အရူးများနှင့် ကခုန်ခြင်း
#Stonehearst_Asylum

Stonehearst ဆိုတဲ့ ဆေးရုံကြီးမှာ စိတ်ရောဂါဖြစ်နေတဲ့သူတွေ အများအပြားရှိပါတယ်။ အခြေခံလူတန်းစားကစလို့ မင်းမျိုးမင်းနွယ်တွေက အစပေါ့။ ဆေးရုံကြီးနဲ့အတူ အုပ်ချုပ်သူ ဆရာဝန်ကြီးနဲ့ ကျောင်းသားကျောင်းသူတွေ ဝန်ထမ်းတွေပါရှိပါတယ်။

တစ်ရက်မှာတော့ အောက်စ်ဖို့ဒ်က နယူးဂိတ်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက် ရောက်ရှိလာပါတယ်။ သူဟာ လေ့လာသင်ယူဖို့ရောက်လာသူပါ။ သူရောက်လာပြီးနောက်ပိုင်း
ဆေးရုံအုပ်ချုပ်သူ ဆရာဝန်ကြီးနဲ့ ဝန်ထမ်းတွေ ၊ လူနာတွေဟာ မူမမှန်ခဲ့ပါဘူး။

တစ်ညမှာတော့ ရေပိုက်လိုင်းက အသံတစ်ခုကို သူကြားတဲ့အခါ အဲ့သည် အသံကြားရာကို လိုက်ရှာကြည့်တဲ့အခါမှာတော့ များပြားလှတဲ့အချုပ်ခန်းတွေထဲမှာ လူအများအပြားကို ချုပ်နှောင်ထားတာ သူတွေ့လိုက်ရပါတယ်။ အဲ့သည်သူဟာ ဘယ်သူတွေဖြစ်မလဲ။ သူဟာ ဆေးရုံထဲက လူဆိုး လူကောင်းတွေကို ဘယ်လိုခွဲခြား ကျော်လွှားမလည်း။

ဇာတ်လမ်းအလှည့်အပြောင်းတွေဟာ ရင်ဖိုစရာ စိတ်ဝင်စားစရာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အကြောင်း…။
#Movie_Crazy
#Stonehearst_Asylum
9 comments
မမချွိ
July 5, 2016 at 10:07 am
နာ တောင် ကြိုက်ရို့
ဒီမှာ ညွှန်းဖူးတယ်။
http://myanmargazette.net/215469
:k:
အောင် မိုးသူ
July 5, 2016 at 10:30 am
ဟုတ်လား ဟိဟိ။ ခု ဖတ်ကြည့်လိုက်မယ ်မကြီး ညွှန်းတာ ပိုကောင်းမှာ။
တောတွင်းပျော်
July 5, 2016 at 10:30 am
အဆုံးထိ ပြောပြလေ ..
စီးပွားရေး သိပ်ဆန်တာပဲ 🙁
အောင် မိုးသူ
July 5, 2016 at 10:40 am
ပြောပြတာဟာ ကြည့်ရတာလောက် အရသာမရှိဘူး။ အာ့ကြောင့် ကြည့်ပါ။
Thint Aye Yeik
July 5, 2016 at 11:48 am
အဲ့အမျိုးသမီးက သရုပ်ဆောင် ကောင်းတယ်
အောင် မိုးသူ
July 5, 2016 at 12:34 pm
ဟုတ်တယ်
A mar nyo
July 7, 2016 at 11:39 am
အဆုံးထိမကြည့်လိုက်ရဘူး သူများဆီကပဲကြားလိုက်ရတယ်
Thint Aye Yeik
July 8, 2016 at 8:19 am
ဒါ အဒူလေးဒုန်း
:k:
သတိရနေတာ
A mar nyo
July 14, 2016 at 10:01 am
စာရေးဖို့ကြိုးစားနေတုန်းမိုလို့ရွာထဲမရောက်ဖြစ်ဘူး