Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Learning English Grammar (4) – Professor Myo Kyaw Myint

kaiJuly 23, 20162min3544

အရင်လက ဇယားလေးကိုပြန်ကြည့်လိုက်ရင် Pronoun (၂)မျိုးတိုးလာတာကို တွေ့ရလိမ့်မယ်။ ပထမတစ်ခုကတော့ Reflexive Pronoun လေးတွေပေါ့။ ဘာကိစ္စမဆို မိမိကိုယ်တိုင်လုပ်နိုင်ရင် အကောင်းဆုံးမဟုတ်လား ။ ဒီတော့ myself, yourself,ourselves, himself စတဲ့ pronounလေးတွေကိုဘဲ သုံရပါတယ်။ ဥပမာ-ချစ်သူခင်ပွန်းအတွက် ကိုယ်ကိုတိုင်ညစာချက်ပေးထားတယ်ဆိုပါစို့- “I cooked dinner myself”ပေါ့။ တချို့များမိဘနဲ့နေတုန်းက တော့ ထမင်းဟင်းချက်ဖို့မပြောနဲ့ မီးဖိုချောင်ဘယ်မှာရှိလည်းတောင်မသိဘူး။ အဲခင်ပွန်းနဲ့လည်းကြရော ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ ဝက်သားဟင်း၊ ငါးဟင်း စသည်ဖြင့်ဟင်းမျိုးစုံကိုကိုယ်တိုင်ချက်ရမှ ကိုယ်တိုင်ခူးခတ်ကျွေး ရမှ စိတ်ချမ်းသာတယ်ဆိုဘဲ။

” I cooked the curry myself. I made the dessert myself. I prepared everything myself” စသည်ဖြင့်ပေါ့လေ။ တော်တော်လေးအားကျစရာကောင်းတယ်နော်။ ထားပါတော့လေ။ ချစ်စခင်စကြင်နာစဆိုတော့ ဒီလောက်တော့ရှိမှာပေါ့။ ဒီလိုအချိန်မှာကိုယ့်ဇနီးလေးကိုး ကိုယ့်ခင်ပွန်းကို တစုံတယောက်ကထိမှာ ကိုင်မှာ ကြည့်မှာကို သိပ်ပြီးစိုးရိမ်တက်တယ်မဟုတ်လား။ ဒီတော့ နောက်ဆုံး Pronounအုပ်စုမှာပါတဲ့ mine, yours, his, hers, ours စသည်တို့ကိုသုံးတတ်အောင်ကျင့်ထားပါ။ ဒါမှ- “He’s mine. You can look, but don’t touch” ” She’s mine. Don’t even think about looking at her.” စသဖြင့် ပြောဆိုပြီးဟန့်တားနိုင်မယ်။ တားဆီးနိုင်မယ်ပေါ့။ ကိုယ့်ပစ္စည်းဆိုရင် “This is mine.”လို့ခပ်တင်းတင်းပြောနိုင်သလို အဖိုးမတန်တဲ့ပစ္စည်းကြတော့ “That’s yours. That’s his.”စသဖြင့် ပြောပြီး ပေးကန်းစွန့်ကြဲနိုင်ပါသေးတယ်။ တချို့လူတွေလိုပေါ့။ Mall မှာတန်ဖိုးကြီးတဲ့ပစ္စည်း တွေကို “This is mine.” အဲလျော့ထားတဲ့ Sale ချထားတဲ့ပစ္စည်းတွေကြတော့ မြန်မာပြည်ကဆွေမျိုးတွေ၊ သူငယ်ချင်းတွေအတွက်ဆိုဘဲ “That’s theirs” စသဖြင့်ပေါ့လေ။ စေတနာကောင်းလိုက်ကြတာနော်။
Pronoun လေးတွေကို အသုံးပြုတိုင်း “I” ကိုရှေ့တန်းတင်ပြီးမသုံးမိဘို့သတိထားစေလိုပါတယ်။ အရင်တစ်ခါလည်းပြောခဲ့ဘူးပါတယ်။ ဒါကြောင့် I and my friend လို့သုံးမယ့်အစား my friend and i လို့သုံးရပါတယ်။ မှတ်မိလွယ်အောင်တချိန်ကနာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ကားလေးရဲ့နာမည်ကိုမှတ်ထားလိုက်ပါ။ The King and I တဲ့ I and the King မဟုတ်ဘူးနော်။ The King and I ပါတဲ့။ ကတုံးမင်းသားကြီး Yul Brynner နဲ့ နံမည်ကျော်သွားခဲ့ တဲ့ရုပ်ရှင်ပေါ့။ “I” ကိုတခြားလူများနဲ့တွဲသည့်အခါ အမြဲတန်းနောက်မှာထားပါ။

My mother and I, My sister and I, My brother and I, My boss and I စသဖြင့်ပေါ့။ Pronounလေးတွေ noun လေးတွေကို သုံးတတ်ဖို့ စကားပြောတဲ့အခါစာရေးတဲ့အခါ မှန်ကန်စွာသုံးနိုင်ဖို့ articles လို့ခေါ်တဲ့ a, an, the ကိုပိုင်နိုင်ကျွမ်းကျင်စွာ သုံးတတ်ဖို့ လိုပါတယ်။ တချို့က a , an, the ကို ဘယ်လိုနေရာတွေမှာသုံးရမယ်ဆိုတာကိုပဲ အာရုံစိုက်တယ်။ တကယ်ကတော့ a, an, theကိုဘယ်လိုနေရာမှာမသုံးဘဲနေရတယ်ဆိုတာကလည်း အထူးအရေးကြီးပါတယ်။ articles လေးတွေအကြောင်း အနည်းအပါးဖေါ်ပြဘူးပါတယ်။ ဒီတခါတော့ ပြည့်ပြည့်စုံစုံကွက်ကွက်ကွင်းကွင်း နားလည်သွားအောင် သုံးတတ်သွားအောင်ဖေါ်ပြပေးပါ့မယ်။ “a” နှင့် “an” ကို indefinite articles လို့ခေါ်ပြီး “the” ကို definite article လို့ခေါ်ပါတယ်။ ပြောသူနဲ့နားဆင်သူ ရေးသူနဲ့ ဖတ်သူ(၂)ဦးစလုံးက ဘာကိုဆိုလိုမှန်းသိကြရင် the နှင့်တွဲပြီး သုံးမယ်။ တိတိကျကျဘာကိုဆိုလိုမှန်းမသိနိုင်ဘူးဆိုရင်”a, an”နှင့်တွဲပြီး သုံးရမယ်လို့ grammar စာအုပ်တွေမှာ ဖေါ်ပြထားလေ့ရှိပါတယ်။ လက်တွေ့ပြောကြ၊ ရေးကြတဲ့အခါ ရှုပ်ထွေးကုန်ပါရော။ ယခင်စစ်အစိုးရရဲ့ ဘဏ္ဍာရေးရှင်းတမ်းလိုပေါ့။ ဒီတော့ အပြောမှား အရေးမှား မဖြစ်စေရဖို့စည်းမျဉ်းစည်း ကမ်းလေးတွေကို တိတိကျကျလိုက်နာကြပါ။ စည်းမျဉ်းတွေကများလွန်းတော့ အကုန်ဖော်ပြဖို့မဖြစ်နို်င်ပါ။ အရေးကြီးတဲ့စည်းမျဉ်းလေးတွေကိုဘဲ အရင်ဆုံးသိအောင် တတ်ကျွမ်းသွားအောင်လေ့လာပြီး လိုက်နာနိုင်အောင် ဖေါ်ပြ ပေးလိုက်ပါတယ်။

နံပါတ်တစ်စည်းမျဉ်းကလေးက ခပ်ရှင်းရှင်းပါ။ စကားပြောသည့်အခါဖြစ်စေ၊ စာရေးသည့်အခါဖြစ်စေ၊ singular count noun တခုကို ပထမဦးဆုံးအကြိမ်သုံးစွဲသည့်အခါ a, an တို့နှင့်တွဲပြီးသုံးစွဲပါ။ နောက်ပိုင်းတွင်တ နည်းအားဖြင့် နောင်အကြိမ်များတွင်”the” နှင့်တွဲပြီး သုံးစွဲပါတဲ့။ ဥပမာ – “We all have a job. The job is to mind our own business.” “job” ကိုပထမဆုံးဖော်ပြစဉ်က “a” နှင့်သုံးပြီး နောက်တကြိမ်ဖေါ်ပြတဲ့အခါမှာ “the”နှင့် ့သုံးတာကို သတိပြုမိမှာပါနော်။ ဒီ “Mind your own business” ဆိုတဲ့ expression လေးက သိပ်ကိုအရေးကြီးပါတယ်။ အခုမြန်မာပြည်မှာ ပြသနာလေးတွေဖြစ်နေကြတာ- ဒီစကားကို မလိုက်နာကြလို့ပေါ့။ စစ်သားလည်းစစ်သား အလုပ်လုပ်၊ ပြည်သူကလည်းပြည်သူ့အလုပ်လုပ်၊ နိုင်ငံရေးသမားတွေကလည်းနိုင်ငံရေးအလုပ်လုပ် ဘုန်းတော်ကြီးတွေကလည်း ဘုရားတရားအလုပ်လုပ်ကြမယ်ဆိုရင် တိုင်းပြည်ဘယ်လောက်အေးချမ်းသာယာမလည်း။ ဘုရား ဟောတာက ရှင်းပါတယ်။ English နဲ့လည်းကိုက်ညီနေတယ်။ မှတ်မိကြသေးတယ်မဟုတ်လား။ “There’s no”I” in team.” လေ။ ငါမရှိဘူးတဲ့။ ငါမရှိတဲ့နောက်ငါ့လူမျိုး၊ ငါ့ဘာသာရယ်လို့မရှိနိုင်တော့ဘူးပေါ့။ ငါ့လူမျိုးငါ့ဘာသာမရှိ ရင် ငါ့လူမျိုး ငါ့ဘာသာကို ထိမ်းသိမ်းဖို့ စောင့်ရှောက်ဖို့ ကာကွယ်ဖို့ ဥပဒေမျိုးလည်းမလိုတော့ဘူးပေါ့။ ထားပါတော့လေ နံပါတ်နှစ်စည်းမျဉ်းလေးကိုကြည့်ကြရအောင်။ Plural count noun တွေကို a, an တို့နှင့်မသုံးစွဲရပါ။ “a,an” ဆိုတာ တကယ်တော့တစ်ဂဏ္ဏန်းကို ကိုယ်စားပြုတယ်။ ဒီတော့အများ Plural အနေနဲ့တွဲပြီးသုံးလို့ဘယ်ရမလဲ။ ဒီနေရာမှာ Plural noun တွေကို article လေးတွေနဲ့မသုံးရဘူးလို့ မဆိုလိုဘူးနော်။ “a,an” နှင့် သာမသုံးရဘူးလို့ဆို ပါတယ်။ Plural noun တွေကို နဲ့ရော၊ “the” မပါဘဲနှင့်ရော သုံးလို့ရပါတယ်။ အဓိပ္ပာယ်ခြင်းတော့မတူပါ။ ဥပမာ- “Boys will be boys.” သို့မဟုတ် “The boys are here.” လို့လည်းသုံးလို့ရပါတယ်။ “the” မပါတဲ့ boys ဆိုတာ ယောက်ျား အားလုံးကိုယ်စားပြုပါတယ်။ ပုရိသတိုင်းဟာ ယောက်ျားလေးတွေရဲ့ထုံးစံအတိုင်းခပ်ကြမ်းကြမ်း၊ ခပ်ရိုင်းရိုင်းနေကြမှာဘဲ ဆိုတဲ့သဘောပေါ့။ အဲ”the” နှင့်တွဲသုံးထားတဲ့ boys ကတော့ပြောသူရော နားဆင်သူပါ တိတိ ကျကျသိထားတဲ့ ယောက်ကျားလေးတခုကို ဆိုလိုပါတယ်။ ဖော်ပြပါဥပမာလေးများကိုကြည့်ပါ။
“Tigers are wild creatures.” (all tigers)
“The tigers at SF zoo look lean and hungry.” (only those tigers at SF Zoo)
Women are hard to please. (all women)
The women near my house are loud and noisy. (only those women near my house)
တတိယစည်းမျဉ်း can ကတော့ရှင်းပါတယ်။ Articles လေးတွေလို non-count noun တို့နှင့်တွဲပြီးမသုံးဖို့ပါဘဲ။ တနည်းအားဖြင့် noun-count noun လေးတွေကို a, an, the တို့နှင့်တွဲပြီး မသုံးမိဖို့ပါ။ ဥပမာ- “Life is shorts so make the most of it.” “Sugar is sweet.” “Rice is our staple food.” စသဖြင့် သုံးစွဲနိုင်ပါတယ်။ Articles လေးတွေနဲ့ ပတ်သက်တဲ့စည်းမျဉ်းတွေအများကြီးကျန်ပါသေးတယ်။ grammar စာအုပ်လေးတွေအားကိုးနဲ့ ပြည့်စုံ အောင်လေ့လာကြပါ။ လောလောဆယ်တော့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ ဘဝမှာပျော်ရွှင်မှုတွေပြီးပြည့်စုံစွာနေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

4 comments

  • ဂျစ်စူ

    July 23, 2016 at 7:33 pm

    သဘောပေါက်သွားပါအိ ကျေးဇူးပါဗျ

  • မမချွိ

    July 25, 2016 at 8:42 am

    my friend and i နောက်က verb to be “am” လိုက်ရမလား “are” လိုက်ရမလား လည်း သုံးခါ နီးတိုင်း သို့လောသို့လော ဖစ်တယ်။

    verb to be နဲ့ သုံးခဲတယ်ထင်တယ်။
    😥

  • မမချွိ

    July 25, 2016 at 8:48 am

    https://wordwatchtowers.wordpress.com/2010/02/07/my-friends-and-i-or-me-and-my-friends/

    Me and my friends

    Look at these two sentences:
    1) My father is taking me and my friends out to dinner.
    2) My father is taking my friends and I out to dinner.

    In this case, the first sentence is correct. The test is to shorten
    the sentences:

    My father is taking me out to dinner. (Correct)
    My father is taking I out to dinner. (Wrong)

    Now you can easily see that the first version is correct.
    The correct version is:
    1) My father is taking me and my friends out to dinner.

  • မမချွိ

    July 25, 2016 at 8:50 am

    My friends and I

    A similar test can be applied with the following two sentences:
    1) My friends and I are going out for dinner.
    2) Me and my friends are going out for dinner.

    Just shorten the sentences:
    I am going out for dinner. (Correct)
    Me is going out for dinner. (Wrong)

    You can immediately see that the first version is correct:
    Therefore, the following is correct:

    1) My friends and I are going out for dinner.

Leave a Reply