ကျွန်မ သေသွားခဲ့သော်
နာရေးသတင်းတစ်ခုကြားတိုင်း ကျွန်မတွေးမိတာက ……
- ငါကော ဘယ်နေ့လည်းလို့ အလျင်အမြန်တွေးမိပါတယ်။
- ကျွန်မဘေးနားကသူတွေကော ဘယ်တော့လဲလို့ ထပ်ဆင့်တွေးမိပါတယ်။
- ကျွန်မတို့မသေခင် ဘာတွေချန်ထားပြီး ဘာတွေယူသွားမှာလဲလို့ နောက်ထပ်တွေးမိပါတယ်။
ဒီလိုတွေးပြီးတိုင်း ကျွန်မခံစားရတာက ကျွန်မ မုန်းသောသူ ၊ ကျွန်မ ခွင့်မလွှတ်နိုင်သောသူ၊ ကျွန်မကို တိုက်ခိုက်နေသောသူ၊ ဒုက္ခပေးသောသူ … သူတို့အားလုံးကို ခွင့်လွှတ်ချင်လာပြီး နောက်တခါ သူတို့နဲ့တွေ့ရင် စိတ်ပါလက်ပါ ပြုံးပြလိုက်မယ်လို့လေ။
ခုချိန်မှာ ကျွန်မသေသွားခဲ့သော် ………
♦ ကျွန်မ သေသွားခဲ့သော် …
တစ်ယောက်သောသူက သူ့အတ္တကို ဆုပ်ကိုင်လို့ အရယ်မျက်လုံး နဲ့ ငိုပေလိမ့်မည်
တစ်ယောက်ကတော့ စာနာထောက်ထားစွာနဲ့ အရှိုုက်တစ်ချက်ဖြင့် ငိုလိမ့်မည်
တစ်ယောက်ကတော့ သ ူပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းအတွက် နောင်တရနေလိမ့်မည်
တစ်ယောက်သောသူကတော့ သူ မပြောလိုက်ရတဲ့ စကားတချို့ကို ရေရွတ်နေပေလိမ့်မည်
တစ်ယောက်ကတော့ သူ့မာနကို ခဝါချလို့ ကျွန်မကို ထပ်တွေ့ဖို့ မရေမရာ မျှော်လင့်နေလိမ့်မည်
တစ်ချို့ကတော့ စုပ်တသပ်သပ် .. တစ်ချို့ကလည်း ရင်ထုမနာ .. တစ်ချို့အတွက်တော့ .. ဝမ်းနည်းဝမ်းသာ။
♦ ကျွန်မ သေသွားခဲ့သော် …
ကျွန်မ အတ္တတွေက လှောင်ပြောင်နေလိမ့်မည်
ကျွန်မ မာနကတော့ ဦးတည်ရာ ပျောက်နေပေလိမ့်မည်
ကျွန်မရဲ့ ကိုယ်ချင်းစာတရားကတော့ ငြိမ်သက်စွာ ပင့်သက်တစ်ချက် ရှိုက်လိမ့်မည်
ကျွန်မ ဓနကတော့ ပိုင်ရှင်အသစ်နဲ့ မူးနေရော်မည်
ကျွန်မ ဒါန နဲ့ သီလ ကတော့ ကျွန်မကို စောင့်မျှော်နေရှာပြီ။
♦ သို့ပေကြောင့်..
သူတို့ကြာကြာ မစောင့်ရလေအောင် …
သွားလိုက်ပါအုံးမယ်။
♦ ကျွန်မရဲ့ သေခြင်းတရားအတွက် ..
ဘယ်သူ့ မျက်ရည်စက်မှ မလိုပေဘူး
တစ်ယောက်ယောက်ရဲ့ နောင်တလည်း မလိုဘူး.
မမြဲခြင်းတရား နဲ့ အသိတရား ရဖို့ ဒီနှစ်ခုသာ လိုအပ်တယ်။
♦ ကျွန်မရဲ့ နံရိုးပိုင်ရှင် ကတော့ …
ဘဝသံသရာ တစ်ကွေ့ကွေ့မှာ ကျွန်မကို ပြန်ဆုံဖို့ မျှော်လင့်ကောင်း မျှော်လင့်နေမှာပါ။
8 comments
Thint Aye Yeik
March 18, 2016 at 7:55 pm
ကဗျာဆန်လိုက်တာ
စကားပြေဆန်လိုက်တာာာာ
:k:
.ဖြူဖြူကျော်သိန်းဆိုထားတဲ့ နာမည် ကျန်နေရစ်မယ် ဆိုတဲ့သီချင်းတော့
အတော်လေး သဘောကျနေမိ
ပလို့ဂျိ
အရင်ကကျော်စွာဦးကြီးမိုက်
March 19, 2016 at 11:27 am
Good thinking & good writing!!!
Warmly welcome!!! :))
kai
March 19, 2016 at 12:54 pm
ကျွန်မသေသွားရင်.. ကျွန်ထီးတွေကျန်ပါဦးမယ်..။
စိတ်မပူပါဘူး.. ဟီး… :k:
Tawwin Pan
March 19, 2016 at 7:41 pm
မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ မမကိုလည်း ပြုံးပြဖို့ မမေ့နဲ့နော်။
(သောကြာနေ့ညနေပိုင်းက တင်ထားတာတွေ့လိုက်တယ်။ အလုပ်တွေရှုပ်နေတာနဲ့ ဒီနေ့မှ ဝင်မန့်လိုက်ရတယ်)
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
March 19, 2016 at 11:54 pm
အနာဂတ်ကိုတွေးပြီး သေမဲ့ကိစ္စတွေ သိပ်မပြောနဲ့
ကျုပ်တို့သဂျီးက မကြိုက်ဘူး
ခင်ဇော်
March 20, 2016 at 6:42 am
ရေးးထားးတာလေးး ကောင်းတယ်..
ကြိုက်တယ်…
ကိုယ်ကတော့ ကိုယ်သေမှတော့ နောက်ပိုင်းး ဘာတွေ ဖစ်မလဲ မတွေးးချင်တော့ဘူးး
ဒီလို မတွေးးဖူးးဘူးး လို့ ပြောတာ…
:mrgreenn:
Ma Ma
March 20, 2016 at 6:46 am
(ကျွန်မရဲ့ သေခြင်းတရားအတွက် .. ဘယ်သူ့ မျက်ရည်စက်မှ မလိုပေဘူး)
ကိုယ့်သေခြင်းတရားအတွက် တပါးသူရဲ့ မျက်ရည်စက်မလိုချင်တာကို ပြောင်းပြန်ပြန်တွေးပြီး………..
တပါးသူရဲ့ သေခြင်းအတွက် ကိုယ့်ရဲ့ မျက်ရည်စက် မကျအောင် ကိုယ်မသေခင်မှာ အရင်ကြိုးစားရမှာပါလားလို့……………..
naywoon ni
March 20, 2016 at 6:18 pm
ကဗျာ ဆရာတစ်ယောက်ကတော့ သေခြင်းတရား ဆိုတာ လေယာဉ်ပျံ တစ်စီးကနေ နောက်တစ်စီး ပြောင်းစြီးပြီး ခရီးဆက်သလို ဆိုလား
*မောင်ချောနွယ် နဲ့တူရဲ့ 🙂