ဟံသာဝတီ မကျဆုံးမီ နေ့ရက်များ

Zaw WonnaAugust 29, 20101min38111

အထက်မြန်မာပြည်တွင် မွန်တို့ အရေးနိမ့်ပြီးနောက် အလောင်းဘုရားသည် မြန်မာပြည်တောင်ပိုင်းသို့

တိုင်အောင် ဆက်လက်ချီတက် တိုက်ခိုက်ကာ ၁၇၅၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် ပြည်မြို့သို့ ရောက်ရှိခဲ့သည်။ ထိုနှစ် မေလတွင် မွန် တံငါရွာငယ် တစ်ခုဖြစ်သော ဒဂုံသို့ ဝင်ရောက်ခဲ့သည်။ မွန်တို့သည် ဒဂုံကို ကာကွယ်ရန် မကြိုးပမ်းသောကြောင့် တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခဲ့ခြင်း မရှိ၍  ဒဂုံသည် စစ်ဘေးဒါဏ်မှ ကင်းလွတ်ခဲ့သည်။ သို့သော် မွန်တို့ အနေဖြင့် မြစ်ဝကျွန်းပေါ် ဒေသတွင် အရေးပါသော ရှုံးနိမ့်မှု တစ်ခုမဟုတ်ခဲ့ပေ။ ထိုနောက်ပိုင်းတွင် ဒဂုံသည် စစ်ဆင်ရေးအတွက် အကောင်းဆုံးသော ဒေသ ဖြစ်လာခဲ့သည်။ ပဲခူးနှင့် သန်လျင်တို့တွင် မွန်တို့ အခြေတကျ နေရာယူထားသည့်အတွက် အလောင်းဘုရားသည် ဒဂုံကို စစ်ဌာနချုပ်အဖြစ်
ပြုလုပ်ကာ တစ်ဘက်ကမ်းမှ သန်လျင်ကို တိုက်ခိုက်နိုင်ရန် အတွက် စီစဉ်လေသည်။

သို့သော် ထိုအချိန်တွင် သန်လျင်သည် ဒဂုံကို တိုက်ခိုက်ရန် ပိုမိုလိုလားသည်။ မွန်တို့သည် မြန်မာတို့ထက် လက်နက်ခဲယမ်းအင်အား ပိုမိုကောင်းမွန်သည့် အပြင် Sieur de Bruno ဦးဆောင်သော ပြင်သစ်အဖွဲ့အခြေစိုက်ထားသည့်အတွက် စစ်ရေးအရ တပန်းသာသည်။ အလောင်းဘုရား၏ သိသာသော နည်းလမ်းမှာ ပြင်သစ်တို့၏ ပြိုင်ဘက်ဖြစ်သော ပုသိမ်မြစ်ဝ၌ အခြေစိုက်လျက်ရှိသည့် အင်္ဂလိပ်တို့၏ အကူအညီကို ရယူရန် ဖြစ်၏။ ထို့နောက် မတ်လ အစတွင် အလောင်းဘုရားသည် Negrais မှခေါင်းဆောင်ပိုင်းကို ချဉ်းကပ်ခဲ့လေသည်။ သို့သော်  အရှေ့အိန္ဒိယ ကုမ္ပဏီ၏ ကြားနေရေး မူဝါဒကြောင့် ၎င်း၏ အဆိုပြုချက်မှာ အရာမထင်ခဲ့ပေ။

ဒဂုံတွင် အလောင်းဘုရား နေထို်င်သော အချိန်တွင် Sieur de Bruno သည် အလောင်းဘုရား၏ အောင်မြင်မှုကို ဂုဏ်ပြုလိုသော သဘောဖြင့် အလည် လာရောက်ခဲ့သည်။ သို့သော် အလောင်းဘုရား အနေနှင့် ၎င်းတို့ထံမှ စစ်မှန်သော အကူအညီ ကိုမရရှိနိုင်ဟု သိမြင်ခဲ့သည်။ ဂျွန်လတွင် လက်ဆောင်ပစ္စည်းများဖြင့် အဖွဲ့တစ်ဖွဲ့ကိုု Negrais သို့ ပို့လွှတ်ခဲ့သည်။ အင်္ဂလိပ်တို့သည် မြန်မာတို့၏ နိုင်ခြေကို သိမြင်သည့် အလျောက် ၁၂ ပေါင်ဒါ အမြောက်တစ်လက်၊ ၉ ပေါင်ဒါ အမြောက် ၃ လက်၊ သေနတ် ၈ လက်နှင့် ယမ်းမှုန့်သေတ္တာ ၄ လုံးတို့ကို အရာရှိ ၂ ဦးနှင့်အတူ လက်ဆောင် ပေးပို့ခဲ့သည်။

ထိုအချိန်တွင် အလောင်းဘုရားသည် သန်လျင်တွင် အခြေစိုက်သည့် အင်္ဂလိပ်များ၏ သင်္ဘောပြုပြင်ရေးအဖွဲ့ကို ဒဂုံသို့ လာရောက်ရန် စည်းရုံးကာ ထိုအဖွဲ့နှင့်အတူ အင်္ဂလိပ် သင်္ဘော ၄ စင်းကို ဆိပ်ကမ်းသို့ ရောက်ရှိလာစေသည်။ အင်္ဂလိပ်တို့သည် သန်လျင်တွင် ရှိနေသော မွန်တို့၏ ပြင်သစ်တို့ကို လိုလားသော ဆက်ဆံရေး ကိုခံစားမိသည့် အလျောက် မြန်မာတို့၏ အကာအကွယ်ကို သံသယ ကင်းစွာ ခံယူသည်။  အလောင်းဘုရား ဒဂုံသို့ ရောက်ရှိပြီး တစ်ပတ်၊ နှစ်ပတ်ခန့်အကြာ မေလတွင် မွန်တို့သည် ပဲခူးမြစ်ကို ဖြတ်ကျော်ကာ တာမွေအရပ်တွင် တပ်စွဲသည့်အခါ အလောင်းဘုရားသည် သင်္ဘော ၄ စင်းပေါ်မှ အိနိ္ဒယစစ်သားတို့၏ အကူအညီဖြင့် ရင်ဆိုင် ဖြေရှင်းခဲ့သည့် အတွက် အလောင်းဘုရား အနေဖြင့် သူတို့၏ အကူအညီကို ပိုမို လိုလားကြောင်း ထင်ရှားသည်။ ဂျွန်လတွင် အခြား အင်္ဂလိပ်သင်္ဘော တစ်စီး ဖြစ်သည့် Arcot သည် ပြုပြင်ရန်အတွက်  မြစ်အတွင်းသို့ ရောက်ရှိလာသည်။ Stringfellow သည် ကပ္ပတိန် Robert Jackson ထံသို့ ဒဂုံသို့ လာရောက်ရန်နှင့် ဘုရင်သည် တတ်နိုင်သမျှ အကူအညီများ ပေးနိုင်ကြောင်း အကြောင်းကြားခဲ့သည်။ ဂျွန်လ ၆ ရက်နေ့တွင် Arcot သည် ဒဂုံတွင် ဆိုက်ကပ်ခဲ့သည်။ သင်္ဘောမှ ကုမ္ပဏီအရာရှိ John Whitehill သည် လေသေနတ် တစ်လက်၊ ရေမွှေး ၂ ပုလင်းတို့နှင့် အတူ ဘုရင်ထံသို့ လာရောက် လည်ပတ်ခဲ့သည်။ ဘုရင်သည် ၎င်း၏ တွေ့ဆုံမှုကို လက်ခံကာ လိုအပ်သော လက်သမားများ၊ လှေပြင်သမားများ အကူအညီပေးရန်နှင့် Negrais သို့ စာများပို့ပေးရန် သဘောတူခဲ့သည်။

သို့သော် အလောင်းဘုရား အကူအညီမှာ အပေးအယူ သဘောသာ ဖြစ်သည်။ သန်လျင်တွင် ဆိုက်ကပ်ထားသော ပြင်သစ် သင်္ဘောတို့၏ အကာအကွယ်ဖြင့် မွန်တို့သည် မြစ်ကိုဖြတ်ကာ ဒဂုံကို လာရောက် တိုက်ခိုက်နိုင်သည့်အတွက် အလောင်းဘုရား အနေဖြင့် သေနတ်များ လိုအပ်နေသည်။ ထို့ကြောင့် နောက်တစ်နေ့တွင် အင်္ဂလိပ်တို့ကို ကမ်းခြေသို့ ဖိတ်ခေါ်ကာ Arcot သင်္ဘောမှ သယ်ဆောင်လာသော သေနတ်များ၊ လက်နက်ငယ်များ နှင့် ခဲယမ်းမီးကျောက်တို့ကို တောင်းခံခဲ့လေသည်။  Jackson မှာ ကမ်းခြေသို့ မသွားပဲ ၎င်းတောင်းဆိုမှုကို မလိုက်လျော၍ မဖြစ်ပါက သူ့အနေနှင့် သန်လျင်သို့ သွားမည်ဖြစ်ကြောင်း
အကြောင်းပြန်လေသည်။ နောက်တစ်နေ့တွင် မြန်မာတို့က လက်နက်များကို အင်အားသုံး ရယူမည်ဟု ခြိမ်းခြောက်သော်လည်း Jackson က ခုခံနိုင်ရန် ကြိုတင်ပြင်ဆင်ထားကာ သင်္ဘောကို ထွက်ခွာနိုင်ရန် အဆင်သင့် ပြုလုပ်ထားလေသည်။ အလောင်းဘုရားမှာ ၎င်း၏ ရန်သူတော်များ ပိုမိုအင်အားကောင်းသွားမည့်
အဖြစ်ကို အလိုမရှိသည့်အလျောက် သားတော်ကို စေလွှတ်ကာ လက်နက်များ သန်လျင်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်၍ ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ပါက ဆက်လက်၍ အတင်းအကြပ် တောင်းဆိုမှု မပြုလိုကြောင်းဖြင့် ဖြေရှင်းစေသည်။ သို့သော် Arcot သင်္ဘော မရောက်မီ သံလျင်မှလာသည့် Elizabeth သင်္ဘောမှ လက်နက်ခဲယမ်းများကို မြန်မာတို့ သိမ်းယူခဲ့ဖူးလေသည်။

အလောင်းဘုရား၏ စိတ်ပျက်မှုမှာ သံသယဖြစ်ဖွယ် မရှိသော်လည်း Negrais မှ သေနတ် တစ်ဒါဇင်နှင့် လက်နက်ကြီးများအတွက် ယမ်းမှုန့် များ နောက်ပိုင်းတွင် ရရှိမည် ဖြစ်သည့်အတွက် အင်္ဂလိပ်တို့အား အခင်မင် ပျက်လောက်အောင် မလုပ်နိုင်ချေ။ ထို့အပြင် အလောင်းဘုရားအနေဖြင့် မြန်မာပြည် အထက်ပိုင်းတွင်
မဟာရာဇာဓိပတိ၏ သားတစ်ဦး ပုန်ကန်ထကြွနေသည့် အတွက်  ဒဂုံတွင် ကြာရှည် နေရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အလောင်းဘုရားသည် မြန်မာပြည် တောင်ဘက်ပိုင်းကို လုံခြုံအောင် စီမံကာ ဇွန်လကုန်ပိုင်းတွင် ဒဂုံမှ ခွာလေသည်။ မိုးရာသီ ကျရောက်လာပြီ ဖြစ်သဖြင့် ရာသီဥတုအရ လုံခြုံမှုကို အကာအကွယ် ရနိုင်သော အချိန်လည်းဖြစ်သည်။ အလောင်းဘုရားသည် ဒဂုံ၏ လုံခြုံမှုအတွက် ဇေယျနန္ဒအား ဘုရင်ခံ အဖြစ် ခန့်အပ်ပြီး ကြီးမားသော တပ်ကြီးတစ်တပ်ကို ထားရှိခဲ့ကာ ကျုံးနှင့် ခိုင်ခံ့သည့် မြို့တံခါးများ တည်ဆောက်ရန် စီမံခဲ့လေသည်။ လူပေါင်း ၁၅၀၀ဝ ခန့်ကို ဒဂုံတွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ် ထားရှိခဲ့သည်။
သူဖြတ်သန်းသွားသော နေရာများတွင် အကြောင်းထူးပါက ဆက်သွယ်ရန်နှင့် လူဦးရေ အချိုးကျ စစ်တိုက်လှေများ တည်ဆောက်ရန် မှာကြားခဲ့သည်။

အလောင်းဘုရားသည် ဒဂုံတွင် အေးချမ်းစွာ ရှိနေမည်ဟု မျှော်လင့်ခဲ့သော်လည်း  မွန်တို့သည် သူမရှိသည့် အချိန်တွင် အခွင့်ကောင်းယူကာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့လေသည်။ အလောင်းဘုရား ကဲ့သို့ပင် မွန်တို့သည်လည်း အနာဂတ်အတွက် အင်္ဂလိပ် သင်္ဘောတို့၏ အရေးပါမှုကို သိမြင်ကာ အလောင်းဘုရား ဒဂုံမှ
မထွက်ခွာမီပင် ဒဂုံကို တိုက်ခိုက်တော့မည် ဖြစ်ကြောင်း၊ အင်္ဂလိပ်တို့ အနေဖြင့် ၎င်းတို့လှေများကို မပစ်ခတ်စေလိုကြောင်း Jackson ထံသို့ စာဖြင့် အသိပေးကာ တစ်ချိန်တည်းမှာပင် Jackson အား သန်လျင်မှ ခင်မင်စွာဖြင့် ကြိုဆိုလျက် ရှိကြောင်းဖြင့် အသိပေးခဲ့သည်။ Jackson အနေဖြင့်  မြန်မာတို့နှင့် ဆက်ဆံရာတွင်
တွေ့ရသည့် အခက်အခဲများ၊ အလောင်းဘုရားနှင့် သဘောတူညီထားသော သင်္ဘောပြုပြင်ရေးကိစ္စမှာ အကောင်အထည် မပေါ်လာခြင်း စသည်တို့ကြောင့် မွန်တို့၏ ကမ်းလှမ်းမှုကို လက်ခံခဲ့လေသည်။ သို့ဖြင့် သူ့အနေနှင့် မွန်တို့နှင့် မဆန့်ကျင်လိုကြောင်းနှင့် ၎င်းအနေဖြင့် ပထမဆုံး အခွင့်အလမ်းအဖြစ် သန်လျင်သို့
လာရောက်လိုကြောင်း အကြောင်းပြန်ခဲ့လေသည်။

ရက်အနည်းငယ် ကြာသောအခါတွင် မွန်တို့သည် ညဘက် ဒီရေတက်ချိန်တွင် မြစ်ကြောင်းအတိုင်း လှေများဖြင့်၎င်း၊ အခြားစစ်ကြောင်းမှာ ပဲခူးမြစ်ကိုဖြတ်ကာ ကုန်းလမ်းခရီးဖြင့်၎င်း ချီတက်ကာ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့လေသည်။ သို့သော် လှေများမှာ မြစ်ကမ်းတလျှောက်ရှိ မြန်မာတပ်တို့၏ ပစ်ခတ်မှုကို ခံရလေသည်။ ကုန်းလမ်းမှ ချီတက်သော အဖွဲ့မှာလည်း ဘုရားတောင်တွင် တပ်စွဲထားသော မြန်မာတပ်ကို မထိုးဖောက်နိုင်သည့် အပြင် မြစ်ကြောင်းမှ တပ်များ၏ အရေးနိမ့်မှုကိုလည်း မသိနိုင်ဖြစ်ကာ အားနည်းသော ကြိုးပမ်းမှု ဖြစ်ခဲ့ရသည်။ ထို့နောက် ကြိုကြား ပစ်ခတ်သော  သေနတ်သံများဖြင့် မနက်ပိုင်းသို့ ရောက်သောအခါ မွန်များလည်း ပြန်လည် ဆုတ်ခွာသွားကြပြီး နေ့လည်ခန့်တွင် တိုက်ပွဲ ပြီးဆုုံးခဲ့သည်။ ထိုအရေးအခင်းတွင် အင်္ဂလိပ်တို့အနေဖြင့် ဘက်မလိုက်ပဲ ကြားနေခဲ့သော်လည်း မြန်မာတို့ အနေနှင့်မူ အလောင်းဘုရား၏ ကတိပျက်မှု အတွက် ၎င်းတို့အနေဖြင့် ရန်သူများကို ကူညီခဲ့လိမ့်မည်ဟု သံသယ ဖြစ်ကြသည်။

မြန်မာတို့၏ အထင် မမှားပေ။ တစ်ပတ်ကြာသောအခါ မွန်တို့ ဘက်မှ နောက်တစ်ကြိမ် တိုက်ခိုက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ Jackson နှင့် အခြား အင်္ဂလိပ် အရာရှိများမှလည်း မွန်တို့ အနေဖြင့် ၎င်းတို့အား ဒဂုန်မှ လွတ်မြောက်ရန် ကူညီမည်ဆိုပါက တိုက်ပွဲတွင် တက်ကြွစွာ ပါဝင်မည် ဖြစ်ကြောင်း ပြန်ကြားလိုက်လေသည်။ မြန်မာတို့တွင် မြစ်တွင်းသွားလှေ အစီး ၈ဝ ရှိကြောင်း၊ ထိုအထဲမှ ၉ စင်းမှာ လက်နက် တပ်ဆင်ထားကြောင်း၊ ဒက်ရှ် သင်္ဘော တစ်စီးမှာလည်း သူတို့နှင့်အတူ ပူးပေါင်းထားကြောင်း၊ ကမ်းခြေတွင် သေနတ် နှစ်လက် တပ်ဆင်ထားကြောင်း စသဖြင့် မြန်မာတပ်များ၏ အင်အား အခြေအနေကို အသိပေးခဲ့လေသည်။ မြန်မာတို့ဘက်မှလည်း အထက်ပါ သတင်းစကားများကို ဂရုပြုမိသည့်အတွက် မွန်တို့ ဘက်မှ တိုက်ခိုက်လာပါက အင်္ဂလိပ်တို့ အနေဖြင့် ခုခံကာကွယ်ပါမည်ဆိုသော တိကျသည့် အာမခံမှုကို တောင်းဆိုသည်။ အင်္ဂလိပ်တို့က ကုမ္ပဏီမှပေးထားသော အမိန့်ကို အသိမပေးပဲ သူတို့အနေဖြင့် ကြားနေဝါဒကိုသာ ကျင့်သုံးမည် ဖြစ်ကြောင်းနှင့် အကယ်၍ မွန်တို့က မိမိတို့အား တိုက်ခိုက်လာပါက မြန်မာတို့ဘက်မှ ကူညီမည် ဖြစ်ကြောင်း ပြန်လည် အကြောင်းပြန်လေသည်။

မြန်မာတို့မှာ အဆိုပါ အကြောင်းပြန်ချက်ကို အပြည့်အဝ ကျေနပ်ခြင်း မရှိသည့်အတွက် Arcot သင်္ဘော အနီးတဝိုက်တွင် လက်နက် အပြည့်အစုံနှင့် လှေများကို ရက်ပေါင်းများစွာ အစောင့်ချထားခဲ့သည်။ ထိုအချိန်တွင် မွန်တို့ဘက်မှလည်း အင်္ဂလိပ်သင်္ဘောများ၏ အကူအညီကြောင့် အောင်မြင်မှုရရှိရန် မျှော်လင့်ချက်ဖြင့် တိုက်ပွဲအတွက် ကြိုတင် ပြင်ဆင်လေသည်။ တစ်နေ့ နံနက်စောစော အချိန်တွင် ပြင်သစ် ရေယာဉ် နှစ်စင်း ဦးဆောင်သော လှေအစင်း ၂၀ဝ ခန့်ပါရှိသည့် မွန်စစ်ကြောင်းသည် မြစ်အတွင်းမှ ချီတက် လာကြလေသည်။ သူတို့သည် ညဘက် ဒီရေတက်ချိန်တွင် ချီတက်ကာ လှိုင်မြစ်နှင့် ပဲခူးမြစ်တို့ ဆုံရာ၌ နားပြီး
ဒီရေတက်ချိန်ကို စောင့်၍ ဒဂုံသို့ ဆက်လက်ချီတက် ကြလေသည်။ နံနက် အာရုဏ်တက်ချိန်တွင် ရန်သူတပ်ကို မြင်တွေ့ရသောအခါ မြန်မာတပ်မှုးသည် တပ်ကူရရန်အတွက်  Jackson ကို ချက်ခြင်း အကြောင်းကြား တောင်းဆိုခဲ့သော်လည်း အနည်းငယ်သာ အသိအမှတ် ပြုခဲ့လေသည်။ အချိန်မှာ နေ့လည် ၂ နာရီခန့်
မွန်ရေကြောင်းချီတပ် မရောက်လာမီ ဖြစ်သည်။

ပြင်သစ်သင်္ဘောများ ရပ်တန့်ကာ အမြောက်များဖြင့် ပစ်ခတ်ကြသော အချိန်တွင် မွန်တို့ကလည်း မြန်မာလှေများကို သေနတ်များဖြင့် ပစ်ခတ်လေတော့သည်။ မြန်မာလှေငယ်များကား ဆူးလေဘုရား အနီးသို့တိုင် ပောက်ရောက်သော ချောင်းငယ်လေး တစ်ခု အတွင်းသို့ ဆုတ်ခွာကြရလေသည်။ ကမ်းခြေတွင် ချတားသော သေနတ်နှစ်လက် ရှိသဖြင့် ထိုနေရာတွင် အကာအကွယ် ရနိုင်မည်ဟု မျှော်လင့်ကြခြင်းကြောင့် ဖြစ်သည်။ အင်္ဂလိပ် သင်္ဘောများမှလည်း မြန်မာတို့ဘက်သို့ အမြောက်များဖြင့် စတင် ပစ်ခတ်ကြသောကြောင့် မြန်မာတို့ဘက်မှ လှေများကို စွန့်ခွာကာ သရက်ပင်များနောက် အကာအကွယ် ရှိရာသို့ ဆုတ်ခွာ ကြရလေသည်။ မြန်မာတို့သည် အမြောက်များကို ကောင်းစွာ အသုံးမချနိုင်သော်လည်း ထိုနေရာတွင် အခိုင်အမာ နေရာယူကာ ဆက်လက်တိုက်ခိုက်ရာတွင် Arcot သင်္ဘောပေါ်မှ မွန် ၂ ဦးကို ပစ်ခတ်နိုင်ခဲ့သည်။ မွန်တို့ကသာ ကမ်းခြေကိုတက်၍ တိုက်ခိုက်ပါက မြန်မာ လှေများကို သိမ်းပိုက်နိုင်မည် ဖြစ်ကြောင်း ပြင်သစ်နှင့် အင်္ဂလိပ်တို့ပါ သိမြင်သော်လည်း မွန်တို့ အနေဖြင့် မြန်မာ သေနတ်ကိုင်တပ်တို့ကို အနီးကပ် ရင်မဆိုင်ဝံ့ကြချေ။

ပစ်ခတ်မှုများသည် ညဘက်အထိ ဆက်လက်ဖြစ်ပွားနေပြီး မှောင်လာသောအခါ အင်္ဂလိပ်သင်္ဘောများသည် မြန်မာ သေနတ်စက်ကွင်းနှင့် လွတ်ရာသို့ ရွှေ့ပြောင်းသွားကြသည်။ ရ ရက်ကြာသည် အထိ တစ်စုံတရာ မထူးခြားပဲ လက်နက်ခဲယမ်းများ ဖြုန်းတီးကာ ပစ်ခတ်နေခဲ့ကြသည်။ စီမံခန့်ခွဲမှုညံ့ဖျင်းသော တိုက်ခိုက်မှုဖြစ်ပြီး နှစ်ဘက်စလုံး ထူးခြားသည့် ပြုပြင်ပြောင်းလဲမှု မရှိသည့်အပြင် မွန်တို့ဘက်မှလည်း လက်ရုံးချင်းယှဉ်၍ အနီးကပ် တိုက်ခိုက်ရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ရ ရက်ကြာတိုက်ပွဲ အပြီးတွင် မြန်မာတို့ဘက်မှ မူလအင်အား အတိုင်းပင် ရှိနေခဲ့လေသည်။ မွန်တပ်များ သန်လျင်သို့ ပြန်သောအခါ အင်္ဂလိပ်
သင်္ဘောများလည်း သူတို့နှင့်အတူ လိုက်ပါသွားကြသည်။ Jackson မှာ တိုက်ပွဲ ပထမနေ့ ကပင် သန်လျင်သို့ ထွက်ခွာသွားခဲ့လေသည်။ သူသည် ဝမ်းကိုက်ရောဂါဖြင့် နေမကောင်းဖြစ်နေကာ ပြင်သစ် စက်ရုံမှ ရောက်လာသော ဆရာဝန်၏ စောင့်ရှောက်မှု လိုအပ်နေကြောင်း၊ ဒဂုန်တွင် ရှိနေစဉ်၌လည်း စားစရာ ပြတ်လပ်နေကြောင်း၊ ထို့ပြင် သောက်သုံးရေ ပြတ်လပ်သည့်အတွက် သူ့အနေဖြင့် ပြင်းထန်သော အဖျားဝေဒနာကို ခံစားခဲ့ရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထိုအရေးအခင်း ဖြစ်ပွားပြီးနောက် ဒဂုံသည် လုံခြုံမှု ရှိနေခဲ့သော်လည်း ယခုအချိန်တွင် မွန်တို့ သည် ပြင်သစ်သင်္ဘောများသာမက အင်္ဂလိပ် သင်္ဘောများ၏ အားဖြည့်မှုကြောင့် ၎င်းအနေအထားမှာ မသေချာလှပေ။

အလောင်းဘုရား ဘုရင်မှာမူ အင်္ဂလိပ်တို့အား မိမိ၏ ရန်သူများနှင့် ပူးပေါင်းမှုအတွက် အလွန် ဒေါသဖြစ်လေသည်။ စက်တင်ဘာလတွင် Negrais မှ အမြောက် သယ်ဆောင်လာသော အဖွဲ့ ရွှေဘိုသို့ ရောက်လာသည့်အခါတွင် သူ၏ ဒေါသကို ဖော်ပြခဲ့လေသည်။ ဘုရင်ကြီးက Mr. Whitehill နှင့်အတူ ဒဂုံတွင် ရှိနေကြသော သင်တို့၏ သင်္ဘောများကို ကျွန်ုပ်အနေဖြင့် ကောင်းစွာ ဆက်ဆံပါမည်။ ထို့ပြင် သူတို့ အလိုရှိရာကို စီမံပေးပါမည်။ ကျွန်ုပ်တို့၏ ဆက်ဆံရေး ခိုင်မြဲမှုကို ဆက်လက်ထိန်းသည့် အနေဖြင့် ကျွန်ုပ် မရှိသည့်အခါတွင် သူ့အား အလိုရှိသည့် အချိန်တွင် ရောက်လာနိုင်စေရန်၊ အရေးပေါ်ကာလတွင် ကျွန်ုပ်၏ လူများအား ကူညီနိုင်ရန်၊ သို့မဟုတ် အနည်းဆုံး မွန်များနှင့် မပူးပေါင်းပဲ ဆန့်ကျင်ရန်၊ အကယ်၍  ကတိပျက်ကွက် ခဲ့ပါက ၎င်းတို့ကို ဦးစွာ ပစ်ခတ်မည် ဖြစ်ကြောင်း ထိုအဖွဲ့အား ပြောကြားခဲ့သည်။ ထိုဖြစ်ရပ်သည် ၎င်း၏စိတ်ထဲတွင် အင်္ဂလိပ်တို့ အပေါ်ထားသော သဘောထား ဖြစ်ပြီး မည်သည့်အခါမှ ပြောင်းလဲ၍ မရနိုင်ပဲ နောင် ၄ နှစ်ခန့် အကြာတွင် Negrais မှ အင်္ဂလိပ်တို့ကို ရက်စက်စွာ သတ်ဖြတ်မှုဆီသို့ ဦးတည်ခဲ့လေသည်။

အလောင်းဘုရားသည် ဒဂုံ ကာကွယ်ရေးအတွက် အင်အားဖြည့်တင်းမည့် တပ်များနှင့်အတူ တပ်မှုးသစ် အဖြစ် မင်းလှမင်းခေါင်ကျော်ကို စေလွှတ်ခဲ့သည်။ သန်လျင်တွင်လည်း ထိုအချိန်၌ ဒဂုံကို နောက်ထပ် တိုက်ခိုက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး အင်္ဂလိ်ပ်တို့ကိုလည်း တိုက်ပွဲတွင် ပါဝင်ကူညီခြင်း
မရှိ်ပါက ထွက်ခွာခွင့် မပြုနိုင်ကြောင်း သိစေပြီး ဖြစ်သည်။ အင်္ဂလိပ်တို့ အနေနှင့် မွန်တို့သည် မြန်မာတို့ထက် ပိုမို၍ ဆက်ဆံရ လွယ်ကူသည်ဟု မြင်ကြသည်။ မွန်တို့သည် သူတို့၏ ယုံကြည်မှုကို သံသယ ဖြစ်နေကြသည်။ Negrais စက်ရုံမှ အကြီးအကဲသည် အင်္ဂလိပ်တို့ ပိုင်သော သေနတ် ၄ လက်ကို ပြန်လည် တောင်းခံခဲ့ရာ
သံလျင်မှ မွန်တပ်မှုးမှ Mr. Brooke သည် ထိုသေနတ်များကို ဒဂုန်ဘုရားမှ မြန်မာတို့ ရရှိထားသော ပတ္တမြားများနှင့် လဲလှယ်လိုသောကြောင့် ဖြစ်သည်ကို သူသိကြောင်းဖြင့် ပြန်ပေးရန် ငြင်းဆိုခဲ့သည်။

ဒီဇင်ဘာလတွင် ဒဂုံသည် ယခင်အခါများထက် ပိုမို ပြင်းထန်သော တိုက်ပွဲဖြင့် ရင်ဆိုင်ရသည်။ အင်္ဂလိပ်သင်္ဘော ၃ စင်း၊ ပြင်သစ် သင်္ဘော  တစ်စင်း၊ မွန်ဘုရင်ပိုင် ရေယာဉ်တစ်စင်း၊ လှေအစင်း ၃၀ဝ နှင့် စစ်သည် တစ်သောင်းခန့် ပါဝင်သော မွန်တပ်သည် ဘုရားတောင်နှင့် သရက်တော ခံတပ်တို့သို့ ချီတက်ကြသည်။ မြန်မာတို့သည် မြို့ကို ဆက်လက်ထိန်းချုပ်ထားရန် မဖြစ်နိုင်မှန်း သိရှိသည်နှင့် ဘုရားတောင်တွင် စုစည်းနေကြသည်။ ၎င်းနေရာတွင် တပ်ကို ကောင်းစွာ ထိန်းသိမ်းထားနိုင်သဖြင့် မွန်တို့ဘက်မှ ဖယ်ရှားရန် မတတ်နိုင်ခဲ့ချေ။ မြန်မာဘက်မှ မီးရှို့ထားသော လှေများကို ဒီရေနှင့်အတူ မျှောချရာ မွန်ရေတပ်နှင့် အင်္ဂလိပ်၊ ပြင်သစ် သင်္ဘောတို့မှာလည်း ပြန်လည် ဆုတ်ခွာခဲ့ရသည်။ မြေပြင်တိုက်ပွဲတွင် ရေကြောင်းမှ အထောက်အကူ မရသောကြောင့် ပြင်းထန်စွာ တိုက်ခိုက်သော်လည်း မြန်မာတို့ဘက်မှ ပြန်လည် တွန်းလှန်နိုင်ခဲ့သည်။ ထို့ကြောင့် တိုက်ခိုက်မှုသည် ပြီးဆုံးခြင်းသို့ ရောက်ခဲ့လေသည်။ ထိုမအောင်မြင်သော တိုက်ပွဲ အပြီးတွင် အင်္ဂလိပ်တို့အနေနှင့် သင်္ဘောများကို ပြန်လည်ထွက်ခွာခွင့် ရခဲ့သော်လည်း Arcot သင်္ဘောမှ လက်နက်များကို မွန်တို့က ရယူထားခဲ့သည်။

အလောင်းဘုရား သန်လျင်သို့ ချီတက်သောအခါ တပ်မှာ ထိုးဖောက်မရနိုင်အောင် တောင့်တင်း ခိုင်မာလေသည်။ Bruno သည် ဈေးအနီးတွင် သင်္ဘောကို ဆိုက်ကပ်ကာ မြန်မာတို့ရန်မှ ကာကွယ်ရန် ပြင်ဆင်ခဲ့သည်။ သို့သော် Bruno သည် အလောင်းဘုရား အနေနှင့် မျှော်လင့်မထားသော ကြေအေးခွင့်ကို တောင်းဆိုခဲ့ကာ ညှိနှိုင်းမှု ပြုခဲ့သည်။ သို့သော် မွန်တို့ဘက်မှ ၎င်းသတင်းကို ရရှိပြီး Bruno အား သံလျင်တွင် ဖမ်းဆီးလိုက်သည်။ အလောင်းဘုရားကလည်း ထိုအချက်ကို အခွင့်ကောင်းယူကာ ပြင်သစ် သင်္ဘောကို ထိန်းသိမ်းထားလိုက်လေသည်။ ထို့နောက် ၁၇၅၆ ခု၊ ဇူလိုင်လတွင် Pondicherry မှ အုပ်ချုပ်ရေးအဖွဲ့သည်
Diligent နှင့် Galathee အမည်ရှိ သင်္ဘောနှစ်စင်းကို တပ်သားများ၊ စစ်လက်နက် ခဲယမ်းများနှင့် အတူ ပဲခူးသို့ ပို့ရန် ဆုံးဖြတ်လိုက်လေသည်။

ဇူလိုင်လတွင် သန်လျင်မြို့နှင့် ခံတပ်အား ဝိုင်းရံထားလိုက်သည်။ Galathee သင်္ဘောမှာ မြန်မာ့ ကမ်းရိုးတမ်းသို့ ရောက်ရှိလာသော်လည်း ရန်ကုန်မြစ်အစား စစ်တောင်းမြစ် အတွင်းသို့ မှားယွင်း ရောက်ရှိသွားသည်။ လမ်းကြောင်းမှားမှန်း သိရှိ၍ ပြန်လှည့်လာသော အခါတွင် အလွန်နောက်ကျသွားပြီး သန်လျင်မြို့ ကျဆုံးပြီး ၂ ရက်ခန့် ကြာမှ ရောက်ရှိခဲ့လေသည်။ အလောင်းဘုရားသည် ပြင်သစ်သင်္ဘော၏ ကပ္ပတိန်ကို ရန်ကုန်သို့ ဆက်လက် မောင်းနှင်ရန် Bruno မှတဆင့် အမိန့်ပေးလေသည်။ ကပ္ပတိန်၏ စာရွက်စာတမ်းများ အရ သင်္ဘောမှ ကုန်ပစ္စည်းများသည် မွန်ဘုရင် ဗညားဒလ အတွက် ရည်ရွယ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့်
မြန်မာဘုရင်သည် Bruno နှင့် Galathee သင်္ဘော ကပ္ပတိန်တို့အား သေဒါဏ်ပေးကာ ရေတပ်သားများအား လက်နက်များနှင့်တကွ ပဲခူးမြို့တော်ကို တိုက်ခိုက်ရာ၌ အသုံးချရန် ဖမ်းဆီးခဲ့လေသည်။ Diligent သင်္ဘောမှာမူ ဆန့်ကျင်ဘက် လေကြောင်း တိုက်ခတ်မှုကြောင့် ၆ လခန့် ကြာမှ ရောက်ရှိခဲ့သည်။

ထိုအချိန်တွင် မြန်မာ တပ်သားများသည် သန်လျင်နှင့် အနီးတဝိုက် မြေအနေအထားများကို မှတ်သားပြီး မြန်မာပိုင် နယ်နိမိတ်အဖြစ် သတ်မှတ်လိုက်လေသည်။ ကျေးရွာများမှာ မီးတင်ရှို့ခြင်းခံရသည်။ မွန်လူမျိုးများမှာ ၎င်းတို့၏ ဆံပင်ပုံစံကြောင့် အလွယ်တကူ ခွဲခြား သိရှိနိုင်သဖြင့် သတ်ဖြတ်ခြင်း၊ ပြည်နှင်ဒါဏ်ပေးခြင်း
များပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် အပျက်အစီးများမှ မီးခိုးများ၊ လူသေအလောင်းများ၊ အလဟသ ဖြစ်သွားသော ကောက်ပဲသီးနှံများဖြင့် ပြန့်ကျဲနေတော့သည်။ ထိုချေမှုန်းမှုတွင် မြန်မာတပ်များ မရောက်လာမီ လက်နက်ချ အညံ့ခံသော သူများသာ အလောင်းဘုရားနှင့် သူ၏လူများလက်မှ လွတ်မြောက်ခွင့် ရခဲ့ကြသည်။
နှစ်ဘက်တပ်များ စစ်ပြေငြိမ်းရေးအတွက် စေ့စပ်ကြသောအခါ အလောင်းဘုရားက မိမိသည် ဗုဒ္ဓဘုရားလောင်း ဖြစ်ကြောင်း ကြေညာပြီး မွန်တို့ထံမှ ကြင်နာမှုရရန် ကမ်းလှမ်းခဲ့လေသည်။ ပြန်လည် သင့်မြတ်ခွင့် ရရန် နောက်ဆုံး မျှော်လင့်ချက်ဖြင့် မွန်ဘုရင်သည် သမီးတော်အား ဆက်သခဲ့လေသည်။ သို့သော် ၎င်းမှာ မြန်မာတို့၏ ပရိယာယ် တစ်ခုသာ ဖြစ်လေသည်။

ပဲခူးမြို့ကို ဝိုင်းရံခြင်းသည် သွေးထွက်သံယိုမှု အထူးများပြားခဲ့သည်။ ကျုံးရေမှာ သွေးတို့ဖြင့် နီရဲနေခဲ့သည်။ ၁၅၃၈ ခုနှစ်မှ အဖြစ်အပျက်ကို အမှတ်ရသော မွန်တို့အတွက် အတိတ်နမိတ်ဆိုး တစ်ခုဖြစ်သည်။ မွန်တို့သည် စည်းလုံးစွာ တိုက်ခိုက်ခဲ့ကြသော်လည်း ပြင်သစ်တို့ထံမှ လက်နက်များ ကုန်ခန်းသွားပြီးနောက်
၁၇၅ရ ခုနှစ်၊ မေလ၊ ၈ ရက် နေ့တွင် မြို့တော် ကျဆုံးခဲ့လေသည်။ ထုံးစံအတိုင်းပင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများနှင့် လုယက်မှုများ ဖြစ်ပွားခဲ့သည်။ သို့သော် မွန်ဘုရင် မိသားစုအား အလောင်းဘုရားက သက်ညှာသည့် အနေနှင့် အကျဉ်းသားအဖြစ်သာ ဖမ်းဆီးခဲ့သည်။ အလောင်းဘုရားသည် မွန်ရဟန်းတော်
အပါး ၃၀၀ဝ ခန့်အား ဆင်များဖြင့် နင်းသတ်စေကာ ဘုန်းကြီးကျောင်းများကိုလည်း ဖျက်ဆီးပစ်ခြင်းဖြင့် သူ၏ မွန်ရဟန်းများအပေါ် ထားသော ဒေါသကို ထုတ်ဖော်ခဲ့သည်။ မွန်ရဟန်းများသည် မြို့တော်အား ခုခံကာကွယ်ရာတွင် အကူအညီပေးခဲ့သည် ဟုသူက ပြောခဲ့လေသည်။ မှတ်တမ်းများတွင် ထိုအဖြစ်ဆိုးနှင့်
ပတ်သက်၍ ချဲ့ကားပြောဆိုမှုများ ရှိခဲ့သော်လည်း ထိုအချိန်မှ စတင်၍ မွန်ဘာသာစကားသည် မြန်မာပြည်တွင် မှေးမှိန်ခဲ့ခြင်းကြောင့် အလောင်းဘုရား၏ လုပ်ရပ်မှာ မွန်တို့၏ ယဉ်ကျေးမှုကို ဖျက်ဆီးလိုခြင်း ဖြစ်ကြောင်း ထင်ရှားသည်။        ။

ကျမ်းကိုး စာရင်း

A. Dalrymple: Oriental Repertory
D.G.E. Hall: The Tragedy of Negrais (Journal of the Burma Research Society XXII)
R. Halliday: History of Kings (Journal of the Burma Research Society XIII)
Sonnerat: Voyage aux Indes Orientales (1782)
M. Symes: Embassy to Ava (1800)
H.H. Wilson: Documents Illustrative of the Burmese War (1827)
Emmanuel Guillon: The Mons, a Civilization of Southeast Asia (1999)
ကုန်းဘောင်ဆက် ရာဇဝင်

By Sunthorn Sripanngern
continue from: “weak points of Mon during war with Burmese”

11 comments

  • bigcat

    August 29, 2010 at 6:30 am

    ှဗမာတယောက်အနေဖြင့် အလောင်းဘုရားဘုရင် သို့ သူ၏တပ်များ မွန်များအပေါ် ရက်စက်ခဲ့မှုများသည် မှန်ခဲ့ပါက တုန်လှုပ်မိပါသည်။ ရှက်လည်းရှက်မိပါသည်။ သမိုင်းအချက်အလက် ပြည့်ပြည့်စုံစုံ မသိရသောကြောင့် တိကျမှုအတိုင်းအတာကို မသိရသော်လည်း မဖြစ်ခဲ့ဟုငြင်းဆိုရန် ခက်ခဲပါသည်။ (ကိုယ့်လူတွေအကြောင်း ကိုယ်သိလို့ပါ) တနေ့နေ့တွင် ပိုမိုတိကျသော သမိုင်းအချက်အလက်များကို သိရပြီး သင်ခန်းစာယူနိုင်ရန် မျှော်လင့်ပါသည်။ တိုင်းရင်းသား မွန် မိတ်ဆွေများထံမှလည်း ခွင့်လွှတ်မှုကို တောင်းခံပါသည်။

  • kai

    August 29, 2010 at 7:32 am

    အလောင်းဘုရားလက်ထက်မှာ အင်္ဂလိပ်ရော၊ပြင်သစ်ရောရှိနေပြီဖြစ်လို့ သမိုင်းအချက်အလက်နဲ့ အထောက်အထားက ခိုင်လုံတယ်လို့ယူဆမိပါတယ်။ သူတို့လူမျိုးက မှတ်တမ်းတိတိကျကျနဲ့လုပ်တာမဟုတ်ပါလား။
    ဒီသမိုင်းဆောင်းပါးကနေ မြန်မာတိုင်းရင်းသားတွေဘယ်လိုခံစားခဲ့ရသလဲ ခံစားနေသလဲ သိသာနိုင်ပါတယ်။
    မြန်မာ-မွန် စစ်ပွဲတွေကနေ သင်ခန်းစာယူသင့်ပါတယ်။ မြန်မာစစ်ဘုရင်ရဲ့ရက်စက်ခဲ့တဲ့လုပ်ရပ်တွေအတွက် နောင်အစိုးရအဆက်ဆက် မွန်တိုင်းရင်းသားတွေဆီက ခွင့်လွတ်မှုကိုတောင်းခံသင့်တယ်လို့ထင်ပါကြောင်း…။
    ( ခွင့်လွတ်မှုတောင်းခံတယ်။ခွင့်လွတ်တယ် ဆိုတာမျိုးက လူယဉ်ကျေးတွေရဲ့ လုပ်ရပ်ပါ။ ဒါကြောင့် ဂျပန်ဟာတရုတ်ပြည်၊ ကိုရီးယားတို့ကို အစိုးရအသစ်တက်တိုင်းတောင်းပန်လေ့ရှိပြီး ယူအက်စ်အစိုးရကလည်း တိုင်းရင်းသား အင်ဒီယန်းတွေကို ရက်စက်ခဲ့တာတွေအတွက် သာမန်နိုင်ငံသားထက်ပိုတဲ့အခွင့်အရေးတွေပေးရင်း အခွင့်သာတိုင်း တောင်းပန်လေ့ရှိကြတာပါ)

  • kopauk mandalay

    August 29, 2010 at 11:38 am

    ကျနော်ငယ်ငယ်က အပြင်စာကိုဖတ်တတ်အောင် ကျနော့်ကိုလေ့ကျင့်ပေးခဲ့တဲ့အကိုတစ်ယောက်ကပြောဘူးတယ်။
    သမိုင်းဆိုတာ အကြောင်းအရာတစ်ခုထဲကို မတူညီသော နှစ်ဖက်အမြင်နဲ့ကြည့်ကြတာပါ။
    ကိုယ်ကသူများကိုသွားတိုက်ခိုက်လို့ အောင်မြင်ရင်တော့ “တိုင်းပြည်နယ်ပယ်ကျယ်ဝန်းရန်အလို့ငှာ နယ်ပယ်ချဲ့ထွင်တော်မူသည်”လို့ရေးခဲ့ကြပြီး
    ကိုယ်ကိုသူများကလာဆော်သွားရင်တော့ “ရန်စကျူးကျော်၍မတရားစစ်ကိုဆင်နွဲ၍နယ်ချဲ့လာသည်” လို့မှတ်ချက်တွေပေးတတ်ကြပါတယ်။
    ကျနော့်အမြင်ကတော့ အခုလို အားလုံးပေါင်းစည်းဘို့လိုအပ်တဲ့အချိန်မှာ အရင်ကဖြစ်ခဲ့တာတွေကို သင်ပုန်းချေလို့ လက်တွဲကြဘို့အချိန်ရောက်ပြီလို့ထင်ပါတယ်။
    ကျနော်တို့မြန်မာရာဇဝင်ကို ဖတ်လိုက်ရင် အလကားနေရင်း စစ်တိုက် မိန်းမယူ မောင်နှမဝမ်းကွဲအချင်းချင်းပေးစားအာဏာလုနဲ့ဘဲပြီးသွားကြတယ်။
    အနော်ရထာ ၊ကျန်စစ်သား၊သာလွန်မင်းတရားတို့ကတော့ကောင်းတာတွေတော်တော်များများလုပ်သွားနိုင်တယ်လို့ထင်ပါတယ်နော်။

  • unclegyi1974

    August 29, 2010 at 2:07 pm

    စစ်ဖြစ်ပြီဆိုမှတော့ ၂ဖက်စလုံးကတော့ကိုယ်နိုင်အောင်တိုက်ကြတာပါဘဲ၊ ဘယ်ဖက်ကမှလျော့မတိုက်ကြပါဘူး။
    ိိုနိုင်တဲ့ဘက်က ရာဇဝင်ရေးတာပါဘဲ။

    ကွာခြားသွားတာကတော့ စစ်ပြီးတဲ့အခါ စစ်ရှုံးတဲ့လူတေ ွကို စစ်နိုင်တဲ့လူတွေက ပြုမူဆက်ဆံပုံတွေပါဘဲ။
    အနော်ရထာဘုရင်သထုံကိုစစ်အောင်ပြီးတော့ သထုံဘုရင်မနူဟာနဲ့တကွပိတက္ကဋ် ၃ ပုံ၊ ရဟန်းတော်များ၊
    ကျောက်ဆစ်ပညာရှင်များ၊ အစရှိသည်တို့ကိုပုဂံကိုယူဆောင်ပြီးသာသနာပြုပါတယ်။

    အခုဘုရင့်နောင် စစ်တိုက်တာကိုဖတ်လိုက်ရတော့မြန်မာသမိုင်းက ိုကအရင်ကတည်းက…..

    စိတ်မကောင်းပါဘူး။

  • Open up your eyes

    August 29, 2010 at 3:02 pm

    It sounds like everyone feels sorry for the Mon people. From Mon people’s stand point, Bamar (aka) Burman (aka) Burmese people are invaders who occupied Mon land for the last 250 years. Led by New Mon State Party (NMSP), Mon people are asking that they have control over some of the lands back, withdraw Bamar Military from the Mon State, so that Mon people can accomplish the followings:

    (1) Mon land must be administered and governed by Mon people.
    (2) Revenue or income from the sale of resources from Mon State must be controlled by Mon Government.
    (3) Withdraw South Eastern Military Command, and withdraw Burmese Military units from Mon land.

    You may not be able to read Mon people’s demands like above in the newspapers in Myanmar because of the government censorship, but the demands are real. I am sure similar demands exist from Rakhine, Karen, Chin, Kachin, Shan, Wa, Ko Kang, etc.

    If you become an important person in the Myanmar government, do you think that you will be able to agree with the above demands?

    If you agree, you will split Burma into 8 pieces.

    If you disagree, 60-year-old civil war of Burma will go on for the next 250 years.

    Have you ever thought about that?

  • ဆူး

    February 11, 2011 at 3:29 pm

    ဒီပိုစ်ကို အခုမှ ဖတ်မိတယ်။ ဖတ်ရတဲ့ အတွက် ဗဟုသုတ တကယ် တိုးပွားပါတယ်။

  • kai

    October 7, 2012 at 2:39 pm

    ရွာသူားများ.. ဖတ်မိစေဖို့.. ကော်မန့်ရေးပြီး.. ရှေ့ကိုပြန်တင်ပေးလိုက်တာပါ…။
    မူရင်ပို့စ်မှာ.. .. ကိုးကားထားတဲ့စာတွေကို.. ပြန်ရှာနိုင်ရင် ပြန်ရှာကြည့်ပေါ့နော..
    နှစ်ရာချီနေတဲ့..စာတွေချည်းပဲ..။
    မြန်မာ့သမိုင်းအမှန် သိလိုသူတွေအတွက်.. အင်မတန်အကျိုးရှိမယ်.. ပြောရဲပါတယ်..။

    ကျမ်းကိုး စာရင်း

    A. Dalrymple: Oriental Repertory
    D.G.E. Hall: The Tragedy of Negrais (Journal of the Burma Research Society XXII)
    R. Halliday: History of Kings (Journal of the Burma Research Society XIII)
    Sonnerat: Voyage aux Indes Orientales (1782)
    M. Symes: Embassy to Ava (1800)
    H.H. Wilson: Documents Illustrative of the Burmese War (1827)
    Emmanuel Guillon: The Mons, a Civilization of Southeast Asia (1999)
    ကုန်းဘောင်ဆက် ရာဇဝင်

    By Sunthorn Sripanngern
    continue from: “weak points of Mon during war with Burmese”

  • စိန်ဗိုက်ဗိုက်

    October 7, 2012 at 2:44 pm

    အတော်ဆိုးတဲ့ လူကြီး..
    ကြောက်ရှာကြီး..အီး..
    :eee:

  • kai

    October 7, 2012 at 2:46 pm

    အင်္ဂလိပ်လိုမူရင်းဖတ်လိုသူများအတွက်…

    The day before the fall of Hongsawatoi on 8 May 1757
    By Sunthorn Sripanngern

    Having defeated the Mons in Upper Burma, Alaungpaya pursued them southwards and in February 1755 entered Prome. By May of the same year he had entered Dagon. It would appear that Dagon escaped the worst of these disasters; no attempt was made by the Mons to hold the town and thus no fighting occurred, but there was as yet no general submission of the delta, and Dagon became the scene of a good deal of fighting. The Mons still held Pegu and Syriam, and Alaungpaya therefore made Dagon his headquarters from which an attack on Syriam across the water might be projected.

    But for the time being it was rather Syriam, which attacked Dagon. The Mons were better equipped than the Burmans in arms and ammunition, and had the further advantage of enjoying the assistance of the French establishment there, which was under the command of the Sieur de Bruno. Alaungpaya’s obvious course was to seek the assistance of the rivals of the French, the English who were now established at Negrais (at the mouth of Bassein River). And as early as March he had approached the head of the factory at Negrais, but his proposal was without effect, for the policy of the East India Company was to maintain strict neutrality in the contest, since their commitments in India were too great to allow of further liabilities elsewhere.

    After occupying Dagon Alaungpaya received a visit from Sieur de Bruno, who professed a desire to congratulate him on his conquests, but the king realized that no sincere assistance could be looked for from that quarter, and in June he dispatched a second mission to Negrais bearing various presents, and since then it seemed evident that the Burmans were the winning side, the English sent two officers to him with a present of, among other items, a twelve-pounder gun, three nine-pounders, eight shot, and four chests of powder.

    Meanwhile, Alaungpaya had persuaded the English shipwright, who was almost the only Englishman still resident at Syriam, to come to Dagon, and with him came four English ships that happened to be in the port. The English had suffered much at Syriam from the Francophile propensities of the Mons, and were doubtless glad to place themselves under the protection of the Burmans; so much so, that Alaungpaya appears to have received over assistance from them, for when in May, a week or two after the king’s arrival in Dagon, the Mons crossed the Pegu River and established a stockade at Tamwe to the northeast of the town, Alaungpaya had the aid of Indian soldiers from the four ships in expelling the Mon force. At the beginning of June another English snow “Arcot” (square-rigged vessel on which a large trysail is hoisted) appeared in the river in need of repairs, and the shipwright, “Stringfellow” by name, sent a message urging the captain, “Robert Jackson” to come to Dagon where the king would give every possible assistance. On the sixth June, “Arcot” anchored off Dagon. Alaungpaya was at once visited by a company’s officer, John Whitehill, who happened to be on board, and, Whitehill, gave him a present of a fowling-gun and two bottles of rosewater, the king extended to him courteous reception, promised the needed assistance of carpenters and caulkers, and also agreed to send river-boats to Negrais with letters.

    But Alaungpaya wanted a quid pro quo; the Mons had the aid of the French vessels that were in the port of Syriam, and under their protection might come up the river and attack Dagon; he therefore needed guns. So the following day he invited all the Englishmen of the various ships to come ashore, and in their absence sent men to demand all the guns, small arms, and ammunition that “Arcot” carried, as well as a statement of her cargo. Jackson, who had not gone ashore, replied that this demand was contrary to established usage and that rather than comply he would go to Syriam. The day after, the Burmans came and threatened to take the guns by force, but Jackson prepared to resist and made his ship ready to sail. Alaungpaya, having no desire to see his enemies strengthened by the accession of the English vessel, sent his son to explain that the demand was made under the apprehension that it was the custom at Syriam to land all arms, but that if it was not the custom the demand would not be persisted in. Nevertheless, the Burmans managed to get possession of all the arms and ammunition of the country vessel “Elizabeth” that had come up from Syriam before the arrival of “Arcot”.

    Alaungpaya was no doubt disappointed, but he could not afford to alienate the English at the moment, especially as the Negrais staff seemed well-disposed and sent him at this juncture a dozen muskets and some powder as a foretaste of the heavy guns which were to come later. Moreover, it was not possible for him to stay at Dagon any longer; a son of Mahadammayaza-Dipati had effected a rising in upper Burma, and Alaungpaya left Dagon towards the end of June to secure his authority in the north. The rains had begun, and perhaps those weather conditions would prevent much activity during his absence. He had taken measures for the safety of Dagon; a large force was left to hold the town under Zeyananda who had been appointed as Governor, and a moat and fortified gateways had been projected. He appointed about 15,000 men to maintain the post at Dagon. As he passed by every place, gave orders to call in the former inhabitants, and obliged them to build a number of fighting boats, in proportion to the number of the people.

    Although Alaungpaya did expect that all would be quiet at Dagon in his absence, he was disappointed, the Mons took advantage of his departure to make several attacks. Like Alaungpaya, they realized the effect which the English ships might have on the fortunes of the day, and even before Alaungpaya departed, they had sent a letter to Jackson stating that an attack on Dagon was impending and asking the English not to fire on their boats, and at the same time offered Jackson a friendly welcome at Syriam. Jackson, who was disturbed at the difficulties he had got into with the Burmans and was disgusted because the help in repairing his ship which Alaungpaya had promised had not been forthcoming, was inclined to listen to such suggestions. So he replied that he would not oppose the Mon forces and that he would come down to Syriam at the first opportunity.

    A few days afterwards the Mons attempted a surprise attack, their boats coming up the river with the night tide while another force crossed the Pegu River and advanced by land. The boats, however, were repulsed by the fire of the Burmans who lined the bank of the river, while the land force, finding that the Burmese post on the Pagoda Hill could be carried only by assault, and disheartened by the failure of the attack from the river, made only a feeble attempt. And after sporadic firing had gone on through the night and most of the morning, the Mons withdrew. By noon the attack was over. During this affair the English remained strictly neutral, but the Burmans suspected them for that very reason of favoring the enemy since Alaungpaya seems to have extracted from them some sort of promise that they would aid his men in the event of an attack.

    The Burmans were not far wrong in their surmise; a week later another message came from the Mons announcing a further attack, and to this Jackson and the other English officers replied that if the Mons would aid them to escape from Dagon they would give active assistance in the fight. They at the same time gave the Mons information about the strength of the Burmans, which consisted of eighty river-boats, of which nine were armed with guns, a Dutch Brigantine which they had commandeered and manned with their own men, and two guns mounted on shore. The Burmans, however, became aware of these conversations and demanded a definite assurance that if the Mons attacked the place the English would resist them. The English replied that without express orders from the Company they must remain neutral but that if the Mons attacked them they would assist the Burmans.

    The Burmans were far from being satisfied with this, and kept a strong guard of boats around the “Arcot” for several days. Meanwhile the Mons, assured of the assistance of the English ships which, they hoped, would give certain victory, prepared for battle. And early one morning, the Mon flotilla of two hundred boats and one snow, headed by two French vessels, could be seen down the river. They had dropped down the Pegu River with the tide overnight, and lay at the junction of that river with Hlaing River, waiting for the turn of the tide to carry them up to Dagon. As soon as daylight enabled the enemy to be seen, the Burmese commander sent an urgent message to Jackson demanding his support, but, in the words of Jackson, very little notice was taken of this application. Owing to the time of the tide, it was two o’clock in the afternoon before the flotilla arrived off the town.

    The French ships anchored and opened fire with their cannon while the Mon musketeers commenced firing at the Burmese boats. The Burmese had withdrawn their boats into a creek, probably the old creek running up to the Sule Pagoda, where they hoped to be protected by a small battery consisting no doubt of the two guns mounted on shore, the existence of which had been reported to the Mons that these guns had been placed behind hastily constructed works in a mango grove by the river bank. As soon as the firing commenced, the English ships also began bombarding the Burmese position, and unable to withstand the combined force of the enemy artillery, the Burmese were compelled to abandon their boats and took shelter among the mango trees. There they put up a determined resistance, and though their cannon were not well managed, nevertheless they managed to do some execution with their musketry that killed two Mons on board the “Arcot”. It appeared to the French and English that if the Mons had gone in shore they could have taken all the Burmese boats, but they were afraid to face the Burmese musketry at close quarters, and despite the persuasions of the Europeans they remained out in the stream.

    Firing went on until nightfall, and after dark the English ships moved farther out into the stream, to be out of range of the Burmese muskets. The bombardment went on for seven days, and then having exhausted their ammunition and achieved nothing. The attack had been ill managed, no diversion was made by any land force, and the Mons refused to engage in hand-to-hand fighting. Thus their seven days’ attack left the Burmese still in possession of their fortification. When the Mons returned to Syriam, the English ships went with them. Jackson, who had apparently gone to Syriam after the first day’s fighting, afterwards explained his conduct in preferring the Mons at Syriam to the Burmese at Dagon on the grounds that he was sick with dysentery and needed medical attention from the doctor attached to the French factory: there every thing was to be got for his assistance, at Dagon nothing nor had they seen a fowl since they had been there, and no water but what was very bad which had thrown him into a bloody flux and a strong fever. For the time being Dagon was safe, but its position was precarious, for now the Mons were reinforced by the English ships as well as the French.

    The king was greatly angered by the conduct of the English in assisting his enemies. When the mission from Negrais bringing the canon reached him at Shwebo in September, he expressed his wrath: “Your ships that were at Dagon with Mr. Whitehill, I treated with kindness”, he said, “and supplied them with what they wanted, and at my leaving that Place, to come here to keep our fast, desired him that in case it should be required in my absence, on an emergency, to assist my people; or at least not to join the Peguers against them; which though he promised to observe, yet was the first that fired on them”. This episode implanted in his mind a suspicion of the English which was never eradicated and which led to the massacre of the English at Negrais when opportunity offered four years later.

    Alaungpaya now sent a new commander, Minhla-Minkaungkyaw, to Dagon, who brought reinforcements with him and took energetic measures to improve the defenses. At Syriam, meanwhile, preparations were in hand for a further attack on Dagon, and the English were compelled to take part in this also, it being made clear to them that unless they rendered such assistance they would not be allowed to depart. The English had found the Mons if anything even less easy to deal with than the Burmans; the Mons also were suspicious of their good faith, and when the chief of the Negrais factory wrote demanding the surrender of four guns belonging to the English factory at Syriam, the Mon commander refused, saying that “he knew Mr. Brooke wanted to give them to the Burmans that he might get some Rubies from the Dagon Pagoda”.

    In December Dagon endured another onslaught of even greater magnitude than the last. Three English ships, one French ship, the snow belonging to the Mon King, and three hundred boats participated; while ten thousand men were landed to march against the fortifications on the Pagoda Hill and at the mango grove. The Burmans found it impossible to hold the town, and withdrew to their fort at the Pagoda. There they maintained themselves, and the Mons proved unable to dislodge them. When the Burmans sent down fireboats on the tide, the Mon flotilla and the European ships had to slip their cables and retreat; the land force, unsupported from the river, made an ineffectual attempt to storm the fort but was easily repulsed. So the attack was brought to an end. After this abortive effort the English ships were allowed to depart, though the Mons retained five of the Arcot’s guns.

    Here Sieur de Bruno proposed neutrality to Alaungpaya, which he did not respect; when the king marched on Syriam, where the fort was supposed to be impregnable, Bruno anchored his ship near the emporia and prepare to defend them against the Burmese. But soon Bruno proposed a new accommodation to Alaungpaya. The Mons intercepted the message and locked Bruno up in the fortress at Syriam. Alaungpaya took advantage of this and seized the emporia and the French ship.

    Then in July 1756 the council at Pondicherry decided to send two ships to Pegu, the “Diligent” and the “Galathee” with troops, munitions and provisions.

    Alaungpaya besieged the city and fort of Syriam and took them in July. The “Galathee” had already arrived at the Burmese coast but went up the Sittang instead of the Rangoon River. When this mistake was discovered and the ship was put back on the right course, it was too late; by the time that the vessel arrived at Syriam the city had already been fallen two days before. Alaungpaya forced Bruno to order the captain of the French ship to proceed to Rangoon. The captain’s papers proved that his cargo was intended for Banya Dala. The Burmese king thereupon put Bruno, captain and the officers of the Galathee to death, and took the soldiers prisoner, whom he intended to use against the capital, Pegu, together with the weapons that had been recovered.

    (The “Diligent” arrived six months later because adverse winds had blown her off course to the Nicobar Islands, and escaped in time.)

    In the mean time the Burmese troops instituted a scorched earth policy around Syriam and soon in the entire province. The villages were set on fire and all the Mons, who were easily recognized because of the way they wore their hair, were either killed or deported, depending on whether or not they were marketable. Once again nothing was left but smoking ruins, corpses, and harvests laid to waste. Only those settlements which gave themselves up before any of the troops arrived were spared by Alaungpaya and his men.

    When the sides began to parley, Alaungpaya offered to show clemency to the Mons, declaring that he was a divine reincarnation destined to become a Buddha. The last chance for reconciliation? The Mon king offered him his daughter. But it was only a ruse on the part of the Burmese, who hope it would get them inside the walls.

    The siege of Pegu was particularly bloody. The moats ran red with blood, and this was a fatal omen to the Mons who remembered what happened in 1538.

    The Mons rallied, but the firearms taken from the French did the rest, and on 8 May 1757 the city fell. The customary carnage and pillaging followed. Nevertheless, Alaungpaya spared the lives of the royal family, whom he held as prisoners. Most of the city was destroyed and it never recovered from the tragedy. If one is to believe Sayadaw Athwa, Alaungpaya took out his fury especially on the monks, three thousand of whom he ordered to be trampled to death by elephants and whose monasteries he pillaged. “The monks helped the city to resist,” he said. Even if this horror was exaggerated by the chronicle, by turning the monks over to wild beasts Alaungpaya made it clear that he wanted to destroy the culture of the Mon; from this date on the Mon language was vigorously discouraged in Burma.

    BIBLIOGRAPHY:

    A. Dalrymple: Oriental Repertory
    D.G.E. Hall: The Tragedy of Negrais (Journal of the Burma Research Society XXII)
    R. Halliday: History of Kings (Journal of the Burma Research Society XIII)
    Konbaungset Yazawin
    Sonnerat: Voyage aux Indes Orientales (1782)
    M. Symes: Embassy to Ava (1800)
    H.H. Wilson: Documents Illustrative of the Burmese War (1827)
    Emmanuel Guillon: The Mons, a Civilization of Southeast Asia (1999)

  • ဝင့်ပြုံးမြင့်

    October 8, 2012 at 2:13 am

    ဒီကိစ္စအပေါ်မှာ ဒေါက်တာလိုင်ဒါ ရေးထားတာ ပိုတိကျပါတယ်။ ဒေါက်တာလိုင်ဒါက D.G.E. Hall ကို အဆိုးဝါးဆုံးသမိုင်းမှတ်တမ်းတင်သူအဖြစ် ရေးသားထားပါတယ်။ အထက်က ဆောင်းပါးမှာ ရက်စွဲ အလိုက်ပြန် ကြည့်ရင် ဒေါက်တာလိုင်ဒါ ပြောတာ ပိုမှန်ပါတယ်။ မစ္စတာဝှိုက်ဟီးလ် ကိစ္စမှာ- ဝှိုက်ဟီးလ်က မဒရတ်စ်ကနေ ဟိုင်းကြီးကျွန်းအလာ သင်္ဘောမုန်တိုင်းမိတဲ့အတွက် ရန်ကုန်ကို ဆိုက်ကပ်ရပြီး အလောင်းမင်းတရားက အကူညီပေးခဲ့ပါတယ်။ ဩဂုတ်လလယ်မှာ မြန်မာနဲ့မွန် တိုက်ကြတော့ မြန်မာတွေကို တိုက်တဲ့လူထဲ ဝှိုက်ဟီးလ် ရှေ့ဆုံးက ဖြစ်နေပါတယ်။ အဲဒီသစ္စာမဲ့မှုကို အလောင်းမင်းတရား မခံချိဖြစ်ပြီး နောင် ၄နှစ်အကြာမှာ ဟိုင်းကျွန်းကို ချေမှုန်းတယ်လို့ ကိုလိုနီတွေက ဆွဲယူ မှတ်တမ်းတင်ထားခဲ့ပါတယ်။
    တကယ်က ဝှိုက်ဟီးလ်ကိစ္စမှာ မင်းတရားကဒေါသထွက်ခဲ့ပေမယ့် ဘုရင်ရဲ့ရေရှည်အမြင်မှာ ခလုတ်တံသင်း ဖြစ်လောက်တဲ့အဆင့်ကို မရောက်သေးပါဘူး။ ဒီကိစ္စဖြစ်ပြီးမှ ရှင်ဘုရင်က ကုမ္ပဏီတောင်းဆိုသမျှကို ပေးခဲ့တာပါ။ မဖြစ်ခင်က ပေးတာ မဟုတ်ပါဘူး။ ဝှိုက်ဟီးလ် ကိစ္စဖြစ်ပြီးမှ ရာဇသံရွှေပေကို ရေးတာပါ။ ဒီဂျီအီးဟော က အရှေ့အိန္ဒိယကုမ္ပဏီရဲ့ သူ့ဖာသာကျရှုံးမှုကို မြန်မာရှင်ဘုရင်ရဲ့ သံသယအဖြစ် ပုံပြောင်းပေးခဲ့တာပါ။
    အလောင်းမင်းတရားဟာ ဝှိုက်ဟီးလ်ကိစ္စကိုရော၊ ပုသိမ်မှာ ဘုရားကုန်းတော်ပေါ် အတင်းနေရာယူတဲ့ ဟိုး ကိစ္စကိုရော ရှေ့တန်းတင်မထားခဲ့ပါဘူး။ ဘုရင်ဟာ ကုန်သွယ်ရေး၊ သံတမန်ရေးကိုပဲ တကယ် အဓိက ထားခဲ့တာပါ။ ဒါကို သမိုင်းဆရာတွေ လိုသလိုပုံပြောင်းခဲ့တာ။ ရက်စွဲနဲ့ဖော်လိုက်တော့မှ ပေါ်လာတာပါ။
    —–
    ဒေါက်တာလိုင်ဒါရဲ့ စာတမ်းကိုသာ အပြည့်အစုံဖတ်ရပြီးရင် အားလုံးရှင်းသွားမှာသေချာပါတယ်။ ပြီးတော့ အလောင်းမင်းတရားဟာ မွန်တွေကို အညှိုးနဲ့ချေမှုန်းခဲ့တယ်လို့ ပြောလို့လည်း မရပါဘူး။ ဘာကြောင့်ဆို မွန်ဘုရင်က မြန်မာတွေအပေါ် ပိုရက်စက်ခဲ့လို့ပါ။ ဒါကြောင့် ဦးအောင်ဇေယျဟာ ထန်းလုံးတပ်ကို စတင်ဖွဲ့ စည်းပြီး မြန်မာပြည်ကို စုစည်းဖို့ ကနဦးခြေလှမ်းကို အမြော်အမြင်ကြီးစွာ စတင်ခဲ့ပါတယ်။ လက်နက် နိုင်ငံထူထောင်ရာမှ မြန်မာထက် မွန်က ပိုရက်စက်ခဲ့ပါတယ်။ အလောင်းမင်းတရားဟာ ဘုရင်ပီသတဲ့ ဘုရင်သာဖြစ်ပြီး ဘုန်းကြီးစိတ်ဝင်နေတဲ့ ဘုရင် မဟုတ်ပါဘူး။ အလောင်းမင်းတရားရဲ့ အားနည်းချက်ကတော့ ထီးနန်းဆက်ခံရေးကိစ္စကို သေချာမစီစဉ်သွားတာပါ။

  • surmi

    October 8, 2012 at 9:54 am

    သိပ်တော ့မပြောတတ်ဘူး ။ အဲ ဝေဖန်ရေးလည်းမလုပ်ချင်ဘူး
    အချက်အလက်းလေးတစ်ခုဆွဲထုတ်ရရင် မွန် မြန်မာ ပြဿနာဟာ
    အနော်ရထာ လက်ထက်ကတည်းကစခဲ ့တယ်ထင်ပါရဲ ့
    ခုထိ မနူဟာဘုရားအကြောင်းပြောပြပြီး မျက်ရည်ဝဲတဲ ့
    မွန်မိတ်ဆွေ တွေ ရှိနေသေးတယ် ။အတိတ်မှာ ဘယ်သူမှန်မှန်
    ဘယ်သူမှားမှား ခုချိန်မှာ စည်းလုံးနေဖို ့ပဲလိုပါတယ် ။

Leave a Reply