ငြိမ်းချမ်းရေးလမ်းခရီးဆီသို့…
– မြန်မာက ” ရေ ” ကို အင်္ဂလိပ်က ” water” ကုလားက ” ပါနီ ” လို့ခေါ်တယ်…
မြန်မာက ရေလို့ခေါ်မှ မှန်တယ်?…အင်္ဂလိပ်ကလည်း water လို့ခေါ်မှ မှန်တယ်?…
ကုလားကလည်း ပါနီ ကအမှန်ဆုံး စသည်ဖြင့် ငြင်းခုံနေဖို့မဟုတ်ဘူး…
ရေဆိုတာ ညစ်ပေနေသည့်အရာကို သန့်ရှင်းစေတယ်၊ လောကကိုအေးမြစေတယ်…ဆာလောင်မှုမှ
သတ္တဝါတွေကို အငတ်ပြေစေပါတယ်….
ဒါကို “ပညတ်သမား” ကလည်း ရေ၊ water၊ ပါနီ လို့မခေါ်ဘဲ ဘာလုပ်လို့ရမှာလဲ လို့စောဒကတက်
“ပရမတ်သမား ” ကလည်း ရေထဲမှာ H2O ပါတယ်… H2O မသိဘဲ ရေသောက်လို့မရဘူးလို့ပြောရင်
လောက အတွက်ဘာများအကျိုးရှိမှာလည်း…
တကယ်တော့ရေ၏ ပကတိသဘာဝဟာ ဖြူစင်သန့်ရှင်းပါတယ်…ကာလ၊ဒေသ၊ ပုဂ္ဂလ မခွဲခြားဘဲ
သူ့အစွမ်းသတိ္တအရည်အချင်းရှိသလောက် သူ့တာဝန်သူကျေပါတယ်…
သို့သော် ထုံးကျောတောင်ကိုဖြတ်သန်းလာသည့်ရေမှာ ထုံးဓါတ်(calcium) များပါလာသလို
သတ္တုကြောကိုဖြတ်သန်းလာသည့် ရေမှာလည်း(Iron) သံဓါတ်တွေကန့်ဓါတ်တွေပါလာမှာပါဘဲ…
ပြောချင်တာ ကျွန်တော်တို့လူသားအားလုံးဟာ ရေလိုဘဲ မူလပကတိပင်ကိုသဘာဝအရအားလုံးဟာ
ဖြူစင်သန့်ရှင်းကြပါတယ်… ကျွှန်တော်တို့ငယ်ငယ်တုံးက အမေမိဘဘိုးဘွားများက ကလေးတွေက
အဖြူထည်တွေပါလို့ ပြောကြတာကို မှတ်မိကြမှာပါ…ဒါတွေက ဘာကိုပြနေသလဲဆိုတော့ လူသားတွေ
အားလုံးဟာ ငယ်ငယ်တုံးက ဖြူစင်ရိုးသားကြတယ်ဆိုတာကို ပြနေတာဘဲမဟုတ်လား..ကြီးလာသည့် အခါမှ
ဘိုးဘွားမိဘဆွေမျိုး ဆရာတွေပတ်ဝန်းကျင်တွေက အရောင်ဆိုးပေးလိုက်လို့ ညစ်ပတ်သွားကြတယ်…
ရေနဲ့ အညစ်အကြေးတွေဟာ အတူနေကြပေမဲ့ ခွဲခြားပြီးမြင်လိုက်ရင် ရေကိုအပြစ်မမြင်တော့သလို
ထို့အတူ…လူတွေဟာလည်း ဘာသာစွဲ၊လူမျိုးစွဲ၊ဒေသစွဲ စသည့်စသည့်အစွဲအလန်းအညစ်အကြေးတွေဟာ
လူသားတွေနဲ့ အတူရှိနေပေမဲ့ ခွဲခြားပြီးမြင်လိုက်ရင် လူ့လောကအင်မတန်မှ ငြိမ်းချမ်းလိမ့်မယ်လို့မြင်မိပါ
တယ်….