Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

. မြ ရဲ့ သင်ပုန်း ၃၁-၁၂-၂၀၁၅

မြစပဲရိုးDecember 31, 20151min82312

အင်္ဂလိပ် ခုနှစ် သက္ကရာဇ် ၂၀၁၅ ကုန်ဆုံးတော့မည်။
သက္ကရာဇ် ၂၀၁၆ သည် မြချစ်သော ရွှေပြည်ကြီး၏ ကြီးမားသော အပြောင်းအလဲ တစ်ခု အတွက်
အဆုံးသတ် တော့ မည်ဟု ဆိုရမည်လား။
အစပျိုး တော့မည် ဟု ဆိုရမည်လား။
ဆုံးဆုံး၊ စစ ဒီအတိုင်း ရေစုန်မျောသလို မဖြစ်ပါစေနှင့်။ ကောင်းသောအပြောင်းအလဲလေး ကိုတော့ ပေးပါဟု ဆုတောင်းပါသည်။

“ဆုတောင်း” ဟူသော စကားလုံး ကို ကြားလျှင် သူကြီးမင်းကတော့ လှောင်မည်။
ထို လှောင်မည့် သူကြီးမင်းအား ပုံ တစ်ပုံ ပြချင်၏။
ဆာဗာ Admin များ ပိတ်ရက်အတွင်း Holiday မသွားခင် ဆာဗာကြီးများ ကို ထိုင်ကန်တော့ နေကြပုံဖြစ်သည်။
{သူကြီးမင်း ကတော့ သူ့ဆာဗာကြီး ပျက်ပျက်၊ ရွာကြီး  မှောက်မှောက် ဂရုစိုက်ပုံမရ။ ကြားက စိတ်ပူနေလဲ ပူ သူသာ အရူးဖြစ်တော့သည်။ ဤကား စကားချပ်} 😉
မြ သည် ထိုပုံကို ပြုံးပြီးကြည့်မိသည်။
မချိပြုံး ဖြစ်နိုင်သည်။
ထိုပုံကို ကြည့်ပြီး အခြားသူများ က အပို ဟု ထင်နိုင်မည်။
မြ မှာတော့ မထင်နိုင်။

IT Prayers
:-)))))

တစ်ခါက ဖြစ်ပါသည်။ တစ်ခါတစ်ခါ မထင်လျှင် မထင်သလို စိတ်ထဖောက် တတ်သော သက်မဲ့ ဆာဗာကြီး ကို ကိုင်ပြီး သံဗုဒ္ဓေရွတ်ခဲ့ဖူးသည်။
မြ ၏ အလုပ်တွဲလုပ်သူမှာ ဘာသာရေးလိုက်စားလွန်းသည့် ခရစ်ယာန်ဘာသာဝင် ဖြစ်၍ သူ သည်လဲ ကျမ်းစာများကို ရွတ်ဖတ် ၍ ဆုတောင်း၏။
မြလဲ အာမင် ဟုရွတ်ခဲ့သည်။
ချက်ခြင်း ကောင်းသည်လဲရှိ။ မကောင်းဘဲ ပိုဆိုးသည်လဲ ရှိပါသည် ဟု ပြောလျှင် အံ့ဩဖွယ်တော့ မဟုတ်နိုင်ပေ။

ယခုမူကား မြ တစ်ယောက် ထို သက်မဲ့ များနှင့် ရန်ဖြစ်စရာ မလိုတော့ချေ။
သို့ရာတွင် နှစ်တစ်နှစ် ကုန် ပြီ ဆိုပါက မြတို့လို လူများ အတွက် အင်မတန် အလုပ်များ သော အချိန် ဖြစ်ပေသည်။
တစ်နှစ်စာ အလုပ်များ ကို အမှားအယွင်း နည်းနိုင်သမျှ နည်း အောင် စစ်ဆေးပြီး ပိတ်သိမ်းရသည်။
နှစ်သစ် သို့ ကူးအပြီး မကြာသောကာလ တွင် ကိုယ့် အလုပ်အမှား ကို အသေးစိတ်ထောက်ပြီး ရှာတော့ မည့် သက်ရှိ လူ များ လာတော့မည်။
သူတို့ အတွက် မှာမူ  မေတ္တာသုတ် ရွတ်ဖတ်ပေးခြင်း ဖြစ်၏။

ထိုသို့ ဘာသာရေးအရ ရွတ်ဖတ်မှု ကို အားကိုးနေတာ ကိုယ့်ကြိုးစားမှု မရှိလို့လား မေးစရာရှိပါသည်။
မြတွင်လဲ အဖြေ ရှိပါသည်။
မြ သည် သာမာန်လူသား တစ်ယောက်ပင်ဖြစ်၏။
မြ သည် အမှား ကို အမှန်ထင်လုပ်ခဲ့ဖူးပေါင်းများပါသည်။
မြ ၏ အတွေးအခေါ် သည် ဖြစ်သင့်သည့်လမ်း မှ လွဲချော်မှုပေါင်း များစွာရှိခဲ့ပါသည်။
မြ သည် ကိုယ်လုပ်ရမည့်၊ လုပ်သင့်သည့် အရာများ ကို ဘေးဖယ်၍ မလိုသည်များ နှင့် အလွယ်လမ်းကိုလဲ လိုက်တတ်ပါသည်။
ထို့နောက်မှာတော့ ကြိုးစားတိုင်း အရာ ထင်သည်လဲ ရှိ၊ မထင်သည်လဲ ရှိပါသည်။
အဖွဲ့အစည်း နှင့် လုပ်ရသည့်အတွက် ကိုယ်မမှား လျှင်တောင်မှ တစ်ခြားတစ်ယောက် က မှားလျှင် လဲ အလုပ်မတွင် ရှိပါသည်။
မြတို့၏ ထိုအမှားများသည် ပေါ့ဆမှုကြောင့်လဲ ဖြစ်၏။ အခြားအကြောင်းကြောင့်လဲ ဖြစ်၏။
အလုပ်ဖြစ်ဖို့ ဆိုလျှင် အားလုံးညီညာ မပါနိုင်ပါက မည်ကဲ့သို့ အောင်မြင်နိုင်ပါမည်နည်း။

ထိုအချိန်တွင် အဖွဲ့အစည်း၏ အောင်မြင်မှုသည် ကိုယ့်ကွန်ထရိုး အောက်တွင် မရှိမှု များ ကို မြင်နိုင်ပေသည်။
ထိုအတွက် မြ သည် ကောက်ရိုးတစ်မျှင်ပင် ဖြစ်ဖြစ် စစ်ကူခေါ်ပါတော့သည်။
ဤ နေရာ တွင် ဆုတောင်းခြင်း၊ မေတ္တာပို့ခြင်း တို့သည် စိတ်ကို အားဖြစ်စေသည် ဟု မြ ဝန်ခံပါသည်။

ထို “ဆုတောင်း” အကြောင်း ကို ပြန်ဆက်ရသော် ချစ်သော ရွှေပြည် အတွက် သာ မက မြ တို့ ၏  ချစ်သော ဟစ်တိုင် “ရွာ” လေး အတွက် လဲ မြ ဆုတောင်းပါသည်။
ရွာကလေး သည် အသက်ရှည်ပါစေသား။
ရွာကလေး သည် အသက်ရှည် ရုံမက တင့်တယ် ပါစေသား။
ရွာကလေး သည် အသက်ရှည် တင့်တယ် ရုံမက စည်ပင် ပါစေသား။
ရွာကလေး သည် အသက်ရှည် တင့်တယ် စည်ပင် ရုံမက တိုးတက် ပါစေသား။
ရွာကလေး သည် အသက်ရှည် တင့်တယ် စည်ပင် တိုးတက် ရုံမက ကြီးကျယ်ခမ်းနား ပါစေသား။
ရွာကလေး သည် အသက်ရှည် တင့်တယ် စည်ပင် တိုးတက် ကြီးကျယ်ခမ်းနား ရုံမက အောင်မြင် ပါစေသား။

နှစ်သစ် မှာ ချစ်သော ရွာသူ/ရွာသား များ အားလုံးသည်လဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ စွာဖြင့် မြင့်မြတ်သော လိုရာဆန္ဒများပြည့်ဝကြပါစေ။
လောကီ၊ လောကုတ် နှစ်ဖြာသော ကောင်းကျိုး အောင်မြင်မှုများ ရနိုင်ကြပါစေ။

ချစ်ခင်စွာ ဆုမွန်ဖြင့်
မြ

ကြိုက်လို့ အခါခါကြည့်ဖူးခဲ့တဲ့ The Truman Show ရုပ်ရှင်ထဲ က Quote လေး တစ်ခု။
Good morning, and in case I don’t see ya, good afternoon, good evening, and good night!

New Year Quote
New Year Quote I like the most

 

best-quotes-for-new-year
A Very Happy New Year Everyone ! Love you all!

 

12 comments

  • ဇီဇီခင်ဇော်

    December 31, 2015 at 6:10 am

    Happy new year
    အေးချမ်းပါစေ
    ပျော်ရွှင်ပါစေ
    စိတ်အေးချမ်းသာကြပါစေ

    :chit:

  • ムラカミ

    December 31, 2015 at 8:43 am

    အိပ်စိတန် ပတ်ထိတန် တုံ ရှန် ခိတ်ပမေဝ ပရိတ်စတု…
    ဆာဒု ဆာဒု ဆာဒု

  • E-မြောက်မြောက်

    December 31, 2015 at 12:29 pm

    ဆုတောင်းခြင်းဟာ စိတ်ခွန်အား
    ဆုတောင်းနေခြင်းဖြင့် လိုချင်ရာ ပန်းတိုင် ရည်ရွယ်ချက်တွေ
    ပျောက်ပျက်မသွားအောင် ကို့ကိုကို သတိပေးနေရာလဲ ရောက်တယ်တဲ့
    အမည်မသိ အီးတခေတ်ပြောတာဘဲ

  • “ဘီလူးကြီး”ogre

    December 31, 2015 at 12:37 pm

    အင်္ဂလိပ် နှစ်သစ်တွင်……
    မြန်မာတို့လဲ ရောယောင် ပေ ျာ ်ရွှင်ရသော နှစ်သစ်ဖြစ်ပါစေကြောင်း……
    ဆုတောင်းအပ်လေ၏ 🙂

  • Mike

    December 31, 2015 at 4:13 pm

    .Happy new year ပါ အရီးမုတ်ဆိတ်ခင်ဗျား
    .“ဆုံးဆုံး၊ စစ ဒီအတိုင်း ရေစုန်မျောသလို မဖြစ်ပါစေနှင့်။ ကောင်းသောအပြောင်းအလဲလေး ကိုတော့ ပေးပါဟု ဆုတောင်းပါသည်။”
    .တောင်းသောဆုပြည့်စေဗျား( ဆတော်ကြီးလေသံဖြင့်ဖတ်ပါ) :))

  • pooch

    December 31, 2015 at 4:33 pm

    .Same to you ပါအရီး !!!

    .မင်္ဂလာအပေါင်း ခညောင်းတဲ့ ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ

  • kai

    December 31, 2015 at 5:37 pm

    အောင်စေသတည်း.. ၂၀၁၆ အောင်စေသတည်း…
    ပြင်းထန်သော ဆန္ဒ၊ဝီရိယ၊စိတ်ဓာတ်၊ပညာ တို့ဖြစ်တောင်းဆိုသမျှ.. အရာရာပြီးပြည့်စုံစေသတည်း..။ :k:

  • padonmar

    December 31, 2015 at 8:31 pm

    ၂၀၁၆ ဟာ မျှော်လင့်နေရတဲ့သူတွေကိုတော့ စိတ်မပျက်စေလောက်ဘူးထင်ပါတယ်။
    Happy New Year ပါမလတ်ရေ။
    အရွတ်ဟာ အသားလောက်မကောင်းဘူးလို့ ဘယ်သူတွေ ဘယ်လိုပြောပြော ကိုယ့်မှာလည်း အသားမတင်နိုင်သေးတော့ အရွတ်ကလေးတွေဟာ စိတ်ကို ကြမ်းတမ်းတဲ့ ကိလေသာကနေ ခေတ္တ သက်သာစေပါတယ်။
    ဒါကြောင့်လည်း အရွတ်ကို အားပြုနေရပါသေးတယ်။
    မလတ်ရဲ့ ဆာဗာကြီး(သဂျီးဆာဗာ မဟုတ်)လည်း ကျန်းမာရေးကောင်းပါစေ။
    ရွာကလေးလည်း ဝမ့်စွေ့ဝမ့်စွေ့ ဝမ့်ဝမ့်စွေ့ပါစေ။(မှန်မှန် မစောင့်ရှောက်နိုင်တဲ့ အတွက်တော့ အားနာမိပါတယ်)

  • ဦးကြောင်ကြီး

    January 1, 2016 at 1:13 am

    မားမားမြကို တားတားလူပ ျို မသိုးလေးကြောင်ကြီး မင်ဂါပါလို့ နှုတ်ခွမ်းစက်ပါဒလယ်… ညလေ ျးညတာ ဆိတ်ခြယအောင် အီနော့်ကို နှစ်သစ်မှာ အိမ်ခေါ်ထားပါရား…။

  • မင်း ခန့် ကျော်

    January 2, 2016 at 4:20 pm

    2
    0
    1
    6
    __
    9

    ဘာမှမဟုတ်ဖူး
    အိမ်စာကျေမယ့်အစိုးရ မြဲပါစေ :mrgreen:

Leave a Reply