လောင်းရိပ်မိသော ဘဝများ ( ၁ )
အရိပ်အာဝါသကောင်း၍ ကြီးမားအုံမှိုင်းသော သစ်ပင်ကြီးများမှ တဆင့် ပေါက်ဖွားရှင်သန်လာကြသော အပင်ငယ်လေးများသည် ထိုအပင်ကြီးအား မှီတွယ်၍ ရှင်သန်ကြသည်။ ထိုအပင်ကြီး၏ များပြားလှသော အကိုင်း အခက်အလက်များနှင့် အရွက်တွေက အပင်ပေါက်လေးများအား လေဒဏ်မိုးဒဏ်များမှ ကင်းလွှတ်စေသည်။ သက်သာစေသည်။ အေးမြသော အရိပ်ကိုလည်း ပေးသည်။ အပင်ကြီး၏ အရိပ်ကို သိပ်မရသော အပင်ငယ်လေးများသည် နေရောင်ခြည်ကို အပြည့်အဝ ရသောကြောင့် ကြီးထွားနှုန်းမြန်ဆန်ပီး အရောင်အသွေးစုံလင် လှပသော အညွန့်များဝေဆာစွာဖြင့် ရှင်သန်ကြသည်။ သို့သော် ထိုအပင်ငယ်လေးများသည် လေဒဏ်မိုးဒဏ်ကိုတော့ အနည်းအများ ခံကြရရှာသည်။ တချို့သော အပင်ငယ်လေးများသည် လိုအပ်သော နေရောင်ခြည်ကိုတော့ အပြည့်အဝ မရကြပေ။ အဘယ့်ကြောင့်ဆိုသော် အပင်ကြီး၏ ကြီးမားသောအရိပ်သည် သူ့အပေါ်သို့ အုပ်မိုးထားသောကြောင့် ဖြစ်သည်။ ထိုအပင်ငယ်လေးများသည် ရှင်သန်မှု နှေးကွေးကြသည်။ အရောင်းအသွေး မစိုမပြေဖြင့် အညွန့်တက်တာနှေးသည်။
တချိန်ချိန် ထိုအရိပ်ကောင်းသောအပင်ကြီးအား ခုတ်လှဲပစ်လိုက်တဲ့ တနေ့၊ ဒါမှ မဟုတ် နှစ်ကြာညောင်းလာ၍ ခြောက်သွေ့သွားသော တနေ့တွင်မှု အပင်ကြီး၏ အရိပ်အောက်မှာရှိသော နေရောင်ခြည်ကိုအပြည့်အဝ မရသော အပင်ငယ်လေးများသည် လေဒဏ် မိုးဒဏ်ကို စတင်ခံစားလာကြရသည်။ တချို့ လေဒဏ်မိုးဒဏ် မခံနိုင်၍ ကျိုးပဲ့ ပျက်စီးကြသည်။ နေရောင်ခြည်ကိုတော့ တိုက်ရိုက်ထိတွေ့ခွင့်ရကြပေမယ့် ချက်ခြင်းကြီး ထိတွေ့ရတော့ တချို့အပင်များသည် ခြောက်သွေ့ပီး သေသွားတက်ကြသည်။
ထိုအပင်ငယ်လေးများနည်းတူ ကျွန်တော်တို့ လူငယ်များသည် အရိပ်အာဝါသကောင်းသော အေးမြမှုပေးသော မိဘ၏ အရိပ်အောက်တွင် မှီခို၍ အတူတူကြီးပြင်းလာကြရသည်။ သို့သော် ရှင်သန်ကြီးထွား လာရခြင်းများသည် ကွဲပြားခြားနားကြသည်။ လောင်းရိပ်မိသော အပင်ငယ်လေးများနည်းတူ တချို့က မိဘများ၏ အုပ်မိုးမှု အရိပ်အောက်တွင် တည်ရှိကြသည်။ အုပ်စိုးမှု ချယ်လှယ်မှု ထိန်းချုပ်မှု များပြားသောကြောင့် မိမိကိုယ်ပိုင်စိတ်ကူးများ အတွေးအခေါ်များ အရည်အချင်းများ ပျောက်ဆုံးကုန်ကြပီး လူပျော့ လူညံ့ လူအ များဖြစ်သွားကြသည်။
မိဘများ၏ ညဏ်ရည်နိမ့်ပါးခြင်း အသိညဏ် နည်းပါးခြင်း ဗဟုသုတ မရှိခြင်း မိရိုးဖလာ အစွဲအလမ်းများစွာကြောင့် လူငယ်များသည် တိုးတက်သင့်သလောက် မတိုးတက်ကြပဲ မိဘများ၏ လောင်းရိပ်မိပီး ရှင်သန်ကြီးထွားမှု နည်းကွေးကြသည်။ တချို့သော မိဘများသည် ထိန်းချုပ်မှုပုံစံများ လွဲမှားနေကြသည်။ ဆုံးမသွန်သင်မှု လွဲမှားနေကြသည်။ ချစ်တာတွေ စိုးရိမ်တာတွေ လွဲမှားနေကြသည်။
7 comments
ယမကာကျော်စွာ အူးမြောက်မြောက်
April 29, 2016 at 10:23 am
ဘီလို ပြန်တည့်ရမှာရဲငင် တားတားက လူပြိုဂျီး သိဝူးလို ့ဆို
အောင် မိုးသူ
April 29, 2016 at 1:43 pm
ဟုတ်တာပဲ
Thint Aye Yeik
April 29, 2016 at 3:14 pm
လက်ဦးဆရာ မိနဲ့ဖ…
ဆိုတော့… ဆရာမကောင်း…တပည့်ခမျာ…မြောင်းထဲရောက်….
ကိုယ့်အလှည့်ကျတဲ့အခါ…ကိုယ့်တပည့်(သားသမီး)ကို မြောင်းထဲ မရောက်အောင် သွန်သင်ညွှန်ပြပေးနိုင်ဖို့ပဲ
လုပ်ရတော့မယ်။ ဖြစ်ခဲ့ ရခဲ့ပြီးတဲ့ မိဘ ဆိုတာက… မကြိုက်လည်း ပြန်လဲ ယူလို့မရ…။
ဒီဘဝအတွက် ဒီမိဘပဲရယ်…မို့…
အရင်ကကျော်စွာဦးကြီးမိုက်
April 30, 2016 at 9:31 am
.မိဘများ၏ ပြုစုပျိုးထောင်ပုံတွေကွာကြပါတယ်…
.ငယ်ဘဝမှာလောင်းရိပ်ကလည်းမရှိမဖြစ်လိုပါတယ်
.တဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ လောင်းရိပ်ကိုလျှော့ပေးပြီးကိုယ့်အားကိုယ်ကိုး
.ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ရပ်တည်နိုင်အောင်ပျိုးထောင်းပေးရပါမယ်
kai
April 30, 2016 at 2:47 pm
မိဘတွေထက်.. သားသမီးတွေက.. တော်လို့.. သာလို့.. အတိဇာတ တွေ အများစုဖြစ်ကြတာကြောင့်.. ဒီကမ္ဘာကြီးကလူ့ယဉ်ကျေးမှုတွေ.. အဆင့်ဆင့်…တိုးတက်လာတာပေါ့…။
မြန်မာပြည်မယ်ကျ.. အသက် ၂ဝပြည့်ရင်.. “သင်…လွတ်လပ်ပြီ” ဆိုတဲ့.. “သက်ပြည့်ပူဇော်ပွဲ” လေးတွေ…လုပ်သင့်တယ်..။ ဂျပန်မှာကျ.. ဆေးဂျင်းနောဟိ.. လို့ခေါ်တယ်..။
ဆိုတော့.. အဲဒီရက်ကနေ… အသက်၂ဝကျော်သူတိုင်း.. ကိုယ့်လမ်းကိုယ်လျှောက်ကြ…. ။
Coming of Age Day (成人の日 Seijin no Hi?) is a Japanese holiday held annually on the second Monday of January. It is held in order to congratulate and encourage all those who have reached the age of majority (20 years old (二十歳 hatachi?)) over the past year, and to help them realize that they have become adults. Festivities include coming of age ceremonies (成人式 seijin-shiki?) held at local and prefectural offices, as well as after-parties amongst family and friends.
Tawwin Pan
May 3, 2016 at 9:46 am
အသက် (၃၀)ကျော်တာတောင် အခုထိ ကိုယ်ပိုင်လွတ်လပ်ခွင့်မရသေး….ရသမျှလစာ အိမ်အပ်ရပြီး အိမ်ကနေ တနေ့စာပြန်တောင်းနေရတဲ့အဖြစ်…….တခါတလေ ပိုယူလိုက်ရင် ဘာလို့ ပိုယူတာလဲဆိုပြီး အမေးခံရသေး….
ပျင်းတကာ့ ထိပ်ခေါင်တင်
May 4, 2016 at 9:09 am
ကိုယ်တို့လူမျိုးတွေ ပြောလေ့ရှိတဲ့ စကားတခွန်းရှိပါတယ်
ဘာတဲ့ သားသမီးတွေ အသက်ဘယ်လောက်ပဲကြီးကြီး မိဘမျက်စိထဲ ကလေးပဲ ဆိုလား :a: