SawAungAugust 24, 20171min80769
သက္ကရာဇ် 2070 ကျော်လာတဲ့အခါ ကမ္ဘာမှာ လူသားဦးရေ အဆမတန်တိုးပွားလာတဲ့အခါ စားနပ်ရိက္ခအတွက် မလုံမလောက်ဖြစ်လာပါတော့တယ်။ အဲ့သည် တစ်အိမ်ထောင်မှာ ကလေးတစ်ဦးသာမွေးဖို့ တားမြစ်လိုက်တဲ့အပြင် အမွှာမွေးလာရင်လည်း အဲ့သည်အမွှာကို အေးခဲထားကာ အိပ်ပျော်အောင် လုပ်ထားမယ်လို့ သတင်းထွက်လာပါတော့တယ်။ အဲ့သည်မှာမှ အိမ်ထောင်တစ်ခုမှာ မိန်းကလေးအမွှာပူ (၇)ယောက်မွေးလာပြီး အမေကတော့ ဆုံးပါးသွားပါတော့တယ်။ အဖေဖြစ်သူဟာ သမီးခုနှစ်ယောက်ကို တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဒဟူး ၊ ကြာသပတေး ၊ သောကြာ ၊ စနေ ၊ တနင်္ဂနွေ ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ One Child ဆိုတဲ့ ဥပဒေသကြောင့် သမီး (၇)ယောက်ကိုဖွက်ကာ ID တစ်မျိုးတည်းနဲ့ အသက်ရှင်စေခဲ့ပါတယ်။ သမီး (၇)ယောက်ဟာ တစ်ပတ်မှာ တစ်ယောက်တစ်လှည့်စီ အပြင်ကိုထွက်ရလေ့ရှိပြီး။ […]


SawAungJuly 7, 20171min82228
#Okja လို့နာမည်ရတဲ့ ဒီဇာတ်ကား 2017, 28 June မှာ လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ NETFLIX က ထွက်ရှိထားတာဖြစ်ပြီး။ Netflix ဟာ ရုပ်ရှင်ဖြစ်ပြီး “13 Reason Why” mini series မှာ နာမည်ကြီးခဲ့ပါသေးတယ်။ အဲ့သည်နောက်ပိုင်း NETFLIX ကထွက်ရှိတဲ့ လုံးချင်းရုပ်ရှင်တွေဟာ သပ်ရပ်ပြီး ကြည့်ရတာတန်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေဖြစ်နေပာတယ်။ ဒီဇာတ်ကားမတိုင်ခင်မှာ NETFLIX ကပဲ ထွက်တဲ့ “The Shimmer Lake” ဆိုတဲ့ ဇာတ်ကားဟာလည်း အတော်လေး ကျေနပ်စရာကောင်းပါတယ်။ အခု ဒီ #Okja ဆိုတဲ့ ဇာတ်ကားကိုတော့ အတော်လေးသဘောကျခဲ့ရပြန်ပါတယ်။ ဒရာမာ ၊ အက်ရှင်အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကိုတော့ နယူးယောက်နဲ့ ကိုရီးယားနိုင်ငံမှာအခြေတည်ထားပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ […]


SawAungJuly 7, 20171min796210
Tom Holland ကို ကျွန်မ မကြိုက်ခဲ့ဘူး ကျွန်မ စသိခဲ့တဲ့ Tom Holland ဆိုတဲ့ ပိန်ပိန်ပါးပါးနဲ့ ကောင်လေးတစ်ယောက်ပါး။ 2012 က ထွက်ရှိခဲ့တဲ့ The Impossible ဆိုတဲ့ ဆူနာမီ ရေကြီးတဲ့အခါ ထိုင်းမှာရောက်နေတဲ့ မိသားစုတစ်စု ကွဲကွာသွားရာကစလို့ ပြန်ဆုံစည်းနိုင်ဖို့ ကြိုးစားကြတာကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကျွန်မစသိခဲ့တာပါ။ သူ့ဇာတ်ကားအများကြီးထဲက ကျွန်မသူ့ကိုစသိခဲ့တာဟာ “The Impossible” မှာပါ။ နောက်ထပ် သူ့ကို ထပ်ကြုံရတဲ့ ဇာတ်ကားကတော့ “In The Heart Of The Sea” ပါ။ အသက်ငယ်ငယ်နဲ့ ကြိုးစားတဲ့ သရုပ်ဆောင်တစ်ယောက်လို့သာ ကျွန်မမြင်ခဲ့မိတာပါ။ နောက်ဇာတ်ကားတစ်ခုကတော့ လတ်တလောထွက်ထားတဲ့ “The Lost City Of Z” […]


SawAungJuly 3, 20171min832612
ကိုရီးယားမှာ လူသတ်သမားတစ်ယောက်ကို ဖမ်းမိပြီတဲ့ အဲ့သည်လူသတ်သမား လူတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီးမှ သတ်တာဆိုပဲ။ လူအားလုံးကို သူ့ကိုမုန်းကြတာ အခုတော့ဖမ်းမိသွားပြီတဲ့။ ဒါလည်း သူ့အလုပ်မဟုတ်ပါဘူးလေ။ သူ့အလုပ်က သူ့ကုန်တင်ကားလေးနဲ့ ကုန်တွေတင်မယ်။ သူ့အမေနဲ့သူ့သမီးလေးအတွက်ပိုက်ဆံရှာမယ်။ သူ့သမီးလေးကလည်း မွေးရာပါနှလုံးမကောင်းရှာဘူး သူ့အမေဆီက ရခဲ့တဲ့ အမွေတွေပေါ့ သူ့အမေလည်း ဒီရောဂါနဲ့ပဲ သူနဲ့သူ့သမီးလေးကို ထားသွားခဲ့တာလေ။ သူ့သမီးလေးအတွက် ရုန်းကန်ရမှာပေါ့။ ဆိုးလိုက်တဲ့ကံကြမ္မာက သူ့သမီးလေးဆီထပ်ရောက်လာပြီ။ နှလုံးအစားထိုးရမယ်တဲ့။ အလှူရှင်လည်းအဆင်သင့်။အဆင်သင့်မဖြစ်တာက ငွေ ဆရာဝန်ပြောလိုက်တဲ့စကားက ခွဲစိတ်ဖို့လိုတဲ့ငွေကို ခင်ဗျား မရရအောင်ရှာခဲ့ပါတဲ့။ သူ့သမီးလေးအသက်ရှင်ဖို့ သူငွေလိုတယ်။ ငွေချေးလုပ်ငန်းတွေ သူလိုက်ချေးတယ်။ ရသမျှ ရှာတယ် ဒါပေမယ့် ခွဲစိတ်ဖို့လိုတဲ့ငွေက မပြည့်ပါဘူး။ သူဘာလုပ်ရမလဲ….။ လောင်းကစားမမက်တဲ့သူ လောင်းကစားသူငယ်ချင်းတစ်ယောက်ဆီမှာ ငွေချေးတယ်။ ပိုက်ဆံတွေပွာပေးမယ်ဆိုတာနဲ့ သူလိုက်သွားမိတယ်။ ယုတ်မာတဲ့ သူ့သူငယ်ချင်းက တစ်ဖက်လှည့် […]


SawAungMarch 14, 20171min73745
Journey to the West: The Demon Strike Back (2017) 2017 မှာ Journey To The West ရဲ့ ဒုတိယမြောက်ဇာတ်ကားအဖြစ် ထွက်ရှိလာတဲ့ ဇာတ်ကားပါ။ Journey To The West: The Demon Strike Back ဆိုပြီး ထွက်ရှိလာခဲ့ပါတယ်။ နံပါတ်(၁)နဲ့ တအားကွဲပြားခြားနားသွားတဲ့ ဇာတ်ဆောင်တွေရဲ့ ဇာတ်ရုပ်ကို တွေ့မြင်ရမှာဖြစ်ပြီး ဒီဇာတ်ကားကို ရုံမှာသွားမကြည့်နိုင်ဘူး ရုံမတင်ဖြစ်ဘူးဆိုရင်တောင် အပြင်မှာ ကွာလတီအကြည်ကိုသာ ကြည့်ဖို့ ပြောပါရစေ။ အထူးပြုလုပ်ချက်တွေ တပုံတပင်နဲ့ ဒီရုပ်ရှင်ဇာတ်ကားဟာ ကွာလတီအကြည်မဖြစ်ရင်တော့ အရသာအပြည့်ခံစားရမှာမဟုတ်ပါဘူး။ ပြောချင်တာက ပထမဇာတ်ကားနဲ့ မတူတော့တဲ့ ဇာတ်ကောင်တွေကို အံ့ဩစွာ တွေ့မြင်ရမှာပါ။ ဝူခုန်းဟာ မချောသလို ၊ […]


SawAungFebruary 22, 20171min10938
ကိုယ်ဘဝချီပြီးအားကျခဲ့ရတဲ့သူတစ်ယောက် ကိုယ်အမုန်းဆုံးလုပ်ရက်ကို လုပ်ခဲ့တယ်ဆိုရင် အဲသည်လူကို သင်သတ်မိမှာလား??? အရက်စွဲပြီး တစ်နေ့လုံး မူးနေတတ် ယောက်ျားက ပစ်သွားတဲ့ ရေချယ်ဟာ သူနေတဲ့နေအိမ်ကနေ နယူးယောက်မြို့ကိုသွားတဲ့ ရထားပေါ်မှာ အသွားအပြန် အချိန်ကုန်နေသူပါ။ သူဟာ အသွားအပြန်ရထားပေါ်မှာတင် ရထားလမ်းဘေး ကပ်ရပ်မှာရှိတဲ့ သူနေခဲ့တဲ့ အိမ်နားဝန်းကျင်ကို အမြဲတမ်း ကြည့်နေတတ်သူပါ။ ရထားပေါ်ကနေ သူမြင်ရတဲ့ မြင်ကွင်းတွေက သူ့ယောက်ျားဟာ နောက်မိန်းမနဲ့ကလေးရနေပြီး ညစာစားနေတဲ့မြင်ကွင်း။ အဲသည့်အိမ်ဘေးက မီဂန်ဆိုတဲ့ ကောင်မလေးဟာ သူ့အမျိုးသားနဲ့ အတူတူနေထိုင်တဲ့ မြင်ကွင်းတွေဟာ အမြဲတမ်းတွေ့နေရတာပါ။ သူမဟာ ကလေးမရနိုင်တော့တဲ့ နောက်ပိုင်းမှာ စိတ်ဓာတ်တွေကျလာရပြီး အရက်ပါစွဲမလိုဖြစ်ခဲ့ရပါတော့တယ်။ အဲ့သည်နောက် ပြသနာတွေတက်ခါ သူမခင်ပွန်းဟာ သူမကို ပစ်သွားပြီး နောက်အိမ်ထောင်ထူပါတော့တယ်။ သူမဟာ နေ့တိုင်းအရက်သောက်ကာ အရက်စွဲလာပြီး နေ့တိုင်းရထားစီးကာ ရထားပေါ်ကနေ သူမအရင်နေအိမ်ဘေးက မီဂန်ဆိုတဲ့ […]


SawAungJuly 23, 20161min8767
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒီဇာတ်ကားလေး ကြည့်မိလိုက်တယ်။ Rating လည်းကောင်းတယ် အခု လက်ရှိလည်း ရုံတင်နေဆဲမို့ စိတ်ဝင်စားမိတာပေါ့။ ပြောမယ့်သာ ပြောရသာ ဒရာမာကားတွေ အခုတလော သိပ်မကြည့်ဖြစ်ဘူး။ သည်းထိတ်ရင်ဖိုတွေ ကြည့်တာ များတာကိုး။ ကဲ ထားပါတော့။ Me Before You ဆိုတော့ ရမ်းသမ်းဘာသာပြန်လိုက်တယ် ဇာတ်ကားနဲ့လည်း လိုက်တယ်ဆိုတော့ ‘နင်နဲ့မတွေ့ခင်တုန်းက’ ပေါ့။   ဝယ်လ်ထရိန်နာဆိုတဲ့ ကောင်လေးဟာ ချမ်းသာတဲ့ မိသားစုကပါ။ သူ့မှာ သိပ်ချစ်ရတဲ့ ချစ်သူလည်းရှိပါတယ်။ တစ်နေ့မှာ ဆိုင်ကယ်တိုက်မိရာက လည်ပင်းကစလို့ အောက်ပိုင်းတစ်ပိုင်းလုံး သေခဲ့ရပါတယ်။   ကလက် ဆိုတဲ့ ကောင်မလေးရဲ့မိသားစုဟာ ဆင်းရဲပါတယ်။ တစ်ရက် ကလက် အလုပ်လုပ်တဲ့ ကိတ်မုန့်ဆိုင်ပိတ်လိုက် ရတဲ့အခါ ကလက်ပါ အလုပ်လက်မဲ့ဖြစ်သွားရှာပါတယ်။ အလုပ်တစ်ခုရဖို့ […]


SawAungJuly 5, 20162min9299
#Stonehearst_Asylum   Stonehearst ဆိုတဲ့ ဆေးရုံကြီးမှာ စိတ်ရောဂါဖြစ်နေတဲ့သူတွေ အများအပြားရှိပါတယ်။ အခြေခံလူတန်းစားကစလို့ မင်းမျိုးမင်းနွယ်တွေက အစပေါ့။ ဆေးရုံကြီးနဲ့အတူ အုပ်ချုပ်သူ ဆရာဝန်ကြီးနဲ့ ကျောင်းသားကျောင်းသူတွေ ဝန်ထမ်းတွေပါရှိပါတယ်။   တစ်ရက်မှာတော့ အောက်စ်ဖို့ဒ်က နယူးဂိတ်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက် ရောက်ရှိလာပါတယ်။ သူဟာ လေ့လာသင်ယူဖို့ရောက်လာသူပါ။ သူရောက်လာပြီးနောက်ပိုင်း ဆေးရုံအုပ်ချုပ်သူ ဆရာဝန်ကြီးနဲ့ ဝန်ထမ်းတွေ ၊ လူနာတွေဟာ မူမမှန်ခဲ့ပါဘူး။   တစ်ညမှာတော့ ရေပိုက်လိုင်းက အသံတစ်ခုကို သူကြားတဲ့အခါ အဲ့သည် အသံကြားရာကို လိုက်ရှာကြည့်တဲ့အခါမှာတော့ များပြားလှတဲ့အချုပ်ခန်းတွေထဲမှာ လူအများအပြားကို ချုပ်နှောင်ထားတာ သူတွေ့လိုက်ရပါတယ်။ အဲ့သည်သူဟာ ဘယ်သူတွေဖြစ်မလဲ။ သူဟာ ဆေးရုံထဲက လူဆိုး လူကောင်းတွေကို ဘယ်လိုခွဲခြား ကျော်လွှားမလည်း။   ဇာတ်လမ်းအလှည့်အပြောင်းတွေဟာ ရင်ဖိုစရာ စိတ်ဝင်စားစရာမို့ ကြည့်ရှုသင့်တဲ့ […]


SawAungAugust 22, 20151min5364
Animation Movie တွေဖက်လှည့်ပြီးပြန်တော့ ဇာတ်ကားအသစ်တွေဖက်ကို လှည့်ကြည့်မိပြန်ပါတယ်။ နောက်ပိုင်းထွက်တဲ့ ဇာတ်ကားတွေမှာ နာမည်ရပြီးသားပေါက်ပြီးသားတွေကိုပဲ ၁ ၊ ၂ ၊ ၃ ဆိုပြီး ထွက်လာတတ်ကြပါတယ်။ ဇာတ်ကားအသစ်တွေ ဇာတ်ကောင်အသစ်တွေကို ကြည့်ရှုလိုစိတ်ရှိတာနဲ့ စောင့်မျှော်ကြည့်ချင်တဲ့ ဇာတ်ကားနှစ်ကားကတော့။   In The Heart Of The Sea (2015)   1820ခုနှစ်ပတ်ဝန်းကျင်အချိန်ကို ရိုက်ကူးထားပါတယ်။ ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တယ်လို့လည်း သိရပြီ။ အက်ရှင် နဲ့ စွန့်စားခန်းတွေ ရောနှောပါဝင်မယ်လို့လည်း ထင်မိပါတယ်။ ပင်လယ်ပြင်မှာ ရွက်လွှင့်နေတဲ့ သဘောင်္သားတစ်စုဟာ ကြီးမားလှတဲ့ ဝေလငါးတစ်ကောင် ရဲ့ တိုက်ခိုက်ခြင်းကို ခံရတဲ့အဖြစ်အပျက်ပေါ်မူတည်ပြီး ဇာတ်အိမ်တည်ထားရာကစပါတယ်။ ဇာတ်ကားအသစ်မို့ စောင့်မျှော်မိတဲ့ ကားထဲကဆိုလည်း မမှားပါဘူး။ 2015, December […]


SawAungAugust 21, 20151min107811
Disney ဖက် သွားပြီးတော့ Dreamwork ဖက် ပြန်လှည့်ပါဦးမယ်။ Disney နဲ့ Dreamwork ကတော့ ပြိုင်ဖက်တွေဆိုရင်လည်း မမှားပါဘူး။ ကျတော့်အထင်ကတော့ နှစ်ဦးစလုံးဟာ Animation ပိုင်းမှာ သူ့အောင်မြင်မှုနဲ့ သူရှိနေကြတာပါ။   Disney ဟာလည်း သူ့ဟန်နဲ့ သူသွားနေသလို Dreamwork ဟာလည်း သူ့ဟန်နဲ့ သူသွားနေတာပါပဲ။ Dreamwork က 2002 ခုနှစ်က ထုတ်တဲ့ Animation ကားတစ်ကားဟာ အောင်မြင်မှုတော်တော် ရခဲ့ပါတယ်။ အဲ့သည်ကားကတော့ ‘Ice Age’ ပါ။   2002ခုနှစ်မှာ ထွက်ခဲ့တဲ့ ‘Ice Age’ ဟာ ရေခဲခေတ်က သတ္တဝါတွေနဲ့ ပုံဖော်ထားတဲ့ရုပ်ရှင်ကားတကားပါ။ Manny ဆိုတဲ့ ရေခဲခေတ် အမွှေးရှည်ဆင် Sid ဆိုတဲ့ […]


SawAungAugust 20, 20151min76712
တစ်ခါတစ်လေတော့လည်း ရုပ်ရှင်နဲ့ပတ်သက်တာတွေ ရုပ်ရှင်အက်ဆေးလိုမျိုးတွေ အေးဆေးစွာ ရေးချင်စိတ်ဖြစ်မိပါတယ်။ အခြေအနေအရလည်း မပေးသေးတော့ အလုပ်လုပ်ရင်း လက်တန်းရေးဖြစ် တာတွေ များလာတယ်ထင်ရဲ့။   ကိုယ်တိုင်ကလည်း ရုပ်ရှင်ခရေဇီဆိုတော့ လောလောလတ်လတ်မှာ  စိတ်ဝင်စားတဲ့ ဇာတ်ကားလေးတွေ ကိုယ်တိုင်လည်း စောင့်ကြည့်မယ် ဇာတ်ကားလေးတွေကို မျှဝေပေးလိုက်ပါရဲ့။   ပထမဆုံးအနေနဲ့ Animation ဇာတ်ကားတွေကို မျှော်လင့်မိပါတယ်။ အခုတင်ပြပေးမယ် ဇာတ်ကားတွေ ကတော့ ကိုယ်တိုင်ရင်းနှီးဖူးသားဖြစ်တဲ့ ဇာတ်ကောင်းအဟောင်းတွေရဲ့ ဇာတ်လမ်းအဆက်တွေပါ။ အကြိုက်တူရဲ့သလားတော့မသိပါဘူး။   Alice Through The Looking Glass (2016) 2016, May 27 မှာ ထွက်ရှိလာမယ့်ကားပါ။ Animation ချည်းပဲ မဟုတ်ပေမယ့် ရောစပ်ထားတဲ့ကားမို့ ညွှန်းပါရစေ။ သည်ဇာတ်ကားရဲ့ ပထမကားကတော့ Alice in Wonder […]