ကီးချိန်း
ရာသီဥတုက
နောက်ပြန်အဆောင်းခံထားရတဲ့ ဦးထုပ်လို
ခဏခဏ
ထညှိနေရတဲ့ ဆေးလိပ်လည်း
ဖောက်ပြန်မှုအသစ်စက်စက်မှာ တောက်လောင်
ကိုယ့်ညံ့ရင်ညံ့သလောက်ချစ်ကြတဲ့
ရေရောထားသော ကျွဲမြီးတိုပြဇာတ်
ငါ
ထိုအရာမှာ
မီးထိသွားတဲ့ ခရမ်းချဉ်သီးလို
စိတ်ရောကိုယ်ပါ
ရှုံ့တွတွ ဖြစ်နေတယ်
ယုံပါ အလင်းလေးရေ
မြင်မကောင်း
ကြားမကောင်း
တဖြောင်းဖြောင်းနဲ့ကြေမွနေပါတယ်
အချစ်တဲ့လား
လူတိုင်းသိနေတဲ့ ပက်စ်ဝပ်
ငါ့ကျမှ ဖြည်မရ ဖွင့်မရ
တစ်ဖက်သားရဲ့ဓာတ်ပြယ်မှုမှာ
ငါ့အလွမ်းက
စည်ပင်သိမ်းခံရတော့မယ့် အမှိုက်တစ်စ
တခမ်းတနားနဲ့ကို
ငရဲကျနေခဲ့ပါပြီ ချစ်သူ။ ။
ကိုစစ်
6 comments
ယမကာကျော်စွာ အူးမြောက်မြောက်
April 28, 2016 at 8:52 pm
အပူပေးမှတော့ ရှုံ့ပြီပေါ့ဂျာ
ko six
May 1, 2016 at 8:18 am
အပူရသူက အနိုင်လို့ဆိုလိုသလား
အဟဲ
အောင် မိုးသူ
April 29, 2016 at 1:09 pm
ချိန်းကီး
ko six
May 1, 2016 at 8:17 am
R ကစားထားတာလား
အရင်ကကျော်စွာဦးကြီးမိုက်
April 30, 2016 at 9:42 am
.ကိုစစ်
.ဘယ်လိုဖြစ်
.အပျိုချစ်
ko six
May 1, 2016 at 8:16 am
အရင်ကကျော်စွာဦးကြီးမိုက်
အပြင်ကခေါ်လာဗူးသီးဗိုက်
တဒင်္ဂပျော်ကာမူးပြီးနှိုက်
အဲ
ကာရံအရသာဖြစ်ပါဂျောင်း