ပီတာ့ကို ချစ်တယ်
Tom Holland ကို ကျွန်မ မကြိုက်ခဲ့ဘူး
ကျွန်မ စသိခဲ့တဲ့ Tom Holland ဆိုတဲ့ ပိန်ပိန်ပါးပါးနဲ့ ကောင်လေးတစ်ယောက်ပါး။ 2012 က ထွက်ရှိခဲ့တဲ့ The Impossible ဆိုတဲ့ ဆူနာမီ ရေကြီးတဲ့အခါ ထိုင်းမှာရောက်နေတဲ့ မိသားစုတစ်စု ကွဲကွာသွားရာကစလို့ ပြန်ဆုံစည်းနိုင်ဖို့ ကြိုးစားကြတာကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကျွန်မစသိခဲ့တာပါ။ သူ့ဇာတ်ကားအများကြီးထဲက ကျွန်မသူ့ကိုစသိခဲ့တာဟာ “The Impossible” မှာပါ။
နောက်ထပ် သူ့ကို ထပ်ကြုံရတဲ့ ဇာတ်ကားကတော့ “In The Heart Of The Sea” ပါ။ အသက်ငယ်ငယ်နဲ့ ကြိုးစားတဲ့ သရုပ်ဆောင်တစ်ယောက်လို့သာ ကျွန်မမြင်ခဲ့မိတာပါ။
နောက်ဇာတ်ကားတစ်ခုကတော့ လတ်တလောထွက်ထားတဲ့ “The Lost City Of Z” ဆိုတဲ့ ဇာတ်ကားမှာပါ။ ဆယ်ကျောက်သက်အရွယ်ဇာတ်ကောင်ဟာ သူနဲ့လိုက်ဖက်သလို ဒီဇာတ်ကားမှာလည်း သူ့ကိုကျွန်မကြည့်ရတာ သာမာန်ပါပဲ။
နောက်ဆုံးတစ်ခေါက်ကြုံရဦးမှာ “Spider-Man:Home Coming” ပါ။ “Spider-Man” ရုပ်ရှင်ဟာ 2002ခုနှစ်မှာ မင်းသား “Tobey Maguire” ကလို့ အသက်ဝင်ခဲ့ပါတယ်။ ကျွန်မတို့ သိပ်ကြိုက်ခဲ့တဲ့မင်းသားပေါ့။ နှစ်လိုဖွယ်မျက်နှာ ရိုးသားတဲ့မျက်လုံး သူ့အရပ်ဟာသိပ်မရှည်ပေမယ့် သူ့အပြုံးလေးတွေ စွဲဆောင်မှုရှိတာရယ် ပထမဆုံး “Spider-Man” ဇာတ်ကားက ဇာတ်ရုပ်ဟာ သူနဲ့သိပ်လိုက်ဖက်ခဲ့ပါတယ်။ ဝင်ငွေတွေလည်း အများကြီးရခဲ့ပါသေးတယ်။ ဒီလိုနဲ့ “Spider-Man 1-2-3” ကို “Tobey Marguire” နဲ့ ရိုက်ကူးပြီးတဲ့အချိန်မှာတော့။ ရိုးအီလာတဲ့ “Spider-Man” ကို အသွင်ပြောင်းဖို့ ကြိုးစားလာတာ ကျွန်မတို့တွေ့ကြရမှာပါ။
2012 မှာ “The Amazing Spider-Man” ကို မင်းသား “Andrew Garfield” နဲ့ ပွဲထုတ်ခဲ့ပြီး 2014 မှာ “The Amazing Spider-Man 2” ဆက်လက်ထွက်ရှိပေမယ့် “Spider-Man” ဇာတ်ကားတွေရဲ့ ကျွန်မတို့ကို စွဲဆောင်မှုဟာ လျော့ကျသွားခဲ့ပါတယ်။ ဒီလိုနဲ့ Civil War ဇာတ်ကားမှာ Spider-Man ရဲ့ အရိပ်အယောင်ကို ထုတ်ဖော်ပြသခဲ့တဲ့အခါ ကျွန်မပြန်လည် စိတ်ဝင်စားမိခဲ့ပါတယ်။
နောက်ထွက်လာမယ့် Spider-Man ဟာ ဆယ်ကျော်သက်ဖြစ်မယ်။ Tom Holland ကိုသုံးမယ်ဆိုတော့ ကျွန်မနည်းနည်းတော့ စိုးရိမ်မိပါတယ်။ Hero တွေဆိုတာ ကျွန်မအမြင်မှာ ဘော်ဒီတောင့်တောင့် လှလှမဟုတ်လား။ Tom က ပိန်ပိန်ပါးပါး ခပ်ငယ်ငယ်ဆယ်ကျော်သက်လေးဟာ Spider-Man နဲ့ လိုက်ဖက်ပါ့မလားပေါ့။
“Spider-Man:Home Coming” ဇာတ်ကားကို ကြည့်ပြီးအချိန်မှာတော့ Tom ကို သိပ်မကြိုက်ခဲ့တဲ့ ကျွန်မ ဒီဇာတ်ကားမှာ သိပ်ကြိုက်သွားခဲ့မိတယ်။ Tom ဟာ Spider-Man ဆိုတဲ့ ဇာတ်ကောင်အားလုံးထဲမှာ အလိုက်ဖက်ဆုံးပါပဲ။ ဝတ်စုံအသစ်နဲ့ပွဲထွက်လာတယ် Tom ရဲ့ ပိန်ပါးတဲ့ Body ဟာ ဘာလို့များ Spider-Man ဝတ်စုံနဲ့ အရမ်းလိုက်ဖက်နေရသလဲ။ ပေါ့ပါးသွက်လက်တဲ့ Spider-Man အဖြစ် ပြန်လည်တွေ့မြင်ရတာပါ။ ဒီဇာတ်ကားထဲက ပီတာ ဟာ (၁၅)နှစ်အရွက် ဆယ်ကျော်သက်လေးမို့ လုပ်ချင်ရာလုပ်တဲ့ စရိုက်တွေ ဇာတ်လမ်းအထားအသိုအရ Tom နဲ့ အံဝင်ခွင်ကျ ကွက်တိဖြစ်ခဲ့တာတွေဟာ “Spider-Man” ကို ကျွန်မတို့ရင်ထဲ တဖန်ပြန်လည် အသက်ဝင်စေလာတာပဲ။ အရင့်အရင် ဇာတ်လမ်းတွေထက် ကျွန်မကို ပြန်လည်စွဲဆောင်နိုင်တဲ့အပြင် စ-လယ်-ဆုံး ပျင်းစရာမရှိအောင် တင်ဆက်ထားတာကိုက စွဲဆောင်မှုတစ်ခုပါ။ “Spider-Man” ဟာ ကျွန်မအတွက်တော့ ဒီဇာတ်ကားနဲ့ ပြန်လည်အသက်ဝင်လာခဲ့ပါပြီ။
Tom Holland ကို ကျွန်မမကြိုက်ခဲ့ဘူး။ အခုတော့ Tom Holland ကို ကျွန်မ သိပ်ကြိုက်သွားခဲ့မိပြီ။ Love you Peter………။
ဘယ့်နှာ ကျမ ဖြစ်နေတုန်း း)
Was this answer helpful?
LikeDislikeတစ်မျိုးဆန်းအောင် ရေးထားတာ
Was this answer helpful?
LikeDislikeပီတာ အီမာ ကီစောင် ဆိုတာ ကြားဖူးလား ၊ မဆလခေတ်က ပြက်လုံးတစ်ခုပေါ့…
ပီတာ (စပိုက်ဒါမန်း မဟုတ်) = ပါတီ
အီမာ (အီမာဝပ်ဆင် မဟုတ်) = အာမီ
ကီစောင် (ကွီးယား မင်းသား မဟုတ်) = ကောင်စီ
ဘာမှ ဟုတ်ဘူး … ဒီမင်းသား မကြည့်ဖူးသေးလို့ သိတာ ဝင်ဖြီးတာ …
Was this answer helpful?
LikeDislikeသူ့ဇာတ်ကားတွေက ရှိပါတယ်။ အူးကျောက်ပြောမှ သိတော့တယ် အဲ့အခေါ်အဝေါ်တွေ။
Was this answer helpful?
LikeDislikeကြည့်လိုက်ပါဦးမယ်
Was this answer helpful?
LikeDislikeဇာတ်လမ်းလေးက ဖတ်လို့ကောင်းပေမယ့် ကျွန်မကြီးက ဖျက်နေတယ်ရော…
Was this answer helpful?
LikeDislikeအယ်မကြီးက ကျယ်မ လို့ ရေးသတဲ့လား

Was this answer helpful?
LikeDislikeကြိုက်ပါ့ဗျာ

Was this answer helpful?
LikeDislikespider-man ဇာတ်ကားကိုအစကနေပြီတစ်ကားမလွတ်ကြည့်ခဲ့ပါတယ် အခုလည်းနောက်ဆုံးထွက်တာလေးကိုကြည့်ချင်နေတာ ဒီpost ဖတ်ပြီးပိုကြည့်ချင်သွားပြီ
Was this answer helpful?
LikeDislikeဘယ်ရမလဲ…။
ညကြီးမင်းကြီး ကားမောင်းသွားကြည့်
လူတွေလည်းများ အပန်းလည်းပြေ
သိပ်စိတ်လေတယ်။ ။
=
ဆိုတော့..
ဧရာမ ရုပ်ရှင်ပိတ်ကားပေါ်မှာတောင်.. ဘာတွေဖြစ်နေမှန်းမသိ.. ရှုပ်ယှက်ခတ်နေတဲ့ ဇတ်ကွက်တွေပါတယ်..။
အထူးသဖြင့်.. စပိုင်ဒါမန်းင်းကို ရေထဲပစ်ချတာရယ်..။ လေယာဉ်လုခန်းရယ်မှာ..။
ဇတ်သိမ်းအပြီး.. ထိုင်ရမထ.. ရုံပြင်မထွက်… စာတန်းထိုးတာအပြီးမှာ နောက်တကပ်လာသေးသမို့.. နောက်၅မိနစ်စောင့်ကြည့်သင့်ကြောင်း..။
Was this answer helpful?
LikeDislike