နင်နဲ့ မတွေ့ခင်တုန်းက – Me Before You
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒီဇာတ်ကားလေး ကြည့်မိလိုက်တယ်။ Rating လည်းကောင်းတယ် အခု လက်ရှိလည်း ရုံတင်နေဆဲမို့
စိတ်ဝင်စားမိတာပေါ့။ ပြောမယ့်သာ ပြောရသာ ဒရာမာကားတွေ အခုတလော သိပ်မကြည့်ဖြစ်ဘူး။ သည်းထိတ်ရင်ဖိုတွေ
ကြည့်တာ များတာကိုး။ ကဲ ထားပါတော့။ Me Before You ဆိုတော့ ရမ်းသမ်းဘာသာပြန်လိုက်တယ် ဇာတ်ကားနဲ့လည်း
လိုက်တယ်ဆိုတော့ ‘နင်နဲ့မတွေ့ခင်တုန်းက’ ပေါ့။
ဝယ်လ်ထရိန်နာဆိုတဲ့ ကောင်လေးဟာ ချမ်းသာတဲ့ မိသားစုကပါ။ သူ့မှာ သိပ်ချစ်ရတဲ့ ချစ်သူလည်းရှိပါတယ်။ တစ်နေ့မှာ
ဆိုင်ကယ်တိုက်မိရာက လည်ပင်းကစလို့ အောက်ပိုင်းတစ်ပိုင်းလုံး သေခဲ့ရပါတယ်။
ကလက် ဆိုတဲ့ ကောင်မလေးရဲ့မိသားစုဟာ ဆင်းရဲပါတယ်။ တစ်ရက် ကလက် အလုပ်လုပ်တဲ့ ကိတ်မုန့်ဆိုင်ပိတ်လိုက်
ရတဲ့အခါ ကလက်ပါ အလုပ်လက်မဲ့ဖြစ်သွားရှာပါတယ်။ အလုပ်တစ်ခုရဖို့ ကြိုးစားရင် ဝယ်လ်ထရိန်နာကို ပြုစုပေးမယ့်
အလုပ်ရခဲ့ပါတယ်။
ဝယ်လ်ထရိန်နာ အောက်ပိုင်းသေပြီးတဲ့နောက်ပိုင်း သူသိပ်ချစ်ရတဲ့ ချစ်သူဟာလည်း သူ့သူငယ်ချင်းဖြစ်သူရဲ့ ငြိစွန်း
အရင်က သူဌေးသား အားကစားသမားလေးဟာ အောက်ပိုင်းသေပြီးနောက် စိတ်ဓာတ်ပါ အပြင်းအထန်ကျဆင်းရင်း
သူ့ဆီကို ပြုစုပေးတဲ့ သူမှန်သမျှ မမြဲပဲ ကလက်ရောက်လာတဲ့အခါမှာ တစ်မျိုးတစ်ဖုံပြောင်းလဲခဲ့ပါတယ်။
အဓိကပြောပြချင်တာက မင်းသမီး မျက်လုံးတွေ အပြုံးတွေဟာ သိပ်ကို သရုပ်ဆောင်ကောင်းပါတယ်။ ဒရာမာကား
ကောင်းကောင်းလေး ကြည့်ချင်တယ်ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် အသစ်စက်စက် ဇာတ်လမ်းလေး Me Before You
ကိုကြည့်ပါလို့ ပြောချင်ပါတယ်။
ဒီဇာတ်ကားထဲက မင်းသမီးကို Game Of Throne ကြည့်တဲ့သူတွေ သိကြမှာပါ။
လေးစားစွာဖြင့်
အောင်မိုးသူ
7 comments
မမချွိ
July 25, 2016 at 8:25 am
ဟောလိဝုဒ်မယ် အချစ်ကားကောင်းတယ်လို့ နာမည်ကြီးလာရင် ဇာတ်က အာရှဆန်တာချည်းပဲ။
အဲတာ တူတူတော့ အရှေ့တိုင်း ဒွမ်မာကိုပဲ မမဂျီးက ပိုကြိုက်တယ်။
အနောက်တိုင်း အချစ်ကားစစ်စစ်တွေကို မကြည့်တတ်ဘူးး
:k:
အောင် မိုးသူ
July 25, 2016 at 9:32 am
မကြီးပြောတာမှန်တယ် မကြီး။ အာ့ကြောင့်လဲ ဒရာမာတွေထဲမှာ အာရှက ပိုနာမည်ကြီးတာနေမှာ ဒါပေမယ့် ဟောလိဝုဒ် ရိုက်ပြထားတာတွေက ပိုလှသလားလို့နော်။
A mar nyo
July 25, 2016 at 4:13 pm
အရှေ့တိုင်း ဒရာမာဆိုလို့ ကိုရီးယားဒရာမာလေးကြည့်ကြည့်ပါလား အချစ်အကြောင်းတော့ဟုတ်ဘူး Miracle in cell no.7 ဆိုတဲ့ကားလေး ကြည့်လို့ကောင်းပါတယ်။
မမချွိ
July 25, 2016 at 4:17 pm
ငိုရတယ်ပြောလို့မကြည့်ဘူးး
ဟိ
:k:
A mar nyo
July 25, 2016 at 4:25 pm
ငိုတော့ငိုရတယ် တန်ပါတယ်ငိုရတာနဲ့ နောက်တစ်ကားညွှန်မယ်နော်ဟာသကားလေး speedy scandal အဲ့ကားလေးလဲကောင်းတယ်။
Foolish Girl
July 29, 2016 at 3:36 pm
အရမ်းကြိုက်တယ် ကြည့်တိုင်းငိုရတယ်
လုံမလေးမွန်မွန်
July 25, 2016 at 1:04 pm
Just bought the movie disc. Thanks a lot for review.