“မရောစကောင်း ရောစကောင်း”
“မရောစကောင်း ရောစကောင်း မရောင်းစကောင်း ရောင်းစကောင်း”
ရွှေမြန်မာတွေက ဆီအသုံးကြမ်းတယ်လို့ ဆိုနိုင်ပါတယ်။
“ဆီကိုရေချိုး ဆေးရိုးမီးလှုံ”လို့စာချိုးထားခဲ့တာသာကြည့်ရင်သိနိုင်ပါတယ်။
(ရွှေမြန်မာ =မြန်မာပြည်အတွင်းတွင်လက်ရှိနေထိုင်သူအားလုံးကို
ရည်ညွှန်းပါသည်)
မြန်မာနိုင်ငံမှာအများဆုံးသုံးတာက ပဲ ဆီ ဆိုတဲ့ မြေပဲဆီ။
အညာဘက်မှာတော့ နှမ်းဆီ ကိုအသုံးများပါတယ်။
ဆုံဆီ စစ်စစ်လေးများဆိုရင်အရမ်းမွှေးတော့ ကြိုက်ကြပါတယ်။
ဒါက ရှေးရှေးတုံးက အကြောင်းတွေပါ။
တိုင်းပြည်က လူမွဲစာရင်းဝင်ချိန်မှာတော့ မြန်မာပြည်သူပြည်သားတွေလဲ
အကောင်းကြိုက်ပေမယ့် အကောင်းမသုံးနိုင်တော့ပါဘူး။
မသုံးနိုင်ဆို ဝင်ငွေမှ မကောင်းတာကိုးဗျ။
အဲတော့ ပဲဆီအစား သူများနိုင်ငံက ထွက်တဲ့စားအုန်းဆီဆိုတာကို တင်သွင်းပြီး သုံးကြရပါတော့တယ်။
(ဒါကလဲ လူတစ်စုအတွက်ဖန်တီးယူလိုက်တဲ့ဈေးကွက်စီးပွားရေးပါ။)
စားအုန်းဆီ မှာ အခွံကထွက်တဲ့ အဆီက လူစားဘို့ပါ။
အစေ့ကထွက်တဲ့အဆီကတော့ ဆပ်ပြာချက်တာတို့ ဘာတို့လုပ်တဲ့ လုပ်ငန်းသုံးဆီပေါ့။
ဒါပေမယ့် ကျနော်တို့ ဈေးပေါတယ်ဆိုပြီးဝယ်စားခဲ့ကြတဲ့
စားအုန်းဆီကတော့
အခွံကထွက်သလား အစေ့ကထွက်သလား မသိပါဘူး။
နိုင်ငံခြားက တင်သွင်းခွင့် ရှိသူ တင်သွင်းပေးတာကိုဘဲ ဝယ်စားခဲ့ကြရတာပါ။
အစကတော့ ပေပါတွေနဲ့ဝင်ပါတယ်။
နောက်ယိုးဒယားဘက်ကတစ်ဆင့်ပုံးဝါခွံတွေနဲ့ ဝင်လာပါတယ်။
နောက်ပိုင်းမှာ ပုံးတွေ ပေပါတွေထက် ပိုပြီးဈေးပေါတဲ့
သင်္ဘော အောက်က ဝမ်းဘိုက်ထဲမှာထည့်လာတဲ့ ကန်ဆီ
ဆိုတာကြီးပေါ်လာပြန်တော့လဲ ဝယ်စားခဲ့ကြရတာပါဘဲ။
ဈေးပေါတာကိုး။
ပဲဆီဈေး နဲ့ စားအုန်းဆီ ဈေးက ကွာလေတော့ ကျနော်တို့ရွှေမြန်မာများမှာ
အကောင်းကြိုက်သော်ငြားလဲ ဈေး ပေါတာနဲ့နှစ်ပါးသွားခဲ့ကြရပါတယ်။
ဒါပေမယ့် စားအုန်းဆီစားတာ ဘာဖြစ်တယ် ညာဖြစ်တယ် ကျန်းမာရေးနဲ့မညီညွှတ်ဘူး
ဆိုတဲ့ အသံတွေ ကျယ်လောင်လာပေမယ့်လည်း အများစုကတော့စားအုန်းဆီနဲ့ဘဲ
စ ခန်းသွားနေရတော့ ပဲဆီ စစ်စစ်ဆိုပြီးရောင်းနေတဲ့ စက်သမားတွေမှာ
စက်လည်နိုင်အောင်မနည်းကြိုးပမ်းလို့နေရပါတယ်။
ပဲဆီနဲ့စားအုန်းဆီဈေးကွာတော့ ပဲဆီသမားက မရောင်းရတော့ပါဘူူး။
ဒီတော့ ပဲဆီနဲ့စားအုန်းဆီ ရောပြီး ဈေးလျှှော့ရောင်းပါတော့တယ်။
တစ်ယောက်က အစ တစ်ရာဆိုသလို စက်သမားအားလုံးနီးပါးရောပြီးရောင်းပါတယ်။
အင်မတန်မှ အညာခံရတာကို နှစ်သက်တဲ့ ရွှေမြန်မာတွေက
ရောထားတဲ့ဆီကို ပဲဆီလို့ တံဆိပ်တပ်ပြီးရောင်းမှ ဝယ်ပါတယ်။
ရောထားမှန်းလဲ သိပါတယ်။
မသိစရာလဲအကြောင်းမရှိပါဘူး။
ပဲဆီတစ်ပိဿာ ငါးထောင်ခြောက်ထောင်လောက်ရှိနေချိန်မှာ
တစ်ပိဿာ သုံးထောင်လောက်နဲ့ ဝယ်လို့ရနေရင် ရောထားတယ်ဆိုတာပြောစရာမလိုပါဘူး။
စားအုန်းဆီနဲ့ရောတာက နွေမှာအဆင်ပြေပေမယ့် ဆောင်းရောက်တော့ စားအုန်းဆီကခဲပါတယ်။
ဒီတော့ အေးတဲ့အချိန်မှာလဲ မခဲဘူး ပဲဆီထက်ဈေးပေါတဲ့ ပဲပုတ်ဆီ တို့ နေကြာဆီတို့ ဝါစေ့ဆီတို့ နဲ့ရောပြန်ပါတယ်။
ခက်တာက ပဲပုတ်ဆီတို့ ဘာတို့ ကအနံ့ပြင်းလေတော
ခက်တာက ပဲပုတ်ဆီတို့ ဘာတို့ ကအနံ့ပြင်းလေတော့ ဒီအနံ့တွေပျောက်အောင်
တရုပ်ဘက်ကဝင်လာတဲ့ ပဲဆီအနံ့ကို ထည့်ပါတော့တယ်။
အရင်က ဆီရောတယ်ဆိုတာက ပဲဆီထည့်ထားတဲ့ကန်ထဲကိုစားအုံးဆီသွန်ထဲ့လိုက်ရုံပါဘဲ။
တိုးတက်လာတဲ့ခေတ်မှာတော့ စက်ကြီးသမားများက ရိုးရိုး မရောဘဲ ဆီနှစ်မျိုးစပ်ပြီးမွှေစက်
ထဲမှာ ထည့်ပြီး ရောပါတယ်။
အနံ့ထည့်ပါတယ်။
အချို့တွေကလဲ ဆီမခဲအောင် ဆေးထည့် တယ်လို့ ပြောသံကြားဘူးပါတယ်။
ဒါတွေက စက်ကြီးသမားတွေမှ လုပ်နိုင်တာပါ။
ဒီအနံ့တွေ မခဲဆေးတွေက လူကိုအန္တရာယ်ပြုမပြုတော့ မသိနို်င်ပါဘူး။
ဘယ် ဓါတုဗေဒပစ္စည်း မဆို လူကို အနည်းနဲ့အများထိခိုက်စေတာကတေ့ာသေချာပါတယ်။
အကြမ်းဖျဉ်းပြောနိုင်တာကတော့ ရောင်းတဲ့ဈေးပေါလေ ပဲဆီပါဝင်တာနည်းလေ အခြားဆီတွေပါဝင်မူ့များလေလေပါဘဲ။
အခုလို ကျန်းမာရေး အသိစိတ်ဓါတ်တွေ မြင့်မားလာချိန်မှာတော့ ဈေးကွက်ထဲမှာဖြစ်သလိုရောင်းချနေတဲ့ ဆီတံဆိပ်တွေကို
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနကဆိုင်တွေမှာ ဈေးတွေမှာ လိုက်လံစစ်ဆေးပြီး စားသုံးရန်မသင့်တဲ့ဆီတံဆိပ်တွေ
ပဲဆီမဟုတ်ဘဲနဲ့ ပဲဆီသန့် လို့တပ်ထားတဲ့ တံဆိပ်တွေကို
သတင်းစာတွေ ဂျာနယ်တွေကနေ ပြီး ကြေငြာပေးပါတယ်။
အဲလိုကြေငြာတာခံလိုက်ရတဲ့ တံဆိပ်ကတော့ဈေးကွက်ပျောက်သွားတာရှိသလို
ပန်းပန်လျှက်ဘဲဆိုသလို ဈေးကွက်ထဲမှာ ဆက်လက်ခိုင်မြဲနေတဲ့
တံဆိပ်တွေလဲရှိပါတယ်။
ဒီနေရာမှာပြောစရာတစ်ခုရှိလာပါတယ်။
ရောနှောမထားဘူးဆိုတဲ့ ပဲဆီတွေကရော တကယ်စားသုံးလို့သင့်တော်ပါသလားလို့ မေးလာနို်င်ပါတယ်။
မြေပဲဆံဆိုတာ အင်မတန်မိူတက်တတ်တဲ့အမျိုးအစားပါ။
ဒါကြောင့်သူ့ကို မကြိတ်ခင်နေလှန်းရပါတယ်။
ဒါပေမယ့် ပဲဆီစက်အတော်များများကတော့ နေမလှန်းတာများပါတယ်။
နောက်မြေပဲဆံ အပုပ်တွေဝယ်ပြီးကြိတ်ပါတဲ့စက်တွေလဲရှိပါတယ်။
(မြေပဲဆံအကောင်းဈေးနဲ့ အပုပ်ဈေးကလဲ ကွာတယ်လေ)
ပဲဆီစက်သမားအချို့ကပြောသံကြားဘူးတာကတော့
ပဲအပုပ်စေ့ပါရင် အနံ့ပိုမွှေးပါသတဲ့။
ပုပ်မှတော့ မိူတက်နေမှာအသေအချာပါဘဲ။
အဲလို့ ပဲအပုပ် နဲ့ကြိတ်ပြီး ပုံမှန်ပဲဆီဈေးထက်လျှော့ရောင်းပါတယ်။
လေးဖြူတစ်ခါပြောဘူးတဲ့ အမျုးိအရင်းကြီးတွေက စိတ်မချရဘူးဆိုသလိုဘဲ မြေပဲဆံဘဲကြိတ်ပါတယ် ဘာမှမရောဘူးဆိုပေမယ့် မိူတက်နေတဲ့မြေပဲကလည်းကျန်းမာရေးထိခိုက်စေတယ်ဆိုတော့လဲ
မြေပဲဆီဆိုတိုင်း စိတ်မချရတော့ပါဘူး။
“ရောဆီတွေ မရောင်းရတော့ဘူး”ဆိုတဲ့အသံလေးတွေ
အခုရက်မှာကျယ်လောင်လွန်းပါတယ်။
ဒါကြောင့်လဲ စက်သမားတိုင်းက FDA ဂါထာရွတ်နေကြပါတယ်။
ဆီနဲ့ပါတ်သက်ပြီးအသက်မွေးဝမ်းကျောင်းပြုနေသူတိုင်းမျက်ခုံးလှုပ်နေကြပါတယ်။
ရောဆီမရောင်းရတော့ဘူးဆို ဘာသွားရောင်းတော့မလဲ ဆိုတဲ့အတွေးတွေနဲ့ပါဘဲ။
နယ်မြို့တွေမှာလည်း လွန်ခဲ့တဲ့နှစ်တွေကစားသုံးရန်မသင့်လို့ ကြေငြာထားခဲ့တဲ့ တံဆိပ်တွေကို မရောင်းရတော့ဘူးဖမ်းမယ်ပစ္စည်းသိမ်းမယ်ဆိုပြီး
လာလာပြောတော့ ဆီရောင်းရမှာကိုကြောက်နေပါတယ်။
တကယ်လက်တွေ့မှာတော့ အကြေငြာခံထားရတဲ့အချို့သောတံဆိပ်တွေက
သတ်မှတ်ညွှန်ကြားချက်များအတိုင်း ပြင်ဆင်ပြီး ဆက်လက်လုပ်ကိုင်နေကြပါတယ်။
ကုန်အမှတ်တံဆိပ်တစ်ခုကိုစားသုံးရန်မသင့်လို့ကြေငြာလိုက်ပေမယ့်
ပြုပြင်ပြောင်းလဲပြီးချိန်မှာ တော့ စားသုံးရန်သင့်ပါပြီလို့ ပြန်လည်ကြေငြာပေးလေ့မရှိပါဘူး။
တကယ့်ကိုလက်တွေ့ကျကျ ပြန်စဥ်းစားကြည့်ရင်
စားသုံးရင်မသင့် တဲ့ ဓါတုဗေဒပစ္စည်းတွေ(အရောင် အနံ့)
တွေကို ဖြစ်စေ အရည်အသွေးမရှိတဲ့ ဆီတွေကိုဖြစ်စေ
ရောင်းချတယ်ဆိုရင်တော့ ပိတ်ပင်သင့်ပါတယ်။
စံနစ်တကျ ရောနှောထားတဲ့ဆီကိုတော့ ရေးစေသင့်ပါတယ်။
ရွှေမြန်မာအများစုက တစ်ပိဿာ ငါးထောင်အထက်မှာရှိတဲ့
ပဲဆီသန့် ကို ဝယ်မသုံးနိုင်ပါဘူး။
ဈေးပေါတဲ့ဆီကိုဘဲ ဝယ်သုံးမှာပါ။
စားအုန်းဆီသက်သက် ကိုဘဲသုံးမယ့်အစား ပဲဆီ နဲ့အခြားဆီရောထား
တဲ့ဆီကို တော့ ဝယ်သုံးနိုင်ပါမယ်။
ရောနှောဆီ ကို လုံးဝမရောင်းရဘူးလို့ပိတ်ပင်လိုက်ရင်
အသေချာဆုံးအချက်က စားအုန်းဆီကိုဘဲ အများစုက
ဝယ်သုံးကြမှာပါ။
ဒါဆိုရင် ပဲဆီစက်အတော်များများ စက်မလည်နိုင်ဘဲရပ်ဆိုင်းသွားမှာပါ။
ဈေးပေါတာကို မရောင်းရ မသုံးရလို့ တားမြစ်ပိတ်ပင်နေမယ့်အစား
ဈေးကောင်းတာကို ဝယ်သုံးနိုင်တဲ့ ဝင်ငွေရှိအောင် ဖန်တီးပေးသင့်ပါတယ်။
လူတိုင်းသာ စားဝတ်နေရေးအတွက်ပြေလည်တဲ့ဝင်ငွေ
သုံးစွဲနိုင်ဘို့ လုံလောက်တဲ့ဝင်ငွေသာရှိနေရင်
ပေါချောင် မကောင်း ဆိုတဲ့ ပစ္စည်းကို သုံးပါဆိုတောင်မှ မသုံးပါ။
လူဆိုတာ တတ်နိုင်ရင် အကောင်းကြိုက်တဲ့သူတွေချည်းပါဘဲ။
မတတ်နိုင်လို့သာဈေးပေါတာကို သုံးကြတာပါ။
အဲတော့ နိုင်ငံသားတိုင်းလုံလောက်တဲ့ဝင်ငွေရအောင်
လူတိုင်းအလုပ်လုပ်ခွင့်ရအောင်လုပ်ငန်းတွေ ရှိနေဘို့ လိုအပ်ပါတယ်။
ဒါက အစိုးရ ရဲ့တာဝန်ပါဘဲ။
ပွင့်လင်းမြင်သာ အရာရာကို တံခါးဖွင့်ပေးနေတဲ့အချိန်မှာ
လူမူ့ရေး တက်ကြွသူအတော်များများက
အစိုးရမဟုတ်သော လူမူ့ရေးအဖွဲ့အစည်းတွေမှာ ထဲထဲဝင်ဝင်
လုပ်ကိုင်ဆောင်ရွက်နေတာ ဝမ်းသာစရာတွေ့ရပါတယ်။
မြန်မာပြည်မှာ ခေါက်ရိုးကျိုးနေတဲ့ ပြဿနာတစ်ခုက
အဖွဲ့အစည်းတစ်ခုခုမှာ ဝင်ပြီး ဆောင်ရွက်ခွင့်ရပြီဆိုရင်
အလိုလို အခွင့်ထူးခံလူတန်းစားတစ်ရပ်ဖြစ်သွားပါတယ်။
အဆင့်မမှီတဲ့ဆီကိစ္စတွေကို တက်ကြွဆောင်ရွက်နေသူများထဲမှာလဲ
ဟိုအရင်က ရောနှောဆီတွေကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချသူများလဲ
ပါကောင်းပါနို်င်ပါတယ်။
တကယ်ကောင်းစေချင်တယ်မှန်ရင် ဒီအဖွဲ့ဝင်တွေကိုယ်တိုင်ကလဲ
အဆင့်မီပြီး သန့်ရှင်းသောပဲဆီသန့်သန့် စစ်စစ် ကို ဘဲ ထုတ်လုပ်ရောင်းချ ဘို့လိုအပ်ပါတယ်။
ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားသော်ဆိုတဲ့ဥပမာလေးလိုပေါ့
ဦးဆောင်သူကိုယ်တိုင်ဖြောင့်မှန်မှ ကျန်သူတွေကို လမ်းမှန်ရောက်
အောင်ပို့ပေးနိုင်မှာမို့ပါ။
ကျနော်တို့ရွှေမြန်မာများ ဈေးကြီး တဲ့ ပဲဆီစစ်စစ် ကို ဝယ်ယူစားသုံးနိုင်တဲ့ ဘဝတွေကို ရောက်ကြပါစေလို့ ဆုတောင်းပေးနေပါတယ်။
ကိုပေါက်လက်ဆောင်အတွေးစဉ်
1716
10 comments
kai
July 2, 2016 at 8:13 am
လူတွေဦးနှောက်ဖွံ့ဖြိုးစေတဲ့.. အမဲသားလိုကျ မစားရ….။ လူငယ်လူရွယ်တွေ.. အသားဓာတ်ရစေတဲ့.. အသားနီတွေကျ.. ခြေလေးချောင်းရှောင်ကြ.. မစားရ..။
သက်သတ်လွတ်ဘာညာ လုပ်နေကြတဲ့.. အဝါဂိုုဏ်းသားတချို့များက…
… ဒါမျိုး..
လူ.. လူ… လူ့အသက်သေမှာ.. လူ့သက်တန်းတိုမှာမျိုးတွေကျ..ကန့်ကွက်.. ဝေဖန်တရားဟောကြရမှာကို…. လေသံတောင်မဟကြ..။
အင်း..
သချင်္ာမတတ်.. သိပ္ပံနားမလည်.. ခေတ်မမှီသူများကနေ… ဦးနှောက်မုဒိန်းကျင့်ထားတဲ့..
ဒီမိုး.. ဒီလေ.. ဒီလူတွေနဲ့တော့… ဒေါ်အောင်ဆန်းစုကြည်လည်း.. ဆယိုနာရဖြစ်ပြီထင်ပါရဲ့..။
အနိစ္စ.. ဒုက္ခီး…။ :k:
ဂျစ်စူ
July 2, 2016 at 3:41 pm
ဘသူမစားခိုင်းဒါလဲပြော
ကို့ဘာသာ ကို့အယူနဲ့ကိုယ် သနားလို့ ဘာလို့
ဘာသာအခြားဘက်ကဟာတွေ
နတ်တွေ မူလီတွေနဲ့ အမျိုးမျိုး မစားကြတာဘဲ ရှိတယ်
မစားနဲ့လို့ ပြောဘူး
နော်
ပြီးတော့
ဈေးကလဲ ကြီးတာကြီးကို တော်ယုံ မစားနိုင်ဘူးဟဲ့
မူမူခိုင်ရဲ့
ဆင်းရဲဘာဒယ်ဆိုမှ
ဝက်သား အမဲသား မစားရကောင်းလား
အပြစ်လာတင်နေဒယ်
အမဲနှပ်နဲ့ အလှူ လုပ်ကြည့်စမ်းစေ့ချင်ဒယ် ဂယ်ဘဲ
ပေါပေါလောလော လူတိုင်းစားနိုင်အောင်
ဘလိုလုပ်ပေးမလဲ ဆင်းစား အကျန်ပေးတာမျိုးကသာ
အပြုသဘောပိုဆောင်ပါလိမ့်မယ် မူမူခိုင်
ငါကွ
မြစပဲရိုး
July 2, 2016 at 8:30 pm
ထောက်ခံပါတယ် မောင်စိန်ပေါက်။
သူကြီးမင်း နောက်တစ်ခါ ရွှေပြည်သွားရင် အမဲသားဟင်း နဲ့ စတုဒီသာ ကျွေးကြည့်လေ။
လာစားမဲ့ သူမရှိရင် အဆ တစ်သန်း ပြန်လျှော် ပေးမယ်။
kai
July 3, 2016 at 2:22 pm
ကာယကံ..ဝစီကံ.. မနောကံမှာ.. မနော(စိတ်)ကအရေးကြီးဆုံး..။
သဘောက.. သဘောတရားရေးရာမှာ.. ထိုးသွပ်ခြင်းခံရပြီးမှတော့… ဆာယိုနာရပါခင်ဗျာ.. လို့..။
မြစ်ဝကျွန်းပေါ်တချို့ရွာတွေ.. မြို့တွေမှာ.. နွားသတ်လိုင်စင်ကို ဘုန်းကြီးတွေစုပြီးဝယ်တယ်..။
နွားသတ်ခွင့်မပေး..။
နွားမသတ်ရတော့.. အသားစားနွားလည်းမွေးမယ့်သူမရှိတော့..။
ဒါမျိုးဆိုတာက.. နှစ်ဆယ်စုနှစ်တွေချီ(မှ).. သက်ရောက်မှုရှိ(လာ)တာ..။
အခုပြင်.. အခုလည်းမဖြစ်..။ နောင်.. မျိုးဆက် ၁ခု..၂ခုသွားမှ…။
အနိစ္စ..။ 😥
စကားအတင်းစပ်..။
ဒီနေ့ပဲ.. အသက်၇ဝတန်း ဘာသာသာသနာ တသက်လုံးလှူတန်းခဲ့သူတဦးနဲ့စကားပြောဖြစ်တယ်..။
ဝိပဿနာကို တီထွင်သူ နွားမေတ္တာစာရှင်.. လယ်တီဆတော်ကြီးအကြောင်းတောင်နည်းနည်းသိလိုက်ရသေး..။ အင်္ဂလိပ်ပေးတဲ့ဘွဲ့ ပထမဆုံးရတဲ့ ဆတော်ကြီးပေပဲ..။
တောင်ပုလုဆတော်ကြီးဆို.. ဝိပဿနာအကြောင်းဟောမယ်ပြောမယ်ဆို.. ငါ့ကျောင်းကိုမလာနဲ့လို့.. မဟာစည်ဆတော်ကြီးကို ဆိုဖူးတယ်တဲ့..။
ပိုသိသူတွေ.. မျှပါဦး..။ :k:
မြစပဲရိုး
July 3, 2016 at 9:55 pm
နွားမွေးဖို့ မြေ နဲ့ အသားစားနွား တွေ သူကြီး အရင်းအနှီးပေးလေ။
ဘယ် ဘုန်းကြီး က မှ လာ မနှောက်ယှက်စေရဘူး။
တာဝန်ခံပေးမယ်။
အခုဟာက အသားစားနွား မွေးဖို့ အတွက် အစိုးရ ကိုယ်တိုင် ကမှ အားမပေးတာ။
ဦးသိန်းစိန် ရဲ့ နို့စားနွား တွေ လောက်ဘဲ အကြီးအကျယ်လုပ်ဖို့ ပါမစ် ရ နေတာကိုး။
kai
July 4, 2016 at 3:45 am
ဒုက္ခပါပဲအရီးလတ်ရယ်..။
အနှစ်၁၀၀ဝ သက်တမ်းရှိတဲ့ကျိန်စာကို မိနစ်ပိုင်းလေးလောက်စာရေးပြီး.. တာဝန်လာခံနေတယ်..။
အနိစ္စ… :k:
မြစပဲရိုး
July 4, 2016 at 4:43 am
သူကြီး ပြောတဲ့ နွားမွေးရေး ကတော့ ဗိုလ်ချုပ်တစ်ချို့ နဲ့ သိရင် အလုပ်ဖြစ်ပါတယ် မဟုတ်လား။
အရင်းအနှီးသာပေး နှစ် တစ်သန်းကျိန်စာ ကို တောင် တာဝန်ယူပေးမယ်။ ဒုက္ခ… 😉
ကိုပေါက်(မန္တလေး)
July 4, 2016 at 10:09 am
ကျနော်ကတော့ ဘာမှမရှောင်ဘူး အကုန်စားတယ်
Thint Aye Yeik
July 4, 2016 at 12:14 pm
ဒီမှာက ဘယ်ဟာတွေက အရောအနှော ဘယ်ဟာတွေက မစားသင့် စားသင့် စသည်ဖြင့် မသိမဟုတ်။ သိကြပေမဲ့ စာသင့် သုံးသင့်တာတွေက ဈေးကြီးနေတာရယ်
အစစ်အမှန်ကို ရှာရခက်နေတာရယ်ကြောင့်
မစားသင့်လည်း စားကြ။
မသုံးသင့်လည်း သုံးကြရ။
ကိုယ်လိုရာကို လိုသလို ရအောင် လုပ်ယူနိုင်စွမ်းရှိတဲ့ ငွေရှင်ကြေးရှင်ကြီးတွေသာ…နေလို့ထျုင်လို့ကောင်းတဲ့တိုင်းပြည်ကို ဖြစ်လို့
အောင် မိုးသူ
July 5, 2016 at 12:21 pm
ဟိုသီချင်းလေးပဲ သတိရမိ….
ဘရိတ်ဖတ်စားချိန်တန်လာ……… ပဲပြုတ်လေးခေါ်ဝယ်ကာ………စားမယ်ကျန်လည်း နံတယ်ကွာ။