Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြက်ဖုတ်ကအစ နှုတ်မည့်သူများနှင့် သဘောထားကွဲလွဲခြင်း

alinsettMarch 26, 20161min10559

Screenshot_20160326_120152

 

 

 

 

 

 

Screenshot_20160326_120306-1

 

 

 

 

 

 

 

 

 

 

 

 

 

ဟိုနေ့တွေက

ဝန်ကြီးဟောင်းတွေရဲ့ ”

အပင်ကအစ နှုတ်ယူမယ်”ဆိုတဲ့  သဘောထား သတင်းတွေ ဖတ်မိပြီး အုန်းအုန်းကြွက်ကြွက် ဖြစ်ခဲ့ကြ. . .

 

ဟောာာာ ဒီနေ့ကျတော့ တက်လာတဲ့ သတင်းက ဟာခနဲ ဟှင်ခနဲ ဖြစ်ကုန်ရော. . .

 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ဝန်ကြီးအသစ်တွေကို ညွှန်ကြားလိုက်တာ။

ဘာတဲ့ ”ဝန်ကြီးနေအိမ်ထဲမှာ ပရိဘောဂ အသုံးအဆောင်ပစ္စည်းတွေကို ကိုယ့်ငွေနဲ့ကိုယ် ဝယ်ရမယ်။ နိုင်ငံတော် ဘဏ္ဍာငွေကို အဲ့ဒီအတွက် မသုံးရ။ အဲ့ဒီ ပရိဘောဂတွေကို နောင်အစိုးရ ဝန်ကြီးတွေကို လွှဲပြောင်း ပေးခဲ့ရမယ်။ ယူမသွားရတဲ့”

 

မှတ်ကရော။

” ဟိုက် !!!  တေရောာာာ” လို့ ထ အော်မှာက ဒေါ်စုရဲ့ ဝန်ကြီးသစ်တွေ မဟုတ်ရေးချ မဟုတ်။

ကိုယ်စိုက်ခဲ့တဲ့သစ်ပင်ကအစ ပြန်နှုတ်ယူသွားရမှာပဲ လိုု့ ကြွေးကြော်မိသူတွေ. . .

 

ရယူချင်သူတွေရဲ့ သဘောထားနဲ့ ဝက်ဝက်ကွဲအောင် ကွဲပြားတဲ့ ပေးဆပ်သူတို့ သဘောထား. . .

လယ်ပြင်မှာ ဆင်သွားသလို ဘွားဘွားထွားထွားကြီး ထင်ရှားမသွားပေဘူးလား။

 

ဒေါ်စု အဲ့ဒီညွှန်ကြားချက်ကို ပြောသံကြားတော့ ဒေါ်စုနှယ်. . .ပြတ်သားလိုက်တာာာာလို့ တွေးမိတယ်ဗျို့။

 

နောက်တစ်ခါ အဲ့ဒီ ညွှန်ကြားချက်ကို လိုက်နာရမယ့် ဝန်ကြီးအသစ်တွေဘက်က ပြန် တွေးကြည့်တော့

သာမန်ဝန်ကြီးဆိုရင် အဲ့ဒီ ညွှန်ကြားချက်က မတရားဘူး လို့ ယူဆပြီး ဒေါ်စုကို မုန်းသွားမှာပဲ။

ကိုယ့်ဝင်ငွေနဲ့ကိုယ် ဝယ်ထားတဲ့ ပရိဘောဂတွေကို ထားခဲ့ရမယ်တဲ့လေ . . .နောက်တက်လာမယ့်သူကို အဆင်သင့် သုံးလို့ရအောင် ဝယ်ပေးခဲ့ရမတဲ့လေ။

 

ဒါမယ့် အခု ဝန်ကြီး ၁၄ ယောက်ကတော့ အဲ့ဒီလို ယူဆပြီး ဒေါ်စုကို မကျေမနပ်ဖြစ်နေမယ့်သူတွေ မဟုတ်ဘူးလို့ ကျနော် ထင်တယ်။

 

ဝန်ကြီးလေး တစ်ခါ လုပ်မိပါတယ်။ ကိုယ်ကျိုးအကုန်စွန့်ပြီး  လှိမ့်ခံနေရတာချည်းပဲ လို့လည်း တွေးကြမှာမဟုတ်။

ဘာလို့ဆို. . .

အဲ့ဒီဝန်ကြီးသစ်တွေဟာ

”ကျနော် ဝန်ကြီးလုပ်ချင်လွန်းလို့ လုပ်ခွင့်ပြုပါ”ဆိုပြီး နေရာတောင်းထားသူတွေ မဟုတ်လို့ပဲ။

နေရာတောင်းမိသူဆိုရင်သာ ဒီနေရာ တောင်းမိတာ မှားပါပေါ့လို့ တွေးမှာ။

 

ဒေါ်စု ပြောဖူးတယ်လေ။

”တာဝန်တကယ်ယူနိုင်သူ အရည်အချင်းရှိသူဆိုတာ ဒီတာဝန်ကို ကျနော်ကျမကို ပေးပါ လို့တောင် တောင်းနေစရာမလိုပါဘူး။ တာဝန်ယူနိုင်မှန်းသိလို့ အရည်အချင်းရှိမှန်းသိလို့ ကျမတို့က တာဝန်ကို လိုက်ကို ပေးရမှာပါ” တဲ့။ ဒေါ်စု အယူအဆ။

 

အခုလည်း နေရာ တောင်းပြီး ဖြစ်လာတဲ့ ဝန်ကြီးသစ်တွေ မဟုတ်ဘဲ လက်ရွေးစင်ရွေးထုတ်ထားတဲ့/နေရာအပေးခံရတဲ့ အရည်အချင်းရှိသူတွေဆိုတော့

ဒီတာဝန်ကို ဒီလူထုခေါင်းဆောင်က ပေးလို့ လုပ်ရတဲ့အခါမှာ ဒီလို ပေးဆပ်မှုတွေ ရှိမှာပဲ ဆိုတာ ကြိုတွေးထားပြီးသား ဖြစ်မှာပါ။ ပေးဆပ်အနစ်နာခံမှုတွေအတွက်တော့

ထူးပြီး ဝမ်းနည်း ယူကြုံးမရ ဖြစ်နေကြမှာ မဟုတ်ပါဘူး။

 

နောက်ပြီး

၁။ ကိုယ့်ငွေနဲ့ကိုယ် ဝယ်ရမယ်။

၂။ ထားခဲ့ရမယ်။

အဲ့အချက် ၂ချက် ရှိနေတော့ . . .

ထားခဲ့ရမယ့် ပစ္စည်းတွေမို့ မလိုအပ်ပဲ ကောင်းပေ့ ညွန့်ပေ့ဆိုတာတွေ ဝယ်နေမှာ မဟုတ်တော့ဘဲ ခြိုးခြံချွေတာပြီး သင့်တော်ရုံလောက်နဲ့ ဝယ်သုံးမယ်။

 

ဒါကိုမှ မပျက်မစီးဘဲ နောက်လူ သုံးလို့ရအောင် ရိုရိုသေသေ သုံးပြီး မပျက်မစီး ထားခဲ့မယ်။

နောက်လူ နောက်လူတွေဟာ ရှေ့လူ ရှေ့လူတွေရဲ့ စည်းကမ်းရှိမှု. . . ပေးဆပ်ခဲ့မှုကို လက်ဆင့်ကမ်းအတုယူတတ်မယ်ဆိုရင်တောင် ယူလို့ ရတယ်။

 

ဒေါ်စု လက်ထဲ အာဏာ ရလာပြီ။ ရသမျှအတိုင်းအတာနဲ့ အသုံးချ လုပ်ဆောင်ပြနေတာတွေ မြင်နေရပြီ။

အခု မြင်ရသလောက် ဒေါ်စု ဟာ အာဏာကို သူ့ကိုယ်ကျိုး (NLD အကျိုးစီးပွါး)ကို လုံးဝ ထည့်မတွက်ဘဲ ရေရှည်အကျိုးကိုပဲ မျှော်ကိုး အသုံးချနေတယ်။

 

နောင်လည်း ဒီ့ထက် အာဏာကျယ်ပြန့်လာလေလေ

ဒီထက် အကျိုးပြုဦးမှာဖြစ်လေလေပဲ လို့ ယုံကြည်ပါတယ်။

 

အခုမြင်ရသလောက်နဲ့ကို ကျေနပ်ပါတယ်။

ကိုယ့်လက်ထက်က မြက်ဖုတ်မို့လို့ ဆွဲနှုတ် ယူမကွ ဆိုတဲ့ သဘောထားတွေကို မြင်ရတာထက်

အများကြီး ပို ကျက်သရေ ရှိတယ်။

ဒါကြောင့် ကျေနပ်တယ်။

 

————-

 

 

သင့်အေးရိပ်

 

မတ်လ ၂၀၁၆

 

9 comments

  • kai

    March 26, 2016 at 3:38 pm

    ဒေါ်စုအဲလောက်နေရာတွေပါဝင်ပြောနေရတာတော့.. သိပ်မဟုတ်ဖူး..
    ရခိုင်ကိစ္စဆိုလည်း.. သူကိုယ်တိုင်ပြောတော့မှ…
    နေရာတကာ… သူပြောမှဖြစ်မယ့်ဘဝရောက်ကုန်ရင်… အားလုံးဒုက္ခရောက်လိမ့်မယ်..။

    • Thint Aye Yeik

      March 26, 2016 at 4:02 pm

      ဘာတဲ့ လူသုံးမျိုး ရှိတယ်ဆိုလား
      ၁- မပြောဘဲ သိတဲ့လူ
      ၂- ပြောမှ သိတဲ့လူ
      ၃- ပြောတာတောင် မသိတဲ့လူ

      ကိုယ်ကပဲ ဒီ အမေအစိုးရအဖွဲ့က်ု အကောင်းမြင်လွန်းနေတာလားတော့မသိ
      .ပြောတာတောင်မသိတဲ့လူတစ်စု အုပ်ချုပ်သွားတုန်းကထက် သာတယ်ထင်တယ်
      ဟိုဟာတွေက ပြောတာတောင်မသိတဲ့အဆင့်ထက် ကျော်ပြီး ဆဲဆဲဆိုဆို ထင်ရာစိုင်း အရိုင်းတွေလေ

      ဒီအမေအစိုးရ ကျတော့ ပြောရင် သိတဲ့သူတွေမို့ တစ်ဆင့်တော့ သာတယ်ထင့်

      :k:

  • naywoon ni

    March 26, 2016 at 4:31 pm

    အဲ့ဒါ လူကျွံ​ဘော ဖမ်​းတာပဲ ။ တစ်​ဘက်​က အပိုင်​ဆိုြပြီး ​ဘောလုံးရှိရာအ​ပြေး ရွှီ ကနဲ စည်​းကြပ်​ဒိုင်​က ခရာအမှုတ်​ ​ဘောလုံးဆီ ဆက်​​ပြေးရမလား ခရာသံကြားလို့ရပ်​လိုက်​ရမလား ​ဝေခွဲမရ 🙂

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 27, 2016 at 8:43 am

    ပါထားတဲ့ ချီးကော သေးကော ပုံးနဲ့ထမ်းပြီး သယ်သွားခိုင်းလိုက်ကွာသယ်သွားခိုင်းလိုက်ကွာ
    ကြာလို့

    • Thint Aye Yeik

      March 27, 2016 at 10:46 am

      ဟုတ်ပါ့။ အဲ့လို လုပ်ခိုင်းရမလို ဖြစ်နေပြီ

      :k:

    • အေးလေ.. အဲဒါပြောချင်တာ..
      အိမ်အခွံပေးတုန်းက အိမ်သာထဲမှာ အလွတ်ကြီးလေ..
      အဲဒီတော့ အိမ်သာပါ အလွတ်အတိုင်း ပြန်လွှဲပေးမှ တရားမှာပေါ့… နော့

  • ခင်ဇော်

    March 27, 2016 at 4:20 pm

    သူ တို့ မကောင်းတာတွေ ကတော့
    အာကာကိုလွှာပုံပြု ပြီး မေယုကိုတဲ့ စုတ်တံချီ..
    မထူးဆန်းးတော့ပါဘူးးး
    သူတို့ စိတ်ဓာတ် ယုတ်မာမှု အရ တိုင်းဗုံးမထောင်သွားရင် ကို ကျေးဇူးတင်ရမယ့်သဘော…!!!

    တစ်ခုပဲ..
    အိမ်ကို လက်ခံပြီးးရင် လုံခြုံရေးးအရရော သန့်ရှင်းရေးးအရရော စစ်စေချင်…
    သူတို့ ယုတ်ယုတ်မာမာ ဘာတွေ လုပ်ခဲ့ မလဲ မသ်နိုင်..
    :a:

    • Thint Aye Yeik

      March 28, 2016 at 1:35 pm

      ဟုတ်တယ်။ သေချာ စစ်ဆေးပြီးမှ တက်နေစေချင်တယ်

Leave a Reply