ဒီရေအကျမှာ
တိုက်စားခံလိုက်ရတဲ့
နှဲသမားပါးလို
အဆီအဆိမ့်စားလိုသောအခါ
သူ့မျက်နှာက မျက်နှာလွှဲခဲပစ်
ဘယ်သူယုံမတဲ့လဲ
ဗိုလ်ချုပ်ပုံပါတဲ့
ငါးပြားစေ့လေးတစ်စေ့
ညအိပ်ညဉ့်နေ
သုံးရက်လောက် ပျော်ပါးခဲ့ဖူးတာကလွဲလို့
ခေါင်မလုံတဲ့အိမ်ကလေးမှာ
ခဏခဏ လျှော်ဖွတ်နေရတုန်း။
ကိုစစ်
Post Views: 227
6 comments
Thint Aye Yeik
March 25, 2016 at 9:02 pm
အမှန်တော့ ကျနော့်ဘဝရဲ့ ” ကဗျာ သူရဲကောင်း” တွေ ထဲမှာ
ခင်ဗျား ပါတယ်ဗျ
ko six
March 28, 2016 at 11:29 am
အာ့လိုတော့ မဟုတ်လောက်သေးပါဘူးဗျ
naywoon ni
March 25, 2016 at 9:27 pm
ကျုပ်တို့ ဗမာတွေက အဲ့ အခေါ်အဝေါ် လွဲမှားမှုတွေကြောင့် သိပ်စိတ်ပျက်စရာကောင်းတာ ” အိပ်ကပ် ” ဆိုမှတော့ အိပ်ထဲမှာ ကပ်နေရတာပေါ့ ဗျ ။ အမှန်က အိတ်ကပ် ဖြစ်မလားမသိဘူးရယ် ။ အိပ် ဆိုတာက အိပ်စက်တာကို သုံးတာထင်ရဲ့ ။ တစ်ခုခု ထည့်စရာ အိတာကို ဆန်အိတ် ၊ ငွေအိတ် ပလပ်စတစ်အိတ် ၊ ပီနံအိတ် စသည်ဖြင့်သုံးတာ ဖြစ်မယ် ။ 🙂
ko six
March 28, 2016 at 11:29 am
ဆာ နေရေ
ကျနော်များ မှားရေးမိသလား
manawphyulay
April 8, 2016 at 3:22 pm
လိုတရ အိတ်တော့ လိုချင်သား ကိုစစ်ရေ…
ko six
April 8, 2016 at 11:29 pm
ဆုတောင်းပေးလို့ရရင် ရစေချင်မိပါတယ် အစ်မရယ်