ကျွန်တော်သိတဲ့ နိဗာ္ဘန်ဆိုတာ Truth

ငယ်ငယ်တုန်းက ဘော်ဒါတွေနဲ့ လ္ဘက်ရည်ဆိုင်ထိုင်ရင် အကြောင်းစုံ ပြောဖြစ်ကြပါတယ်။ ဖွမ်ကိစ္စကစလို့ အိုင်းစတိုင်းရဲ့ ရီလေးတီဗတီ သီအိုရီ အထိ အာပေါင် အာရင်း သန်သန်နဲ့ ဖင်မီးခိုး ထွက်အောင် ဆေးလိပ်သောက်ပြီး ငြင်းကြခုန်ကြပါတယ်။ (ခုန်တာကတော့ စားပွဲအောက် ကြွက်ဖြတ် ပြေးလို့ပါ) ပြောစရာကုန်သွားရင် ဘုရားဟောဘက်ကို် ရောက်ပါတယ်။ မှတ်မိတာက နိဗာ္ဘန် ဆိုတာ ဘာလဲပါ။ အများစုက အရမ်းအေးချမ်းတဲ့ လုုံးဝ အပူအပင်မရှိတဲ့ နေရာလို့ လုံးဖြေပါတယ်။ ကျွန်တော် က ရိပ်သာဝင်ဖူးတဲ့ အရှိန်နဲ့ မင်းတို့မှားတယ်၊ နိဗာ္ဘန် ဆိုတာ ဘာမှ မရှိတဲ့နေရာ၊ ခံစားမှုမရှိဘူး။ အေးချမ်းတယ်ဆိုတာ အဲဒါလို့ ဆရာလုပ်ပါတယ်။ သူငယ်ချင်းတွေက ညဏ်မမှီလေ ကျွန်တော်က ဖိပြောလေပါပဲ။ ကျွန်တော်ပြောတာက ပိုပြီး သဘာဝကျ သယောင်ယောင် ရှိတော့ သူတို့ပြန်မလှန် နိုင်ခဲ့ပါ။ နောက်ပိုင်း သံ၊ ဌာန ရှိလို့ ယူဆလည်းဒိဌိ၊ မရှိလို့ယူဆလည်း ဒိဌိဆိုတဲ့ အစွန်း၂ပါးကို စာတွေမှာ ဖတ်ရတော့ ပိုရှုပ် ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ မေ့မေ့ ပျောက်ပျောက် ဖြစ်ပြီး သံ၊ဌာန မရှိဆိုတဲ့ အယူပဲ စွဲကျန်ခဲ့ပါတော့တယ်။
ကံကောင်းတဲ့ တနေ့မှာ အင်တာနက်ကနေ သဲအင်းဂူဆရာတော်ရဲ့ တရားကို နာရပါတယ်။ အဲဒီတုန်းက ညဏ်က နဲလေတော့ များများစားစား မမှတ်မိခဲ့ပါ။ စိတ်ထဲမှာ တင်ကျန်ခဲ့တာကတော့ နိဗာ္ဘန်ကို ၃၁ဘုံလို နေရာသံဌာန အနေနဲ့မယူဘဲ ဖြစ်စဉ် process တရပ်အနေနဲ့သာ မြင်ဖို့ပါ။ ညဏ်မှီတဲ့ ဥပမာ ပေးပါဆိုရင် မိမိကိုယ်မိမိ ရှိတယ်လို့ ထင်တဲ့ ငါအစွဲကြောင့် (သမုဒယသစ္စာ) ရုပ်၊ ရုပ်ခြင်း တိုက်ဆိုင်တိုင်း ဖြစ်လာတဲ့ ဝေဒနာကို် ငါနာတယ်၊ ငါကိုက်တယ်၊ မိန်းမ၊ယောက်ကျားရယ် လို့မြင်၊ ဒီတော့ နောက်ဆက်တွဲတွေဖြစ် (ဒုက္ခသစ္စာ)၊ ဒါတွေနောက်ထပ် အသစ်တဖန် မဖြစ်ချင် တော့ရင် (နိယောဓသစ္စာ) သီလ၊သမာဓိ၊ပညာဆိုတဲ့ မဂ္ဂင်ရှစ်ပါးအကျင့်(မဂ္ဂသစ္စာ)ကို သဒ္ဓါ၊ သတိ၊ သမာဓိ၊ ဝီရိယ၊ ပညာ ဆိုတဲ့ ဗိုလ်ငါးဗိုလ် ဦးစီးပြီး သွားဖို့ပါပဲ။ အောင်မြင်ရင် ဆင်းရဲကင်းလုို့ သုည ဓါတ်ဆိုက်ပြီပေါ့။
အဲဒီတုံးက ဘာမှန်းမသိပေမဲ့ တခုခုတော့ တခုခုပဲဆိုပြီး မှတ်မိနေခဲ့တယ်၊ ဒီနောက်ပိုင်း ဦးနှောက်က နည်းနည်းပိုပြီး ဖွံ့ဖြိုး လာတော့မှ ဖြစ်စဉ်ဆိုတာ သစ္စာလေးပါးလို့ ရေးရေးလေး သိလာ တာပါ။ ဟုတ်ပါတယ်၊ နိဗာ္ဘန်ရဲ့လွတ်မြောက် အေးချမ်းမှု ပေးနိုင်စွမ်းကို နတ်၊ ဗြမ္မာဘုံ တွေနဲ့နှိုင်း လို့ မရ။ ဘာလို့လည်းဆိုတော့ ဓာတ်ချင်း မတူလို့ပါဘဲ။ ၃၁ဘုံက ဖြစ်ပျက် ဆိုတဲ့ သင်္ခတဓါတ်၊ နိဗာ္ဘန်က ဖြစ်ပျက်မဲ့ရာ အသင်္ခတဓါတ်ပါ။ အများက သောတာပန်ဆို ရ ဘဝ၊ သကဒါဂမ် ၃ ဘဝ၊ အနာဂမ် ၁ ဘဝ ပဲ ကျန်တယ်ဆိုတဲ့ အနာဂတ် ဘဝတဏှာ သတ်မှတ်ချက် တွေနဲ့ ရောထွေး လိုက်ကြပါတယ်။ နိဗာ္ဘန် ဆိုတာကို သိချင်ရင် ခန္ဓာထဲမှာရှာပါ။ ခန္ဓာထဲမှာ ဖြစ်ပျက်ရှိတယ်၊ အဲဒီ ဖြစ်ပျက် မရှိတော့ရင် သုညဓာတ်ဆိုက်သော နမိတ်ကင်းတဲ့ နိဗာ္ဘန်ပါပဲ။ ကနာ္တရထဲမှာ ရေငတ်နေသူ ဟာ ရေမငတ်တဲ့ ခံစားမှု ကို အာရုံလှမ်းပြုသလိုပေါ့။ တမဂ္ဂတဖိုလ် မရသေးပဲနဲ့ နိဗာ္ဘန်ကို သိလိုသူ တွေ အတွက် အနီးစပ်ဆုံး ဥပမာပါ။ အဲဒီလို သဘောမျိုးကို စွန်းလွန်းဆရာတော် ထေရုပ္ပတ္တိမှာ ဖတ်ဖူး သလိုပါပဲ။
ခန္ဓာ ၅ ပါး၊ ရုပ်နာမ် ၂ ပါး၊ အာရုံ ၆ပါး၊ ဓာတ် ၄ ပါး တို့ကြောင် ့ဖြစ်နေတဲ့ ဝေဒနာ ဖြစ်ပျက် ဆင်းရဲကို မြင်ရင်၊ မဖြစ်မပျက်ဆိုတဲ့ သဘောကို ညဏ်မျက်စိနဲ့ သိပါလိမ့်မယ်။ ကောင်းတာလဲဝေဒနာ ဆိုးတာလဲဝေဒနာပါ။ အဲဒီ ခံစားမှု နှစ်ခုစလုံးကို ကျော်လွန်ပြီး ရုပ်သဘော၊ နာမ်သဘော သူ့သဘော သူ ဆောင်နေတာလို့ စိတ်ကလိုက်ပြီး တမင်လုပ်ယူတာ မဟုတ်ဘဲ ပညာက ဖြစ်တဲ့သိမှု သင်္ခါရ သဘော ပေါက်ပြီဆိုရင် ဖြစ်ပြီးရင် ပျက်မှာပဲ၊ ပျက်လည်း ပြန်ဖြစ်အုံးမယ်ဆိုတဲ့ အကောင်းအဆိုး၊ အဆိုးအကောင်း ဒွန်တွဲနေတဲ့ လောကဓံကို ခံနိုင်ရည် ရှိတဲ့ သောတာပန် စိတ်မျိုးရသွားပါပြီ။ သဲအင်းဂူနည်းမှာတော့ ဓာတ်ကြီးလေးပါးရဲ့ ဝေဒနာကို ဖြစ်နိုင်ရင် တထိုင်ထဲနဲ့ ကျော်လွန်တဲ့အထိ သီးခံရပါတယ်။ အဲဒီ့ဝေဒနာကြမ်း ချုပ်သွားလို့ လက်တတွတ် အချိန်ပိုင်းလေးမှာ ခံစားလိုက်ရမဲ့ ချမ်းသာမူပာာ ဘာနဲ့မှ လဲလို့မရတဲ့ အသင်္ခတဓာတ် သဘောပါပဲလို့ အတိအကျ ပြောထားပါတယ်။
တချို့က ကြာကြာထိုင်ရတာကို ခန္ဓာကို ညှင်းဆဲတာ၊ ပြင်းလွန်းတယ်လို့ ဆိုကြပါတယ်။ ကျွန်တော်လည်း အကြာကြီး မထိုင်နိုင်ပါ။ ဒါပေမဲ့ ထိုင်ကျင့်ရှိလို့ ဝေဒနာကို ကျော်လွန်ဖူးသူများ အဖို့ တော့ ကြာကြာထိုင်ခြင်းဟာ မခဲယင်းလှကြပါဘူး။ ဘုရားတောင် ရဟန်းတွေ အတွက် ပြင်းထန်တဲ့ အကျင့်ဓူတင်တွေ ထားခဲ့ပါတယ်။ ခန္ဓာညှင်းဆဲတာနဲ့ ကိလေသာညှင်းဆဲတာ ကွာတာ သတိပြုရန် လိုပါသည်။ ဥပေက္ခာပြုတာနဲ့ လစ်လျူရှုတာ မတူသလုိုပေါ့။ ရေမှာငုပ်၊ မီးမြိုက်နေ၊ သံချွန်ပေါ်အိပ် နေတာမျိုးသာ ညှင်းဆဲတာပါ။ သိပ်နာနေမှတော့ ပညာ ဖြစ်ပါ့မလား။ သမာဓိတော့ မပြောတတ်ပါ၊ လုပ်နိုင်ခဲ့ရင် ပို့စ်တခုလောက် တင်စေလို ပါတယ်။ တချို့ကြတော့ တရားဆိုတာ ဘယ်မှာရှာရှာ ရတယ်၊ ဗုံတီးလည်းတရား၊ ဖိုထိုးလည်း တရား၊ တုံးခေါက်လည်းတရား၊ ကာမဆက်ဆံနေလည်း တရားရနိုင်တယ်လို့ ဥပမာတွေနဲ့ ဆိုတယ်။ ဝိပဿနာကို အထူးကျင့်စရာမလို ဆိုတဲ့သဘောပါ။ သီအိုရီ အရတော့ ဟုတ်ပါတယ်၊ အရာရာ တိုင်းဟာ တရားပါ၊ ဝင်ချင်ရင် မဂ်က သူ့ဘာသူ ဒိုင်းကနဲ ဝင်ပါတယ်။ ပါရမီရှင် တွေကတော့ တရားကို အထူးတလည် ရှာနေစရာမလိုဘဲ ထမင်းစား၊ ရေချိုး၊ အပန်းဖြေရင်း ရနိုင်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ဘာကောင်ဆိုတာ မသိဘဲ သူများဖြစ်သလို ငါလည်းဖြစ်မှာပဲ ဆိုရင်တော့ လုကံ၊ဝကံပဲ လို့ဆိုပါရစေ။

4 comments

  • toyo

    August 28, 2010 at 5:53 am

    ဆရာလုပ်တာမဟုတ်ပါဘူးခင်ဗျား….နိဗာ္ဘန်ကိုနိဗ္ဗာန်လို ့ရေးပေးပါခင်ဗျား…

  • winne

    August 28, 2010 at 7:53 am

    ကိုကြောင်ကြီးပြောတဲ့ ဘုန်းကြီးဟောတွေထဲက သတိထားမိတဲ့ အချက်တွေထဲက ထုတ်နုတ်ပြောကြားချက်တွေက အလွန်ကောင်းပါတယ်။ ဓူတင် ၁၃ မျိုး ရှိပါတယ်။ အဲဒီထဲမှာ မလျောင်းဘဲ နေတဲ့ ဓူတင် လည်း ပါပါတယ်။ အစက အဲလိုမျိုး မဖြစ်နိုင်ဘူးလို့ ယူဆမိတယ် တကယ်တမ်း လက်တွေ့မှာ မလဲလျောင်းဘဲ နေမယ်ဆို နေလို့ရနိုင်မယ်ဆိုတာ သိလာတယ် တရား အရမ်း ရှူမှတ်သူတွေမှာ အမှတ် သတိတွေ များရင် လူက အရမ်းကြည်လင်ပါတယ် အိပ်အနေ နည်းလာတတ်ပါတယ်။ ဘုရားနဲ့ ရဟနာ္တ ရှင်မြတ်တွေက ဆို ည ဘက်မှာ တရားလာလျောက်တဲ့ နတ်တွေကို ဖြေကြားရတာ ရှိပါတယ်။ အဲဒါကြောင့် ညဘက် လုံးဝ မအိပ်တာ များလားလို့တောင် ထင်ရပါတယ်။ မဟာ ဗောဓိမြိုင် ဆရာတော် ပြောဘူးတဲ့ စကားတခု ဆိုရင် ၁နေ့ကို ၁၅ မိနစ်လောက် အနားယူလိုက်ရင် တနေ့တာ အတွက် နေလို့ရတယ်အဲလိုပြောတာ မျိုးလည်း ရှိကြားဘူးပါတယ်။ ဆရာတော်တွေနဲ့တော့ နှိုင်းပြောတာ မဟုတ်ပါဘူး တခါ လက်တွေ့ ကြုံဘူးတာကတော့ နယ်တခုမှာ မနက် ထမင်းထုတ် လှူရန်အတွက် ဝိုင်းလုပ်ပေးလိုက်တာ ည ၉နာရီလောက်မှ တော်တော် ပင်ပန်းနေပြီ အဲဒီ အလုပ်မျိုး တခါမှ အဲလောက်မလုပ်ဘူးဘူး လူအင်အားက နည်း လုပ်ရမှာ များတော့ ဝိုင်းလုပ်ပေးရင်းနဲ့ စိတ်က ဆောင်တော့ များများ လုပ်မိသွားတယ် လူကလည်း မောဟိုက်နေပြီ နေရင်းနဲ့ လှဲပြီးသာ အိပ်ပလိုက်ချင် စိတ်ပေါက်နေပြီ အိပ်ချင်စိတ်အရမ်းများတော့ လူက စိတ်ဓါတ်ကျသလို ဖြစ်နေပြီ။ ဒါနဲ့ မျက်စိမှိတ်ပြီး လုပ်ခဲ့တဲ့ အလုပ်နဲ့ ကုသိုလ်စိတ်တွေကို အာရုံပြုပြီး ပီတိပွားလိုက်တယ် အဲဒီ စိတ်အဟုန်နဲ့ ခဏ နေတာ ၁၅ မိနစ်လောက် ရှိမယ်ထင်တယ် မျက်စိပြန်ဖွင့်ပြီး အလုပ်ပြန်လုပ်လို့ရသွားတယ် တကိုယ်လုံးပေါ့ပါးလန်းဆန်းသွားတယ် ဒါမျိုးလည်း တခါမှ မလုပ်ဘူးသလို ပထမ ဆုံး အတွေ့အကြုံ ဖြစ်သလို နောက်ထပ်လည်း အကြောင်းမတိုက်ဆိုင်တော့ အဲလိုလေး အာရုံ ထပ်မစိုက်မိဘူး။ အဲဒါကြောင့် တရားနဲ့ နေတဲ့ သူတွေက ဘယ်လို ဝေဒနာကို မဆို ကျော်ဖြတ်နိုင်မယ် မအိပ်မနေလဲ တရား အားထုတ်နိုင်မယ် ဆိုတာကိုတော့ လက်တွေ့နဲ့ တွေးဆပြီး လက်ခံ လိုက်ပါတယ်။ မှားရင် ထောက်ပြနိုင်ပါတယ်။

  • weiwei

    December 24, 2010 at 7:50 pm

    တရားအကြာကြီးအားထုတ်နိုင်ကြပုံကို ဒေါက်တာမင်းတင်မွန်ရေးတဲ့ တော်ကူးဆရာတော်နဲ့ ထူးဆန်းစွာရောဂါပျောက်ခြင်းများစာအုပ်မှာ ဖတ်ကြည့်ရင် သိနိုင်ပါတယ် …
    ဆရာတော်ရဲ့ တရားအားထုတ်နိုင်ပုံကတော့ အလွန်ကြည်ညိုစရာကောင်းပါတယ် …

    • bigcat

      December 25, 2010 at 6:08 am

      အဲဒီစာအုပ်ကို ဖတ်ဖူးပါတယ်။ တော်ကူးဆရာတော်ကြီးရဲ့ ဇွဲသတ္တိ၊ပညာတို့ကတော့ အံ့မခန်းပါပဲ။ တော်ကူးဆရာတော်ကတော့ ဝိပသနာနည်းပေါ့နော်။ အခုလက်ရှိ သုံးဆယ်မြို့မှာ သိတင်းသုံးတဲ့ ဓမသုခဆရာတော်ကြီးဆိုတာ နာမည်ကြီးတယ်။ သူကတော့ သမထ မေတ္တာကမ္မဌာန်းပါ။ နေမကောင်းသူများ ရောဂါပျောက်ကင်းကြောင်း အထောက်အထားတွေနဲ့ပါပါတယ်။ မသိသေးရင် ဖတ်ရအောင် လင့်ခ်ပေးလိုက်ပါတယ်။
      http://www.sagarwarmyae.org/?p=18083

Leave a Reply