ပရိတ်စွမ်းအင် အသက်ရှင်

Yin Nyine NwayAugust 29, 20101min900

ပရိတ်စွမ်းအင် အသက်ရှင်

ကျွန်မသည် ဝန်ထမ်းတဦးဖြစ်၍ လပတ်၊ သုံးလပတ်နှင့် ရံဖန်ရံခါ လိုအပ်သလို အစည်းအဝေးများ တက်ရောက် ရ၏။ ထိုအစည်းအဝေးများကို တက်ရောက်ရာတွင်လည်း ကား၊
သင်္ဘော စသည်တို့ဖြင့် သွားရောက်ရသော နေရာများ ဖြစ်၏။ ရေလမ်း၊ ကုန်းလမ်းများ၏
လမ်းခရီးအန္တရာယ်ကို ကြောက်ရွံ့တတ်သော ကျွန်မသည် ဓာရဏပရိတ်ကို စာအုပ်ကြည့်၍
ရွတ်ဆိုသွားလေ့ရှိပါသည်။ တာဝန်များ ဆောင်ရွက်နေရသည့်အချိန်များ
အကြားတွင်လည်း ဓာရဏပရိတ်ကို နေ့စဉ် အနည်းဆုံးတခေါက်တော့ ရွတ်ဆိုမိသည်။
သို့သော်လည်း အစအဆုံး အလွတ်ရခြင်းတော့ မရှိသေးပါ။

ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု-ဟူသည့် ပထမအပိုဒ် (အချုပ်) ကိုသာ ဌာန်ကရိုဏ်းကျကျ မိမိရရ ဆိုမိနေခြင်းဖြစ်သည်။

ရုံးလုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ်တွင်လည်း ထိုပထမပိုဒ်ကို နှုတ်မှလည်းကောင်း၊ စိတ်မှလည်းကောင်း ရွတ်ဆိုမိတတ်ပေသည်။ တနေ့တွင် ကျွန်မ
အကြီးအကျယ် ဖျားပါသည်။ သူငယ်ချင်း ဆရာဝန်၏ ဆေးခန်းသို့ သွား၍
ဆေးထိုးရပါသည်။ ဆရာဝန်က ပယ်နယ်စလင် တည့်မတည့် စမ်းသပ်ပါသည်။ စမ်းသပ်ပြီး
တည့်သဖြင့် ကျွန်မကို ပယ်နယ်စလင် ထိုးပေးပါသည်။

ဤသို့ကုသသဖြင့် ကျွန်မ၏အဖျားရောဂါလည်း သိသိသာသာ သက်သာလာပါသည်။ ဆေးပတ်လည်စေရန် သုံးရက်ဆေးထိုးပေးပြီးနောက်ပို

င်းတွင်လည်း
ပိုမိုကောင်းမွန်စေရန် ဆရာဝန်က နောက်တရက်ဆေးထပ်ထိုးဖို့ ပြောရာ
လိုလိုလားလားပင် လက်ခံလိုက်ပါသည်။

စတုတ္ထမြောက်နေ့ ညနေတွင် ထိုးလက်စ ပယ်နယ်စလင်ကို ကျွန်မအား ထိုးပေးပါသည်။ ဆေးထိုးပြီး၍ ခုတင်ပေါ်မှဆင်းရန် ခြေချလိုက်စဉ်တွင် ကျွန်မလည်ပင်းတဝိုက်
ယားယံလာပါတော့သည်။ ဆရာဝန်အား ပြောပြသောအခါ ခုတင်ပေါ်သို့ ပြန်တက်စေပြီး
စမ်းသပ်မှုပြုပေးပါသည်။

ထိုအချိန်တွင် ကျွန်မမျက်နှာပြင်ပေါ်၌ မီးလောင်ဖုများလို ဖြစ်ပေါ်လာသည်။ နားရွက်များလည်း ထူပူလာ၏။ နှုတ်ခမ်းများမှာလည်း ရွစိရွစိဖြစ်နေသည်။
မျက်စိများကလည်း ဝေဝေဝါးဝါး ရှိနေ၏။ ခြေထောက်နှစ်ချောင်းကလည်း
ထိန်းမရတော့ဘဲ တဆတ်ဆတ်တုန်ခါလျက် ကွေးချည်ဆန်ချည်ဖြင့် အကြောများ
ဆွဲသကဲ့သို့ ဖြစ်လာသည်။ သို့သော် သတိတော့ မလစ်ပါ။

ဆရာဝန်က ကျွန်မကို အသားဆေးနှစ်လုံးနှင့် အကြောဆေးတလုံး ထိုးပေးသည်။ ပါးစပ်တွင်းသို့လည်း ပိုက်ဆင်၍ ချက်ချင်း ဆေးရည်များသွင်းပေးသည်။
သွေးပေါင်ချိန်ကို တချိန်လုံး တိုင်းနေပါသည်။
ဆရာဝန်၏ နှုတ်ကလည်း ကျွန်မကို စိတ်အာရုံပြောင်းစေသောစကားများ တတွတ်တွတ် ပြောနေ၏။ ကျွန်မကလည်း သူငယ်ချင်းဆရာဝန်အား သူငယ်ချင်း၊ ကိုယ့်ကို
လိုအပ်သလို ဂရုတစိုက်သာ လုပ်ပေးပါ။ ကိုယ်မကြောက်ပါဘူး။ မင်းသာ သတိနဲ့
ဆောင်ရွက်ပေးပါ-ဟု ပြောလိုက်သည်။

ကျွန်မသည် ခုတင်ပေါ် ပြန်တက်လိုက်ရသည့်အချိန်ကတည်းကပင် ဓာရဏပရိတ် ပထမအပိုဒ်ကို ရွတ်ဆိုနေပြီးဖြစ်ပါသည်။ ထို့နောက်လည်း ခေါက်တုံ့ခေါက်ပြန်
မရပ်မနား ရွတ်ဆိုနေမိပါသည်။

ည ၇-နာရီခန့်တွင် ဆရာဝန်က ကျွန်မအား သောက်ဆေးများပေး၍ စိတ်ချရပြီ၊ ပြန်နိုင်ပြီ-ဟု ဆိုပြီး ပြန်လွှတ်လိုက်ပါသည်။ အိမ်သို့ရောက်ပြီးနောက်
ကျွန်မသည် တညလုံးပူလောင်၍ လူးလိမ့်နေရသည်။ မိုးလင်းချိန်တွင်
နေသာသွားပါသည်။ အသက်အန္တရာယ်မှ ကင်းလွတ်ခဲ့ရပါသည်။ မျက်နှာပြင်တွင်လည်း
မည်သည့်အဖုအပိန့်မျှ မကျန်ရစ်ခဲ့ပါ။

ကျွန်မ ယုံကြည်ပါသည်။ ဓာရဏပရိတ်၏ ဂုဏ်တော်တန်ခိုးတော်ကြောင့် ကျွန်မ အသက်ရှင်လာခြင်း ဖြစ်သည်ဟု ယုံကြည်ယူဆမိပါသည်။ ဓာရဏပရိတ်တော်၏
ပထမအပိုဒ်ကလေး ရွတ်ဆိုနိုင်ရုံမျှနှင့်ပင် မိမိအသက်ကို ကယ်တင်နိုင်ခဲ့သည်ဟု
သိရသည်မှစပြီး ဓာရဏပရိတ်တသုတ်လုံးကို နေ့စဉ်ရွတ်ဆိုခဲ့ရာ
ယနေ့တိုင်ဖြစ်သည်။ ယခုမူ ဓာရဏပရိတ် တသုတ်လုံး အလွတ်ရွတ်ဆိုနိုင်ပြီ
ဖြစ်ပါသည်။