လှေ ချည်ကြိုး
လှေချည်ကြိုး
ဓလေ့ ထုံးစံဆိုတာ
ရှေ့ကိုထိုးမထွက်နိုင်အောင်
ခါးမှာလာချည်ခံထားရတဲ့ ကြိုးတစ်ချောင်း ။
အချိန်ကာလ ကသာ
တစ်ရွေ့ရွေ့ ရွေ့နေခဲ့
ငါတို့က နောက်မှာကျန်ခဲ့တာ
နှစ်နှစ်ဆယ် သုံးဆယ် လေးဆယ်ငါးဆယ်
နှစ်တစ်ရာ နှစ်ရာလည်းဖြစ်ချင်ဖြစ်မယ် ။
ပြတိုက်ထဲ အထည့်ခံထားရတဲ့ လူအဖွဲ့အစည်း
အချိန်ဘယ်၍ ဘယ်မျှ မတွက်ဆတတ်တော့ဘူးလေ ။
ခုမှ အိပ်မက်က လန့်နိုး
ခရီးဆက်ကြရအောင် ဆောြ်သ
လှေချည်ကြိုးမဖြုတ်ပဲ
အားတက်သရော လှော်နေတော့
ငါတို့ လှေ
ကမ်းစပ်မှာပဲ တဝဲလည်လည် ။
နေဝန်းနီ
7:28 PM
2016 Mar 28
4 comments
ko six
March 30, 2016 at 11:12 am
လှေကြိုးဖြုတ်ဖို့
သူရဲကောင်းတစ်ယောက်
သူမှာလည်း ဓားပျောက်နေလေရဲ့
တစ်ကယ်ဆို
ကမ်းဆိုက်ထားပုံက
အချိမ်ပို မိနစ်သုံးဆယ်။
ဦးကြောင်ကြီး
April 10, 2016 at 8:34 am
လှေခ ျည်ကြိုး
မြေဆီပ ျိုး
နေခြည်ဖြိုး
လေပြည်ထိုး.
ဝင့်ပြုံးမြင့်
April 10, 2016 at 11:48 pm
ဟိုအရင်ကတော့ ဘဝဆိုတာ တဖြည်းဖြည်းချင်းတည်ဆောက်ယူရတာလို့ ယုံခဲ့ဖူးတယ်။ အခုတော့ ဘဝဆိုတာ ဂိမ်းတစ်ခုလိုပါပဲ။ ဘယ်လောက်ပဲ နောက်ကျ နောက်ကျ၊ ဂိမ်းတစ်ခုလို ဖျပ်ခနဲ ခုန်ကူးဖို့ အခွင့်အရေးရှိတယ်။ အဲဒီလို ဖျပ်ခနဲ ခုန်ကူးလိုက်ဖို့ ပြောင်းလဲလိုက်ဖို့ ခေတ်ကိုအမီလိုက်ဖို့ ဆိုတာ ခေါင်းပြောင်းရင် ရတယ်လို့ ထင်နေမိပြီလေ။ ခေါင်းတွေက နောက်ကျနေတာ နှစ် ၁၅ဝ လောက်ရှိမယ်ထင်တယ်။
Thint Aye Yeik
April 11, 2016 at 10:54 pm
.လှေကို ကမ်းကပ်ချိန် ချည်စရာမလိုပဲ ပါကင်ထိုး
ပြန်ထွက်ရင် အသာလေး ဝေါခနဲမောင်းထွက်သွားလို့ ရအောင် လုပ်ရမှာ