Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အခုအချိန်မှာ… မှတ်တမ်း… နောင်တချိန်အတွက်… သမိုင်း

ရွာထဲမရောက်ဖြစ်တာ ကြာခဲ့ပြီ…

သံယောဇဉ်က တွယ်လျက်ရှိသည်မို့…

အခုအချိန်မှာတော့ မှတ်တမ်းတစ်ခု… နောက်တချိန်အတွက် သမိုင်းတခုဖြစ်မယ့် ဓာတ်ပုံတချို့ကို…

ရွာထဲလာပြီး မှတ်တမ်းတင်ခဲ့ပါ၏…

၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့၊ သုဝဏ္ဏမြို့၊ မြို့ဦးစေတီဘောလုံးကွင်းတွင် ကျင်းပခဲ့သော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေးဟောပြောပွဲ မှတ်တမ်းဓာတ်ပုံများ

(သူကြီး… သင့်ကြောင့်ဆာဗာမပျက်ပါစေနှင့်…)

အမေမျက်နှာ... သီတာရေအလား
အမေမျက်နှာ… သီတာရေအလား

 

အမေ့အသံ... ပြည့်အားမာန်
အမေ့အသံ… ပြည့်အားမာန်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဓာတ်ပုံရိုက်ဖြစ်တဲ့ တစ်နှစ်မပြည့်တပြည့်သက်တမ်းတိုလေးအတွင်းမှာ…

အမေဒေါ်အောင်ဆန်းစုကြည်ကို အခုလိုအရှင်လတ်လတ်ကြီး ဓာတ်ပုံရိုက်ခွင့်ရဖို့ဆိုတာ…

အတော်လေးမက်ရတဲ့ အိပ်မက်ရှည်ပါပဲ… အခုတော့ ဒီဆန္ဒပြည့်သွားပြီ…

တကယ်တော့ ကျွန်တော်တို့အားလုံး အပြောင်းအလဲကို မျှော်လင့်နေကြတာပါ…

မျှော်လင့်ချက်တစ်ခုပဲရှိပါတယ်… အဲဒါကတော့…

” အမေနိုင်မှဖြစ်မှာပါ… အမေနိုင်ကိုနိုင်ရမှာပါ…”

သူတို့လေးတွေရဲ့ အနာဂတ်အတွက်... အမေနိုင်မှဖြစ်မယ်...
သူတို့လေးတွေရဲ့ အနာဂတ်အတွက်… အမေနိုင်မှဖြစ်မယ်…

 

တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ အညွှန့်တလူလူတက် ဝေဖြာစေဖို့…

”  အမေရေ… အမေနိုင်မှဖြစ်မှာပါ…”

ဝမ်းတစ်ခါးအတွက်... ဘဝခါးခါးကို လျှောက်သူ
ဝမ်းတစ်ခါးအတွက်… ဘဝခါးခါးကို လျှောက်သူ

ဒီလို လက်လုပ်လက်စား ချို့တည့်သူတွေ ဆင်းရဲတွင်းက ရုန်းတက်ဖို့…

” အမေရေ… အမေနိုင်မှဖြစ်မှာပါ…”

လောကဓံရဲ့ ကျိတ်ထားတဲ့အံ
အမေ့ကိုချစ်တဲ့…သားတစ်ယောက်

အမေ့ကို ချစ်တဲ့… ပြည်သူတွေရဲ့ဘဝနေထိုင်မှု… တိုးတက်ဖို့အတွက်…

” အမေရေ… အမေနိုင်မှဖြစ်မှာပါ…”

တိုင်းရင်းသားတွေ အမေ့အရိပ်မှာ... သွေးစည်းကြပါတယ်...
တိုင်းရင်းသားတွေ အမေ့အရိပ်မှာ… သွေးစည်းကြပါတယ်…

အမေ့အရိပ်မှာ… အယောင်ပြငြိမ်းချမ်းရေးတွေ ချုပ်ငြိမ်းပြီး…

တိုင်းရင်းသားတွေ သွေးစည်းညီညွတ်ကြဖို့…

” အမေရေ… အမေနိုင်မှဖြစ်မှာပါ…”

အမေ့ကို ချစ်တဲ့သူ...
အမေ့ကို ချစ်တဲ့သူ…

 

အမေ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း… အမေ့ကိုအားကျနေကြတဲ့…မျိုးဆက်သစ်တွေအတွက်…

” အမေရေ… အမေနိုင်မှဖြစ်မှာပါ…”

ခွတ်ဒေါင်းပျို
ခွတ်ဒေါင်းပျို

 

အမေ့… အားအင်တွေစီးဝင်နေတဲ့… ခွတ်ဒေါင်းပျိုတွေအတွက်…

” အမေရေ… အမေနိုင်မှဖြစ်မှာပါ…”

ချင်းချင်းနီတဲ့... ခွတ်ဒေါင်းပြည်
ချင်းချင်းနီတဲ့… ခွတ်ဒေါင်းပြည်

 

အမေ့ဘက်က ရဲရဲတောက် ချင်းချင်းနီတဲ့ ပြည်သူတွေ လက်ချင်းတွဲလို့ရှိနေပြီအမေ…

အရောင်လွင့်တွေ တောက်ပစေဖို့
အရောင်လွင့်တွေ တောက်ပစေဖို့

 

ကျွန်တော်တို့ရဲ့ အရောင်လွင့်လွင့် ခပ်ယဲ့ယဲ့… တိုင်းပြည်လေး…

တောက်ပလာစေဖို့….

” အမေရေ… အမေရေ… အမေနိုင်မှဖြစ်မှာပါ…. ”

 

လေးစားစွာဖြင့်…

ကြောင်ဝတုတ်

5 comments

  • kai

    November 5, 2015 at 2:41 am

    ယူအက်စ်ကလူတွေအတွက် FB ကနေ ၁၅ဒေါ်လှဖိုး… Boost လိုက်တယ်….။
    ရောက်စေသတည်း… ရောက်စေသတည်း…။
    အဖွဲ့ချုပ်ရဲ့သတင်းစကားကို… မြန်မာပြည်က ဆွေမျိုးသားချင်းများထံ.. လက်ဆင့်ကမ်းကြပေါ့…။

    ကြုံလို့ပြောရရင်.. ပြီးခဲ့တဲ့လက..US မှာ NLD ပညာရေး/ကျန်းမာရေးကွန်ယက်ပွဲအတွက် ဒေါ်လာ၂သိန်း၃သောင်းရှာနိုင်ခဲ့တာမှာ.. အဓိကဦးဆောင်သူက.. ရခိုင်အမျိုးသား…။
    https://www.facebook.com/ko.lay.35

    ရခိုင်ပြည်တွင်လည်း.. အဖွဲ့ချုပ်အောင်စေသတည်း…အောင်စေသတည်း…။

  • Ma Ma

    November 5, 2015 at 6:58 am

    ကြောင်ဝတုတ်ပုံတွေ ကြည့်ရတာ အားရပါးရရှိလှတယ်။
    ကောင်းလိုက်တဲ့ပုံတွေ။
    ကူးထားလိုက်ပြီ။ 🙂

  • ဇီဇီခင်ဇော်

    November 5, 2015 at 9:10 am

    Envy and Bravo…!!!

    🙂

  • Mike

    November 5, 2015 at 2:11 pm

    .ဓါတ်ပုံတွေတော်တော်ကောင်းတယ်…ဒေါ်စုကိုဓါတ်ပုံရိုက်ခွင့်ရတဲ့အတွက်လည်းကူပြီးဝမ်းသာပေးပါတယ်
    .မှတ်တမ်းဖြစ်အောင်ဒါလေးမလာတယ်.. :))

    Thura Aung
    September 18 ·

    ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံအတွက် ဘာတွေလုပ်ပေးခဲ့ဖူးလဲ ဆ်ိုသူများ
    သိစေဖို့ အတွက်..

    ၁။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂျာမဏီခရီးစဉ်မှာ
    မြန်မာနိုင်ငံက ပေးရမည့်အကြွေးကို ထက်ဝက် လျော်ပေးခဲ့တယ်။ (အမေ့စု မျက်နှာကြောင့်မို့ပါ)

    ၂။ လက်ပတောင်းတောင် စီမံကိန်းကြီးကို စာချုပ်ပြင်ဆင်ချုပ်ပေးနိုု်င်ခဲ့တယ်။
    လက်ပတောင်တောင် က လယ်ပိုင်ရှင်တွေ မြေယာလျှော်ကြေးရအောင် လုပ်ပေးနိုင်ခဲ့တယ်။
    အရင်ပညာအရမ်းတတ်စစ်ဗိုလ်ကြီးတွေ ချုပ်ခဲ့တဲ့စာချုပ်မှာ နိုင်ငံတော်က ၄% ပဲ ရပိုင်ခွင့်ရှိရာကနေ အမေစု ပြန်လည်ပြင်ဆင်ချုပ်တဲ့ စာချုပ်မှာ နိုင်ငံတော်က ၄ဝ % ရပိုင်ခွင့်ရှိသွားတယ်။ ( ဒီနေ့ ဝန်းထမ်တွေ လခတွေတိုးရနေတာ အမေစုရဲ့ ၄၀% ကငွေတွေကြောင့်ဆို ဘယ်သူ ငြင်းမလဲ။))

    ၃။ သူကိုယ်တိုင် ထိုးထားတဲ့ အင်္ကျီလေးတွေကို ရောင်းပြီး ပညာရေးကွန်ယက် ထူထောင်ပေးခဲ့တယ်။
    နှစ်ပေါင်း ၆ဝ လုံးလုံး ဘယ်ခေါင်းဆောင်ကများ ရှိတာရောင်းပြီး ပြည်သူ့ပညာရေးကို စဉ်းစားပေးခဲ့ဖူးလို့လဲ..?

    ၄။ စုမေတ္တာ ဆေးပေးခန်းလေး တည်ဆောက်ပေးခဲ့တယ်။ (အရင်အစိုးရလက်ထက်ကဆိုရင် ဆေးပေးခန်း မပြောနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာတောင် ဆေးစုံမရှိဘူး)

    ၅။ စုဖောင်ဒေးရှင်း တည်ထောင်ပေးပြီး ပြည်သူတွေ ကျမ္မာရေး ပညာရေးအတွက် အသုံးပြုဦးမယ်။(ဦးသိန်းစိန် ဖောင်ဒေးရှင်းရယ်လို့ အရင်ကလည်း မကြားမိဘူး၊ ခုလည်း မကြားပါဘူး၊ နောင်လည်း ကြာရမှာ မဟုတ်ပါဘူး။ သူက လိမ်မော်ခြံနဲ့ မုန့်ဟင်းခါးဆိုင်ပဲ အာရုံကျနေတာဆိုတော့ … ထားပါလေ)

    ၆။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တည်ထောင်ပေးပြီး ရွှေ့ရှားစာကြည့်တိုက် ဖွင့်ပေးထားတယ်။
    (ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်မှာ ကိုယ်ပိုင်စာကြည့်တိုက်ကြီးတစ်ခုရှိတယ်။ သူတစ်ယောက်တည်းဖတ်ဖို့ပါ။ အမေစုလိုပြည်သူကို စာတတ်စေချင်စိတ်ကတော့ ဘယ်ဝန်ကြီး၊ ဘယ်သမ္မတ မှာမှ မရှိပါဘူး။ သူတို့ပဲ စာတတ်၊ သူတို်ပဲ လူလည်လုပ်ပြီ အုပ်ချုပ်ချင်နေကြတာလေ။ ဦးရဲထွဋ် ရဲ့ ဖေ့ဘုပ်မှာ အညာက ကလေးတွေ နွားကျောင်းနေတဲ့ ပုံတို့၊ အညာသူ အစ်မကြီး သွားဖြီးဖြီးလေးနဲ့ ဈေးရောင်းနေတဲ့ ပုံတို့ မကြာခဏ တင်လေ့ရှိတယ်။ ခေါင်းစဉ်က အညာသူတို့ရဲ့ ရိုးရှင်းသောအပြုံးတို့၊ အညာဓလေ့တို့ ၊ အညာညနေခင်းတို့ စသဖြင့် ခေါင်းစဉ်လှလှလေးတွေနဲ့တင်တယ်။ Like သောင်းနဲ့ချီပြီးရပါတယ်။ တကယ်တော့ အညာဓလေ့ကို ချစ်လို့တင်နေတယ်လို့ မယူဆပါဘူး။ ငါတို့စစ်တပ် နှစ်၆ဝ အုပ်ချုပ်ခဲ့တာ အညာသူတွေ ဘာမှ မသိတော့ဘူး။နိုင်ငံရေးလည်း ဘာမျှ နားမလည်းနိုင်တော့ဘူး။ ဈေးရောင်း နွားကျောင်း ပဲ သိကြတော့တယ် ဆိုပြီး တဘက်လှည့်နဲ့ ဂုဏ်ယူ ပျော်ရွှင်နေမယ် လို့ ယူဆပါတယ်။ သိပ်မကြာသေးခင်က သူ့ ဓာတ်ပုံတစ်ပုံမြင်လိုက်ပါသေးတယ်။ ချင်းပြည်နယ်ရောက် ဗမာတစ်ယောက်တဲ့။ စစ်အာဏာရှင် လက်ထက်မှာ လက်နက်မကိုင်တာ ဆိုရင် ချင်းပဲရှိတယ်။ ဒါပေမဲ့ လက်နက်မကိုင်တဲ့ပြည်နယ်ရော တိုးတက်လားဆိုတော့ ပြည်နယ် နှင့် တိုင်း ၁၄ ခုထဲမှာ ချင်းပြည်နယ်က ဖွံ့ဖြိုးမှု နောက်အကျဆုံးတဲ့။ အဲ့ဒီချင်းပြည်နယ်ရောက် ဗမာတစ်ယောက်က ချင်းပြည်နယ် တိုးတက်ဖို့ သွားကြည့်တာတော့ မဟုတ်လောက်ပါဘူး။ ငါတို့စစ်တပ် လုပ်ခဲ့တဲ့ မတိုးတက်ဆုံး ပြည်နယ်လေးကို သွားကြည့်ဦးမယ် ဆိုပြီ ဂုဏ်ယူနေတာ.ဖြစ်မှာပါ။)

    ၇။ နိဗယ်ဆု က ရတဲ့ ဒေါ်လာ ၁.၃ သန်းကို ပြည်သူတွေ ပညာရေးနဲ့ ကျမ္မာရေး အတွက် အကုန်သုံးခဲ့တယ်။(အမေစုက သူကိုယ်တိုင်လည်း ပညာကိုတန်ဖိုးထားသလို ပြည်သူတွေကိုလည်း စာတတ်စေချင်တာ သူ့လုပ်ရပ်တွေက သက်သေပဲ။ ဒါနဲ့ စကားမစပ် အဘ ဖောင်ဒေးရှင်း ပညာရေး ကွန်ယက် ဆိုတာလေး မြင်ဖူးချင်စမ်းပါဘိဗျာ)

    ၈။ မြန်မာ့ ပညာရေး တိုးတက်စေဖို့ မြန်မာ့ကျောင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ ကျောင်းသားခေါင်းဆောင်တွေ တွေ့နိုင်ဖို့ စီစဉ်ပေးခဲ့တယ်။ တွေ့ပေးခဲ့ပြီ။ (ဒါလည်း ပညာရေးပဲ)

    ၉။ လွှတ်တော်ထဲမှာ ဝန်ကြီးတစ်ပါးပြစ်တဲ့ အမှိုက်ကို ကောက်ပေးခဲ့ဖူးတယ်။ အမှိုက်ကောက်တဲ့ အဓိပ္ပါယ် က ရှင်တို့ပြောတော့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံသစ်ကြီးဆို ။
    ခေါင်က မလုံပဲ တံစက်မြိတ်က ဘယ်လိုလုပ်လုံမလဲ.(ဗျမ်း) နားရင်းအုပ်ပြီး ဆုံးမ လိုက်သလိုပဲ ။ အဲ့တစ်ခါဆုံးမ ပြီး နောက်ပိုင်း ဘယ်ဝန်ကြီးမှ အမှိုက်မပစ်ရဲတော့ဘူး။)

    ၁၀။ ကျနော်တို့ ပြည်သူတွေကို ယူနီဖောင်းချွတ်တွေ လိမ်နေသမျှ ကမ္ဘာသိအောင် ချပြပေးခဲ့တယ်။(ဟိုလူကြီးတွေဘက်ကတော့ ကမ္ဘာပတ်ပြီး အတင်းပြောတယ်လို့တောင် သမုတ်တာခံရပါတယ်။)

    ၁၁။ လွှတ်တော်ထဲက တပ်မတော်သားကိ်ုယ်စားလှယ်တွေကို
    ထမင်းဖိတ်ကျွေးဖူးတယ်။(အရက်နဲ့ ကာရာအိုကေ မပါလို့တဲ့ တပ်မတော်သား ကိုယ်စားလှယ် တွေက လာမစားဘူး။ ဦးလှဆွေ တင်တဲ့ post အရ သိရတာပါ။)

    ၁၂။ မြန်မာ့ပညာရေး မြင့်မားစေဖို့ အဆင့်မြင့် ပညာရေးဥပဒေ ရေးဆွဲပေးခဲ့တယ်။(ဒါလည်း ပညာရေးပဲ)

    ၁၃။ ခင်ဗျားတို့ ကျနော်တို့ကို စစ်အာရှင်တွေ နှိပ်စက်နေတုန်းက အမေစုက အသက်နဲ့ ရင်းပြီး အံတုပေးခဲ့တယ်။ (သမိုင်းတွေက သက်သေပါ။)

    ၁၄။ စစ်တပ်ကြီးက ချုပ်ကိုင်ထားတဲ့ ပုဒ်မ ၄၃၆ ကိုပြင်နိုင်အောင် ကြိုးစားပေးခဲ့တယ်။(အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း လက်မလွှတ်ချင်ကြသေးပေမဲ့ တစ်နေ့တော့ အောင်မြင်မှာပါ)

    ၁၅။ ကော့မှူးမြို့မှာ Hospitality & Catering Ttaining Academy ကျောင်းကြီးလည်း ဖွင့်ပေးထားပါတယ်။
    (နိုင်ငံခြား အတွေ့အကြုံရှိ Programme Director နဲ့ သင်တန်းဆရာတွေ နဲ့ ခေတ်မီ ပစ္စည်း ပစ္စယ အစုံအလင် ၊ အာဆီယံရဲ့ သင်ရိုးညွှန်းတန်းအတိုင်း သင်ပေးနေတဲ့ မြန်မာပြည်မှာ ပုဂ္ဂလိကပိုင်းမှာ မရှိသေးတဲ့ ကျောင်းကြီးတစ်ခုပါ။ အပြင်မှာ တက်မယ်ဆိုရင် ၂၅ သိန်းလောက် ပေးရပါတယ်။ အမေ့ကျောင်းတော်ကြီးကတော့ အခမဲ့ ပါ၊ သင်တန်းတက်နေတဲ့သူတွေ အကျိုးရှိနေပါပြီ။ )

    ၁၆။ ခင်ဗျားတို့ ကျနော်တို့ သိပ်ချစ်ခင်လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်၁၀ဝ ပြည့်ပွဲကို စည်းစည်းကားကား နေရာတော်တော်များများမှာ ကျင်းပပေးခဲ့ပါတယ်။(အစိုးရ အလိုအတိုင်းဆို ကျင်းပပေးဖို့ ဝေလာဝေး။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် အသံတောင် ကြားရဲကြမှာအဟုတ်ဘူး။ အမေစု လုပ်မှ လွှတ်တော်ထဲမှာ အစီအစဉ်မရှိပဲ ထလုပ်ကြတာပါ။)

    ၁၇။ ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွန်းမံဖို့ ဦးဆောင် တာဝန်ယူ ခဲ့တယ်။
    ဒီနေ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဘယ်လောက်ထိ တိုးတက်ပြောင်းပြီလဲဆိုတာ ဆေးရုံရောက်ဖူးသူတိုင်းသိတယ်။ (အစိုးရ ဝန်ကြီးတွေကတော့ ပြည်သူတွေကို ကုချင်သလိုကု သေချင်လည်းသေ ဆိုပြီး လုပ်ချင်သလို လုပ်ထားတယ်။ သူတို့မိသားတွေ ကျန်းမာရေးတစ်ခုခုဖြစ်လာရင်တော့ စင်္ကာပူ ပြေးကြ၊ ထိုင်းပြေးကြနဲ့ အသဲအသန် လိုက်ကုနေကြတယ်။ သိကြ မြင်ကြရဲ့လား။)

    ၁၈။ တနိုင်ငံလုံး ရေဘေးနဲ့ ဒုက္ခရောက်နေတဲ့ အချိန်
    ဘယ်လို ကူညီပြီး လှူဒါန်းခဲ့တာ မျက်စိအမြင် မချို့တဲ့သူတိုင်း သိတယ်။

    တကယ်တော့..
    သူ့မှာ ရှိသလောက်လေးနဲ့ သူရထားတဲ့ ဆု ၁၁၄ ခု ရဲ့ သူရဲကောင်းဆိုတဲ့ ဂုဏ်ပုဒ်လေးကို အားကိုးပြီး ပြည်တွင်းပြည်ပ အလှူခံလို့ရတာလေးနဲ့ လက်လှမ်းမှီသလောက် ပြည်သူကို အကျိုးပြုနေတာပါ။ နည်းတယ်လို့တော့ မထင်လိုက်ပါနဲ့။ အမေစုက ပြည်သူတွေရဲ့လယ်တွေ ခြံသိမ်းယူပြီး စီးပွားရေးလုပ်နေတဲ့ ခရိုနီ ဝန်ကြီးတွေလိုမှ မချမ်းသာတာဗျာ ။ ဟုတ်ဘူးလား နော…

    မှတ်ချက်။ ။ ပြည့်သူငွေကို ဗုန်းဘောလအောသုံးပြီး တံတားဆောက်လို်က်၊ လမ်းခင်းလိုက်၊ အမေရိကန်က လော်ဘီငှါးပြီး ကြွားလုံးထုတ်လိုက်လုပ်နေတဲ့ အစု်ိးရနဲ့တော့ မယှဉ်ပါနဲ့။ အစိုးရလုပ်ပေးနေတယ်ဆိုတာ ကျနော်တို့ ပြည်သူတွေရဲ့ ငွေတွေနဲ့ပါ။.ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်ပေးနေတာပါ။ အမေစု သမ္မတ ဖြစ်ရင် ဒီအစိုးရထက် ၁ဝဆ မက ပြည်သူတွေကို တိုးတက်စေမှာပါ။

    သူနိုင်သလောက်လေး လုပ်ပေးနေတာ ကျနော်တို့ပြည်သူတွေကို သိပ်ချစ်လွန်းလို့ပါ။

    ဒါကြောင့် မမြင်တွေ ချို့တဲ့မနေသင့်တော့ပဲ..
    လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲကြရင် ဘယ်သူ့ကို မဲပေးသင့်တယ်ဆိုတာ
    မြင်မိကြမယ်လို့ ယုံကြည်မိပါတယ် ။

    အားလုံးပဲ ရွေးချယ်မှု့ မှန်ကန်ကြပါစေ ။

    ကိုထက်
    Copy.from….. ကိုထက်

  • မြစပဲရိုး

    November 6, 2015 at 12:07 am

    ဖက်ဖက်လေး – ပုံ(၁) ကို ကူးသွားတယ်။
    ရာဇဝင်တင်သွားတဲ့ ပုံထဲက dot ဝဝ လေး တစ်စက် ဖြစ်ခဲ့တယ်ပေါ့လေ။ 😉
    လုံမလေးမွန်မွန် လဲ dot တစ်စက် ဘဲ။
    အစက် လေး များ အားလုံးအတွက် ဂုဏ်ယူပါတယ်။ :-))

Leave a Reply