Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့သင်ပုန်း – ဧပြီလ ၂၀၁၆

kaiMarch 19, 20161min134934

ကိုးနဝင်းရုပ်သေး

၂၀၁၆၊ မတ်လ ၁၅ရက်နေ့တွင် ဦးထင်ကျော် (ထ+က=ကိုး) သည် ကိုယ်စားလှယ်မဲပေါင်း (၃၆ဝ = ကိုး)ဖြင့်ရွေးချယ်ခံရကာ မြန်မာပြည်အတွက်တရားဝင် ကိုးယောက်မြောက်သမ္မတဖြစ်လာပေသည်။
ပြီးခဲ့သောနှစ် နိုဝင်ဘာလကတည်းက ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာသမ္မတ၏အထက်တွင်နေကာအုပ်ချုပ်မည်ဟု ကမ္ဘာ့မီဒီယာတို့အားတရားဝင်ပြောထားပေရာ ယခုသမ္မတသည်ဒေါ်အောင်ဆန်းစုကြည်စိတ်ကြိုက်ရွေးချယ်ထားသော ရုပ်သေးသမ္မတသာလျှင်ဖြစ်ပေလိမ့်မည်။

ဤသို့ကြားသိဖူးပါသည်။

မြန်မာသမ္မတအား မြန်မာလူထုမှတိုက်ရိုက်ရွေးကောက်သည်မဟုတ်သလို ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်နေရန်လည်းမလိုသဖြင့် သမ္မတတွင် မူလကျောထောက်နောက်ခံအင်အားစုရှိရန်မလိုသည်ကိုတွေ့ရမည်။
လွှတ်တော်အမတ်တို့မှ (အခြေခံဥပဒေပုဒ်မ ၅၉ နှင့်ကိုက်ညီပါသည်ဆိုသော) အလိုရှိရာသူကို တိုက်ရိုက်တင်ပေးကြရသည်။ လွှတ်တော်တရပ်ရပ်တွင်ပါတီတခုတည်းမှ၅၀%အထက်ကိုယ်စားလှယ်အင်အားနှင့်အားကောင်းနေပါလျှင် ထိုပါတီမှတင်သည့်သူသည် ဒုသမ္မတဖြစ်လာလိမ့်မည်။ သမ္မတဖြစ်မည့်သူ၏ လူထုနှင့်ထိတွေ့မှုရှိထားရန်မလိုသည့် အခြေအနေကိုအခြေခံဥပဒေမှပင် ခွင့်ပြုထားပေသည်။ သမ္မတဖြစ်မည့်သူသည် လူထုကိုမဲဆွယ်စည်းရုံး၍ ထိတွေ့ဆက်ဆံရန်မဆိုထားနှင့် လူထုမှာ မည်သူဖြစ်မည်ဟုသိပင်မသိခဲ့ကြရပေ၊ သိရန်လည်းမလိုပေ၊

အဆိုပါမိုးကျရွှေကိုယ်ရွေးဟန်မှာ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်၏အငွေ့အသက်လွှမ်းမိုးလွန်းလှသည်။
အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တပ်ကိုယ်စားလှယ်တို့ တင်ပေးလိုက်သော ဒုသမ္မတ ၃ယောက်မှ သမ္မတတဦးရွေးကောက်တင်မြှောက်ရပေရာ ထိုရွေးကြဟန်မှာလည်း ဒီမိုကရေစီနည်းလမ်းမကျမမျှတသည်ကို သတိပြုမိသည်။
တပ်မတော်ကိုယ်စားလှယ် ၂၅%မှ ဒုသမ္မတ ၁နေရာ အလိုအလျှောက်တင်ခွင့်ရထားကာ ထိုသို့တင်ပေးလိုက်သည့် သူတို့၏ဒုသမ္မတကိုပင် သမ္မတရာထူးအတွက် မဲပေးရွေးချယ်ချင်းမပြုပါလျှင် တပ်မဲ၁၆၆ခုသည်အခြားဒုသမ္မတ၂ဦးအနက် တဦးအား သမ္မတတင်မြှောက်လိုက်နိုင်သော ဗီတိုအဆုံးအဖြတ်မဲဖြစ်သွားပေမည်။ ရှင်းပါအံ့ ..။ တပ်ကိုယ်စားလှယ်များသည် သူတို့တင်သော ဒုသမ္မတကို မဲပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ ထိုသူမှာဒုသမ္မတအဖြစ်ကား သေချာနေမည်သာဖြစ်သည်။ သို့ဆိုသော် တပ်ကိုယ်စားလှယ်များ၏ မဲ ၁၆၆ ခုကြီးသည် သူ၏မိတ်ဖက်(သို့) သူတို့အလိုရှိသူ အခြား ၂ဦးထဲမှ တဦးကို သမ္မတအဖြစ် မဲဖြင့်ရွေးကောက်တင်ကြရာတွင် ၂၅%ကိုတာနှင့် အလွန်ရေးပါသော အဆုံးအဖြတ်ဖြစ်နေသည်မဟုတ်လော။ လွှတ်တော် တရပ်တွင်ပါတီတခုသည် ၅၀%ကျော်ယုံမျှနှင့်ကိုယ်စားလှယ်သာရထားပါလျှင် သမ္မတနေရာကို တပ်၏ခွင့်ပြုချက်မရပဲ မည်သို့မျှ မဖြစ်နိုင်ဟူ၍ ကောက်ချက်ဆွဲ၍ရသည်။ ထိုသို့ဆိုသော် (ယခုအခြေခံဥပဒေအရ) နောင်သမ္မတရွေးပွဲများသည်မှောင်လျှက်သာရှိနေပေသည် တမုံ့။

အောက်ခြေခိုင်မှ သမ္မတ

ယခုအခါ အမေရိကတွင်လည်းသမ္မတရွေးပွဲအတွက် ဆိုင်ရာပါတီတို့က မဲဆွယ်ကန်င်ပိန်း ရွေးကောက်ပွဲအောင်နိုင်ရေးများလုပ်နေကြရသည်။
ဆိုင်ရာပါတီ၏ထောက်ခံသူများနှင့် သမ္မတလောင်းများ၏တိုက်ရိုက်စကားဆွေးနွေးပွဲများ။ မဲဆန္ဒရှင်တို့၏မေးခွန်းဖြေကြားဆွေးနွေးပွဲများ(town hall meeting)ကို နှစ်ပေါက်အောင်ဟောပြောနေကြရသည်။

ယခုနှစ်နိုဝင်ဘာတွင်ကျင်းပမည် ယူအက်စ်သမ္မတရွေးကောက်ပွဲအတွက် ရီပါ့ဗလစ်ကန်င်ပါတီ၏ပထမဆုံးဒီဘိတ်(စကားရည်လုပွဲ) ကို ၂၀၁၅ခု ဩဂုတ်လတွင်စခဲ့ပေရာ ယခုမတ်လလယ်အထိသမ္မတလောင်းများ၏စကားရည်လုပွဲပေါင်း၁၂ပွဲကျင်းပပြီးဖြစ်သည်။ တကယ်တော့ အဆိုပါစကားရည်လုပွဲအပါအဝင် လူထုနှင့်တိုက်ရိုက်တွေ့ဆုံကြရသည့်ဆွေးနွေးပွဲများ၊ မီဒီယာများနှင့်အင်တာဗျူုးများသည် ရေတွက်၍မရနိုင်လောက်အောင်ပင်များပါသည်။ အဆိုပါတွေ့ဆုံပွဲတို့သည် လူထုနှင် သမ္မတလောင်းများတိုက်ရိုက်ထိတွေ့ရင်း အပြန်အလှန်သင်ကြား ညှိနှိုင်းတိုင်ပင်နှီးနှောနေကြခြင်းများသာတည်း။ ဤသို့ဖြင့် သမ္မတလောင်းများ မိမိကိုယ်နှိုက်၏အရည်အသွေးကိုမြှင့်တင်ရသကဲ့သို့ လူထု၏တကယ့်ရင်တွင်းဆန္ဒနှင့် တဖက်ပါတီဝင်များ ကမ္ဘာ့အခြားနိုင်ငံများ ပညာရှင်များ၏ အယူအဆအတွေးအခေါ်တို့ကို ကောက်ယူ၊ ကြားနာစိစစ်သင်ယူရခြင်းလည်းမည်ပါသည်။ နိုင်ငံ့သမ္မတတက်လုပ်မည့်သူနှင့် ဆွေးနွေးအဖြေရှာနေခြင်းများကို မီဒီယာများမှတဆင့်နားထောင်နေသူ ဆွေးနွေးကြသူ လူထုအများစုကြီးအတွက်လည်းနိုင်ငံရေးရေချိန်လွန်စွာမြင့်လာမည်မှာ သေချာသည်။
သမ္မတဖြစ်မည့်သူသည် ထိုအားဖြင့် ရွေးကောက်ပွဲကျင်းပသည့် နေ့အထိ ညအိပ်ချိန်မရှိသလောက်နှင့် လူသန်းဂဏန်းတို့၏ ဦးနှောက်ဦးခေါင်းပေါင်းစပ်အားတို့ဖြင့် တောက်လျှောက်အလုပ်လုပ်သင်ယူသွားရသဖြင့် တရက်အလုပ်ချိန် ၁၂နာရီမျှနှင့် တနှစ်စာတွက်ကြည့်လျှင်ပင် နာရီပေါင်း ၄၃၀ဝကျော်နှင့် မည်မျှ အသိသညာတိုး၍ ပြည့်ဝနေမည်ကို တွေးကြည့်သိနိုင်သည်။ သမ္မတဖြစ်ပြီးနောက်ဝယ်ထိုဆွေးနွေးထားသည့် အတွေ့အကြုံ အတွေးအခေါ်တို့သည် အာဏာ လုပ်ပိုင်ခွင့်တို့နှင့်ပေါင်းစပ်သွားကာ တိုင်းပြည်အတွက်အကောင်းဆုံး အဆုံးအဖြတ်ပေးနိုင်သည့် သမ္မတအဖြစ်သို့ရောက်၏။

သို့နှင့်အမေရိကပြည်ထောင်စုသည် နှစ် ၂၀ဝ ကျော်ခရီးကို ထိုးကျသွားသည်မရှိ တိုး၍တက်၍သာချီနိုင်နေခြင်းဟုဆိုလျှင် မှားမည်လော။ ဒီမိုကရေစီစနစ်နှင့်သွားမည့်သူတို့ အတုမယူသင့်သလော။

ကြိုးဆွဲရတော့မည့်သူ

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မှာမူ ရွေးကောက်ပွဲအတွက်ပါတီ၏မဲဆွယ်ပွဲများသာမက သူမအသက်၇ဝနှင့်မမျှတလောက်အောင် ကျေးလက်တောရွာများအထိပင် အရောက်ဆင်း၍ လူထုနှင့်တိုက်ရိုက်ထိတွေ့ခဲ့ရသည်။
မေးမြန်းဆက်သွယ်ရသည်။ နိုင်ငံတကာနှင့်လည်း ကိုယ်တိုင်သွားရောက်ကာ အစိုးရ၊ အကြီးအကဲအသီးသီးတို့နှင့်လည်း နှီးနှောဆက်ဆံရသည်။

စစ်အစိုးရအဆက်ဆက်ဖိနှိပ်ချေဖျက်ခံထားသော NLD ပါတီကိုလည်း ပြာပုံဘဝမှ ပြန်ဆွဲတင်ယူရသည်။ တပြိုင်တည်းတွင် သူမအားအကျဉ်းချ ပိတ်ပင်ခဲ့ဖူးသော သူများနှင့်လည်း ပြန်လည်ညှိနှိုင်းရသည်။

မြန်မာလူထုကြီးအများစုနှင့် ကမ္ဘာ့လူထုအများစုကြီးက မြန်မာသမ္မတနေရာသည် သူမနှင့်အထိုက်သင့်ဆုံးသောနေရာဟု သိကြ ခွင့်ပြုနေကြလင့်ကစား သူမ သမ္မတမဖြစ်ခဲ့။
လူထုက သူမ၏ လုပ်အားနှင့်တန်ဖိုးတို့သိလျှက် ချီးမြှောက်ကြလိုခြင်းရှိလျှက်နှင့် အခြေခံဥပဒေအရ တိုင်းပြည်အကြီးအကဲနေရာမရနိုင်ခဲ့။
အများပြည်သူသဘောတူမျှခွင့်ပြုသည်တို့ကို ဆန့်ကျင်ထားသည့်အခြေခံဥပဒေဖြစ်နေကြောင်း လက်တွေ့ဖြစ်ရပ်တို့က ပြနေပေသည်။

မည်သို့ဆိုစေ၊ သမ္မတရာထူးသည် အခြေခံဥပဒေအရ တိုင်းပြည်၏အကြီးအကဲရာထူးသာလျှင်ဖြစ်၏။
ဒေါ်အောင်ဆန်းစုကြည်၏ မူလနေရာသည် မြန်မာပြည်၏တိုင်းပြည်အကြီးအကဲနေရာမျှသာမဟုတ်၊ ထိုထက်များစွာကြီးမြတ်သော ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်အပါအဝင် ကမ္ဘာနိုင်ငံ့ခေါင်းဆောင်အားလုံးလိုလိုကလေးစားဦင်္းစားပေးခံရသောနေရာဖြစ်သည်။ ထိုနေရာရှိပြီးသူအား မြန်မာ့သမ္မတနေရာကိုပေးခြင်းသည် နိမ့်ကျနေသော မြန်မာပြည်ကို အဆင့်တဆင့်ရောက်အောင်ဆွဲတင်ရာအတွက် အသုံးချခြင်း/အသုံးကျခြင်းသာဖြစ်ပေလိမ့်မည်။
လွတ်လပ်ရေးအရယူရာတွင်ဦးဆောင်အခန်းမှပါဝင်ခဲ့သူ တိုင်းပြည်၏အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေးဖခင်၏ သမီးရင်း သမိုင်းမျိုးရိုးအစဉ်ဆက် ပွင့်လင်းမြင်သာရှိနေလွန်းသူအားနိုင်ငံ့အပေါ်သစ္စာရှိခြင်းတည်းဟူသော ခေါင်းစဉ်(ပုဒ်မ ၅၉(စ))အောက်ဖြင့် သမ္မတနေရာမပေးနိုင်ဟု ဆုံးဖြတ်ကြသည်ဆိုသည်မှာ သမိုင်းဝင်မည့်ပျက်လုံးသာလျှင်ဖြစ်သတည်း။

ဝဋ်သည်လည်တတ်၏

တပ်မတော်၏ ရပ်တည်ချက်မှာ သမိုင်းတွင်ကျန်ရစ်ခဲ့ပြီဖြစ်သလို သမိုင်းရိုင်းကိုရေးပြီးလည်းဖြစ်ခဲ့ပါပြီ။ အမျိုးသားအကျိုးစီးပွားအတွက် အခွင့်အရေးကောင်းကြီးတခုလက်လွှတ်လိုက်ရပြန်ပြီ။
ဒေါ်အောင်ဆန်းစုကြည်ကိုပင် သမ္မတမဖြစ်အောင် ဟိုလိုလှည့်ဒီလိုတို့ မည်သို့အကြောင်းပြကြစေဦး ကမ္ဘာ့ခေါင်းဆောင်အများစုကြီးတို့မှာ ထိုလှည့်ကွက်၊ ညစ်ကွက်များကိုအချိန်ကုန်ခံလိုက်ကြည့်လေ့လာနေကြပါရန်အချိန်မရှိ။ သူတို့ထုတ်ယူလိုက်မည့်အဖြေမှာ လွယ်လွယ်ရှင်းရှင်း တခုတည်းသာရှိပေလိမ့်မည်။ မြန်မာစစ်တပ်အား ယုံကြည်စရာအကြောင်းမရှိသေး ဟူအံ့။ ဤသည်မှာ ကံ-ကံအကျိုး။ Cause and effect တည်း။

၁ဝကျော်၅နှစ်ပါတ်လည်

မြန်မာတွင် အခြေခံဥပဒေ၂ခုဤသို့ရှိခဲ့ဖူးသည်။
၁၉၄ရ အခြေခံဥပဒေသည် ၁၉၄၈ မှစအသက်ဝင်ကာ ၁၉၆၂ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းမှုဖြင့်ဖျက်သိမ်းခံရသည်။ သက်တမ်းအားဖြင့်ကား၁၅နှစ်။
၁၉၇၄ခုနှစ်အခြေခံဥပဒေသည် ၁၉၇၄ မှစအသက်ဝင်ကာ ၁၉၈၈ခုနှစ်တွင် ဗိုလ်ချုပ်ကြီးစောမောင်အာဏာသိမ်းမှုဖြင့်ဖျက်သိမ်းခံရသည်။ သက်တမ်းအားဖြင့်ကား၁၅နှစ်။
ယခု ၂၀၀၈ ခုနှစ်အခြေခံဥပဒေသည် ၂၀၀၈ မှစအသက်ဝင်နေပါသည်။ သက်တမ်းကား ၉နှစ်ရှိပေပြီ။
အစဉ်အလာအရဆိုလျှင် ဤ အခြေခံဥပဒေသည်နောက်သမ္မတသက်တမ်း ၂ခုထိပင်ရောက်သွားနိုင်တော့မည်မဟုတ်။

“a legal system without legal textbooks”.

အခြေခံဥပဒေဟူသည် လူထုကြားမှတကယ်တိုးထွက်လာကာ ထိုထိုလူတို့၏စရိုက်ယဉ်ကျေးမှုတို့နှင့် အခြေခံအချက်တိုင်း ကိုက်ညီရပေမည်။
သို့မှသာမိမိတို့၏အခြေခံဥပဒေကို မူလစိတ်ဓာတ်အတွင်းမှတာဝန်ယူစောင့်လျှောက်ကာ သက်တမ်းကြာသွားလိုရင်းဖြစ်မည်။
နိုင်ငံသား အဦးစီတိုင်း၏ အကျိုးစီးပွားကိုလည်း နိုင်ငံတော်ကကာကွယ်စောင့်ရှောက်ရလျှက် ထိုမှသာလျှင် နိုင်ငံသားတို့ကလည်း တဖန်ပြန်၍စောင့်ရှောက်ပါသည်။
ထိုသည်သာလျှင် တိုင်းပြည်သားနှင့် နိုင်ငံတော်အပြန်အလှန် သဘောတူညီချက်စာချုပ်ဖြစ်ငြား မြန်မာပြည်တွင် ဤစာချုပ်မရှိကင်းလွတ်လျှက်နေပေသည်။ နိုင်ငံတော်၏အမည်နာမ( Myanmar / Burma)ကိုပင် အခြေခံဥပဒေမှ တိုင်းသူပြည်သားတိုင်းသဘောတူညီပါ၏လောဟု အာမခံချက်မပေးထားနိုင်။
မြန်မာ့မြေတွင်မွေးဖွားကြီးပြင်းသူအားလည်း နိုင်ငံသားဖြစ်မှု၌တာဝန်ယူပေးထားခြင်းမရှိ။ တိုင်းရင်းသားတို့အားလည်း မြေပိုင်ဆိုင်မှုတို့၌ အာမခံထားချက်မရှိ။
ဤသို့နှင်နှင်တာဝန်မယူသော နိုင်ငံတော်အား အဘယ်သူသည်အဘယ်သို့အားဖြင့် အမိ/အဖနိုင်ငံတော်ဟူ၍သစ္စာစောင့်သိအံ့နည်း။
သစ္စာသည် ဇာတိချက်ကြွေမွေးရာမြေကလာသည်။ မွေးရာမြေမှ မိမိအပေါ်အသိအမှတ်မပြုသမျှ ထိုအသင်သူသည်သောင်ပြင်လွတ်တော့သည်။
ကမ္ဘာတန်းနှင့်ညီသော ဥပဒေလုပ်ထုံးစာချုပ်တို့ဖြင့် နောက်ဆွဲရဦးမည့်အခြေခံဥပဒေမှ အာမခံရမည်။

အခြေခံဥပဒေကြာရှည်တည်တံ့လိုလျှင် ပြည်သူလူထုဘဝကို အာမခံနိုင်သော ပြည်သူ့ထံမှလာသည့် ပြည်သူ့အကျိုးစီးပွားကိုကာကွယ်သည့် အခြေခံဥပဒေဖြစ်ရမည်။
NLD သည် ၂၀၁၅ရွေးကောက်ပွဲမဝင်မှီက မူလအခြေခံ၄ချက်ပါသော ရွေးကောက်ပွဲကြေညာစာတမ်းကို ထုတ်ဖူးသည်။ “တိုင်းရင်းသားပြည်သူတရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကိုအာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ပေါ်ထွန်းရေး” ဟုပါသည်။ ထိုမျက်ခြေကိုကား မပြတ်သင့်။

34 comments

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 19, 2016 at 11:49 pm

    တကယ်
    ခံပြင်းမိတယ်
    အင်မတန် စုတ်ပဲ့နုံချာလှသော အာဏာရူး တွေ
    နောက်ဆုံးချိန်ထိ ကန့်လန့်လုပ်နေတဲ့ စောက်ရူးတွေ
    ဂယ်ပဲ စိတ်ပျက်တယ်

    သို့သော်လဲပေါ့
    အခုအခြေနေ ရလာဒ်တွေကြည့်ပြီး
    ပျော်တယ် ကျေနပ်တယ်
    ဒါဘဲ

  • ဦးကြောင်ကြီး

    March 20, 2016 at 9:35 am

    မာမူခိုင်
    ရွာသူနိုင်
    လှ ျာပြူ အိုင်
    သာကူဆိုင်..

  • မြစပဲရိုး

    March 20, 2016 at 10:49 pm

    ပြန်ဝန် က ဦးဖေမြင့် သတင်းပြေး နေတယ် ဗျို့။ ဟုတ်မဟုတ် ကြည့်စို့။ :-)))

    • kai

      March 21, 2016 at 1:18 pm

      ဟုတ်မှာပေါ့…

      ပြန်ဝန်ရှိနေတာကို.. လုံးဝမကြိုက်…။
      သမ္မတပြောရေးဆိုခွင့်ရှိသူ…အဆင့်လောက်နဲ့လုံလောက်သည်ထင်ပါ၏…။
      အစိုးရသည်.. ကိုယ့်လူထုအပေါ်.. (လူထုငွေဖြင့်….) ပရိုပဂမ်ဒါ.. စိတ်ဓာတ်စစ်ဆင်ရေးမလုပ်သင့်..။

      ဆိုတော့…
      ရှိပြီးသတင်းစာ.. တီဗီတွေက.. လူတွေသောင်းချီအလုပ်ပြုမလားဆိုတော့…
      ပုဂ္ဂလိကကို.. ရောင်းတုတ်သင့်ပါ၏..။

  • ခင်ဇော်

    March 21, 2016 at 12:17 pm

    အခွီးခွီးး
    လောလောဆယ်တော့ ကိုယ့် စာဥနဲ့ ကိုယ် မိနေတဲ့ အုပ်စုကြီးကို သနားသဗျာ။

    :k:

    • kai

      March 21, 2016 at 1:21 pm

      ရှိသမျှ.. သားမြေးမြစ်တွေအကုန်.. နိုင်ငံခြားပို့ကျောင်းထား.. ကုမ္ပဏီထောင်.. စီးပွားရေးလုပ်ခိုင်းထားသမျှ… ဒုက္ခရောက်နေပုံများလေ….။
      ၅၉ ကိုအစိမ်းလိုက်ဝါးစားချင်နေကြတာ.. သူတို့..။ :k:

  • uncle gyi

    March 21, 2016 at 3:19 pm

    NLD အစိုးရဖွဲ့ပြီးနောက်ပိုင်း
    ထိမ်းနိုင်ကောင်းပါရဲ့

  • မြစပဲရိုး

    March 21, 2016 at 10:23 pm

    သတင်း ဌာန တွေထဲမှာ “အများပြည်သူ နဲ့ ဆိုင်တဲ့ သတင်းဌာန” တစ်ခု လဲ ရှိသင့်ပါတယ်။ ဒါဟာ အစိုးရ ကပါ ပါဝင်နိုင်တဲ့ အများပိုင် ကုမ္ပဏီ လိုမျိုးပါ။ ဒါမှသာ အများပြည်သူ ကို ကိုယ်စားပြုပေးမဲ့ ပညာပေး ပရိုဂရမ် တွေ ကိုလဲ တင်ဆက်နိုင်မှာ ဖြစ်ပါတယ်။ သတင်း ဆိုရင်လဲ အစိုးရ မှားလဲ ပြောမယ်၊ အပြင်လူ မှားလဲ ပြောမယ် ဆိုတဲ့ ပြည်သူ့ မျက်နှာ အတွက် ဘဲ အလုပ်လုပ်မဲ့ အဖွဲ့အစည်းပေါ့။ အခု အစိုးရ အသစ် က ဖွဲ့ထားတဲ့ ဝန်ကြီးဌာန ကို နောက်ပိုင်း တစ်ချိန်ချိန် မှာ အများပိုင် ကုမ္ပဏီ ဖြစ်ဖို့ ပြည်သူ တွေ ဆီ ကို အစုရှယ်ယာ တွေ ထုတ်ရောင်း ပေးခြင်းသဘောမျိုး ပါ။ အားလုံး ကို ပုဂ္ဂလိက ပေးလိုက်ရင်တော့ ကိုယ့် စပွန်ဆာ နဲ့ ကိုယ် သန်ရာ သန်ရာ အဖိ အဖာ မီဒီယာ မျိုး တွေ ဘဲ ဖြစ်ကုန်ပါမယ်။ ပုဂ္ဂလိက ဆိုတာ ကိုယ့် အကျိုးအမြတ် မပါဘဲ အများပြည်သူ လူထု အတွက် တကယ်ဘဲ စိတ်ရင်း နဲ့ အလုပ်လုပ် ပါ့မလား ဆိုတာပါဘဲ။

  • တစ်နေ့တစ်နေ့ သဘောကျ ပီတိတွေဖြစ် ဝမ်းသာလုံးဆို့နေရတာနဲ့ ဘယ်သူ့ကိုမှ ရန်လုပ်ဖို့တောင် သတိမရ . . .

  • မြစပဲရိုး

    March 22, 2016 at 11:52 am

    အရပ်ဖက် ဝန်ကြီး ဌာန ၁၈ ခုမှာ ဝန်ကြီး ၁၅ ယောက် ဘဲ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ဌာန ၄ ခု တွဲ ကိုင်မှာ သေချာလောက်ပြီ။
    တရုတ် နဲ့ စီမံကိန်း တွေ၊ ကျောင်းသား အရေး တွေ အတွက် နောက်က ကြိုးဆွဲနေရမှာ ထက်စာရင် အများကြီး တင့်တယ်သွားမယ်။
    သမ္မတရုံး ကို ကိုင်တာက လဲ အဲဒီ မှာ ဝန်ထမ်းတွေ မနည်း တာ ကို စိတ်ဓာတ်အား နဲ့ အတော်ထိန်းရ မှာ။
    သူ့လောက် ဘယ်သူ မှ မှ သမ္ဘာ မကောင်းတာ ကို။ ရွှေ့ကွက်တွေ က တော့ တကယ်ဘဲ ပညာပါလှတယ်။

    ကြိုပြောထားမယ်။ “အာဏာရှင်” လို့ သုံးချင်ရင် အဲဒီ စကားလုံး ရဲ့ အဓိပ္ဓါယ် နဲ့ သွင်ပြင်လက္ခဏာ တွေ ကို စာကျေအောင် ဖတ်ပြီး မှ လာပြောကြ။

  • မြစပဲရိုး

    March 22, 2016 at 11:55 am

    ၁. ဒေါ်အောင်ဆန်းစုကြည် – နိုင်ငံခြားရေး ၊သမ္မတရုံး ၊ ပညာရေး၊ လျှပ်စစ်နှင့် စွမ်းအင်
    ၂.ဒေါက်တာအောင်သူ – စိုက်ပျိုးမွေးမြူရေး၊ဆည်မြောင်း
    ၃. ဦးသန့်စင်အောင် – ပို့ဆောင်ဆက်သွယ်ရေး
    ၄. သူရ ဦးအောင်ကို – သာသနာရေးနှင့် ယဉ်ကျေးမှု
    ၅. ဦးအုန်းဝင်း – သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး
    ၆. ဒေါက်တာ ဖေမြင့် -.ပြန်ကြားရေး
    ၇. ဦးသိန်းဆွေ – အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး
    ၈. ဦးဝင်းခိုင် – .ဆောက်လုပ်ရေး
    ၉. နိုင်သက်လွင် – တိုင်းရင်းသားရေးရာ
    ၁၀. ဒေါက်တာ မြင့်ထွေး – ကျန်းမာရေး
    ၁၁. ဒေါက်တာ သန်းမြင့် – စီးပွားကူးသန်း
    ၁၂ . ဒေါက်တာဝင်းမြတ်အေး – လူမှုဝန်ထမ်း နှင့် ပြန်လည်ကယ်ဆယ် နေရာချထားရေး
    ၁၃. ဦးခင်မောင်ချို – စက်မှု
    ၁၄. ဦးကျော်ဝင်း – ဘဏ္ဏာရေး
    ၁၅. ဦးအုန်းမောင် – ဟိုတယ်ခရီး
    ၁၆. ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း – ကာကွယ်ရေး
    ၁၇.ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ – .ပြည်ထဲရေး
    ၁၈. ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် – နယ်စပ်ရေးရာ ဝန်ကြီး

    • kai

      March 22, 2016 at 12:16 pm

      ဒေါ်စုတော့ အသက်တိုပြီ…။
      အလုပ်အများဆုံး.. အရေးအကြီးဆုံးဝန်ကြီးဌာနတွေအကုန်ကိုင်ထားပြီး.. ဘယ်လိုလုပ်မလည်းမသိ..။
      ကြည့်ရတာ.. ဒုဝန်ကြီးတွေခန့်ပြီး.. Run မယ်ထင်တယ်…။

      မြစ်ဆုံစီမံကိန်း… အနောက်နိုင်ငံတနိုင်ငံ၏ ထောက်ကူစစ်ဆေးချက်ဖြင့် ပြန်စရေး…။
      ထားဝယ်နဲ့ ကျေက်ဖြူရေနက်ဆိပ်ကမ်းတွေ လုပ်ငန်းလည်ပါတ် အမြန်ဖွင့်ရေး…။
      ကိုကိုးကျွန်းမှာ ယူအက်စ်စစ်စခန်း ငှားရမ်းဖွင့်ရေး…။
      သစ်တပင်မှမခုတ်ရဥပဒေထုတ်ရေး…။
      မြန်မာပြည်ဖြတ်.. အာရှလမ်းမကြီးတွေအကုန်ဖွင့်လှစ်ပြီးစီးရေး…။
      ့မြန်မာ့မြေမွေးသူ..ပထမ မြန်မာနိုင်ငံသား အလိုအလျှောက်ဖြစ်ရေး..။

      • မြစပဲရိုး

        March 22, 2016 at 12:24 pm

        ဟား ဟား။ ကြည့် သူကြီး။ တစ်ချို့ ကိုယ်မလုပ်နိုင်တိုင်း သူများ ကို အထင်သေးလွန်းကြတာ များတယ်။ (ရှင့် ကို ပြောတာ မဟုတ်ပါ)။ 😉
        မိန်းမ တွေ အပြင်မှာလဲ အလုပ်လုပ်၊ ဘွဲ့ကိုလဲ အပိုရအောင်ယူ၊ ကလေးလဲမွေး ထိန်း၊ အိမ်အလုပ်လဲ လဲ ကျေအောင် လုပ်ရသေး။
        မိန်းမ တွေ က ပိုပြီး Multi-tasking လုပ်နိုင်တာ ငြင်းလို့ မရပါလေ။ မိခင် အုပ်စိုးသော ခေတ် မှာ တို့ ရွှေပြည်ကြီး ပြောင်းလဲ တိုးတက် စေရမည်။ :-)))

      • မြစပဲရိုး

        March 22, 2016 at 12:29 pm

        မိခင် အုပ်စိုးသော ခေတ် မှာ “အဖ တိုင်းပြည်ကြီး” ပြောင်းလဲ တိုးတက် စေရမည်။ :-)))

        • kai

          March 23, 2016 at 4:41 am

          မြန်မာပြည်မယ်.. ယောက်ျားတွေမိန်းမ၁ယောက်ထက် ပိုယူခွင့်.. တရားဝင်မှုကို… ပိတ်နိုင်လိုက်တာတော့.. အောင်မြင်မှုတခုပေါ့…
          မိန်းမ ဘိက္ခူနီသာသနာပြန်ထွန်းကားအောင် လုပ်ကြည့်ပါလေ…။

          မိန်းမရဟန်းက.. ယောကျားနဲ့တန်းတူဖြစ်ခွင့်ပေါ့…။

          အတွေးအခေါ်တို့အမြုတေ ဘာသာရေးကပြောင်းနိုင်မှ… မိခင်အုပ်စိုုးသောခေတ်.. တကယ်ရောက်မယ်လို့.. ယုံနိုင်မယ်..။
          ဒါမှမဟုတ်.. ကျိုက်ထီးရိုးကျောက်တုံးတောင် ထိကိုင်လို့မရသူတွေ..ဘဝ…။ အမျိုးသမီးမတက်ရ/မဝင်ရ.. ဆိုင်းဘုတ်တွေနောက်ကဘဝ.. သနားတယ်ပြောရမှာပဲ..။ :k:

        • မိန်းမတွေလည်း ယောက်ျားတစ်ယောက်ထက်ပိုယူရင် အပြစ်မပြောကြေးလေ… လုပ်ကြမား

  • naywoon ni

    March 22, 2016 at 12:32 pm

    မြစ်​ဆုံနဲ့ ​ဒေါ်စု ​တွေ့ဘီ​ပေါ့ကွာ တည်​့တည်​့ကြီး ပွဲက​တော့ကြည်​့​ကောင်​ဘီ 🙂

    • မြစပဲရိုး

      March 22, 2016 at 12:58 pm

      ဒါတင်ဘဲလား အဘနီရယ်။ လက်ပံတောင်းကြေးနီ စီမံကိန်း ၊ ထောင်ထဲက ကျောင်းသားတွေ ကျန်သေး။ ကျွန်မတော့ ဦးညွတ်ပြီး ရင်း ဦးညွတ်ရင်းဘဲ။

  • ဦးဦးပါလေရာ

    March 23, 2016 at 6:57 am

    ကိုယ်ချင်းမစာဘူးပဲ ဆိုချင်ဆိုတော့…
    ကျုပ်ကတော့ ဒေါ်စုလုပ်အားကို ဒါ့ထက် ပို ရ ချင်သေးတယ်
    အခု သက်တမ်း ၅ နှစ် ပြီးရင် နောက်ထပ် ၅ နှစ်သက်တမ်းတစ်ခုလောက်
    ဆက်အလုပ်လုပ်နိုင်စေချင်သေးတယ်
    ဒါမှ NLD ရော မြန်မာပြည်ပါ အခြေနဲနဲခိုင်သွားမယ်..
    အခု ဝန်ကြီးနေရာ အဲလောက်ယူထားရင်
    သူမ အရမ်း ပင်ပန်းသွားမှာစိုးတယ်
    ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးနေရာက ဝန်ကြီးကိုယ်တိုင်အင်မတန်အလုပ်ရှုပ်တယ်
    တခြားဝန်ကြီးဌာနတွေလိုပေါ်လစီချရုံ ဆုံးဖြတ်ပေးရုံနဲ့ပြီးတာမဟုတ်ဘူး..
    နိုင်ငံခြားရေးဝန်ကြီးနေရာကိုယူပြီး ကျန်တာ ခွဲပေးလိုက်စေချင်တယ်..

  • Thint Aye Yeik

    March 24, 2016 at 3:38 pm

    .မကြာခင် ငါးနှစ်အတွင်းမှာ စာအုပ်စိမ်းကြီးတစ်အုပ်လုံးမဟုတ်တောင်
    စာမျက်နှာအတော်များများ အခန်းကဏ္ဍခပ်များများကို အမေစုတို့အစိုးရက အရောင်ပြောင်းပစ်နိုင်လိမ့်မယ်လို့လည်း ယုံတယ်။

    အမေစုသာ အသက် ၈ဝ ကျော်အထိ ကျန်းမာစွာ ရှိနေအုန်းမယ်ဆိုရင်တောင်
    ထိုင်ရာမထ စီမံခန့်ခွဲပေးနေနိုင်အုန်းမှာပဲ လို့လည်း ယုံတယ်။

    ရှားမှရှားတဲ့ ကမ႓ာ တန်းဝင် ခေါင်းဆောင်တစ်ယောက်ရဲ့ ဦးနှောက်ဟာ
    သာမန်လူပြိန်းတစ်ယောက်ထက်တော့ သာကိုသာမှာမို့
    အမေစု သူငယ်ပြန်သွားရင်တောင် တခြားသူ သူငယ်ပြန်သွားတာထက် သာမယ်ထင်တယ်ဟေ့။

    :k:

    .မေ့တော့မလို့
    ဒီလ အယ်ဒီတာ့သင်ပုန်းကို အတော်လေး အားရ ကျေနပ် လေးစား ချီးကျုး သဘောကျ နှစ်သက် ပီတိဖြစ်မိတယ်
    (ဘာကျန်သေးပါလိမ့်)

    :mrgreenn:

  • မြစပဲရိုး

    March 29, 2016 at 9:36 pm

    တိုင်းပြည် အပေါ်စေတနာရှိပြီး အမှန်တကယ်တတ်သိ တဲ့ ပညာရှင် တွေ အတွက် ကတော့ ပြုပြင်ပြောင်းလဲရေးဟာ အလွယ်လေးပါဘဲ။ ကိုယ့် ရဲ့ ပညာဉာဏ် နဲ့ လုပ်နိုင်စွမ်း နဲတိုင်း အပြောင်းအလဲ မှာ မလွယ်ဘူး ချည်း ပြောနေတဲ့ လေဆရာကြီးများ ဖတ်ကြဖို့ သင့်တယ်။
    +++++++++++++++++++++++++++++++++++++++
    စီးပွားရေးပညာရှင် ပါမောက္ခ ဦးမော်သန်း (ပါမောက္ခချုပ်-ငြိမ်း-ရန်ကုန်စီးပွားရေးတက္ကသိုလ်) နှင့် တွေ့ဆုံခြင်း
    Published on Sun, 03/27/2016 – 19:46
    Writer: စည်သူအောင် (Eleven Media)

    တစ်ချိန်က အာရှနိုင်ငံများ အားကျရသော စီးပွားရေးအခြေအနေတစ်ရပ်မှ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်ဖြစ်ခဲ့သည့် မြန်မာနိုင်ငံအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရမှဖော်ဆောင်သင့်သည့် စီးပွားရေးမူဝါဒအချို့နှင့် ယခင်အစိုးရများလက်ထက် မှားယွင်းခဲ့သည့် စီးပွားရေးမူဝါဒအချို့ကို တစေ့တစောင်းသိရှိနိုင်ရန် ဦးသိန်းစိန်အစိုးရ၏ လူမှုရေးနှင့် စီးပွားရေး အကြံပေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံ အခွန်ဘုတ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ စီးပွားရေးပညာရှင် ပါမောက္ခ ဦးမော်သန်း (ပါမောက္ခချုပ်-ငြိမ်း-ရန်ကုန်စီးပွားရေးတက္ကသိုလ်) နှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

    ■ မေး – အခုဆိုရင် ဦးသိန်းစိန်အစိုးရလည်း သက်တမ်းငါးနှစ် ပြည့်တော့မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်တစ်ရပ် တက်ရောက်တော့မှာ ဖြစ်ပါတယ်။ အရင်ဆုံး အစိုးရဟောင်းအပေါ်မှာ ထားရှိတဲ့ ထင်မြင်ချက်တွေနဲ့ အစိုးရသစ်အပေါ်မှာ ထားရှိတဲ့ မျှော်မှန်းချက်တွေကို ပြောပြပေးပါခင်ဗျ။

    ဖြေ – ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသက်တမ်းမှာ ပတ်ဝန်းကျင်မှာရှိနေတဲ့ လမ်း၊ တံတားတွေကတော့ မြင်သာတဲ့ကိစ္စတွေအရ အထိုက်အလျောက် တိုးတက်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့လည်း မမြင်သာတဲ့ကိစ္စတွေ၊ အရင်အစိုးရရဲ့ သန့်ရှင်းမှုနဲ့ ပတ်သက်လို့ ကိုယ့်မှာ သက်သေအထောက်အထားတော့ မရှိဘူးပေါ့ဗျာ။ သန့်ရှင်းမှုဆိုတာက လာဘ်လာဘနဲ့ ပတ်သက်ပြီး လူတော်တော်များများက သံသယရှိနေတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အရင်အစိုးရက အမည်းကွက်ဖြစ်ခဲ့တဲ့ကိစ္စကို နောက်အစိုးရလက်ထက်မှာ အမည်းကွက် မဖြစ်တော့ဘူးဆိုရင် အဲဒီတစ်ချက်တည်းနဲ့ တိုင်းပြည်က တော်တော် တိုးတက်သွားနိုင်တယ်လို့ စိတ်ထဲမှာထင်မိတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အဓိကတော့ Corruption ပဲ။ ဒါတွေက တိုင်းပြည်မှာ ခေါင်းဆောင်ပြီး တာဝန်ခံတဲ့သူတွေက ကိုယ့်ကျင့်သိက္ခာ သမာဓိနဲ့ စောင့်ရှောက် ထိန်းသိမ်းဖို့လိုတယ်။ နိုင်ငံရေးသမားက ခေါင်းဆောင်အဖြစ် တာဝန်ယူပြီဆိုရင် ကိုယ်ကျိုးစီးပွား လုံးဝမယူဘူးလို့ ပြောရင်လည်း မမှန်နိုင်ဘူး။ ကိုယ်ကျိုးစီးပွားကို အထိုက်အလျောက်ယူပြီး အများပြည်သူ အကျိုးစီးပွားအတွက် ရှေ့တန်းတင်တဲ့ သိက္ခာ၊ သမာဓိ၊ ကိုယ့်ကျင့်တရားမျိုးရှိရမယ်။ အံ့ဩစရာကောင်းတာက မြန်မာအနေနဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ရင် မွှန်းကြပြောကြတယ်။ စိတ်စေတနာလည်း အင်မတန်ရှိတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ လုပ်ငန်းတွေ လုပ်ကိုင်တဲ့နေရာမှာ တချို့နေရာတွေမှာ မြန်အောင်လုပ်တာတွေရှိတယ်။ စစ်တပ်ရဲ့ ဆောင်ပုဒ်ကိုကလည်း မြန်မြန်ဆန်ဆန်လုပ်ဖို့ပဲကို။ စီးပွားရေးကိစ္စရပ်ပဲဖြစ်ဖြစ်၊ တခြား ဘယ်ကိစ္စရပ်ပဲဖြစ်ဖြစ် မြန်မြန်နဲ့ကိစ္စပြီးဖို့ပဲ။ ဒါပေမဲ့ လုပ်ပုံကိုင်နည်းက Simple ဖြစ်ဖို့လိုတယ်။ ကြိုးနီစနစ်ဖြစ်လို့မရဘူး။ သက်ဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်နိုင်စွမ်းရှိရမယ်။ တာဝန်လွှဲအပ်မှုတွေလည်း ရှိရမယ်။ အလုပ်တစ်ခုကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်၊ သွက်သွက်လက် လက်လုပ်မယ်ဆိုရင် စီးပွားရေးပဲဖြစ်ဖြစ်၊ ကျန်တဲ့ကိစ္စတွေမှာပဲဖြစ်ဖြစ် တော်တော့်ကို တိုးတက်သွားမယ်လို့ထင်တယ်။ ဥပမာပြောရရင် တာဝန်အရ ဗဟိုဘဏ်ကို ငါးခေါက်လောက်သွားရရင် လေယာဉ်နဲ့သွားတဲ့အခါ သုံးခေါက်လောက်က အချိန်မမှန်ဘူး။ ၆ နာရီ ချိန်းထားရင် ၈ နာရီမှလာတယ်။ လေယာဉ်ပျံအောက်မှာ မီးရထား၊ မီးရထားအောက်မှာ မော်တော်ကားရှိသေးတယ်။ အချိန်မှန်မှန် ဖြစ်ဖို့က စည်းကမ်းပဲ။ အချိန်မမှန်တာဟာ စည်းကမ်းကို မလိုက်နာတာ။ စည်းကမ်းကို လိုက်နာမယ်ဆိုရင် လူကိုလေးစားမယ်။ အချိန်ကိုလေးစားမယ်။ စံတွေကိုလည်း လေးစားမယ်။ စည်းကမ်းမရှိဘူးဆိုရင် အချိန်ကို တန်ဖိုးမထားဘူးပေါ့။ အခုလာမယ့် အစိုးရလက်ထက်မှာ စည်းကမ်းနဲ့ ပတ်သက်ပြီး သေချာလုပ်နိုင်ရင်ကောင်းမယ်။

    ■ မေး – အခု NLD အစိုးရသစ်ကို လူတွေက မျှော်လင့်ချက်ကြီးတယ်။ နောက်ပြီး စောင့်ကြည့် ဝေဖန်မယ့်သူ တွေလည်းရှိတယ်ဆိုတော့ NLD အနေနဲ့ အာဏာရပြီးတဲ့ အစောပိုင်းအချိန်တွေမှာ ဘာတွေလုပ်သင့်လဲ။

    ဖြေ – အစိုးသစ်တစ်ရပ်ဆို နိုင်ငံတော်တော်များများမှာက ရက် ၁၀ဝ အတွင်း လိုက်တယ်။ အဲဒီကာလအတွင်း လုပ်ပုံကိုင်ပုံကိုကြည့်ပြီး ရှေ့အလားအလာ ဘယ်လိုဖြစ်မယ်ဆိုတာကို ခန့်မှန်းကြတယ်။ NLD အစိုးရအနေနဲ့ စီးပွားရေးမူဝါဒချမှတ်ရာမှာ ရှေ့ အစိုးရကို အများကြီး သင်ခန်းစာယူလို့ရ တယ်။ လူထုကြိုက်အောင် အများကြီးလုပ်လို့ရတယ်။ နှစ်ပေါင်းများစွာကြာအောင် အာဏာရှင်တွေရဲ့ အုပ်စိုးမှုကို ခံခဲ့ရတဲ့ ပြည်သူတွေ ဘာကိုကြိုက်တယ်၊ မကြိုက်ဘူးဆို ရွေးကောက်ခံအစိုးရက လွယ်လွယ်လေးသိနိုင်ပါတယ်။ ဥပမာ အဂတိတရား ကင်းစင်အောင်နေမယ်။ တိုင်းပြည်အဆင့်၊ ဝန်ကြီးအဆင့်၊ မိသားစုအဆင့်၊ တစ်ကိုယ်ရေတစ်ကာယ အဆင့်မှာတင် မသမာမှုတွေ ပျောက်မယ်။ အချိန်ကိုလေးစားမယ်။ အလုပ်တွေ လွယ်ကူအောင်လုပ်မယ်ဆိုရင် တိုင်းပြည်က ကာလတိုအတွင်း သိသိသာသာ ပြောင်းလဲနိုင်တယ်။ အခြေခံဆိုတာက အဆင့်တိုင်းနဲ့ နေတယ်။ အဆင့်တိုင်းမှာသာ ဂရုတစိုက်လုပ်မယ်ဆိုရင် သိသိသာသာကြီး တိုင်းပြည်တိုးတက်ဖို့များတယ်။ မြန်မာနိုင်ငံက စင်ကာပူလို ရေလည်း ဝယ်သောက်ရတာ မဟုတ်ဘူး။ ရေလည်း ပေါပေါလောလော ရှိတယ်။ ရေမြေတောတောင်သဘာဝ၊ ရာသီဥတု ရှုခင်း ဘယ်လိုပဲပြောပြော၊ အယ်လ်နီညိုပဲပြောပြော၊ သူများနဲ့စာရင် တော်တော်လေးကောင်းတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့လည်း ရှိတယ်။ သတ္တုတွင်းထွက်လည်းရှိတယ်။ ဒါတွေရှိရက်သားနဲ့ တစ်ဖက်က ချို့ယွင်းချက်တွေကြောင့် နည်းပညာ၊ လူတွေလုပ်နိုင်စွမ်း ကျွမ်းကျင်မှုတွေ လိုအပ်ချက်တွေ ရှိနေတယ်။

    ■ မေး – အရင်အစိုးရလက်ထက်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားတယ်ဆိုပေမယ့် အခြေခံလူတန်းစားတွေအတွက်တော့ အကျိုးခံစားခွင့် နည်းပါးခဲ့တာတွေ့ရပါတယ်။ အဲဒီတော့ နိုင်ငံလုံးဆိုင်ရာစီးပွား ရေးပြုပြင်ပြောင်းလဲမှုမှာ NLD အစိုးရအနေနဲ့ ဘာတွေကို ဦးစားပေးသင့်တယ်ထင်ပါလဲ။

    ဖြေ – Macro Level ပြောရမယ်ဆိုရင် စိုက်ပျိုးမွေးမြူရေးနဲ့ သစ်တောရှိမယ်။ ဒုတိယအဆင့်က ကုန်ထုတ်လုပ်မှု။ တတိယအနေနဲ့ တော့ ဝန်ဆောင်မှု ကဏ္ဍပေါ့။ အဲဒီကဏ္ဍသုံးခုမှာလည်း လူတော်တော်များများဖြစ်တဲ့ ရာခိုင်နှုန်း ၇ဝ လောက်က နယ်မှာရှိနေတယ်။ ဒီလူတွေကလည်း စိုက်ပျိုးရေးနဲ့ အသက်မွေးကြတာ။ ကျန်တဲ့ကဏ္ဍတွေကိုမလုပ်ဘဲ လျှော့ချဖို့ပြောတာမဟုတ်ဘူး။ လယ်ယာကဏ္ဍ တိုးတက်အောင် လုပ်သင့်တယ်။ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတွေလည်း လျှော့မှာမဟုတ်ဘူး။ ဒီကဏ္ဍတွေလည်း တိုးတက်အောင်လုပ်ပြီး ကျွန်တော်တို့အားလုံးရဲ့ စားဝတ်နေရေးဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ တိုးတက်အောင် လုပ်ရမယ်။ ကျန်တာတွေလည်း သူ့အပိုင်းနဲ့သူ တိုးတက်အောင်လုပ်မယ်ဆိုရင် ကောင်းတယ်။ လယ်ယာစိုက်ပျိုးရေး မကောင်းကြလို့ ကျွန်တော်တို့ တိုင်းပြည်က လူတော်တော်များများ နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြရတာ တကယ်ဝမ်းနည်းစရာကောင်းတယ်။ လူထုက ကိုယ့်တိုင်းပြည် ကောင်းကျိုးအတွက် အလုပ်မလုပ်ရဘဲ သူများတိုင်းပြည် ကောင်းကျိုးအတွက် လုပ်နေရတယ်။ နိုင်ငံတကာဆက်ဆံရေးမှာတော့ ဒီလိုပြောတာ ကောင်းချင်မှကောင်းမယ်။ ပညာရှင်တွေလည်း ဥပမာအားဖြင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ပုဂ္ဂိုလ်တွေ၊ နည်းပညာနဲ့ ပတ်သက်တဲ့ပုဂ္ဂိုလ်တွေ၊ စင်ကာပူမှာဆိုရင် CSO တွေ၊ IT ပညာရှင်တွေအများကြီး။ ဒါတွေကိုယ့်ဆီမှာ လုပ်နိုင်ရင် ဘယ်လောက်ကောင်းမလဲ။

    ■ မေး – အရင်အစိုးရအဖွဲ့တုန်းက ယူထားတဲ့ ရာထူးတွေ၊ လုပ်နိုင်စွမ်းတွေနဲ့ အရင်ဖောင်းပွခဲ့တဲ့ ဝန်ကြီးဌာနတွေ အများကြီးကနေ အခုကျစ်ကျစ်လျစ်လျစ်နဲ့ လုပ်မယ်ဆိုရင် ထိထိရောက်ရောက်ဖြစ်ဖို့ ဘယ်လို ကိုင်တွယ်သင့်လဲ။

    ဖြေ – စီမံခန့်ခွဲမှု ရှုထောင့်ကနေကြည့်မယ်ဆိုရင် ဗဟိုဦးစီးစနစ်ကိုလျှော့ပြီး အောက်ပိုင်းက လုပ်နိုင်စွမ်းရှိသူကို လုပ်ပိုင်ခွင့်ပေးရမယ်။ Delegation ပေါ့။ တစ်ခုတည်းက ချုပ်ကိုင်ထားမယ် ဆိုရင်လည်း ဘယ်သူမှ လုပ်နိုင်မှာမဟုတ်ဘူး။ ဝန်ကြီးဌာန ၃၆ ခုကနေ အခု ၂၁ ခုပဲ ကျန်တယ်။ ကျစ်ကျစ်လျစ်လျစ် လုပ်နိုင်ဖို့ဆိုရင် နေ့စဉ်ပုံမှန်အလုပ်ကို အောက်ခြေကို လွှဲနိုင်၊ တာဝန်ပေးနိုင်ဖို့လိုတယ်။ တိုင်းပြည်မှာ ခေါက်ရိုးကျိုးနေတာက ငွေပေးစနစ်နဲ့ လုပ်တာ။ လာဘ်ပေးမှပဲ လုပ်တယ်။ ငွေမပေးရင် မလုပ်ဘူး။ ကိုယ့်အသိနဲ့ကိုယ်တာဝန်ကို လည်းပဲ လုပ်ကိုင်ခွင့်ပေးရင် ကာယကံရှင်ကိုယ်တိုင်ကပဲ လုပ်ကိုင်နိုင်ရမယ်။ Competance Delegation နဲ့လုပ်မှပဲရမယ်။ တိုင်းပြည်မှာက အမိန့်နဲ့လုပ်၊ ခိုင်းတဲ့အလုပ်လုပ်၊ ကိုယ်ပိုင်ဉာဏ်မသုံးဘဲနဲ့ လုပ်ကြတာ စွဲနေတယ်။ Confidence Crisis ဖြစ်နေတယ်။ တစ်ခုခုဆိုမလုပ်ရဲဘူး၊ အမိန့်ပေးစနစ်နဲ့ လုပ်တာ ခေါက်ရိုးကျိုးနေတယ်။ လုပ်ချင်စိတ်လည်း မရှိဘူး။ လုပ်ပိုင်ခွင့်လည်းမရှိဘူး ဖြစ်နေတယ်။

    ■ မေး – ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေ အရင်ထက်ပိုဝင်တယ်။ ဒါပေမဲ့ ကုန်သွယ်ရေးလိုငွေ များတယ်။ ဘတ်ဂျက်လိုငွေလည်း ရှိခဲ့တယ်။ NLD အစိုးရ လက်ထက်မှာရော ဘယ်လို အခြေအနေတွေဖြစ်မယ်လို့ မျှော်မှန်းထားပါသလဲ။

    ဖြေ – ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် တော်တယ်၊ တတ်တယ်။ ငွေအရင်းအနှီးရှိတယ်။ လုပ်ကိုင်ခွင့် ရှိတယ်ဆိုရင် တိုးတက်မယ်။ အဲဒီလိုပဲ တိုင်းပြည်အနေနဲ့ သယံဇာတရှိမယ်။ ကျွမ်းကျင်မှုအနေနဲ့က မပြည့်စုံဘူး။ နိုင်ငံခြား အရင်းအနှီး လိုတယ်။ နည်းပညာ၊ ကျွမ်းကျင်မှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လိုတယ်။ Foreign Investment ကနေမှ နည်းပညာရမယ်။ MIC မှာ Foreign Direct Investment မှာဆိုရင် တော်တော် အလိမ်ခံရတာများတယ်။ Capital ယူလာတယ်။ သန်း ၄၀ဝ လောက်ယူလာပြီး ပြန်ပို့တဲ့အခါကျ အဲဒီလောက် မကတော့ဘူး။ ထိုက်သင့်တဲ့အရင်းအနှီး ယူမလာဘဲ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေတယ်။ MIC က ဒါကိုသေချာကြည့်ပြီး လုပ်ရမယ်။ ဝင်ငွေခွန်ရော ကုန်သွယ်ခွန်ပါ ကင်းလွတ်ခွင့်ပေးထားတယ်။ MIC အနေနဲ့ Investment Proposal တစ်ခုလာရင် အကုန်လုံးကို သေချာလေ့လာပြီးမှ ခွင့်ပြုသင့်တယ်။ Foreign Investment က လာတယ်။ ဒါပေမဲ့ စာရင်းပဲပြတယ်။ ဒေါ်လာသန်း ၆၀ဝ ရင်းနှီးပါမယ်။ သန်း ၁၀၀ဝ ရင်းနှီးပါမယ်။ တကယ်ယူလာတော့ ဒေါ်လာ သန်း၂၀၀၊ ၃၀ဝပဲ။ ဒါကြောင့် သေချာစိစစ်ဖို့လိုတယ်။ NLD အစိုးရလက်ထက်မှာ သေချာပေါက်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ များလာမယ်။ ကုန်သွယ်မှုတွေ တိုးလာပါမယ်။ အဲဒီလိုနေရာမှာလည်း သန့် ရှင်းမှုကအရေးကြီးတယ်။ MIC ပဲဖြစ်ဖြစ်၊ ဝန်ကြီးဌာနပဲဖြစ်ဖြစ် သန့်ရှင်းမှုရှိဖို့အရေး ကြီးပါတယ်။

    ■ မေး – မြန်မာနိုင်ငံရဲ့ ဘဏ်တိုးနှုန်းလို၊ အခွန်နှုန်းလို စီးပွားရေးအတွက် အခြေခံကျတဲ့ နှုန်းထားတွေကိုရော NLD အစိုးရက အလျင်အမြန်ပြောင်းလဲဖို့ လိုအပ်တယ် ထင်ပါသလား။

    ဖြေ – အခု တော်တော်များများတိုင်းပြည်တွေ ဥပမာဆိုရင် ဂျပန်ဆိုရင် Negative Interest အတိုးနှုန်းက အနုတ်ပြတယ်။ ဖွံ့ဖြိုး ပြီးနိုင်ငံတွေမှာ Half Percent လောက် One Percent လောက်ပဲရှိတယ်။ ကျွန်တော်တို့ တိုင်းပြည်အတိုးနှုန်းကို အဲဒီလောက်လျှော့ချမယ်ဆိုရင် စုဆောင်းထားတဲ့ငွေလည်း ကျသွားမယ်။ တစ်ဖက်ကလည်း သုံးနိုင်တဲ့ ငွေပမာဏ ကျသွားမယ်။ အဲဒီလိုနှုန်းမျိုးတွေချနိုင်ဖို့က မဖြစ်နိုင်သေးဘူး။ ချနိုင်ဖို့လုပ်မယ်ဆိုရင်လည်း စုဆောင်းငွေလျော့သွားမယ်။ မြန်မာနိုင်ငံအနေနဲ့ ရှိနေတဲ့အတိုးနှုန်းက သိပ်မရိုင်းပါဘူး။ အပြင်လုပ်ငန်းတွေဆိုရင် တစ်လကို သုံးကျပ်တိုး၊ တစ်နှစ်ကို ၃၆ ကျပ်၊ အစိုးရက ဘယ်လောက်လဲဆိုရင် ၈ ဒသမ ၅ ရာခိုင်နှုန်း ဘယ်လောက်သက်သာလဲ။ ချေးချင်ရင်လည်း ၁၄ ရာခိုင်နှုန်းပေးရမယ် ဆိုရင်တောင် တစ်လမှ တစ်ကျပ် ပြား၂ဝပဲ။ ဘဏ်တိုးနှုန်း မြှင့်လိုက်ရင်တော့ အပြင်နဲ့ ခုနကပြောသလို တစ်လကို ငါးကျပ် တစ်နှစ်ကို ၆၀၊ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ၁၈ ရာခိုင်နှုန်းနဲ့ဆိုရင်တောင် ၁ ကျပ်ခွဲပဲရှိတာ။ အတိုးနှုန်း တိုးလိုက်မယ်ဆိုရင် စုဆောင်းငွေ တိုးလာမယ်။ ဒါပေမဲ့ အတိုးနှုန်းက ၁ဝ ရာခိုင် နှုန်းရှိမယ်။ ငွေကြေးဖောင်းပွမှုက ၁၂ ရာခိုင်နှုန်း ရှိမယ်ဆိုရင် အတိုးနှုန်းတိုးတာ ဘာမှမထူးဘူး။ ငွေကြေးဖောင်းပွမှုထက် အတိုးနှုန်းက များမှဖြစ်မှာ။ အဲဒီတော့ အတိုးနှုန်း တိုးတိုးလျှော့လျှော့ ငွေကြေးဖောင်းပွမှုနှုန်းကို ချိန်ကြည့်ရမယ်။ အခွန်နှုန်းဆိုရင်လည်း NLD အစိုးရတောင် မတက်သေးဘူး။ အရင်က အခွန်ပေးဆောင်တာနည်းတဲ့၊ အခွန်မဆောင်တဲ့ ကုမ္ပဏီတွေတောင် အခွန်ဆောင်လာကြတာ ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ အစိုးရတစ်ရပ်က အခွန်ရရှိဖို့ အရေးပါတာသလို အများပြည်သူ ဝန်ထုပ်ဝန်ပိုးမဖြစ်တဲ့ အခွန်နှုန်းထားဖြစ်ဖို့လည်း အရေးကြီးပါတယ်။ အခုအချိန်မှာတော့ အခွန်ကျသင့်သူတိုင်း အခွန်ဆောင်ဖို့ကိုပဲ ဆက်ပြီးစည်းရုံးရဦး မှာပါ။

    ■ မေး – NLD အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း သိသိသာသာမြင့်တက်လာမယ်လို့ ယူဆထားလား။

    ဖြေ – အရင်အစိုးရလက်မှာ ဂျီဒီပီတိုးတက်နှုန်း ပျမ်းမျှ ရှစ်ရာခိုင်နှုန်းကျော်ရှိတယ်လို့ ပြောတာပေါ့နော်။ တိုး/မတိုး အဓိကကျတဲ့ အကြောင်းရင်းတစ်ခုက သယံဇာတရောင်းချရတဲ့ ငွေတွေသာ Budget အထဲ အကုန်ဝင်မယ်ဆိုရင်ပေါ့။ တိတိကျကျ သက်သေအထောက်အထားတော့ မရှိဘူး။ ဒါပေမဲ့ သယံဇာတ ရောင်းချရတဲ့ငွေတွေက Budget အထဲဝင်မှ ဝင်ရဲ့လား။ တကယ်လို့သာ ဝင်ငွေအကုန်ဝင်မယ်ဆိုရင် GDP က NLD လက်ထက်မှာ ဒီထက်တိုးတက်မှာပဲ။ သက်ဆိုင်ရာ NLD အစိုးရလက်ထက် ဝန်ကြီးတွေအနေနဲ့ အရင်အမှားတွေကို သင်ခန်းစာယူပြီး မမှားအောင် ကိုယ်ကျင့်တရားနဲ့ ထိန်းသိမ်းဖို့လိုပါတယ်။

    မေး – ဆရာ့အနေနဲ့ ဖြည့်စွက်ပြောချင်တာများရှိရင် ဥပမာ NLD အစိုးရအပေါ် မျှော်လင့်ချက်ပေါ့။

    ဖြေ – ကျွန်တော့်တစ်ယောက်တည်း မျှော်လင့်ချက်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့ မျှော်လင့်တယ်ဆိုတာထက် ယုံကြည်တယ်ပြောရမလား။ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုရင် Corruptioin တို့ဘာတို့နည်းသွားမယ်။ ဒေါ်စုကိုယ်တိုင်ပြောထားတာပဲ။ မဟုတ်တာလုပ်ရင် အကူအညီတော့မမျှော်လင့်နဲ့။ ထောင်ဝင်စာပဲ လာတွေ့မယ်ဆိုတာ။ အစိုးရတစ်ရပ် ပြောင်းလဲရင် ဝန်ကြီးတွေကတော့ နမူနာကောင်းတွေ လုပ်ပြနိုင်တာပေါ့။ ကိုယ့်လက်အောက် ဝန်ကြီးဌာနတွေမှာရှိတဲ့ ဝန်ထမ်းအဆင့်ဆင့်ကို လုပ်ငန်းတာဝန် ခွဲဝေပေးရမယ်။ အရည်အချင်း မြှင့်တင်ပေးရမယ်။ လှုံ့ဆော်မှုတွေ လုပ်ပေးနိုင်ရမယ်။ အဲဒီလိုဆိုရင် တိုးတက်ဖို့အတွက် အထောက်အပံ့ကောင်းတွေ အများကြီးရမယ်။ စည်းကမ်းတကျ နေနိုင်ဖို့လည်းလိုတယ်။ စင်ကာပူမှာဆိုရင် ကားလမ်းတွေမှာ ဘတ်စ်ကားက ဘယ်အချိန် ဆိုက်မယ်ဆိုရင် အဲဒီအချိန်ပဲ ဆိုက်တယ်။ သူတို့တောင်လုပ်နိုင်ရင် ကျွန်တော်တို့က ဘာလို့မလုပ်နိုင်ရမလဲ။ ဒီလိုအသေးအမွှားလေးတွေကစလို့ Structure ကြီးတစ်ခု ဖြစ်လာအောင် တည်ဆောက်သွားမယ်ဆိုရင် အခြေခိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာမယ်လို့ မျှော်မှန်းပါတယ်။

  • kai

    March 30, 2016 at 11:13 am

    Tada!…
    အမြီးလေးဖြန့်လို့… ကတဲ့… ဒေါင်း…။
    ..
    Dawn တဲ့…
    နေထွက်ပြီလေ…။

    • မြစပဲရိုး

      March 30, 2016 at 1:11 pm

      ကြည့်ရတာ သူကြီးမင်း တင်လိုက်တဲ့ ပုံ ကို ရီဂျက်လုပ်ခံရသလားဘဲ။ lol:-)))

  • kai

    March 30, 2016 at 11:54 am

    သမ္မတဦးထင်ကျော် ပြောကြားသော မိန့်ခွန်းမှာ အောက်ပါအတုိုင်းဖြစ်သည်။

    “တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် နိုင်ငံသူ နိုင်ငံသားများခင်ဗျား-
    ဒီပြည်ထောင် စု လွှတ်တော်ကြီးက ကျနော့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်တာဟာ အထင်ကရ သမိုင်းဝင်ဖြစ်ရပ်ကြီးဖြစ်တာကြောင့ ်များစွာဂုဏ်ယူ ဝမ်းမြောက်ကြောင်းပြောကြားလိုပါတယ်။ နိုင်ငံတော်သမ္မတဖြစ်လာတာနဲ့အညီ ကျနော်က ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ့် ပုဂိ္ဂုလ်ဖြစ် လာပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလာဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ ဒုတိယ အကြိမ် လွှတ်တော် နဲ့ အစိုးရ အဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မူ ဝါဒ များနဲ့ကိုက်ညီအောင် ဆောင်ရွက်ထားတာဖြစ်ပါတယ်။

    ယခုအစိုးရအသစ်အနေဖြင့် အောက်မူဝါဒများဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေး ကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးနဲ့ ပြည်သူလုထုအများစုရဲ့ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးကို အကောင်အထည် ဖော်ဆောင်သွားမှာဖြစ်ပါတယ်။

    လွှတ်တော် နာယကကြီး၊ ကိုယ်စားလှယ်များ၊ ဂုဏ်သရေရှိ ဧည့်သည်တော်များ နှင့်နိုင်ငံသူနို်င်ငံသားများခင်ဗျား
    ဒီနေ့ ဒီအချိန်မှာ လေးနက်စွာ တင်ပြလိုတဲ့အချက်တခု ရှိပါတယ်။ ဒီအချက်ကတော့ မကြာမီကဘဲ ကျနော်ဟာ နို်င်ငံတော်သမ္မတ အဖြစ် ကတိသစ္စာပြုပြီးဖြစ် တာကြောင့် အဲဒီကတိသစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန် ရှိကြောင်း ကိုလည်း အစဉ်သတိချပ်နေမှာဖြစ်ပါတယ်။ ဒါ့အပြင် နို်င်ငံတော်နဲ့ သင့်တော်မယ့်၊ ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် ဖြစ်ပေါ်လာရေး အတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။

    နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီနိုင်ငံရေးရည်မှန်းချက် အကောင်အထည်ပေါ်လာရေး အတွက် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ သိနားလည်ထားပါတယ်။ နိဂုံးချုပ်အားဖြင့် တင်ပြချင်တာကတော့ အခုပေါ်ပေါက်လာတဲ့ပြည်ထောင်စုအစိုးရ အဖွဲ့ဟာ ပြည်သူလူထု ရဲ့ မျှော်လင့်ချက်များ ဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အလေးအနက် ပြောကြား လိုခြင်း ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားအားလုံး ချမ်းမြေ့သာယာစွာနဲ့ မိမိဘဝလမ်းကြောင်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ကြပါစေ။

    • kai

      March 30, 2016 at 11:57 am

      ဟင်းဟင်း..
      ကျုပ်အယ်ဒီတာ့သင်ပုန်းကို.. သမ္မတဦးထင်ကျော်က.. ၂ မိနစ် ၄ဝ စက္ကန့်နဲ့ခြုံပြီး.. ပြောလိုက်သလိုပဲ..။ :k:

      • မြစပဲရိုး

        March 30, 2016 at 1:09 pm

        “scenario” နှစ်ခု ကို မြင်ကြည့်နေမိပါတယ်။ တစ်ခု က တစ်သင်း က နိုင်သွားခဲ့ရင် အမုန်း အားကြီး တဲ့ အညိုးအာဃတာ တွေ နဲ့ ပိုပြီး ဖိနှိပ်သွားပြီး လူတစ်စု က လွဲလို့ တိုင်းပြည် အတွက် မျှော်လင့်ချက် လုံးဝ ကုန်သွား မဲ့ မြင်ကွင်း။
        နောက် တစ်ခု ကတော့ လက်ရှိ “scenario” ပေါ့။ မေတ္တာ အားကြီး တဲ့ ပူးပေါင်းလုပ်ဆောင်မှု တွေ နဲ့ အားလုံးကို ပါအောင် လက်တွဲ ခေါ်သွားပြီး မြို့ရွာ မရွေး တစ်ပြေးညီ ဖွံ့ဖြိုး လာ စေမဲ့ တိုင်းပြည် အတွက် မျှော်လင့်ချက် ပိုပြီး ရှိလာနေတဲ့ မြင်ကွင်း။
        တစ်ကိုယ်သမား၊ ဘို့ သမား တွေကတော့ ဆက်ပြီး ခြေထိုးနေတာ မြင်နေရဦးမှာ လို့ တော့ တွေးထားပါတယ်။
        All the best of luck my beloved country!

        • kai

          March 30, 2016 at 1:27 pm

          အရီးလတ်ကတော့ ဘယ်လိုမြင်နေသလဲမသိ…။
          ကျုပ်ကတော့.. အသက်အောင့်ထားသေးတယ်..။
          အနည်းဆုံးတော့.. ဒီလိုတိုင်းပြည်ကြီးပြောင်းလဲလာအောင် မိမိတို့ကယ်တင်လုပ်လိုက်လို့ပါဆိုပြီး.. ခရက်ဒစ်တွေကိုယ့်ဖာကိုယ်ယူ….
          ဒေါ်အောင်ဆန်းစုကြည်ဆီ တိုက်ရိုက်တိုင်စာပို့.. လူတွေကို.. ဝန်ထမ်းတွေကို.. ဖြုတ်ထုတ်သတ်လုပ်ခိုင်း…။
          ဟိုက.. မလုပ်ရင်..လုပ်ရင်.. အလိုမကျရင်.. လမ်းပေါ်ထွက်…။

          အဲဒီလိုလူတွေကို… မြင်နေတယ်.. မြင်နေတယ်..။ :k:

        • မြစပဲရိုး

          April 1, 2016 at 11:12 pm

          I am so positive ThaGyeeMin. :-))))

  • မြစပဲရိုး

    April 1, 2016 at 11:07 pm

    ဆရာကြီး ဦးမော်သန်း စာရင်းစစ်ချုပ် ဖြစ်သွားပြီ တဲ့ဗျို့။ :-))

  • မြစပဲရိုး

    April 2, 2016 at 9:04 pm

    အစိုးရသစ် ကို ဝေဖန်ဖို့ အားခဲထားတဲ့ ကျွန်မ။
    အခု အစိုးရသစ်ထဲ မှာ ပါဝင်လာတဲ့ ကိုယ့် ဆရာ၊ ဆရာမ ပညာရှိ၊ အတွေ့အကြုံရှိ၊ စေတနာရှိ စကား တွေ ကြားထဲ ကိုယ့်ကိုယ်ကို “အားငယ်” လိုက်တာ လို့ ဘဲ ပြောပါရစေတော့။
    ခေတ်နောက်ကျန်နေခဲ့တဲ့ ရှေးဟောင်းဆရာမကြီး မဟုတ်ဘူး။
    ဒီ အသက် ဒီ အရွယ်မှာ အခြေအနေ တွေ အားလုံး ကို သိနေတာဘဲနော်။ ပြောတဲ့ စကားတွေ ၊ ကာတွန်းတွေ က အစ။
    ++++++++++++++++++++++++++++++++++++++++++++++++++
    Strategy First Institute ကို လမ်းညွှန်ပေးနေသော နာယက တစ်ဦးဖြစ်တဲ့ ဆရာမကြီး ဒေါက်တာဒေါ်ခင်အုန်းသန့်ရဲ့ Strategy First Forum 2016 – Leading Change in the New Era မှာ – ကျွန်မ အိပ်မက်မက်မိသော အပြောင်းအလဲ” ခေါင်းစဉ်ဖြင့် ဆွေးနွေးချက်ကို ဖော်ပြပေးလိုက်ပါသည်။

    ဆရာမကြီးသည် ၁၉၅၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှ B. Com ဘွဲ့ရရှိခဲ့ပြီး ၁၉၆၃ ခုနှစ်မှာ အမေရိကန်နိုင်ငံ University of Wisconsin မှ MBA ဘွဲ့ကို ရရှိခဲပါတယ်။ Ph.D ပါရဂူဘွဲ့ကိုလည်း University of Wisconsin မှပင် ၁၉၆၆မှာ ရရှိခဲ့ပါတယ်။

    ဆရာမကြီးဟာ ၁၉၆ရ မှ ၁၉၇၆ ခုနှစ်အထိ စီးပွားရေး တက္ကသိုလ်မှာ နည်းပြ၊ လက်ထောက်ကထိက စတဲ့ တာဝန်များကို ထမ်းဆောင်ခဲ့ပါတယ်။
    ၁၉၇၆ မှ ၁၉၉၂ ခုနှစ်အထိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရဲ့ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှာ လက်ထောက်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှုး နဲ့ ဒုတိယညွှန်ကြား ရေးမှုးချုပ် တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့ ပါတယ် ။

    ၁၉၉၂ မှ ၁၉၉၆ ခုနှစ်အထိ ကမ္ဘာ့ဘဏ်( အရှေ့တောင်အာရှဌာနခွဲ)မှာ လက်ထောက် အလှည့်ကျ ဦးဆောင်အရာရှိချုပ် အဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၆ မှ ၂ဝဝ၆ ခုနှစ်အထိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးမှု ဝန်ကြီးဌာန၊ National AFTA Unit မှာလည်း အကြံပေးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

    Strategy First Institute ရဲ့ နာယကကြီး(၄)ဦးမှ တစ်ဦးဖြစ်ပါသည်။

    _________________________________________

    ကျွန်မ အိပ်မက်မက်မိသော အပြောင်းအလဲ

    ဒေါက်တာဒေါ်ခင်အုန်းသန့်

    ပြောရမယ်ဆိုရင် ဦးသိန်းစိန်သမ္မတဖြစ်တော့ သူရဲ့မိန့်ခွန်းထဲမှာ စီးပွားရေးအကြောင်းပါတယ်။ အဲမှာ People Center ဆိုပြီးပါတယ်။ ပြည်သူကိုဗဟိုပြုတာပေါ့။ Poverty ဆင်းရဲမှုပပျောက်ရေး၊ Sustainable Development စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ Equitable တရားမျှတရေး ၊ Inclusiveness အတူပူးပေါင်းပြီးအားလုံးပါဝင်ရေးဆိုတာတွေ ထည့်ပြောခဲ့တယ်။ ဒီစကားတွေဟာ လူငယ်တွေ(ကလေးတွေ)အနေနဲ့ ငယ်သေးတော့ အမှတ်တမဲ့ဖြစ်ချင်ဖြစ် လိမ့်မယ်။ ကျွန်မတို့လူကြီးပိုင်းတွေကြတော့ ဒီစကားလုံးတွေဟာ နှစ် ၅ဝ လောက်ငတ်မွတ်နေရတာပါ။ စိတ်ထဲ မှာအရမ်းဝမ်းသာခဲ့သလို့ မျှော်လင့်ချက်တွေလည်း ဖြစ်လာခဲ့တယ်။

    အခု ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာတော့ ပြည်သူတွေကလည်း ပြောင်းလဲမှုကို တောင့်တလာတယ်။ ပြုပြင်မှုတွေ ကိုလိုချင်လာကြတယ်။ သူတို့ခံစားနေရတော့ သူတို့သိတာပေါ့။ ကျွန်မတို့တောင် ဆင်းရဲသားတွေရဲ့ ခံစားချက် တွေကို မသိနိုင်ဘူး။ ကိုယ်မှသူတို့လို့မခံစားဘူးတာ။ ဦးထင်ကျော်သမ္မတရွေးချယ်မှုနဲ့ပတ်သက်ပြီး သတင်းစာ ထဲမှာကျွန်မတွေ့လိုက်တယ်။ ပြည်သူကရွေးချယ်ထားတဲ့ ပြည်သူ့တွေတင်မြောက်လိုက်တဲ့ သမ္မတ ပြည်သူတွေ မျက်နှာကြည့်မယ့်သူဆိုပြီး ဖတ်လိုက်ရတယ်။ တကယ်တော့ ဦးထင်ကျော်က စီးပွားရေးတက္ကသိုလ်ထွက်ပါ။ ဆရာဒေါက်တာအောင်ထွန်းသက်တို့နဲ့ တစ်ချိန်တည်းတက်ခဲ့တဲ့သူတစ်ဦးပါ။ ဒီအချိန်မှာ ပြည်သူတစ်ယောက် အနေနဲ့ ကျွန်မလည်းမျှော်လင့်ချက်လေးတွေ၊ အိမ်မက်ကလေးတွေပြောချင်ပါတယ်။ ဒါဆိုကျွန်မဘာတွေမျှော် လင့်သလဲ၊

    ပထမဆုံးတော့ ငြိမ်းချမ်းရေးကိုလိုချင်ပါတယ်။ I want “Peace” but I do not understand how to negotiate.

    ဒုတိယတစ်ခုက Democracy လိုချင်ပါတယ်။ I want the government of the people, by the people, for the people.

    နောက်တစ်ချက်ကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပါ။ Economic Growth.

    ၃ ပိုင်းခွဲပြီးပြောပါမယ်။ Administration အုပ်ချုပ်ရေးပိုင်း၊ Economic စီးပွားရေးနဲ Social လူမှုရေးပိုင်းတွေ ပေါ့။ ဒီ ၃ ခုက ဆက်စပ်နေပါတယ်။ ဆရာတွေပြောသလို နိုင်ငံရေးနဲ့စီးပွားရေးက ဆက်စပ်နေပါတယ်။ နောက် အရေးကြီးတာက ယဉ်ကျေးမှုပေါ့ ဒါပေမဲ့ဒါက နောက်ထပ်ခေါင်းစဉ်တစ်ခုအနေနဲ့ ဖြစ်သွားမှာပါ။ ကိုယ့်စာပေ၊ ကိုယ်ယဉ်ကျေးမှုထိန်းသိန်းရေးလုပ်ငန်းတွေလည်းရှိမှာပါ။ ဒါတွေကမကျွမ်းကျင်တဲ့အပိုင်းတွေမို့ ချန်လှပ်ထား ပါမယ်။

    ၁။ Administration
    Administration အုပ်ချုပ်ရေးပိုင်းကကြည့်ရင် ကျွန်မကတော့ People central – care and sharing ကိုလိုချင် ပါတယ်။ ပြည်သူတွေကို ဂရုစိုက်ဖို့လိုသလို အကျိုးအမြတ်တွေကိုလည်း ပြည်သူတွေနဲ့ မျှဝေခံစားစေချင်တယ်။ ပြီးခဲ့တဲ့စစ်အစိုးရလက်ထက်တုန်းက ဘယ်သူတွေအတွက်လုပ်ခဲ့သလဲ၊ ကိုယ့်မိသားစု၊သားသမီး၊ ချွေးမ၊သမက်၊ ဆွေမျိုးနဲ့နီးစပ်သူတွေနဲ့ ခရိုနီတွေအတွက်ပဲ Care and Sharing ဖြစ်နေခဲ့တယ်။ ကျွန်မအနေနဲ့ ဒါတွေကိုပြောင်းစေ ချင်ပါတယ်။ ပြည်သူတွေနဲ့ မျှဝေတာကိုဖြစ်စေချင်တယ်။ သူတို့ မိသားစုတွေ၊ အမျိုးတွေ၊ ခမည်းခမက်တွေတင် မျှဝေတာမျိုးမဟုတ်ဘဲပေါ့။ I want a good governance ကောင်းမွန်တဲ့အုပ်ချုပ်မှုလိုချင်ပါတယ်။ အခုက Smart ခေတ်ဆိုတော့ ကျွန်မ လည်း SMART Government ကိုလိုချင်ပါတယ်။ စကားလုံးတိုင်းမှာ အဓိပ္ပါယ်ရှိပါတယ်။

    “ S ” ဆိုတာက small ကိုဆိုလိုတာ။ နေရာတကာအစိုးရသိပ်မပါစေချင်ဘူး။ အစိုးရရဲ့ပါဝင်မှုနယ်ပယ်ကို လျော့ချစေချင်တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေပြောသလို အစိုးဝင်ပါရင်ဈေးတက်တယ်။ အမေရိကန်သမ္မတ ရေဂင်ပြောသလို The Government is the problem ဖြစ်တယ်ဆိုတာမျိုးပေါ့။ အဲဒါဆရာမတို့နိုင်ငံမှာဖြစ်ခဲ့ပြီ၊ သူတို့ဝင်ပါလိုက်တာနဲ့ ရှုပ်ကုန်တော့တာပဲ။ ၈၈ က ဦးကိုကိုကြီးပြောသလိုပဲ နိုင်ငံကြီးကချောမွေ့စွာလည်ပတ် နေပြီး နိုင်ငံမှာအစိုးရ ရှိလိုရှိမှန်းမသိဖြစ်နေတာမျိုးပေါ့။

    “ M ” ဆိုတာက Moral ကိုဆိုလိုချင်တာ။ ကိုယ်ကျင့်တရား၊ အကျင်စာရိတ္တပေါ့။ ဒါတွေက လူတိုင်းခံစားနေရ တာဆိုတော့ ကျွန်မမပြောတော့ပါဘူး။

    “ A ” က Accountability တာဝန်ရှိတာပေါ့။

    “ R ” က Responsibility က တာဝန်ယူတာ၊တာဝန်ခံတာ ဒီ ၂ ချက်ကလည်း နားလည်လွယ်ပြီးသားပါ။ အစိုးရ ကတာဝန်ယူနိုင်ရမယ်၊ တာဝန်ခံနိုင်ရမယ်။

    “ T ” ဆိုတာက Transparency မြင်သာထင်သာရှိရမယ်။ ပွင့်လင်းမြင့်သာမှုကိုဆိုလိုချင်တာပါ။ ဆုံးဖြတ်ချက် တွေက မြင်သာထင်သာရှိရမယ်။ ပြီးခဲ့တဲ့တစ်ပတ်က NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်က ဟိုလူကိုဘာ လို့ရွေးတယ်၊ ဒီလူကိုဘယ်လိုရွေးတယ်ဆိုတာတွေကို ရှင်းလင်းပြောဆိုသွားတယ်။ ဒါတွေက မြင်သာထင်သာရှိ စေတဲ့ လုပ်ဆောင်ချက်တွေပဲ။ ဘယ်သူကိုဘာလို့ရွေးသလဲဆိုတာ အများသိအောင်ရှင်းလင်းပြောဆိုပေးတာမျိုး တွေပေါ့။ လုပ်ဆောင်မှုအလိုက် သူအကြောင်းနဲ့သူရှင်းပြသွားတယ်။ ဦးဘယ်သူကိုပေးတယ်ဆိုပြီး ဘုမသိ၊ဘမ သိ၊ ဘာမှန်းမသိ ရာထူးရနေတဲ့ လူတွေမဟုတ်ရဘူး။ အဲဒါမျိုးမဖြစ်စေချင်ဘူး။

    နောက်တစ်ခု ကျွန်မအနေနဲ့ Good Policy ကိုလိုချင်ပါတယ်။ ကောင်းမွန်တဲ့မူဝါဒတွေဖြစ်စေချင်ပါတယ်။ မူဝါဒ တွေထဲမှာ ကျွန်မအနေနဲ့ ဆင်းရဲမှုလျော့ချရေးကို လိုချင်ပါတယ်။ ဆင်းရဲမှုအပြီးပပျောက်သွားတာကတော့ ဘယ်မှာမှမရှိနိုင်ပါဘူး။ လန်ဒန်တို့လိုမြို့ကြီးတွေလည်း ဆင်းရဲတဲ့လူတွေရှိတာပေါ့။ ဆင်းရဲမှုဆိုတာ ဝင်ငွေနည်း တာ၊စုတ်ပြတ်နေတာမျိုးတွေ တစ်ခုတည်းမဟုတ်ပါဘူး။ Physical တင်မဟုတ်ဘူး၊ စိတ်ပိုင်းဆိုင်ရာဆင်းရဲမှု တွေလည်း အများကြီးရှိပါတယ်။ တိုက်ပွဲဖြစ်တဲ့ဒေသတွေကလူတွေဆိုရင်လည်း ညဖက်ကောင်းကောင်းမအိပ် နိုင်ဘူး၊ Insecurity စိတ်ချလက်ချမရှိတဲ့အခြေအနေမျိုး ဒါတွေကလည်းဆင်းရဲတဲ့အထဲပါတာပဲ။ ငွေကြေးမရှိလို့ ကလေးတွေ ပညာမသင်ပေးနိုင်ဘူး၊ မိသားစုကျန်းမာရေးအတွက် ဆေးရုံတွေကိုမသွားနိုင်ဘူး၊ ဒါတွေအကုန်လုံး က ဆင်းရဲတယ်လို့ခေါ်ပါတယ်။ ဒီခေတ်မှာဆိုရင် ကိုယ်ဘာတွေမြင်ထားလဲ၊ ပညာသင်ကြားရေးတွေမှာ လည်း လွတ်လွတ်လပ်လပ်တွေးခေါ်မယ် လွတ်လွတ်လပ်ပြောဆိုနိုင်ရမယ်

    ဒါတွေကလည်းဆင်းရဲမှုတွေထဲ ထည့်ရမှာ တွေပါ။ Freedom of Expression တွေရှိရမယ်။ များပြားတဲ့ဆင်းရဲမှုတွေကို လုံးလုံးလျားလျား ရာနှုန်းပြည့်မရ ရင်တောင် အတိုင်းအတာတစ်ခုအထိတော့ လျော့ကျစေချင်တယ်။

    ၂။ Economic
    ကျွန်မနောက်ထပ်လိုချင်တာက Economic Growth ပေါ့။ Not just an economic development တစ်ခု တည်းမဟုတ်ဘူး။ စဉ်ဆက်မပြတ်တဲ့ Sustainable စီးပွားရေးတိုးတက်မှုကိုဆိုလိုချင်တာ။ ဒီနှစ်က ၁ဝ ရာခိုင် နှုန်း၊နောက်နှစ် ၈ ရာခိုင်နှုန်း ဒါမျိုးမဖြစ်ရဘူးလေ။ အတက်အကျခဏခဏများနေရင်မကောင်းဘူး ပုံမှန်လေး ဖြစ်တာပဲကောင်းပါတယ်။ Sustainable ရဖို့က ပတ်ဝန်းကျင်ကိုထိန်းသိမ်းရမယ်၊ လူမှုရေးအရဆင်းရဲချမ်းသာမှု တွေက စဉ်ဆက်မပြတ်ရဘူး၊ စီးပွားရေးကလည်းတည်ငြိမ်မှုရှိရမယ်။

    စီးပွားရေးကဒီနှစ်တက်ပြီး နောက်နှစ်ရေကြီးလို ့ပြန်ကျဆင်းတာမျိုးမဖြစ်ရဘူး။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက Stable ဖြစ်နေရမယ်။ တည်ငြိမ်ပြီး ပုံမှန်တိုးတက်တာမျိုးဖြစ်ရမယ်။ ဒါကလူတိုင်းလိုချင်တဲ့ အရာတစ်ခုပဲ။ ဒါပေ မဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို နည်းနည်းထပ်ပြောရင် အရင်ကငွေ ၁၀ဝ ရတယ်၊ အခု ၁၀၀ဝ တောင်ရတယ်ဆို တာမျိုးနဲ့ မကျေနပ်ကြပါနဲ့။ ကိုယ်ရဲ့ဘဝအရည်အသွေးတွေ ဘယ်လောက်တက်လာသလဲဆိုတာလည်း စမ်းစစ် ရမယ်။ ပိုက်ဆံတစ်ခုတည်းကို ကွက်ပြီးကြည့်လို့မရဘူး အခြားသောဘဝအရည်အသွေးတွေပါ လိုက်ပြီးတိုး တက်မှ စီးပွားရေးတိုးတက်တာ။

    ဦးသိန်းစိန်မိန့်ခွန်းထဲမှာပြောတာ ပြန်ပြောရရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက Equitable ဖြစ်ရမယ်၊ မျှမျှတတ ဖြစ်ရမယ်။ ကယားပြည်နယ်က သေးသေးလေးမို့လို့ ချင်းပြည်နယ်က သွားလာရတာမလွယ်လို့ဆိုပြီး လျစ်လျူ ရှု့လို့မရဘူး။ လူမျိုးရေး၊ဘာသာရေး၊ရေမြေအနေထား ဒါတွေခွဲခြားတာမဖြစ်ရဘူး၊ အားလုံးတပြေးညီတိုးတက် တာ All Inclusiveness ဖြစ်ရမယ်။ ဒီနေရာမှာ Stakeholder တွေရဲ့ ဆုံးဖြတ်ချက်က နောက် Generation ကို မထိခိုက်ဖို့ကြည့်ရမယ်။ ကာတွန်းလေးတစ်ခုမှာ အမေကပုခတ်လွှဲရင်း သူ့သားကိုကြည့်ပြီး မင်းမှာဒေါ်လာ ၅၀၀ဝ အကြွေးရှိတယ်ဆိုတာမျိုးက မဖြစ်သင့်ဘူးလေ။ အခုဆို နိုင်ငံတကာထောက်ပံ့ငွေတွေ၊ ချေးငွေတွေရ လာပြီ ဒါတွေကိုယူပြီးဘယ်လို့သုံးသလဲ၊ ကိုယ်မိသားစုအတွက်မဟုတ်ရဘူး နိုင်ငံအတွက်၊ ပြည်သူ၊သားတွေအ တွက်ဖြစ်ရမယ်။ လသားကလေး ဒေါ်လာအကြွေး ၅၀၀ဝ မျိုးမဖြစ်ဖို့ အနာဂတ်မျိုးဆက်သစ်တွေ အကျိုးကိုကြည့် ဖို့လိုပါတယ်။

    စီးပွားရေးပိုင်းကိုထပ်ပြောရင် Outward Looking Economic Policy ဖြစ်ရမယ်။ အပြင်(ပြင်ပကမာ္ဘ)ကိုကြည့်ပြီး လုပ်ကိုင်တဲ့စီးပွားရေးမူဝါဒဖြစ်ရမယ်။ ဒီမူဝါဒကို ဒေါက်တာလှမြင့်(ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်) က ၁၉၆ဝ ခုနှစ်တွေမှာ ဒီအကြောင်းကိုရေးလိုက်တယ်။ သူကိုလူကြီးတွေအတော်များများက သိကြပေမယ့် လူငယ်တွေထဲ မှာ သိသူနည်းတယ်။ သူ့ရဲ့ Policy ကိုတစ်ကမာ္ဘလုံးနီးပါးက လိုက်နာကြလက်ခံကြပြီး အောင်မြင်မှုတွေရကြ တယ်။ ဒီမူကိုလက်မခံတဲ့အနည်းစုမှာ မြန်မာနိုင်ငံပါတယ်။ သူကိုနိုင်ငံက သပိတ်မှောက်ထားတာလေ။ ဆရာ ကြီးကတော့ စေတနာနဲ့ ၂၀၁၂ မှာနိုင်ငံကိုပြန်လာပြီး ဒီအကြောင်းပြောတယ်၊ ၂၀၁၃ မှာတော့ သူ့ကျန်းမာရေး သိပ်မကောင်းတော့ဘူး။ သူရေးခဲ့တဲ့အဒီအချိန်မှာ မြန်မာနိုင်ငံက မူပိုင်ဟန်နဲ့ မြန်မာ့နည်း၊မြန်မာဟန်ဆိုရှယ် လစ်လမ်းစဉ်တဲ့ အဲဒီမှာဘယ်လောက်ပိပြားနေခဲ့သလဲဆိုတာတော့ ကိုယ့်မိဘတွေကိုသာ ပြန်မေးကြည့်တော့။

    ပန်းချီဆရာသန်းလွင်ပြောသလို ငါတို့ကတော့ပိပြားနေတာပဲလို့ ဆိုသလိုပဲ။ Import Substitution ( သွင်းကုန် အစားထိုး) လုပ်ပြီး ဘယ်နိုင်ငံနဲ့မှ အဆက်အသွယ်မလုပ်ကြတာပေါ့။

    စီးပွားရေးစနစ်ကိုပြန်ပြောရင် Market Economic Policy ( ဈေးကွက်စီးပွားရေး ) ကိုကျင့်သုံးစေချင်ပါတယ်။ ကြိုက်သော်ရှိမကြိုက်သော်ရှိ ဒီမိုကရေစီလို့ပြောရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်တယ် ဒါကိုမှတ်သားစေချင်တယ်။ စတော့စနေပြီလို့ပြောရတယ်။ လွန်ခဲ့တဲ့နှစ် ၂ဝ လောက်ကစပြီး မြန်မာနိုင်ငံက Free Trade Area Agreement တွေကို နိုင်ငံတော်တော်များနဲ့ လက်မှတ်ရေးထိုးထားတယ်။ AFTA, AEC တို့တွေပေါ့။ Free ဆိုတော့ လွတ် လပ်ရမယ်။ ကိုယ်နိုင်ငံတွင်း ကုန်သွယ်မှုရဲ့အတားအဆီးတွေကို ဖယ်ရှားပေးရမယ်။ ဒီမှာအာဆီယံကထုတ် ပြန်တဲ့ လွတ်လပ်တဲ့ကုန်သွယ်မှုဒေသအတွက် မြန်မာနိုင်ငံက ဘယ်လောက်ပြင်ဆင်ထားသလဲဆိုတာ ညွှန် ကိန်း ၁၃ ခုနဲ့ အကဲဖြတ်တယ်။ အဲမှာ ၁ဝ ခုထဲမှာ မြန်မာနိုင်ငံက အဆင့် ၁ဝ နားမှာတွေကြီးပဲ။ ဒါကကျန် တဲ့နိုင်ငံတွေနဲ့ မြန်မာဘယ်လို့ကုန်သွယ်ကြမလဲ လွတ်လပ်တဲ့ကုန်သွယ်မှုဆိုပေမယ့် ကုန်သွယ်ဖို့ကိုယ်မှာဘာ တွေရှိသလဲ။

    ကုန်သွယ်မှုပြုပြင်ပြောင်းလဲဖို့တွေအများကြီးလိုတယ်။ စိုက်ပျိုးရေးကိုအခြေခံရုံမရဘူး၊ စက်မှုကို သွားမှရမယ်၊ ဖန်တီးနိုင်ဖို့လိုတယ်။ စိုက်ပျိုးရေးဆိုတဲ့ Primary level မှာ နိုင်ငံရပ်နေတာ ကျွန်မတို့တစ်သက်ပဲ။ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက Outward Looking Economic Policy သုံးပြီးတက်သွားကြတာ Policy ထုတ်တဲ့ ကျွန်မတို့နိုင်ငံပဲကျန်ခဲ့တာ။

    အခုတော့ကျွန်မတို့နိုင်ငံမှာလည်း စီးပွားရေးစနစ်ပြန်လည်ထူထောင်မှုတွေလုပ်သလို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ လည်းဝင်နေပြီ။ သူတို့တွေပိုဝင်ဖို့၊ ဧည်လာဖို့ဆိုရင်တော့ ကိုယ်အိမ်ကိုသန့်ရှင်ရေးလုပ်သလိုပဲ နိုင်ငံခြားရင်းနှီး မြုပ်နှံသူတွေစွဲဆောင်ဖို့ ပြင်ဆင်ရမှာတွေရှိတယ်။ ကျွန်မတို့လေ့လာချက်တွေအရတော့ နိုင်ငံခြားရင်နှီးမြုပ်နှံသူ တွေ ပထမဆုံးလိုချင်တာက Stability လို့ဆိုတဲ့ တည်ငြိမ်မှုပဲ။ မူဝါဒအပိုင်းကော၊နိုင်ငံရေးအပိုင်းတွေမှာ ဒါကိုသူ တို့လိုချင်နေကြတယ်။

    နောက်တစ်ချက် ကျွန်မတို့နိုင်ငံမှာ SMEs အသေးစားအလတ်စားလုပ်ငန်းမြင့်တင်ရေးတွေ လုပ်ဆောင်နေကြ တယ်။ ကျွန်မအနေနဲ့ Micro Business လေးတွေကို မမေ့ပါနဲ့လိုဆိုချင်ပါတယ်။ မင်္ဂလာဈေးမီးလောင်သွား တယ် သူတို့ရဲ့ရင်းနှီးမြုပ်နှံမှုကိုကြည့်ရင် သိန်းကိုမနည်းဘူး။ အဲလို ပါမွှားလုပ်ငန်းလေးတွေကိုလည်း လက်ဆွဲ ခေါ်သွားပါ။ ကိုရီးယားနိုင်ငံတွေက သူတို့ SME တွေတက်တယ်ဆိုတာ မပြောနဲ့ သူတို့နဲ့ ကျွန်မတို့လုပ်ငန်းလေး တွေ တူတာမဟုတ်ဘူး။ ဒီမှာက ပါမွှားလေးတွေများတယ်။ ဂျပန်မှာ အလုပ်သမား ၁၀ဝ ကို အသေးစားသတ် မှတ်တာက ဒီမှာအဲလိုပြောမရဘူး။ ဒီမှာက Micro ပဲရှိတယ်။ ဒီလုပ်ငန်းတွေငွေချေးတဲ့ကိစ္စတွေဆို မန္တလေးမှာ အဲ Micro လုပ်ငန်းတွေငွေချေးဖို့ ၁ဝ သန်းရတယ်၊ ၅ သန်းအစောင့်နေနဲ့ချန်ထားတယ်၊ ပြီးတော့ စက်ရုံပိုင်ရုံနဲ့ ငွေမထုတ်ချေးဘူးတဲ့ မြေမပိုင်လို့ပါတဲ့။ သူတို့သတ်မှတ်တဲ့မြေကလည်း မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်သတ် မှတ်ချက်အရ အစိုးရဆီကဌားထားတဲ့ မြေဆိုတော့ စဉ်းစားသာကြည်တော့။ ဒီလိုသေးသေးလေးတွေက ဘယ် လိုလုပ်မြေဌားနိုင်မလဲ။ ချေးတဲ့အတိုးကလည်း သက်သက်သာသာနဲ့ ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ဆိုတော့ The bank is a problem လို့ပြောရတော့မယ်။

    ၃။ Social

    တတိယပြုပြင်ပြောင်းလဲစေချင်တာကတော့ လူမှုရေးပေါ့။ နိုင်ငံရေး၊စီးပွားရေးတစ်ခုတည်း ကြည့်လို့မရဘူ။ ဒီ နှစ်ခုကြောင့် လူတွေကိုထိပါးတယ်။ အခုဆို NGO တွေ INGO တွေအရမ်းကျယ်ပြန့်လာတယ်၊ အရေးအ ကြောင်းဆို သူတို့ကအရင်ဆုံးရောက်သွားတာပဲ။ အဲတော့သူတို့တွေ ပိုပြီးအားရှိသွားအောင် ကူညီပံပိုးစေချင် တယ်။ နိုင်ငံတစ်ခုမှာ ထိခိုက်လွယ်တဲ့ လူတွေရှိနေတယ်၊ မသန်စွမ်းသူတွေ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီး တွေပေါ့၊ အမျိုးသမီးတွေဆို ရုပ်ပိုင်းကောစိတ်ပိုင်းကော တိုက်ခိုက်ခံရတာတွေများတယ်၊ သူ့ယောကျင်္ားက အရက်သောက်စားထားပြီဆိုရင် သူတို့တွေမသက်သာဘူး။ ဦးသိန်းစိန်ငယ်ငယ်တုန်းက ရေးထားတဲ့စာတွေမှာလည်း ပါတယ်။

    ယောကျင်္ားလုပ်သူက လက်ထောက်ညွှန်မှုး သူကဂေါက်ရိုက်ပြန်လာရင် သူငယ်ချင်းတွေဘယ်လောက် ကျွေးလိုက်တယ်လို့ပြောရင် မိန်းမလုပ်သူက ရင်တွေနာနေတယ်၊ သူကဈေးဖိုးမလောက်ဘူးလေ။ ဒါတွေကို အမျိုးသမီးတွေခံစားရတာ။ ကျွန်မကတော့ အမျိုးသမီးတွေဘက်ကပဲ။ ဒါကြောင့် ဒါမျိုးတွေမဖြစ်အောင်လည်း အစိုးရတာဝန်ရှိသူတွေက စွမ်းဆောင်ပေးစေချင်တယ်။ UN မှာလည်း အမျိုးသမီးတွေကို ကူညီပေးတာတွေရှိ တယ်။ မနှစ်ကရေကြီးသွားတာကြည်အုံးမလား အခုနောက်ပိုင်း မထင်မှတ်တဲ့ဘေးဒုက္ခတွေဖြစ်တယ်၊ဖြစ်ရင် လည်းအကြီးကျယ်ပဲ၊ ပြန်လည်ထူထောင်ဖို့လည်းနှေးတယ် နာဂစ်က ၂၀၀၈ မှာဖြစ်ခဲ့ပေမယ့် အခုအချိန်အထိ ပြန်လည်မထူထောင်နိုင်တာတွေရှိနေသေးတယ်။ ပြီးခဲ့ရေကြီးမှုတွေမှာလည်း ဒါမျိုးတွေအများကြီးဖြစ်ခဲ့တယ်။ အခုတော့ သဘာဝဘေးအန္တရယ် ကြီးကြပ်ရေးတွေတော့လုပ်နေတယ် ဒါတွေကိုပိုပြီးအားကောင်းကောင်းနဲ့ လုပ်စေချင်တယ်။ ကျွန်မတို့နိုင်ငံကဖြစ်မှ ထလုပ်တာများတယ်၊ ကြိုတင်ပြင်ဆင်မှုမရှိဘူး။

    နောက်ဆုံးအနေနဲ့ လူငယ်တွေမှာ အပြုသဘောစိတ်ထားဖို့်အရေးကြီးပါတယ်။ အင်တာနက်သုံးရင်သည်းခံ စိတ်ရှည်ရသလိုပဲ စိတ်ရှည်ကြပါ။ နောက်ပြီးကိုယ့်အပစ်ကို ဝန်ခံရဲတဲ့သတ္တိ၊ စိတ်ပိုင်းဆိုင်ရာသတ္တိရှိဖို့လိုတယ်။ စည်းကမ်းရှိရှိနဲ့နေပါ၊ နေရာတကာတန်းစီပါ။ ဒီမနက်နံနက်စောစောပွဲလာတော့ အင်္ကျ ီတွေဘယ်လိုထားခဲ့လဲ ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှိုက်စကောက်နေပြီ။ သွားလာရာမှာ လမ်းသွားရင်လူကြီးလူငယ်၊ ဘုန်းကြီး၊သီလရှင်မှန်းမသိ ဖြစ်နေတာတွေကို ပြင်ပေးဖို့တိုက်တွန်းစေချင်ပါတယ်။

    • kai

      April 3, 2016 at 12:41 am

      “ S ” ဆိုတာက small ကိုဆိုလိုတာ။ နေရာတကာအစိုးရသိပ်မပါစေချင်ဘူး။

      တနေ့ကပဲ… ကမိုးသီးဇွန်ပို့စ်မှာ အောက်ကအတိုင်းသွားရေးထားသေး..။ ဆရာမကြီးက.. ကွန်ဆာဗေးတစ်ပေါ့…။
      ဘွဲ့ယူလာတာကလည်း.. ဝစ်စ်ကိုဆင်ပြည်နယ်.. ဂါဗနာကိုRecall လုပ်ပြီးမအောင်မြင်တဲ့. စကော့တို့အပိုင်ပြည်နယ်..ဆိုတော့လေ..။
      ဒေါ်အောင်ဆန်းစုကြည်ပေါ်လစီက.. ငွေယူလုပ်တဲ့သင်္ကြန်မဏ္ဍတ်တွေဖျက်ခိုင်း..အစိုးရမီဒီယာအသက်ပြန်သွင်းမို့.. လစ်ဘရယ်ဖက်ယိမ်း.. ဘယ်အလယ်လူလို့တွက်ထားတာမို့.. သူ့ပေါ်လစီနဲ့တော့ နည်းနည်းအတိုက်အခံဖြစ်မယ်ထင်..။

      နေရာတကာ အစိုးရဝင်ရှုပ်နေတာမကြိုက်ရင်.. ကွန်ဆာဗေးတစ်..။
      နေရာတကာ အစိုးရကဝင်ပါနေ Big Gov တာ သဘောတူရင်…. လစ်ဘရယ်။

  • မြစပဲရိုး

    April 2, 2016 at 9:18 pm

    တကယ်တော့ သမ္မတကြီး ဦးထင်ကျော်ဆိုတာ အဲဒီ ဆရာမကြီး ဒေါက်တာဒေါ်ခင်အုန်းသန့် တပည့် အရင်းကြီးဖြစ်ခဲ့မှာပါ။
    ဒါကို တစ်ခွန်းမှ ညွန်းမသွားဘဲ ပြည်သူ တစ်ယောက် ရဲ့ လေသံ တောင်းဆိုမှုမျိုး နဲ့ ပြောသွားတာ ပညာရှိ ပီသလှပါတယ်။
    ဒီလို ပညာတတ် ကြီး တွေ ကို ချောင်ထိုးထားခဲ့ တဲ့ နိုင်ငံ ဖြစ်ခဲ့ဘူးတာပေါ့။

Leave a Reply