်တွေ မတဲ့အခါ ငိုး ငိုးနဲ့ အော ်ပီးမလို့ ငိုးမတပ်မဒေါ်လို့ ခေါ်တာ၊ ကာခ ျုပ်ကြီးကဒေါ့ နှံမြည်ခေါ်ရတာ ထောက်လို့ အတိုခေါ်တာ… တပ်ထဲမှာလည်း ဗမက၊ ဗခက စသဖြင့် ခေါ်ကြတယ် မှုတ်လား… အဲလိုမှ ပြေရာပြေဂေ ျာင်း ပြောမြရင်…..

မင်းတို့ တပ်မဒေါ်ကို ငိုးမ တပ်မဒေါ်လို့ ဒီနေလ ျှာက ပေါ်တင်ခေါ်တယ်။ ကာခ ျုပ် မအလ ကိုလည်း လှည်းဘီးလို့ ပြောတယ်ကွာ။ အဲဒေါ့ ဘာဖြစ်လဲ….

cat12

မှတ်ခ ျက်။ မအူပင်က သူရဲကောင်း မခေ ျာစန္ဒီထွန်းကို ဝန်းရံကြပါ။

5 comments

  • ဦးကြောင်ကြီး

    October 13, 2015 at 8:05 am

    ဒေါ်အောင်ဆန်းစုကြည်၏ ထဘီအရောင်နှင့် အရောင်ပြောင်းလဲခဲ့သည့် တပ်မတော် ဝတ်စုံကို ခိုင်းနှိုင်းပြီး Facebook တွင် ရေးသားခဲ့သည်ဟုဆိုကာ မအူပင်မြို့နယ်မှ မိန်းကလေးတစ်ဦးကို ရန်ကုန်မြို့ တရားစခန်းတစ်ခု၌ ဝင်ရောက် ထိန်းသိမ်း
    Published on Tue, 10/13/2015 – 02:11
    http://www.news-eleven.com/local/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%81%8F-%E1%80%91%E1%80%98%E1%80%AE%E1%80%A1%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%A1%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%B2%E1%80%81%E1%80%B2%E1%80%B7%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%81%80%E1%80%90%E1%80%B9%E1%80%85%E1%80%B6%E1%80%AF%E1%80%80%E1%80%AD%E1%80%AF-%E1%80%81%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%82%8F%E1%80%AD%E1%82%88%E1%80%84%E1%80%B9%E1%80%B8%E1%81%BF%E1%80%95%E1%80%AE%E1%80%B8

    ဒေါ်အောင်ဆန်းစုကြည်၏ ထဘီအရောင်နှင့် အရောင်ပြောင်းလဲခဲ့သည့် တပ်မတော်ဝတ်စုံကို ခိုင်းနှိုင်းပြီး Facebook တွင် ရေးသားခဲ့သည်ဟုဆိုကာ မအူပင်မြို့နယ်မှ မိန်းကလေး တစ်ဦးကို ရန်ကုန်မြို့ တရားစခန်း တစ်ခု၌ သက်ဆိုင်ရာ ရဲစခန်းက ဝင်ရောက် ထိန်းသိမ်းခဲ့ကြောင်း အောက်တိုဘာ ၁၂ရက် ညပိုင်းတွင် စုံစမ်းသိရှိရသည်။

    “ကျွန်တော်တို့ စခန်းက တာဝန်အရ ပါဝင်ကူညီပေးရတာပါ။ အဲဒီ ကောင်မလေးကို မအူပင်မြို့နယ် ရဲစခန်းမှာပဲ Electronic ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ ၃၄(ဃ)နဲ့ အမှုဖွင့်ထားတယ်လို့ ကျွန်တော်တို့ကို သက်ဆိုင်တဲ့ ရဲစခန်းက အကြောင်းကြားတဲ့ အတွက် ကျွန်တော်တို့က အဲဒီကောင်မလေး လာဝင်တဲ့ တရားစခန်းကို သွားတယ်။ ပြီးတော့ အကျိုးအကြောင်း ပြောပြပြီးတော့ ကျွန်တော်တို့ ရဲစခန်းကို ခေါ်လာတာပါ။ အခုတော့ အမှုဖွင့်ထားတဲ့ ရဲစခန်းက သူ့ကိုခေါ်သွားတာ ဖြစ်ပါတယ်။ အဲဒီကိစ္စမှာ ကျွန်တော်တို့က ပါဝင်ကူညီရတာပဲ ရှိပါတယ်။ ကျွန်တော်တို့ အမှုဖွင့်ထားတဲ့ အကြောင်းအရင်း အတိအကျကိုလည်း မသိပါဘူး” ဟု ဗဟန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက စက်တင်ဘာ ၁၂ရက် ညပိုင်းက ပြောကြားသည်။

    အဆိုပါ ဖမ်းဆီး ထိန်းသိမ်းခံရသည့် မိန်းကလေးမှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် နေထိုင်ကြောင်း သိရပြီး အမည်မှာ မချောစနီ္ဒထွန်း ဆိုသူဖြစ်ကာ ၎င်း၏ Facebook အကောင့်တစ်ခု၏ အမည်မှာ ယင်းအမည်ဖြင့်ပင် ဖြစ်ကြောင်း သိရသည်။

    သူမအနေဖြင့် ရဲတာဝန်ရှိသူများ ဖမ်းဆီး ထိန်းသိမ်းခံရစဉ်တွင် ၎င်း၏ Facebook စာမျက်နှာတွင် “ချစ်သမီး အခု ဗဟန်းရဲစခန်းမှာပါ။ မအူပင်ရဲစခန်းမှာ ဆက်သွယ်ရေး ပုဒ်မနဲ့ အမှုဖွင့်ထားပါတယ်။ ညတွင်းချင်း မအူပင်ကို ပြန်ခေါ်သွားလိမ့်မယ်။ အားလုံးကို အသိပေးပါတယ်။ ဖုန်းနှစ်လုံး သိမ်းသွားပါတယ်” ဟု အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် ရေးတင်ခဲ့ပြီးနောက် Facebook ပေါ်တွင် သူမ၏ အကောင့်အား ရှာဖွေ၍ မရတော့ကြောင်း သိရသည်။

    ယင်းနှင့်ပတ်သက်ပြီး မအူပင်မြို့မ ရဲစခန်း၌ အောက်တိုဘာ ၁၂ ရက် ည ရ နာရီ ခန့်တွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်း တာဝန်ကျ အဆင့်မြင့် တပ်မတော် အရာရှိတစ်ဦးက ယင်းတိုင်းဒေသကြီး ပုသိမ်မြို့နေသူ မချောစနီ္ဒထွန်း၏ Facebook အကောင့်တွင် “ အဲသလောက် အမေ့ကို ချစ်ကြရင်လဲ အမေ့ထဘီစခေါင်းမှာ ပတ်ထားပါတော့လားဗျာ” ဟူ၍ ခေါင်းစဉ်ဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေသောပုံနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တပ်မတော်သားများအား မိန့်ခွန်းပြောနေသည့် ဓာတ်ပုံတို့ကို ယှဉ်တွဲကာ ရေးတင်ခဲ့သည်ဟုဆိုကာ သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

    ထို့ပြင် အဆိုပါ ယှဉ်တွဲထားသည့် ဓာတ်ပုံများပေါ်တွင် “ အမေစုဝတ်တဲ့ ထဘီအရောင် ကြိုက်လို့တဲ့ သူတို့ ချုပ်ဝတ်ကြလေပြီ” ဟု ရေးသားထားသည်ကို တွေ့မြင်ခဲ့ရပြီး တပ်မတော်သားများ ဝတ်ဆင်ခဲ့သော ဝတ်စုံများအား ယခင်ဝတ်ဆင်သည့် စစ်စိမ်းရောင်အစား အစိမ်းနုရောင်သို့ ပြောင်းလဲဝတ်ဆင်ခဲ့မှု အပေါ်စာ၊ အမှတ်အသား၊ ပုံသဏ္ဌာန်တို့ဖြင့် အင်တာနက် စာမျက်နှာသို့ တင်မှုအပေါ် အဖွဲ့စည်း တစ်ခုခု (သို့မဟုတ်) တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် သတင်းအချက်အလက်ကို Electronic နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိ ခဲ့သည့် အဆိုပါ မိန်းကလေးအား အရေးယူပေးရန် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

    “သူက ဦးဂိုအင်ကာ တရားစခန်းမှာ တရားစခန်းဝင်နေကျပါ။ တရားစခန်း နာမည်က ဓမ္မဇောတိပါ။ သူက ဒီနေ့ပဲ တရားစခန်း ဝင်ဖို့ရောက်လာတာ။ အဲဒါကို သူ့အမေက လိုက်ပို့တာဖြစ်တယ်။ သူ့အမေတောင် မပြန်ရသေးခင် သမီးကို ရဲအယောက် ၂ဝ လောက်နဲ့ တရားစခန်းမှာ ဝိုင်းပြီး ဖမ်းသွားတယ်လို့ သိရတယ်။ အခုညတွင်းချင်းပဲ သမီး ချောစန္ဒီထွန်းကို မအူပင်ကို ရဲစခန်းက ကားနဲ့လာခေါ်သွားတယ်။ သူ့အမေပါ တစ်ခါတည်း ရဲကားနဲ့ ပါသွားတယ်။ သူ့ကို မအူပင်ရဲစခန်းမှာ အမှုဖွင့်တာ စစ်ဘက်က ဖွင့်တာလို့ သိရတယ်” ဟု မချောစန္ဒီထွန်း ထိန်းသိမ်းခံရသည့် ဗဟန်းရဲစခန်းသို့ လာရောက်သော ၎င်း၏ ဆွေမျိုးတစ်ဦးက ပြောကြားသည်။

    မချောစနီ္ဒထွန်းအား အောက်တိုဘာ ၁၂ ရက် ည ၁ဝ နာရီ ၁ဝ မိနစ်ခန့်တွင် ၎င်းအား ထိန်းသိမ်းထားသော ဗဟန်းမြို့မ ရဲစခန်းမှ မအူပင်မြို့မ ရဲစခန်းမှူး အပါအဝင် တာဝန်ရှိသူ အချို့က မအူပင်မြို့နယ်သို့ ခေါ်ဆောင်သွားခဲ့ပြီး လက်ရှိတွင် မအူပင်မြို့မ ရဲစခန်းက ၎င်းကို (ပ) ၂၉၄/၂၀၁၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

    Writer:
    မင်းသိန်းနိုင်၊ကြည်နိုင်

  • ဇီဇီခင်ဇော်

    October 13, 2015 at 8:44 am

    နောင်ဆို
    အကျင့်ယုတ်တာကို ဒေါ်စိန်အေးကျင့် ဒေါ်စိန်အေးကြံ လို့ ပြောရတော့မယ်။
    ပြိုင်ဘက်မရှိ ဦးဆောင်ယုတ်မာနေသော အဘတို့။

  • မြစပဲရိုး

    October 14, 2015 at 2:43 am

    Freedom of Speech ဆိုတဲ့ စကား အဓိပ္ပါယ် ကို အသေအချာ ဖွင့်ဆိုပြဌာန်းပေးဖို့လိုမယ် ထင်ပါတယ်။
    Freedom of Speech ဆိုရာမှာ Facebook/ Internet ထဲ ကြိုက်တာအားလုံး ကို ပြောဆို ရေးသား နိုင်တယ် လို့ မဆိုလိုကြောင်း လူ တွေ ကို သိဖို့
    ပထမဆုံး ပညာပေးသင့်ပါတယ်။
    ပညာပေး တာ နဲ့ တွဲ လို့ ဥပဒေ နဲ့ ပြစ်ဒါဏ် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြဌာန်းပေးသင့်ပါတယ်။
    ဥပဒေပြဌာန်းပြီးချိန် ဘယ်လို လူတန်းစား က မှ အဲဒီ ဥပဒေ ကို မချိုးဖောက်ရပါဘူး။
    ချိုးဖောက်မဲ့ သူ တွေ ရှိနေရင်လဲ နဂိုထဲ က ဘာမှ မပြဌာန်းတာက ပိုပြီး မျှတ ပါလိမ့်မယ်။
    ဟိုလူကိုတော့ အရေးယူမယ်၊ ဒီလူ ကိုတော့ မသိဟန်ဆောင်မယ် ဆိုရင် နိုင်ငံမှာ တရားမျှတမှု မရှိတာ ကို ပိုပိုပြီး သက်သေပြသလို ဖြစ်နေပါတယ်။
    ### ### ### ### ### ### ### ### ### ### ###

    အဲလို ပြောလဲ ဘယ်သူမှ အရေးလုပ်မယ် မထင်ပါဘူး။

    သူတို့ လှုပ်ရှားတဲ့ ပုံတွေ၊ ပြောနေတဲ့ စကား တွေ အားလုံးကို ချ ကြည့်ပြီး မှတ်ထားရင် အကွက်ချပြီးတော့ တော့ လုပ်နေတာဘဲ။
    သိသာတယ်။
    ဒါပေမဲ့ သူတို့ မှန်းသလိုတွေ မဖြစ်တော့ နောက်ပိုင်း သူတို့ ဟာသူတို့ လဲ ဟန်ချက်နိုင်တော့မှာမဟုတ်။
    ကိုယ့်ဘက်က လူ အားလုံး အပြောအဆို အလုပ်အကိုင် အားလုံး စည်းမဖောက်အောင် သာ သိက္ခာရှိရှိ သတိ နဲ့ နေကြပေတော့။

    ဒီချုပ်ကလဲ ကိုယ့်လူတွေ ကို ပိုပြီး တင်းကြပ် တဲ့ စည်းကမ်းတွေ ထုတ်ဖို့ သင့်ပါတယ်။
    .ဖောက်ရင်ဘယ်သူ့ ကို မဆို အရေးယူမယ် ဆိုပြီး ပြောပါ။
    တကယ်လဲ လုပ်ပါ။
    အခုဟာ က တစ်ချို့ ကို သိပ်တောင် မသကာင်္ဘူး။
    ကိုယ့်လူ လိုလို နဲ့ ပူးသတ်နေမှာ ကြောက်ရပါတယ်။

    ဒီအချိန်မှာ ဆူပူမှု ကို လိုလား မဲ့ သူတွေ စောင့်နေတာလဲ မမေ့ကြပါနဲ့။

  • surmi

    October 16, 2015 at 4:46 pm

    ကြောင်ဇုတ်
    ကြောင်နာ
    :mrgreenn:

  • Alinsett @ Maung Thura

    October 18, 2015 at 8:41 pm

    တစ်ဦးတစ်ယောက်ချင်းစီတိုင်း… ကိုယ်တာဝန်ယူရတဲ့အပိုင်းတိုင်း..
    သိက္ခာရှိရှိ… ပြောဆို လုပ်ကိုင်ကြချိန် တန်ပြီ…. ( သို့တည်းမဟုတ်) အချိန် မတန်သေးဘူးလား.. လို့ တွေးမိ။

    ပလို့ဂျိ
    ——-

    မှတ်ချက် – ဦးကြောင်ကြီးကို ဝန်းရံချင်သည်။ အမြန်ပျံလာပါ။

Leave a Reply