Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့ သင်ပုန်း – ဩဂုတ်လ ၂၀၁၆

kaiJuly 22, 20161min100122

ဤကမ္ဘာမြေရှိ နိုင်ငံတိုင်း သမိုင်းရှိသည်။ သူရဲကောင်းရှိသည်။ တိုင်းပြည်တည်ထောင်သူ ဖခင်ရှိသည်။ အမျိုး၊ဘာသာ၊သာသနာကွဲပြားခွဲခြားမှုရှိသည်။ ခွဲရေး-တွဲရေးကို ရင်ဆိုင်ကြဖူးသည်။ ဖြေရှင်းကြရဖူးသည်။
အာဇာနည်နေ့ဟူ၍ကား ကမ္ဘာ့နိုင်ငံပေါင်း၁၉၆နိုင်ငံတွင် မြန်မာ၊ အိန္ဒိယ၊ နီပေါ၊ ဗီယက်နမ်နှင့် အစ္စလမ်မစ်နိုင်ငံများပါသော ၂၃ နိုင်ငံ၌သာကျင်းပကြလေသည်။
တကယ်တော့ အာဇာနည်ကို မြန်မာဖွင့်ဆိုပုံနှင့် Martyr အဖြစ်အင်္ဂလိပ်ဘာသာစကားနှင့်ဖွင့်ဆိုခြင်းတွင်လည်းမတူ။

အာဇာနေယျ-အာဇာနည်

ဒီပင်္ကရာဘုရားရှင်လက်ထက်တော်က သုမေဓာရှင်ရသေ့ (ဂေါတမမြတ်စွာဘုရားလောင်း) အား ”အာဇာနေယျော=အံ့ဩလောက်အောင် တွေ့ရမြင်ရခဲသူပါတကား”ဟု ဆိုပြီး ဝိုင်းအသိအမှတ်ပြုရာမှ အာဇာနည်စကား စခဲ့သည်။ – (ဓမ္မဘေရီ အရှင်ဝီရိယ)
အင်္ဂလိပ်စာအဖွင့်တွင်မူ Martyr : A person who is killed because of their religious or other beliefs. ဟုဖွင့်ပါ၏။
သို့ဆိုသော် မြန်မာတို့၏အာဇာနည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင်တကွ ကျဆုံးလေပြီးသော ခေါင်းဆောင်များသာမက ၁၉၈၈ လူထုအုံကြွမှုကြီးတွင် မိမိယုံကြည်ချက်အတွက် အသက်ပေးလိုက်သူများကိုလည်း ရည်ညွှန်း၍ရမည်။ မြန်မာ့မြေသည် အာဇာနည်-ဝေစည်လှသောတိုင်းပြည်တည်း။

ဗိုလ်ချုပ်ပေးသောထပ်ဆုလာဘ်

ယခုနှစ်တွင်အာဇာနည်နေ့နှင့် ဝါဆိုလပြည့်-သစ္စာလေးပါး အမှန်တရားကို ဗုဒ္ဓစတင်ဟောကြားသော ဓမ္မစကြာနေ့တို့ တရက်တည်းထပ်ကျသည်။
အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကောင်းမှုအစုစုတို့ကို အမျှဝေခြင်းကို အမှတ် ၅၄  ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်ကျင်းပရာတွင် လက်ရှိမြန်မာနိုင်ငံရေး၏ တာဝန်အမြင့်ဆုံးပုဂ္ဂိုလ်အားလုံးတက်ရောက်ကြခြင်းဖြင့် မော်ကွန်းတင်လိုက်ပါသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ပါသည်။ ကာချုပ်ဟောင်း ဦးတင်ဦးပါသည်။ ဒုတိယသမ္မတ ၂ဦးပါသည်။ လွှတ်တော်၂ရပ်၏ ဥက္ကဌ၂ဦးပါသည်။ သူရဦးရွှေမန်းပါသည်။သူတို့ သီလဆောက်တည် တရားနာကြသည်။ မြန်မာ့ဓလေ့ယဉ်ကျေးမှုအရဆိုပါလျှင် သံသရာအဆက်ဆက်တွင် ရေစက်ဆုံသွားကြပါလေပြီ၊
လွန်ခဲ့သော ရက်သတ္တပါတ်များကပင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ကို ခပ်စိတ်စိတ် ယှဉ်တွေ့နေရပေရာ မြန်မာ့နိုင်ငံရေးတွင် အကောင်းဖက်ပြောင်းယူမည့် နိမိတ်တို့စနေပြီ်ဟုဆိုချင်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစုပင်လုံ

မေ ၃၁ ရက်စွဲဖြင့် သမ္မတဦးထင်ကျော်လက်မှတ်ထိုးထားသည့် ကြေညာချက် ၂ ခုအရ မြန်မာပြည်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပမည်ဖြစ်ပါသည်။ ထိုမှသည်ဖယ်ဒရယ်ပြည်ထောင်စုဆီသို့သွားမည်ဖြစ်ကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူလကြေငြာချက်တွင်ရှိသည်။

ဇူလိုင် ၁ရရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးစု ဖယ်ဒရယ်ကောင်စီ (UNFC)တို့တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
ထိုပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ “တောင်းချင်တာ တောင်းပါ။ ဒါပေမဲ့ တောင်းတိုင်း အကုန်ပေးနိုင်မယ်လို့တော့ အာမမခံဘူး” ဟုပြောကြားခဲ့ရာတွင် (UNFC) ၏နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင် ခူဦးရယ်က “တိုင်းရင်းသားများမှာ တောင်းစရာမရှိသလို မရှိသလို ပေးစရာလည်းမရှိပဲ တိုင်းပြည်ကြီးအား အတူတကွ ငြိမ်းချမ်းတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ကိုသာ အလိုရှိတယ်” ဟု နောက်တနေ့သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။

ပေးစရာ ရှိကြသလော

လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်ကြီးအဖြစ် အဦးဆုံးတိုက်ခဲ့သော ကရင်တို့လည်းစစ်ပန်းခဲ့ပြီ၊ စစ်စားရိပ်အတွက် ဝိုင်း၍ထုတ်ယူခဲ့သဖြင့် တောနှင့်သယံဇာတသာမက လုပ်အားထုတ်နိုင်သော လူသားအရင်းအမြစ်တို့လည်း လျှော့နည်းကုန်ပေပြီ။
သို့သော် China စိန့်ပြည်နှင့်ဆက်စပ်နေသော လက်နက်ကိုင်များကား စွမ်းလာဟန်ရှိသည်။  ငွေကြေးနှင်စစ်အင်အားတောင့်လာသဖြင့် လက်ဆသွေးလာသော စိန့်ပြည်နှင့်လည်း ဘာသာစကားတူ၊ မျိုးဇာတိနွယ်ယှက်စပ်နေပေရာ လွန်စွာသတိထားရမည့်အနေအထားဖြစ်သည်။ စိန့်ပြည်သည် သူ၏မဟာဗျုဟာများကို အန်ချစပြုနေပြီဖြစ်ပါသည်။ South China Sea တွင် လူလုပ်ကျွန်းထောင်ကာ ရေပိုင်နက်အုပ်စိုးမှုပြုခြင်းကို အကြောင်းပြု၍ နို်င်ငံတကာ၏ဆုံးဖြတ်ချက်ကိုလည်း မလိုက်နာသေးပဲ အမေရိကပြည်ထောင်စုနှင့်ပင် ဆက်ဆံရေးတင်းမာလာဟန်ရှိသည်။ သို့ဖြင့် ကမ္ဘာ့ဒေသန္တာရအခြေအနေအရ တိုင်းရင်းသားလက်နက်ကိုင်များတွင် မယူတတ်လျှင်ပေးစရာရှိလာနေပေပြီ။ Proxy စစ်ပွဲတို့တည်း။

အမျိုး၊ဘာသာ၊သာသနာ

ကိုးကွယ်ရာသာသနာသည် လူတဦးစီ၏ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်သည်။ ပုဂ္ဂလိကခံယူယုံကြည်ချက်ဖြင့် အလိုရှိရာ ကိုးကွယ်နိုင်သည်။ သာသနာမယူ လွတ်လပ်သူလုပ်နိုင်သည်။ ဘာသာစကားသည်လည်း စိတ်ကြိုက်လေ့လာသင်ယူနိုင်သည်။ ဘာသာ။သာသနာနှင့် ကွဲပြကြသည်ကိုစေ့စပ်နည်းလမ်းသည် မလွယ်သော်ငြား ခက်ကားမခက်။
သို့သော် အမျိုးဖြစ်သော မျိုးရိုးဇာတိနွယ်သည် မွေးရာပါဖြစ်သည်။ ပြင်ပြောင်း၍မရ။ ပြင်ပြောင်း၍မရသော မွေးရာပါဇာတိနွယ်ဖြင့် နယ်နမိတ်ကို ခွဲခြားသတ်မှတ်ပေး၍ကားမရ၊ ခွဲခြားသတ်မှတ်ပေးနိုင်လျှင်လည်း ပဋိပက္ခတို့နှင့်အတိပြီးသော ဒေသဖြစ်လာမည်။
မြန်မာပြည်သည် အိပ်မက်ဆိုးဖြစ်နိုင်သော ပြည်နယ်အမည်ပေးစနစ်ရှိ၏။ ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ရခိုင်၊ရှမ်းဟူ၍ ပြည်နယ်အမည်တို့အားလူမျိုးအမည်နှင့်တွဲခေါ်ထားခြင်းတည်း။ လက်တွေ့တွင်မူ ကရင်နယ်တွင် မွန်နေသည်။ ကချင်နယ်တွင် ရှမ်းနေသည်။ ရှမ်းနယ်တွင် ကိုးကန့်၊ဝပြည်ရှိသည်။ မွန်ပြည်တွင်ဗမာရှိသည်။ ထိုသို့ဖြင့် တိုင်းရင်းသားပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေများဖယ်ဒရယ်ပြည်ထောင်စုအဖြစ်မည်သို့တည်ထောင်၍ နယ်နမိတ်မည်သို့ခွဲကြမည်နည်း။

ကမ္ဘာ့ယဉ်ကျေးမှုသမိုင်းတွင်မည်သို့ဖြေရှင်းကြပါသနည်း?
အမေရိကန်လူမျိုးဟူသည် သမိုင်းသက်သေအထောက်အထားအရ နှစ်ပေါင်း၅၀ဝ ကျော်ရှိခဲ့သော်ငြား ယခုခေတ်တွင်အမေရိကန်ကို လူမျိုးတမျိုးဟု တိတိပပအမည်မတတ်သေး။
အမေရိကမြေတွင်မွေးဖွားသူတိုင်းကိုအမေရိကန်တံဆိပ်တပ်ပေးလိုက်ခြင်းအားဖြင့် နေထိုင်ရာတိုင်းပြည်ကိုသစ္စာရှိသောသူတို့ကို မွေးထုတ်ရှင်သန်စေပါသည်။ အမေရိကန်တဦးအား နိုင်ငံမှထိထိရောက်ရောက်တာဝန်ယူသည်။ တာဝန်ခံသည် ထိုသို့ဖြင့် မြန်မာတို့လည်း မြန်မာ အမေရိကန်ဖြစ်လာသည်။
စစ်တမ်းသုတေသနများအရ အမေရိကမြေရောက်သော မည်သည့်လူမျိုးဇာတိနွယ်မဆို မျိုးဆက် ၃ခုရောက်လျှင်မူလမျိုးနွယ်မှေးမှိန်ပပျောက်ပါသတည်း။ လူမျိုးကို အမေရိကန်နိုင်ငံသားဟူသောပုဝါပါးဖြင့်အုပ်ကာ အစုထုတ်ပေးလိုက်ခြင်းပေးတည်း။ အောင်မြင်သောနည်းလမ်းအဖြစ်အတုယူသင့်သည်။

လူမျိုးအခြေပြု နယ်မြေပိုင်ဆိုင်မှု

မြန်မာပြည်၏ အဓိကပြဿနာသည် နဝတခေတ်တွင် တိုင်းရင်းသား၁၃၅ မျိုးခွဲထုတ်က Divide and rule သွေးခွဲအုပ်ချုပ်ထားခဲ့ခြင်းဖြစ်သည်။ ၂ယောက်ရှိလျှင် ၃ဖွဲ့ကွဲတတ်သော မြန်မာဇာတိနွယ်တို့တွင် ၁၃၅မျိုးအား ဖယ်ဒရယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စသဖြင့် မည်သို့စုစည်းခြင်း ဖြစ်နိုင်ပါမည်နည်း။
ဖယ်ဒရယ်ပြည်ထောင်စုကို လူမျိုးအခြေခံထားစုစည်းပြီး တည်ထောင်ရန် မဖြစ်နိုင်ပေ။ ၁၃၅မျိုးကို လျှော့ချပစ်ရမည်။
ယခုလို ၂၁ရာစုခေတ်တွင် လူမျိုးဆင်တူ ဗီဇသွေးတူ ၇၅% အထက်တူသူုများကို အုပ်စုထားပေးရန်လွယ်လှသည်။
မျိုးရိုးဗီဇစစ်စက်များလည်းရှိနေပြီ။ တံတွေးတစက်၊ ဆံပင်တဖြတ်မှသည် ထိုုထိုသူ၏ ဇာတိနွယ်ကို အပုံ၁၀ဝ ပုံ၁ပုံအထိ ဗီဇသိပ္ပံအစွမ်းဖြင့်လှမ်းကြည့်နိုင်သည်။
ကုသသမဂ္ဂ၏ စစ်တမ်းအရမူ လူ၏မူလ-ဟိုမိုဆက်ပီယံတွင် ယခုခေတ်၌မျိုးရိုးဇာတိသန့်သန့် ၁၀၀% ဖြင့်မရှိနေနိုင်ဆိုပါသည်။
သို့ဖြင့် မျိုးနွယ်ဇာတိကြောင့်ဖြစ်သော ပဋိပက္ခတို့ကို ဖယ်ချလျှော့ကျစေကာ မြန်မာ့မြေမှာမွေးဖွားသူတိုင်းအား One Burman အဖြစ်နှင့် အုပ်စုကြီး၈ခုထားကာ နယ်မြေများခွဲကြရန်ဖြစ်ပါ၏။

သို့ဆိုသော် လူမျိုးအားဖြင့် မြေပိုင်လိုသလော။ လက်နက်အင်အားဖြင့် မြေကိုယူလိုသလော ရှင်းလင်းသွားမည်ဖြစ်ပေသည်။
လူမျိုးဇာတိအားဖြင့် မြေပိုင်လိုသူများ အချင်းချင်း နယ်နမိတ်ပိုင်းခြားရန်လွန်စွာခက်ခဲရှုပ်ထွေးသော်ငြား အခြားတောင်းဆိုမှုများအတွက်မူ ညှိနှိုင်းအဖြေထုတ်ခြင်း များစွာလွယ်ကူပါသည်။

The war to end war

လူမဲများအား ကျွန်အဖြစ်ပြု/မပြုခြင်းမှအစပြုသော သမ္မတလင်ကွန်းလက်ထက်တွင်ဖြစ်ခဲ့သည့် အမေရိကန်ပြည်တွင်းစစ်ကြီးအား လူမသေ၊စစ်မဖြစ် တိုက်ရိုက်စေ့စပ်ညှိနှိုင်းခြင်းဖြင့် အပြီးသတ်ခဲ့သည်ကားမဟုတ်။ လက်နက်ကိုင်ကြ၍စစ်ဖြစ်လာလျှင် စေ့စပ်ဆွေးနွေးနည်းဖြင့် ဖြေရှင်း၍ကားမရစကောင်း၊ အနည်းဆုံးအားဖြင့် စစ်ကိုစစ်နှင့်ထပ်ကာသာ ရှင်းရပေတော့သည်။
၁၉၊၂ဝ ရာစုနှစ်များက လူမျိုး၊ဇတ်ပေါင်းစုံသော အိန္ဒိယ၊ အင်အားကြီး၍ ယဉ်ကျေးမှုသမိုင်းရှည်ကြာလှသော စိန့်တိုင်းပြည်။ မည်သို့ဖြေရှင်းထားကြသနည်း ၊ကြည့်နိုင်သိနိုင်သည်။ စိန့်ပြည်ထဲတွင် ကချင်တိုင်းရင်းသားများရှိသည်။ ရှမ်း၊ ဝ၊ကိုးကန့်တို့နေသည်။ ထိုင်းလူမျိုးတို့မည်သို့လုပ်ခဲ့သနည်း၊ သူတလူငါတမင်း စစ်ဘုရင်များ၊ ဆာမူရိုင်းများ၏ဂျပန်ပြည်အား တခုတည်းအဖြစ်အဘယ်သို့ စုစည်းတည်ထောင်လိုက်သနည်း။ အမေရိကပြည်ထောင်စုအား အဘယ်သို့ ပြည်ထောင်စုခဲ့သနည်း။

အာဏာသည်သေနတ်ပြောင်းဝမှလာသည်။ လက်နက်ကိုင်ထားသူများ အာဏာရှိနေသမျှ ဒီမိုကရေစီနိုင်ငံတည်ဆောက်၍မရ။
သို့သော် အနာဂတ်တနေ့တွင် စီးပွားရေးတောင့်တင့်၍ငြိမ်းချမ်းသောနိုင်ငံဖြစ်လာသည်နှင့် လူထုစွမ်းအားတို့ဖြင့်အင်အားတောင့်တင်းသော ပြည်ထောင်စုတပ်မတော်ကို တည်ဆောက်ရပေမည်။ ပြည်သူ့ငွေဖြင့် စစ်စရိပ်အသုံးအဆောင် လက်နက်ကောင်းလက်နက်ဆန်းများ ဝယ်ယူရမည်။ထုတ်လုပ်ရမည်။ လူထု၏ သားသမီးများထဲမှ စစ်သားများကိုလည်း ရယူရမည်။ ထိုတပ်မတော်သည် ပြည်တွင်းတရားဥပဒေစိုးမိုးရေးအတွက်သာမဟုတ် ပြည်တွင်းစစ်မှထွက်လေပြီဖြစ်သဖြင့် ကမ္ဘာ့ လူနှင့်စစ်အင်အားအကြီးဆုံးနိုင်ငံကြီး ၂နိုင်ငံကြားတွင် တိုင်းပြည်ခိုင်ခိုင်မာမာရပ်တည်ရေးအတွက် ဖြစ်ရမည်။ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ လုပ်သင့်လုပ်ကြရမည်။

အဆုံးတနေ့တွင် နိုင်ငံရေးသမားများကအုပ်ချုပ်ထားသော ပြည်ထောင်စုတပ်မတော်အား မြင်ရလိုပါ၏။
သိပ်မဝေးတော့ဟုထင်သည်။ သို့သော် ဒီမိုး၊ဒီလေ၊ဒီရေနှင့် ဤခရီးကားနီးလည်းမနီး။ လုပ်ရင်းကိုင်ရင်းနှင့်မိုးကြီးလည်းချုပ်မသွားစေချင်။

22 comments

  • မြစပဲရိုး

    July 22, 2016 at 4:34 pm

    ကိုယ့် မြန်မာ့ အရေး က လမ်းဆုံ က ကျော်လို့ ယုံကြည် အားထားလောက်တဲ့ တာဝန်ရှိသူ များ သူတို့ တာဝန် သူတို့ ယူနေကြပြီ မို့ သိပ်ပြီး အာရုံများစရာ မလိုလောက်တော့ဘူး ထင်ရဲ့။
    ဒါမှ အလုပ် မဖြစ်ခဲ့ရင်လဲ ဘာမှ မတတ်နိုင်တော့ သလောက်ဘဲ။

    လောလောဆယ် မှာ ကိုယ့်အရေး ထက် သူများ ကိစ္စ က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေရော။
    အခုဘဲ Donald Trump ရဲ့ New York Time အင်တာဗျူး ထဲ က ဆိုတဲ့ America First ဆိုတဲ့ brand-new modern term နဲ့ အပိတ်စာကြောင်း ကို ဖတ်အပြီး ခေါင်းထဲ မှာ မေးခွန်း တွေ အများကြီး ရောက်လာတယ်။

    TRUMP:
    Meaning we are going to take care of this country first before we worry about everybody else in the world.

    http://www.nytimes.com/2016/07/22/us/politics/donald-trump-foreign-policy-interview.html?_r=0

    ခေါင်းဆောင် တစ်ယောက် ရဲ့ My Coutry First အတွေးက ကောင်းပါတယ်။ သို့ပေနဲ့ နိုင်ငံ က ကိုယ့်ဟာကိုယ် ဘဲ နေခဲ့ တဲ့ နိုင်ငံလေး မဟုတ်ဘဲ
    အရာရာမှာ ဝင်ချယ်လှယ် နိုင်စွမ်း ပါဝါ နဲ့ ဝင်စိုးမိုး ခဲ့ပြီး ပြသနာ တွေ ရှိလာချိန် ခေါင်းရှောင်ထွက်ဖို့ လုပ်နေသလို ပါဘဲ။
    ကမ္ဘာဟာ ရွာ လို ဖြစ်ခဲ့မှတော့ သူများ အပူ ကလဲ ကိုယ့်ဆီ မီးကူး နေတာ မို့ အားလုံး ဆိုင် မရှင်းလို့ ကတော့ အေးချမ်းမယ် မထင်။
    TRUMP: If we cannot be properly reimbursed for the tremendous cost of our military protecting other countries, and in many cases the countries I’m talking about are extremely rich. Then if we cannot make a deal, which I believe we will be able to, and which I would prefer being able to, but if we cannot make a deal, I would like you to say, I would prefer being able to, some people, the one thing they took out of your last story, you know, some people, the fools and the haters, they said, “Oh, Trump doesn’t want to protect you.” I would prefer that we be able to continue, but if we are not going to be reasonably reimbursed for the tremendous cost of protecting these massive nations with tremendous wealth — you have the tape going on?

    SANGER: We do.

    HABERMAN: We both do.

    TRUMP: With massive wealth. Massive wealth. We’re talking about countries that are doing very well. Then yes, I would be absolutely prepared to tell those countries, “Congratulations, you will be defending yourself.”
    (ဂျပန် ကို ညွန်းနေတာ လို့ ဆိုရမယ်)

    အရင်လူတွေ ရဲ့ ပေါ်လစီ တွေ ငါနဲ့ မဆိုင်လို့ တွေးမဲ့အစား ပိုကောင်းအောင် ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ စိတ်ထားမရှိ တဲ့ လူ က တကယ်ဘဲ နိုင်ငံ အတွက် ရော အလုပ်လုပ် နိုင်မတဲ့လား?
    သူ့ အယူအဆ နဲ့ မတူ တဲ့ နိုင်ငံတွင်း ပါတီတွင်း က လူ တွေ နဲ့ ညှိနှိုင်း လုပ်ကိုင်တတ် မယ်လို့ ယုံကြည်နိုင်ရဲ့လား?
    လူမျိုး ဘာသာ ပေါင်းစုံ ပေါင်းစည်းထား တဲ့ နိုင်ငံတော် ဆိုတာ မှာ America First ဆိုတာ ရဲ့ အဓိပ္ပါယ်က လူဖြူကြီးစိုးရေးလား?
    (My coutry first နဲ့ အတူ White People First သဘော တွေ က တွဲတွဲ ပါလာနေတာ တွေ့ရလို့)
    တူရကီ က ဒီမိုကရေစီ အယောင်ဆောင် အာဏာရှင်စနစ် ကို သဘောကျ နေတဲ့ သူ့စိတ် ထဲ မှာ သူနဲ့ အမြင်မတူ သူ တွေ ကို ရှင်းဖို့ စိတ်ကူး နေပြီလား?

    ကင်ဂျုံအန်း နဲ့ ဗလာဒီမီရာ ပူတင် အပါအဝင် တကဲ့ အာဏာရှင်တွေ ရဲ့ လုပ်ရပ် ကို ခရက်ဒစ် ပေး နေတာ ဆိုရင်ဖြင့် အမေရိကန်ပြည်ထောင်စု ရဲ့ ဒီမိုကရေစီစနစ် ဟာ အန္တရာယ်ကြီး နေပါရော့လား။

    • kai

      July 22, 2016 at 4:46 pm

      ပိုက်ဆံမှမရှိတော့တာ…။
      တကယ်ကတော့ ပိုက်ဆံမရှိဘူးဆိုတာထက်… NATO က.. စစ်တိုက်တိုင်းသူတို့ ကိုတာကို မပေးသမို့… အမေရိကန်တွေဒေါကန်နေတာတော့ကြာပြီ..။

      America First! ကိုတော့ ကြိုက်သား..။ ဂျော့ဝါရှင်တန်သုံးခဲ့တဲ့စကားလေ..။ :k:

      • မြစပဲရိုး

        July 22, 2016 at 4:50 pm

        ဂျော့ဝါရှင်တန် က နိုင်ငံ ကို ညွန်းတာ အခု သူကတော့ White People တွေ ကိုပါ ညွန်းနေတာ မဟုတ်လား သူကြီး ရယ်။
        ကိုယ်က အဖြူ ဖြစ်နေရင်တော့ လက်ခံ နိုင်မလားတော့ မသိ။

        • kai

          July 22, 2016 at 4:56 pm

          ထရမ့်က… ဘီလီယံနာဘစ်ဇနက်သမား..။
          သူ့ကုမ္ပဏီမှာ.. လူပေါင်းစုံအလုပ်လုပ်တယ်…။ လူမျိုးစုံတဲ့.. နယူးယောက်မှာမွေးတဲ့သူ…
          အဖြူဦးစားပေးဆိုပေမယ့်… အမေရိကန်ဦးစားပေးမှာ…အသေအခြာပဲ..။

          အမေရိကန်ဆိုတာကို.. ဘယ်လိုခံစားသက်ဝင်ရသလဲဆိုတာ..သက်ဝင်အောင်လုပ်လိုက်သလဲဆိုတာ.. အပေါ်ကအယ်ဒီတာ့သင်ပုန်းမှာရေးထားတယ်..။

          အရီးလတ်တို့.. အင်္ဂလန်မှာတော့ စိတ်ချင်းကိုယ်ချင်းစာ.. နားလည်ရခက်မယ်..။
          မြန်မာ-အင်္ဂလိပ်မှမရှိတာကိုး…။
          အမေရိကားမှာတော့.. မြန်မာ-အမေရိကန်..။ ချိုင်းနီး-အမေရိကန်..။ ဂျပန်နီးစ်-အမေရိကန်..။ ဒါတွေက.. တရားဝင်အသုံးအနှုန်းတွေ..။

        • မြစပဲရိုး

          July 22, 2016 at 5:22 pm

          သေချာရဲ့ လား သူကြီးမင်းရယ်။
          အင်္ဂလန်မှာ က ခွဲမနေဘဲ သူတို့ နိုင်ငံသား ဆို British လို့ သာဖြစ်တာလေ။
          အတန်းအစား ခွဲမထားဘူး။
          သူကြီး တို့ ဆီမှာ က ခွဲ ထားတဲ့ သဘော က ပေါင်းစည်းချင်သူ တွေ အတွက် တစ်မျိုး မြင်လို့ ရသလို ခွဲခြားချင်သူ တွေ အတွက်လဲ တစ်မျိုး မြင်နိုင်တယ်။
          အိုဘားမား သမ္မတဖြစ်လိုက်တာ ကို မခံချိမခံသာဖြစ်သွားတဲ့ အဖြူကြီးစိုးရေးသမား တွေ ထရန့်ပ် နောက်မှာ အများကြီး လို့ ဆိုတာဘဲ။

          ကျွန်မ ဆိုလို နေတာ က
          သူကြီးမင်း တစ်ယောက် ထရမ့်ပ် နောက် ကို ယောင်ရမ်း လိုက် သွား မိမှာ စိုးလို့ ပြောနေခြင်းပါ။
          ကျွန်မ အသိထဲ ပညာတတ်လွန် မြန်မာ-အမေရိကန် ကလေးမလေး တစ်ယောက် ကတော့ ထရမ့်ပ် ကို ကြိုက်သတဲ့။
          ဘာလို့လဲ ဆိုတော့ immegrant တွေ ထပ်မလိုချင်လို့တဲ့။ 🙄

        • kai

          July 22, 2016 at 5:35 pm

          အင်္ဂလန်မှာ… အင်္ဂလိပ်တော့ဘယ်တော့မှမဖြစ်..။
          ဒီစကားကလည်း.. ကျုပ်စကားတော့မဟုတ်..။

          ထားပါတော့..
          မြန်မာတွေကို အရမ်းကူညီထားတဲ့.. အင်ဒီယားနားပြည်နယ်ဂါဗနာကိုယ်တိုင်… ထရမ့်ရဲ့ဒုသမ္မတနေရာကနေ.. ဝင်အရွေးခံမယ်ဆိုမှတော့.. သိပ်စိတ်ပူမနေနဲ့.. မြန်မာပြည်က.. မြန်မာ-အမေရိကန်… လူသောင်းဂဏန်း+ က.. ထရမ့်မဲထည့်မှာပဲ..။ :k:

        • မြစပဲရိုး

          July 22, 2016 at 7:10 pm

          စိတ်မပူပါဘူး သူကြီး ရယ်။
          ကျွန်မ က ပွဲကြည့်ပရိတ်သတ်ဘဲဟာ။

          မိန်းမ တွေ ကို နှိမ်တဲ့၊ ဂေး တွေ ကို မကြိုက်တဲ့၊ ကိုယ်ဝန်ဖျက်ချခြင်း ကိုကန့်ကွက်တဲ့၊ ကျောင်းသင်ခန်းစာ တွေထဲ ဘိုင်ဘယ်လ်ထည့်သင်သင့် တယ် ပြောတဲ့၊ Born again ခရစ်ယာန် လို့ ခံယူထားတဲ့
          သူ့ ကိုယ်သူ “a Christian, a conservative and a Republican” လို့ ဦးစားပေး အစဉ်အတိုင်း စီ ပေးထားတဲ့
          ဘာသာရေး ထိပ်စည်း ဒုသမ္မတ လောင်း နဲ့
          အာဏာရှင် တွေ ကို အားကျနေတဲ့၊ reality show တွေ ကို ကောင်ကောင်း ပြတတ်တဲ့
          နိုင်ငံ ကို တံတိုင်းခတ်ဖို့ ကြိုးစားမဲ့ သမ္မတလောင်း ရဲ့ လက်ထဲ မှာ လွတ်လပ်၍ မျှတသော လစ်ဘရယ် အမေရိကန်ပြည်ထောင်စုကြီး ရဲ့ အနာဂါတ် ကို တွေးကြည့်နေရုံပါဘဲ။

          ပိုကောင်းမလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ နော။

          ဆိုတော့
          စောင့်ကြည့်လိုက်ပါ သူကြီးမင်းရေ…။
          စောင့်ကြည့်လိုက်ပါ…။ :k: 😉

          ကျွန်မ လဲ ကိုယ့်အလုပ်ကို ပြန်လုပ်လိုက်ပါဦးတော့မယ်။ :-)))

  • ဂျစ်စူ

    July 22, 2016 at 9:34 pm

    အီခရီး ဝေးနေသေးသည်
    သို့သော်
    မိုးတော့ ချုပ်လိမ့်မည် မဟုတ်

    ဘိုးတော် ဂျစ် အိပ်မက် အရ ခန့်မှန်းလျင် လွဲခဲသည်

    • မြစပဲရိုး

      July 23, 2016 at 3:04 am

      လောလောဆယ် စက်ရပ်သတင်း အနေ နဲ့
      ပညာရေးမှာ စေတနာ ရှေ့ထားသင်ဖို့ ပြောလိုက်တာ ကို ဆတ်ဆတ်ခါ အနာပေါ် တုတ်ကျ ဖြစ်သွား တဲ့ ဆရာမ ဆိုတဲ့ သူ တစ်ချို့ ရဲ့ အပြော တွေကို မြင်ရတော့ ….

      လူတိုင်း လူတိုင်း ဟာ ကိုယ့် ထမင်းအိုးထိလာချိန် နေမြဲ အခြေအနေက နေ မပြောင်းလိုကြတာ လို့ ထင်ပါရဲ့။
      ကိုယ်လဲ အဲဒီ လို ဆရာမ နေရာ မှာ ဆို ဘယ်လို ခံစားရမယ် မသိ နိုင်တာမို့ …..
      ကိုယ်လဲ စာသင် ဆရာမ မဟုတ်တာမို့ …..

      လမ်းဆုံ ကျော်ပြီး လမ်းတစ်လမ်းပေါ် ရောက် အောင်တော့ တာဝန်ကျေ ခဲ့ပြီ မှတ်ပါတယ်။
      ကျန်တာ ကတော့ လက်ရှိ အစိုးရ နဲ့ နိုင်ငံတွင်းက ဝန်ထမ်း အကောင်အထည်ဖော် သူများ ရဲ့ တစ်ယောက်ချင်း တာဝန်မို့ လက်တွေ့မပါနိုင်တဲ့ အပြင်လူတစ်ယောက် အနေ နဲ့ ပါးစပ်ပိတ် ထားရတော့ မဲ့ အချိန်ပါဘဲ။

      ဒီမိုး ဒီလေ ဒီလူ တွေ နဲ့ ဒီ တောင် က ကျော်နိုင်ဖို့ ကို တော့ အမြဲဆုတောင်း ပေးနေပါ့ မယ် ချစ်သော မြန်မာပြည်။

      • kai

        July 23, 2016 at 3:32 am

        ဆုတောင်းတိုင်းသာဖြစ်ရင်လေ… အရီးလတ်ရယ်..။
        ပါးစပ်က.. ဒီအချိန်မျိုးမှာ အဖွင့်ထားရဆုံး.. လက်ကလည်း ဝင်အပါဆုံးလုပ်ရမယ့်အချိန်ပါ…။
        လူထုထောက်ခံထားတဲ့အစိုးရတရပ်ဟာ.. မြန်မာ့ထေရာဝါဒဘာသာရေးနဲ့တွေ့ရင်.. အာဏာရှင်ကိုပြောင်းသွားဖို့.. လွယ်လွန်းမက… ကို.. လွယ်..။ :k:

        • မြစပဲရိုး

          July 23, 2016 at 1:54 pm

          ကိုယ့်ဟာကို ပြန်သတိပေးတာပါ သူကြီးရေ။
          အခုအခြေ ဒေါ်အောင်ဆန်းစုကြည် ထိပ်တိုက်တွေ့လာမှာက Ethic ပိုင်းမှာ ချို့ယွင်းနေတဲ့ ဝန်ဆောင်မှု ပေးတဲ့ ဝန်ထမ်း အများစု ပါ။
          သူတို့ ကို ချွန်တွန်း လုပ်ပေးနေသူတွေ စကားလဲ ရှိနေတာ မြင်ရပါတယ်။
          ကိုယ်သာ အဲဒီ ဝန်ထမ်း နေရာမှာ ဆို ဘယ်လို စိတ်ရှိမယ် ၊ သူတို့ ဝန်ဆောင်နေရတဲ့ အခြေအနေတွေ အသေးစိတ် ဘာမှမသိ တာမို့
          ဒီ အရေးမှာတော့ ဝင်ပြီး ကြားဝင် စုံးမ လုပ်ဖို့ ခက်ပါတယ်။
          ဒီတော့ အစိုးရ က ဒီလို ဝန်ထမ်း တွေ ကို ပါအောင် လက် တွေ့ အလုပ်တွေ နဲ့ သိမ်းသွင်းနိုင်ဖို့လိုပါတယ်။
          ဒီမှာလဲ အစိုးရ မှာ ဘာတွေ ဘယ်လို အခက်အခဲ ရှိတယ် ဆိုတာ ကိုယ့် အခြေက မမြင်နိုင်ပြန်ပါဘူး။
          တိုင်းရင်းသား အရေးလဲ ဒီလိုပါဘဲ။
          ကိုယ်က သူတို့ အခြေအနေ သဘောသဘာဝ အားလုံး လက်တွေ့မမြင်နိုင်ဘဲ ရမ်းပြောရတာ မမှန်ဖို့ များပါတယ်။
          အခုချိန်က လမ်းပေါ်ရောက်ပါပြီ။
          မသိသူ တွေ က ဘေးက ရမ်းသမ်း ပြောဆို ဝေဖန်ဖို့အချိန်မဟုတ်တော့ပါဘူး။
          လက်တွေ့ရင်ဆိုင် နေရသူ တွေ ရဲ့ အသံ က ပိုပြီး ကျယ်ဖို့ လိုနေပါပြီ။
          ဒါကြောင့် အကောင်းဆုံးက အမှန်မသိနိုင်တဲ့ အပြင်လူ မို့ ကိုယ့်ပါးစပ် ကိုယ်ပိတ်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်တာဘဲ ကောင်းမဲ့အချိန်ပါ။
          လက်တွေ့ လုပ်နေရတဲ့ နိုင်ငံထဲ က လူ တွေ ကတော့ မှန်တာကို အသံကျယ်ကျယ် စေတနာထား ပြောဖို့ တိုက်တွန်းပါတယ်။
          ကွင်းထဲ လဲ မဝင်နိုင်သေးတာမို့ ကွင်းပြင်က မျှော်ကြည့်နေရတဲ့ ပွဲကြည့်ပရိတ်သတ် သာ ဖြစ်နေရ တာ ကို တော့ စိတ်မကောင်းပါဘူး။

          ထေရဝါဒ နေရာမှာ အပြာရောင်ဆိုး ချင်နေတဲ့ သူကြီး လဲ ပြောချင်ရင် တကဲ့ မဟန ဆရာတော်ကြီး တွေ နဲ့ ရ အောင် တွေ့ပြီး စကားပြောကြည့်ပါ။
          မဟုတ်ဘဲ နဲ့ ထင်ကြေး (သို့) အာဃာတ တစ်ခုကြောင့် အော် နေတာ ကတော့ Fair မဖြစ်ပါလေ။

        • kai

          July 23, 2016 at 1:58 pm

          အရီးလတ်ကတော့ အကြိမ်၁ထောင်ပြောလည်း.. ဒီပဲပြန်ပြန်ရောက်လာတာပဲ..။
          ထေရာဝါဒ .. မဟန.. ဓမ္မာကထိက.. ဆရာတော်ကြီးတွေနဲ့ တွဲပြီးအလုပ်လုပ်ခဲ့..မေးခဲ့တာ.. လွန်ခဲ့တဲ့ အနှစ်၃ဝလောက်ကတဲကပါဆို…။ အခုထိ… တာဝန်မပျက်..။

          ဆိုတော့..
          ထင်ကြေးနဲ့ချည်း..စွတ်စွဲနေတော့တာပဲ..။

          အနိစ္စ…။

        • မြစပဲရိုး

          July 23, 2016 at 2:53 pm

          ထင်ကြေး ဆိုတာ ကို ကျွန်မတို့ နှစ်ယောက် တစ်လှည့်ဆီ သုံးနေကြတာပါလား? lol:-)))

          သူကြီး မင်းက အကြိမ် တစ်သောင်း ပြောလဲ သဘောမပေါက်ဘူး။
          ကျွန်မ ပြောနေတာ မဟန ကို မဟုတ်ပါ။
          ထေရဝါဒ ကို ပုတ်ခတ် နေတာ ကို သာ ပြောပါတယ်။
          မဟန ကို မကျေနပ်တာ နဲ့ ထေရဝါဒ ကို ပါ ဆွဲထည့်နေတာ အမြင်မတော်လွန်းလို့ ပြောပါတယ်။
          မဟန ကို မကြိုက်ရင် အဲဒီ ဆရာတော်ကြီးများ ကို သွားလျှောက်ပြီး အဖွဲ့ မရှိသင့်ကြောင်း ပြောနိုင်ရင် ပြောပါလေ။
          ဦးနေဝင်း က ဘုန်းကြီး တွေ ကို အာဏာ ပါဝါ အစပျိုးပြီး မြည်းခိုင်းလိုက်တော့ ဈာန်လျှော ကုန် တဲ့ ဘုန်းကြီး တွေထဲ ကိုယ့်အမျိုး ဘုန်းကြီးတောင်ပါသေး။
          သို့ပေမဲ့ ဒီလို အဖြစ် ကွက်ကွက်လေး က ကြည့်ပြီး ဒီ ဘုန်းကြီးတွေ ကထေရဝါဒီ အမည်ခံမို့ ထေရဝါဒ ကို ပုတ်ခတ် နေတာအတော်လေး ဘောင်ကျဉ်းလွန်းလို့ ဝင်ပြောခြင်းပါ။
          တကဲ့ ထေရဝါဒ ရဲ့ တရား အစစ် တွေ ကို သိ ခဲ့ရင် ဒီလောက် အမြင်မကျဉ်း အစွန်းမရောက်သင့်ပါ သူကြီးမင်းရှင့်။
          ဒုက္ခ…။

        • kai

          July 24, 2016 at 11:14 am

          ဒီအတိုင်းထားထားရင်.. ကျုပ်ကပဲ.. ငပွဲကြီးဖြစ်နေမှာစိုးလို့.. ရေးထားခဲ့ပါတယ်.။
          ကျုပ်က.. မဟနကိုမကျေနပ်တာလည်းမဟုတ်..။ ထေရဝါဒကိုဆွဲထည့်နေတာလည်းမဟုတ်..။ ပုတ်ခတ်နေတာလည်း မဟုတ်ရေးချမဟုတ်..။
          ထေရာဝါဒထဲက..အတွေးအခေါ်(တချို့) တချို့တွေဟာ.. ယုံကြည်ကိုးကွယ်နေသူတချို့ကို လမ်းမှားရောက်နိုင်တယ်..။ မူလအတွေးအခေါ်.. ဗုဒ္ဓဓမ္မကို ညိုးနွမ်းစေတယ်..။
          ကိုးကွယ်ယံကြည်သူကို.. အာဏာရှင်ဖြစ်စေတယ်..။ စသဖြင့် အတွေးအခေါ်ပို်င်းကိုထောက်ပြနေတာဖြစ်ပါတယ်..။
          ဗုဒ္ဓရဲ့မူလ ဓမ္မတွေနဲ့လွဲချော်နေတာတွေကို …ကိုယ်လေ့လာထားတဲ့ သမိုင်း.. တရားတွေနဲ့ နှိုင်းပြီး ထောက်ပြနေတာဖြစ်ပါတယ်..။
          ငြင်းချင်ရင်.. အဲဒီသဘောတရား.. အချက်အလက်တွေကို အခြေခံငြင်းပါ..။ သမိုင်းအကိုးအကားတွေ ပြန်ပြပါ..။

          ပုဂ္ဂလိကရေးရာ.. ဒီလူ.. ဒီဆရာတော်..ဒီဘုန်းကြီး…ကွက်ကွက်လေးလိုက်ကြည့်ပြီး… တဖက်သားကို.. စွတ်စွဲ.. ခေါင်းစဉ်တွေလိုက်မတပ်ပါနဲ့လို့ ပြောနေတာပါ..။
          တပ်ရအောင်.. ကျုပ်ဘာလုပ်နေသလဲ.. အရီးလတ်လဲ..မသိ..။
          ရိုးတိုးရိပ်တိပ်ဖမ်းတတ်ရင်တော့.. ယူအက်စ်လာတဲ့ ဆရာတော်.. ဘုန်းကြီးတွေနဲ့..ဒီလူ တွေ့များနေသလား ဆိုတာလောက်တော့..သိသင့်လောက်တယ်..။
          … အရီးလတ်ရေ…။

          ကျေးဇူးပြုပြီး..ငြင်းခုန်ခြင်းအနုပညာမဆန်.. ပါစင်နယ်ဖြစ်လာတာကို.. လျှော့ပါ..လျှော့ပါ..လျှော့ပါ… လို့..။
          ဒီလောက်ပဲ..။

        • မြစပဲရိုး

          July 24, 2016 at 12:49 pm

          ကျွန်မ ကို ဘဲ မဟုတ်တာ ကို ဖန်တီး ငြင်းနေတဲ့ လူဆိုး လို့ သာ သတ်မှတ်လိုက်ပါတော့ သူကြီးမင်း ရယ်။
          {{{ လူထုထောက်ခံထားတဲ့အစိုးရတရပ်ဟာ.. မြန်မာ့ထေရာဝါဒဘာသာရေးနဲ့တွေ့ရင်.. အာဏာရှင်ကိုပြောင်းသွားဖို့.. လွယ်လွန်းမက… ကို.. လွယ်..။ }}}

        • kai

          July 24, 2016 at 1:05 pm

          အရီးလတ်ကို ဘာမှမပြော.. အခုအစိုးရသစ်ကိုသာ…ထေရာဝါဒဘာသာရေးနဲ့.. ဝေးဝေးနေဖို့.. ဝေါင်ဝေါင်ရှေးဖို့… တိုက်တွန်းခဲ့ပါကြောင်း..။ တိုက်တွန်းနေပါကြောင်း..။ တိုက်တွန်းလတံ့ဖြစ်ပါကြောင်း..။

          ထေရာဝါဒထဲက..အတွေးအခေါ်(တချို့) တချို့တွေဟာ.. ယုံကြည်ကိုးကွယ်နေသူတချို့ကို လမ်းမှားရောက်နိုင်တယ်..။ မူလအတွေးအခေါ်.. ဗုဒ္ဓဓမ္မကို ညိုးနွမ်းစေတယ်..။
          ကိုးကွယ်ယံကြည်သူကို.. အာဏာရှင်ဖြစ်စေတယ်..။ စသဖြင့် အတွေးအခေါ်ပို်င်းကိုထောက်ပြနေတာဖြစ်ပါတယ်..။

        • မြစပဲရိုး

          July 24, 2016 at 1:14 pm

          Why didn’t you say like that “ထေရာဝါဒထဲက..အတွေးအခေါ်(တချို့) တချို့တွေဟာ..” before?
          That makes totally different than you said ” မြန်မာ့ထေရာဝါဒဘာသာရေး” in previous comment.
          If you say so I don’t need to argue with you at all.
          I cannot agree more that some of them are ridiculous but please don’t mention for all.

          I am so sorry for accusing you for those things if you didn’t mean to. 🙂

        • မြစပဲရိုး

          July 24, 2016 at 1:34 pm

          ဒါနဲ့
          သူကြီး မဘသ ကျဆုံးခန်း မတိုင်ခင် က တိုက်ပွဲ ကို မသိလိုက်ဘူး ထင်တယ်နော်။
          ဒီလောက် မြန်မာ့ဘာသာရေး ကို ညွန်းပြနေသူ ဆီက ဘာ ဝေဖန်သံမှ မကြားရလို့။
          အဲဒီ ရက် က အလုပ်များ တာတို့ ခရီး သွားတာတို့ ရှိရင် သတင်းတွေကို ပြန်ရှာဖတ်လိုက်ပါဦး သူကြီးမင်းရယ်။ 😀 😀 :-)))

          မြန်မာ တစ်ချို့မကောင်း တာ နဲ့ မြန်မာအသိုင်းအဝိုင်း တစ်ခု လုံး ကို ရှောင် ရတော့ မတဲ့လား။
          ဒါကြောင့် မကောင်းတာတွေ ကို ရှာပြီး ဖယ်တာ ပြင်တာ လုပ်ဖို့ကြိုးစားရမှာ။

          မြန်မာ့ထေရဝါဒ ဘာသာရေး ကို သန့်စင်ဖို့ အခုလုပ်နေပြီလို့ များ မထင်မိဘူးလား?
          ပြည်သူအများစု က ဘာသာရေးမှာ အမြင်မှန်မှန်ရှိနေခဲ့လို့ သာ ဒီကိစ္စအောင်မြင်ခဲ့တာလို့ ဘဲ ကျွန်မ ယုံကြည်ပါတယ်။
          ဒါမှမဟုတ် ကိုယ်နဲ့ မဆိုင် လို့ ဘေးရှောင်နေကြတာလဲ ဖြစ်နိုင်ပါသေးတယ်။

          မြန်မာပြည် ဆင်းရဲမွဲတေ တာ ကို ထေရဝါဒကြောင့် မဟုတ်တာ ကို သူကြီးက ထေရဝါဒကြောင့်လို့ ရိုးစွပ် မနေခဲ့တဲ့ဘူးတဲ့လား။
          အာဏာရှင်ဖြစ်တည်တာဟာ ထေရဝါဒကြောင့်လို့ ရိုးစွပ် မနေခဲ့တဲ့ဘူးတဲ့လား။
          မဟုတ်ဘူး ဆိုရင်လဲ ကျွန်မ စောစောက ပြောခဲ့သလို Sorry ပါ။ :-)))

        • kai

          July 24, 2016 at 3:12 pm

          မြန်မာပြည်အတွက်.. ထေရလို့မသုံး.. ထေရာလို့သုံးပါတယ်နော…။( ထေရီ .. မိန်းမတွေကို နှိမ်ချပြီး… ဖယ်ထုတ်ထားသမို့…)
          ဆိုတော့…
          ထေရာဝါဒက.. ဗုဒ္ဓဟောကြားထားတဲ့ တရားဓမ္မအတိုင်းပါတာ အလွန်ဆုံး ၂၅% လောက်သာ ကျန်မယ်လို့ မှန်းတယ်..။
          သဘောက.. ၂၅% လောက်က ဗုဒ္ဓတရားအမှန်ပဲ..။
          ကျန်တာက.. ဟိန္ဒူသာသနာ.. ဓလေ့ယဉ်ကျေးမှုတွေ နဲ့ရောသမမွှေထားတယ်လို့ ယူဆပါတယ်..။ အဲဒါတွေကလည်း.. မှားတယ်/မှန်တယ်လို့မဆိုလို… မြန်မာလူနဲ့သူ့ပါတ်ဝင်းကျင်တိုးတက်မှုမှာ.. ထိခိုက်နေတယ်လို့… အချက်အလက်တွေအရကောက်ပြီး.. ကောက်ချက်ဆွဲထားတာမို့…။

          ဆိုတော့…
          အဖြူမဟုတ်ရင်… အမဲ…မဖြစ်..။
          ကြားထဲ.. သက်တန့်ရောင်စုံရှိပါသည်။ :k:

        • မြစပဲရိုး

          July 24, 2016 at 3:25 pm

          သူကြီးမင်း
          ကျွန်မ အမြဲပြောပါတယ်။
          ဘာသာရေး ကို ဝေဖန်ဖို့ ငြင်းခုံ ဖို့ ကျွန်မ မှာ ဗဟုသုတ မစုံ ပါလို့။
          ဘာသာရေး အတွက် ဝင်မငြင်းပါ။
          တားမြစ်ခြင်း
          ပါ။
          ကျွန်မ မှတ်ချက် တွေ ကို ပြန်ဖတ်ပါ။
          ငြင်းတာ မဟုတ် အားလုံးကို ဝါးလုံးရှည် မရမ်းဖို့ တား နေတာပါ။
          ဝါးလုံးရှည် နဲ့ ရမ်းပြောတာ တွေ အတွက် တော့ “ဒီလို မပြောပါနဲ့” လို့ ကျွန်မ မှာ တားမြစ်ပိုင်ခွင့် ရှိပါတယ် မဟုတ်လား။
          သူကြီး ရွာထဲ မှာပြောနေတဲ့ စကားလုံးပေါ်မှာ ရွာထဲ မှာ ဘဲ တားတာမို့ အပြင်မှာ သူကြီး ဘာလုပ် နေလဲ သိခြင်း/မသိခြင်း က အရေးမပါတော့ပါ။

          အခု ကိုဒီပါ ပြောလာမှာ ကို စိတ်ဝင်စားစွာစောင့်ဖတ်နေပါမယ်။

          ” ထေရီ .. မိန်းမတွေကို နှိမ်ချပြီး… ဖယ်ထုတ်ထားသမို့” ဆိုတာကိုလဲ သဘောမတူပါ။
          သို့သော် သူကြီး အမြင်မှာ နှိမ်တယ် ထင်တာ မှန်နိုင်သလို ကျွန်မ အမြင်မှာလဲ မြန်မာပြည် မှာ မိန်းမ တွေ ဟာ လွတ်လပ်ခွင့် ဆုံးရှုံးနေတာ မဟုတ် လို့ ခံယူပါတယ်။
          တကယ်တော့ စိတ်နာကြေး ဆို ၁ဝတန်းတုန်း က ကျား အမှတ်/ မ အမှတ် ခွဲ တာ နဲ့ တင် ကျွန်မ စိတ် အနာကြီး နာသင့်ပါတယ်။
          သို့သော် မနာပါ။
          ကိုယ် အသုံးမကျခဲ့တာမို့ သတ်မှတ် အမှတ် မမှီတာ လို့ ဘဲ တွေးပါတယ်။
          နောက် အတွေး ကတော့ မိန်းမ တွေ ကြီးစိုးမှာ ကြောက်လို့ တားဆီး လိုက်တဲ့ အတားအဆီးတစ်ခု လို့ သာ မြင်ပါတယ်။
          ကျွန်မ တို့ ဘက် က လဲ တစ်ခြားနည်း နဲ့ ဖောက်ထွက် နိုင်စွမ်း ရှိနေမှတော့ ဒါတွေ ကို ဂရုစိုက်ဖို့ မလို ဟုသာ ပြောချင်ပါတယ်။ 😉

  • kai

    July 23, 2016 at 3:49 am

    မြန်မာပြည်ကလက်နက်ကိုင်တွေ…

    အများစုက… တိုင်းရင်းသားခေါင်းစဉ်တွေတပ်ထားတာပါ..။ ဂျပန်ပြည်က..သူတလူငါတမင်း ရှိုဂွန်စစ်မင်းတွေကို ဧကရာဇ်ဆိုပြီးမင်းတပါးကဘယ်လိုဆွဲစေ့လိုက်သလဲ.. လေ့လာသိစေချင်မိတယ်…။

  • DEPARKO DEPARKO

    July 23, 2016 at 11:02 pm

    ဒွတ်ခ ဗိုလ်အောင်ဒင် အဲလေ ဥဥဒီပါကိုပြန်လာပြီ ဘာပြောရမှန်းမသိလို့ တိတ်တိတ်လေးပြန်ထွက်သွားပါတယ်

Leave a Reply