Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

​ဆ​ရဒ်​နီ ​ဗက်​ရှ်​ထာ

( စစ်တွေမှာ မွေးဖွားခဲ့တဲ့ ဆာကီ အမည်ခံ အင်္ဂလိပ် စာရေးဆရာ Hector Hugh Munro ဟာ
ထိတ်လန့် ချောက်ခြားဖွယ် ဝတ္ထုတိုတွေ ရေးခဲ့သူပါ။ သူ့ဝတ္ထုတိုတွေထဲက အတိုဆုံးနဲ့ အသိမ်
မွေ့ဆုံး ဖြစ်လောက်မဲ့ Sredni Vashtar ဆိုတဲ့  လွန်ခဲ့သော နှစ်တရာကျော်က ဝတ္ထုကို
ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ Hector Hugh Munro ဟာ ပထမကမ႓ာစစ်အတွင်း ဂျာမန်
စနိုက်ပါသမား တစ်ယောက်လက်ချက်နဲ့ အသက် ၄၅နှစ်မှာ ကွယ်လွန်သွားပါတယ်။)

ကောင်ကလေး ကွန်ရာဒင် က ဆယ်နှစ်သား။ ဆရာဝန်က သူ့အသက်မွေးမှုအမြင်အရ

ပြောတာဖြင့်ကောင်ကလေးဟာ နောက်ငါးနှစ်ထက်တော့ ပိုပြီး အသက်မရှည်နိုင်ရှာတော့

ဘူးတဲ့။ ဆရာဝန်က ပျော့ပျော့နွဲ့နွဲ့ နဲ့ကိုးစားစရာ သိပ်မရှိလှ။ အဲ..ဒါပေမဲ့ မစ္စစ် ဒီရော့က

ဆရာဝန်ရဲ့အမြင်ကို ထောက်ခံသပေါ့။ သူကတော့ အရာရာလုံးနီးပါး အရေးပါတဲ့သူပဲ။

မစ္စစ် ဒီရော့က ကွန်ရာဒင်ရဲ့ ဆွေမျိုးလည်းဟုတ်သလို အုပ်ထိန်းသူလည်း ဖြစ်သပေါ့။

ကွန်ရာဒင်ရဲ့ မျက်လုံးထဲမှာတော့ မစ္စစ် ဒီရော့ပါဝင်တဲ့ လောကဟာ ငါးပုံသုံးပုံက လိုအပ်

 သော၊ မနှစ်မြို့စရာကောင်းသော..ပြီးတော့ အစစ်အမှန်ဖြစ်သော။ အဲဒီလို။နောက်နှစ်ပုံ

ကတော့ ရှေ့ကအချက်တွေကို ဘယ်တော့မှ မရပ်စဲမဲ့ အမုန်းတရားနဲ့ သူ့အတွေးထဲ

မှာ သူ့ဖာသာ ရောစပ်ပုံဖော်ထားတာပဲ။

ဒီရက်တွေထဲက တစ်ရက်ရက်မှာဖြင့် ကောင်ကလေးဟာ ရောဂါဘယရယ်၊ တင်းကြပ်တဲ့

ဆက်ဆံမှုတွေရယ်၊ ရှည်လျားလှတဲ့ ငြီးငွေ့ဖွယ်ရာတွေရဲ့ ဆုပ်ကိုင်ဖျစ်ညှစ်တဲ့ အင်အား

 ကြောင့် အနိစ္စရောက်ဖို့ပါပဲ။ အထီးကျန်လှတဲ့ အခြေအနေကြောင့် အားကောင်းမောင်း

သန်ဖြစ်လာတဲ့ သူ့ရဲ့ စိတ်ကူးယဉ်ကမ႓ာလေးသာ မရှိခဲ့ရင်တော့ ခမျာကလေး သေတာ

ကြာပေါ့။

မစ္စစ် ဒီရော့က သူ့ရဲ့ အရိုးသားဆုံး အခိုက်အတန့်လေးမှာတောင် ကောင်ကလေး

ကွန်ရာဒင်ကို သဘောမတွေ့ဘူးလို့ မပြောဘူး။ သူ့အတွက် ဘာစိတ်အနှောင့်အယှက်

 ဖြစ်စရာမရှိတာကိုတောင် ကဖျက်ယဖျက်လုပ်ပြီး သင်းကလေး ကောင်းဖို့ တားရတာပဲ

ဆိုတာမျိုးတော့ သူ့စိတ်ထဲ ခပ်ရေးရေး သတိပြုမိလောက်ရဲ့။ကောင်ကလေးကတော့

သူ့ကို သေမလောက်မုန်းပေမဲ့လို့ ကောင်းကောင်း ဖုံးကွယ်ထားနိုင်တယ်။သူ မနည်း

 ကြံဆဖန်တီးထားရတဲ့ ပျော်ရွှင်စရာ အခွင့်အလမ်းလေးတွေကို သူ့ အုပ်ထိန်းသူက နှစ်မြို့

မယ်မဟုတ်ဘူး။ သူ့ စိတ်ကူးယဉ်ကမ႓ာထဲမှာတော့ သူ့အုပ်ထိန်းသူအတွက် နေရာမရှိ။

စိတ်ပုတ် ညစ်ပတ်တဲ့သူမျိုးအတွက် ဝင်ပေါက်ကို မရှိသင့်ဘူး။

ငြီးငွေ့ပြီး ပျော်စရာမရှိတဲ့ ဥယျာဉ်ထဲကို ရုတ်တရက်ပွင့်လာမဲ့ ပြတင်းပေါက်တွေက စောင့်

ကြည့်နေကြတာ။ ဆူငေါက်သံတစ်ခုခုနဲ့လေ။ ဟဲ့ ကောင်လေး ဘာမလုပ်နဲ့၊ ညာမလုပ်နဲ့။

 ဆေးသောက်ရမယ်။ ဘာညာ။ ကောင်ကလေးက စိတ်ဝင်စားစရာ နည်းနည်း တွေ့တယ်။

အသီးတွေ သီးနေတဲ့ အပင်တွေ။ အသီးတွေက သူ့လက်နဲ့ ခူးလို့တော့ မမှီတဲ့ မနာလိုစရာ

အမြင့်လောက်မှာ။ ဒီလို ခြောက်သွေ့ငြီးငွေ့ဖွယ် အမှိုက်သရိုက်ထဲ လာ သီးပွင့်နေပြီး နည်း

နည်းရှားတဲ့ အမျိုးပေမဲ့ တစ်ရာသီလုံးစာကို ဆယ်သျှီလင်ပေးမဲ့သူတောင် မနည်းရှာရမှာ။

အမေ့လျော့ခံ ခြံထောင့်နားမှာ စိတ်ပျက်စရာ ရှရပ်ဘယ်ရီချုံတွေနဲ့ ဖုံးလုနီးပါး ဖြစ်နေတဲ့

ဥယျာဉ်လုပ်ငန်းသုံး ကိရိယာတွေထားတဲ့ တဲကလေးက အိန္ဒရြေရ အချိုးကျကျနဲ့။တဲကလေး

အတွင်းမှာတော့ ကွန်ရာဒင်က သူ့ကောင်းကင်ဘုံကို ရှာတွေ့သွားတယ်။ ကစားရာ အခန်း

လေးလည်း တဖြစ်လဲ ဘုရားကျောင်းကလေး။ သူရင်းနှီးတဲ့ စိတ်ကူးယဉ်လူသားတွေ ဖန်တီး

ထားသေးတာ။ သူ့ခေါင်းထဲ မှတ်မိသမျှ သမိုင်းအစအနတွေနဲ့ သူ့ဦးနှောက်ထဲ ရှိတာ

ရောသမလို့ စိတ်ကူးထားတာတွေပါ။

ဒါတွေတင် ဘယ်ကမှာလဲ ဝင့်ကွှားစရာ တကယ့်အသွေးအသားနဲ့ အခန်းဖော် နှစ်ဦးလည်း

ရှိသေး။ထောင့်တစ်ထောင့်မှာ အမွှေးအတောင် စုတ်စုတ်နဲ့ ပြင်သစ်ကြက်မကလေး တစ်

 ကောင်ရှိတယ်။ ကွန်ရာဒင်ကတော့ ထပ်တူမတွေ့နိုင်တဲ့ အလှတစ်ပါးလို အလွန် မြတ်နိုး

ရှာတယ်။ ဟို နောက်ဘက်မှောင်ရိပ်ထဲမှာတော့ အကန့်နှစ်ကန့်ပါတဲ့ လှောင်အိမ်ကြီးတစ်

ခုရှိတယ်။ လှောင်အိမ် ရှေ့ဘက်ကတော့ သံချောင်းတွေနဲ့ ကာထားတာ။ အဲဒီလှောင်အိမ်

ဆိုတာ အတော်လေးကြီးတဲ့ အဝါနဲ့ အညိုကျား မြောက်အမေရိက ဖျံတစ်ကောင်ရဲ့ ဗိမာန်ပေါ့။

ခင်စရာကောင်းတဲ့ အသားဖျက်တဲ့ ကောင်လေးတစ်ယောက်ကအဲဒီဖျံကို လှောင်အိမ်ထဲ

တစ်ပါထဲ ထည့်ပြီး ခိုးရောင်းတာ။ တိတ်တိတ်ကလေးထားတဲ့ သူ့ငွေစကလေးတစ်ချို့နဲ့

လဲရတာပေါ့လေ။ ပျောင်းနွဲ့တဲ့ ကိုယ်ခန္ဓာနဲ့ ထက်မြက်တဲ့သွားစွယ်တွေပါတဲ့ ဒီသတ္တဝါကို

ကွန်ရာဒင် ခမျာ အသေအလဲ ကြောက်ပေမဲ့လို့ ဒါက သူပိုင်ဆိုင်တဲ့ အဖိုးထိုက်ဆုံးအရာ။

အဲဒီဟာကို တဲထဲမှာ လျှို့လျှို့ဝှက်ဝှက်နဲ့ ဟိုမိန်းမကြီး (သူ့ဖာသာ ရေရွတ်ပြီး မစ္စစ် ဒီရော့

ကို ခေါ်တဲ့ အမည်) မသိရအောင် ထားရတာကိုက ရင်တထိတ်ထိတ်ပျော်ရတာမျိုး။

တစ်ရက်မှာတော့ ကောင်းကင်ဘုံကတောင် ဘယ်လိုအရာမျိုးနဲ့ ကြံစည်တွေးတောပြီး ပေး

သလဲမသိနိုင်တဲ့ထူးထူးခြားခြား အမည်တစ်ခုကို အဲဒီသတ္တဝါအတွက် မှည့်ခေါ်တာပဲ။ အဲဒီ

အချိန်က စလို့ ဒီသတ္တဝါက သူ့နတ်ဘုရား၊ သူ့ကိုးကွယ်ရာ ဘာသာ ဖြစ်လာတော့တယ်။

သူ့ ဘွားတော်က တစ်ပတ်တစ်ခါတော့ ဘာသာရေးနဲ့ မွေ့လျော်တယ်။ အနီးနားမှာ ရှိတဲ့

ဘုရားကျောင်းကိုသွားတိုင်း ကွန်ရာဒင်ကို ခေါ်သွားတတ်တာ။ဒါပေမဲ့ သူ့အမြင် ဒီလိုဘုရား

ကျောင်းမှာ ဝတ်ပြုဆုတောင်းတယ်ဆိုတာ ရင်မွန်အိမ်တော်*ထဲက အစိမ်းသက်သက် ဓလေ့

ထုံးတမ်းတွေလိုပဲ။( သူ့ကိုယ်ပိုင် သူထွင်ထားတဲ့ ဘာသာရေး ရှိနေပြီကိုး။)

ကြာသပတေးနေ့တိုင်း မှုန်ရီဖျိုးဖျနဲ့ တိတ်ဆိတ်ငြိမ်သက်လှတဲ့ တဲကလေးအတွင်းမှာ

ကွန်ရာဒင်ကလေးဟာ လေးနက်တဲ့ ဉာဏ်အမြင်ကို အခြေခံလို့ အသေးစိတ်ပြင်ဆင်

ထားတဲ့ ဝတ်ပြုပွဲမှာ ပူဇော်ကန်တော့တတ်တယ်။ သစ်သား လှောင်အိမ် ဘုံဗိမာန်အတွင်း

စံတော်မူတဲ့ ကြီးမြတ်လှေသာ အနံ့ဆိုးတဲ့ ဖျံကတိုးသခင် ဆရဒ်နီ ဗက်ရှ်ထာ ရှေ့တော်

 မှောက်မှာပေါ့။ ဗိမာန်ရှေ့မှာ ရာသီလိုက် ပန်းနီနီတွေ၊ ဘယ်ရီသီးတွေကိုလည်း ဆက်ကပ်

ပူဇော်တတ်တယ်။ သူ့နတ်ဘုရားက ကြမ်းတမ်းခက်ထန် သည်းမခံတတ်တဲ့နတ်ဘုရား။

ဟိုမိန်းမကြီးရဲ့ ဘာသာကို ဆန့်ကျင်ဘက်ပြုဖို့ သူလေ့လာသိရှိသလောက် ပြဒါးတစ်လမ်း

သံတလမ်းဖြစ်အောင်( သူ့နတ်ဘုရားကို ပုံဖော်တာ။)

ပွဲတော်ကြီးနေ့ ဝှဲချီးကျင်းပတဲ့ အခါမျိုးဆို ဇာတိပ္ဖိုလ်သီးမှုန့်တွေကို လှောင်အိမ်ရှေ့မှာ

ကြဲဖြန့်လို့ ပူဇော်တတ်သေး။ အဲ..အရေးကြီးတဲ့အချက်က ဇာတိပ္ဖိုလ်သီးမှုန့်တို့

ပူဇော်လှူဒါန်းတဲ့ ပစ္စည်းတွေဟာ ခိုးလာတဲ့ဟာတွေ ဖြစ်ရမယ်။ ပွဲတော်ကြီးနေ့က

ပုံမှန်တော့ မရှိတတ်ပါဘူး။ အထူးသဖြင့် ဟိုမိန်းမကြီး မကောင်းတာ တစ်ခုခုဖြစ်တဲ့နေ့

မျိုးဆို လုပ်တာ။ တစ်ခါသား မစ္စစ် ဒီရော့ခမျာ အတော်ဆိုးတဲ့ သွားကိုက်ဝေဒနာကိုသုံးရက်

လောက် ခံလိုက်ရရှာတယ်။ အဲဒီသုံးရက်လုံး ပွဲတော်ကြီး ကျင်းပနေလိုက်တာ ကွန်ရာဒင်း

ကလေးစိတ်ထဲ ဒီမိန်းမကြီးသွားကိုက်တာ ဆရဒ်နီ ဗက်ရှ်ထာ လုပ်လိုက်လို့ဆိုပြီး ယုံကြည်

လုနီးနီးဖြစ်သွားတယ်။သူ့ရောဂါ သုံးရက်နဲ့ပြီးသွားလို့ပေါ့။ နောက်တစ်ရက်သာ

ဆက်ဖြစ် ပူဇော်စရာ ဇာတိပ္ဖိုလ်သီးမှုန့်က ကုန်လောက်ပြီ။

ဟိုကြက်မကလေးကတော့ သူ့ဝတ်ပြုပွဲတွေမှာ ဘယ်တော့မှ မပါဘူး။ ကွန်ရာဒင်က သူ့ကို

အန်နာဘဗ်ပတစ်လို့ အရင်ထဲက သတ်မှတ်ထားတာ။ အဲဒါ ဘာလဲတော့ သိချင်ယောင်

မဆောင်ပါဘူး။ ဒါပေမဲ့ အဲဒီ အန်နာဘဗ်ပတစ် ဆိုတာ မြူးမြူးသွက်သွက်နဲ့ သိပ်လေးစားစရာ

မလိုတဲ့ ပုံစံမျိုးလို့ စိတ်ထဲမှာ သူ့ဘာသာ ကြိတ်မျှော်လင့်ထားတာ။ မစ္စစ် ဒီရော့ ကတော့

ပင်တိုင်အခြေခံထားတဲ့ လေးစားဖွယ် အရည်အသွေး လုံးဝကင်းမဲ့ပြီး စက်ဆုပ်မုန်းတီးစရာပေါ့။

ကွန်ရာဒင်ကလေးတစ်ယောက် အဲဒီတဲထဲမှာပဲ ပျော်မွေ့နေတော့ သူ့ဘွားတော်က

သတိပြုမိလာတယ်လေ။

“ဆယ့်နှစ်ရာသီ အဲဒီထဲမှာ ကုပ်ကမြင်း လုပ်နေတာ ဒင်းကလေးအတွက် မကောင်းဘူး။”

ဆိုပြီး ခပ်မြန်မြန် ဆုံးဖြတ်တယ်။ ပြီးတော့ တစ်မနက်မှာ မနက်စာစားရင်း ဟိုကြက်မလေးကို

ရောင်းလိုက်ပြီ။ ညတွင်းချင်း လာယူလိမ့်မယ်လို့ အသိပေးလိုက်တယ်။ ဘွားတော်က မျက်လုံး

ကျဉ်းကျဉ်းနဲ့ အသာမှေးကြည့်ရင်း ကွန်ရာဒင်းကလေး ပေါက်ကွဲလာမှာကို အသာစောင့်နေ

တယ်။ အဲလိုဖြစ်လာလို့ကတော့ ချက်ကျကျနဲ့ ဆူဟောက်မာန်မဲ ပစ်ဖို့တွေးပြီးသား။

ဒါပေမဲ့ ကောင်ကလေးက ဘာမှမပြောဘူး။ ပြောစရာလည်း မရှိဘူး။ ဖြူရော်ရော် မျက်နှာသေ

ကလေးပေါ်က တစ်ခုခုက ဘွားတော်ကို စနိုးစနောင့်ဖြစ်သွားစေတော့တယ်။

အဲဒီနေ့လည်ခင်းမှာပဲ လက်ဖက်ရည်သောက်တော့ စားပွဲပေါ်မှာ စားချင်စဖွယ် ပေါင်မုန့်

မီးကင်တစ်ချပ် တင်ထားတယ်။ ပေါင်မုန့်မီးကင်ကို စိမ်ပြေနပြေ အနုစိတ်လုပ်တာကို ထုံးစံ

အတိုင်း ကောင်ကလေးအတွက် မကောင်းဘူးဆိုပြီး လုံးဝ တားမြစ်ထားတာ။ အဲဒီလိုလုပ်တာ

ဘွားတော်အမြင်မှာ အကြီးအကျယ် စော်ကားနေသလိုပဲ။

“မင်း..ပေါင်မုန့်မီးကင် ကြိုက်တယ်မှတ်တာပဲ..။”

ကောင်ကလေးက ပေါင်မုန့်ကို လုံးဝမထိတာ သတိပြုမိလို့ အံ့အားသင့်ပြီး ဘွားတော်ကခပ်မာမာ

နဲ့ မေးတာ။

“တစ်ခါတစ်လေပါ..။” ကောင်ကလေးက ခပ်အေးအေးပဲ ပြန်ဖြေတယ်။

အဲဒီညနေမှာ တဲအတွင်းက သူ့ လှောင်အိမ်စံနတ်ဘုရားအတွက် ဝတ်ပြုမှုအသစ်တစ်ခု ပေါ်လာတယ်။

ကွန်ရာဒင်က အရင်လို ဆုတောင်းစာတွေ မရွတ်ဖတ်တော့ဘူး။ တောင်းဆိုမှု တစ်ခုပဲ ပြောတယ်။

” ကျွန်တော့်အတွက် တစ်ခုလုပ်ပေးပါ ဆရဒ်နီ ဗက်ရှ်ထာ..။”

တစ်ခုဆိုတာ ဘာလဲတော့ မပြောဘူး။ ဆရဒ်နီ ဗက်ရှ်ထာက နတ်ဘုရားပဲ။ သူသိရမှာပေါ့။

ဘာမှမရှိတော့တဲ့တစ်ဖက်ထောင့်လေးကို ကြည့်ရင်း ရှိုက်သံကို အနိုင်နိုင်ထိန်းလို့ သူ အရမ်း

မုန်းတဲ့ လောကဘက်ကို ပြန်လာခဲ့ရှာတော့တယ်။

ညတိုင်း မှောင်မဲနေတဲ့ သူ့အိပ်ခန်းလေးထဲမှာ၊ ညနေတိုင်း မှုန်ရီဖျိုးဖျ တဲကလေးအတွင်းမှာ

ကွန်ရာဒင်ကလေးဟာ

” ကျွန်တော့်အတွက် တစ်ခုလုပ်ပေးပါ ဆရဒ်နီ ဗက်ရှ်ထာ..။” ဆိုတာကိုပဲ ခါးသီးစွာ

ရွတ်ဖတ်နေတော့တာပဲ။

ဘွားတော်ကလည်း ကောင်ကလေး တဲဘက်သွားတာ မရပ်ပါလား ဆိုပြီး သတိပြုမိတယ်။

တစ်ရက်တော့စုံစမ်းရေး ဆင်းတာပေါ့။

” လှောင်အိမ်ထဲ ဘာထည့်ထားတာလဲ။ ပူး တွေလား။ ငါ အကုန်ရှင်းပစ်မှာ။”

ကွန်ရာဒင် က ပါးစပ်ကို တင်းတင်းစေ့ထားတယ်။ ဒါပေမဲ့ ဘွားတော်က ကောင်ကလေးအိပ်

ခန်းထဲပြေးဝင်ပြီး သေချာဖွက်ထားတဲ့ သော့ကို ရအောင်ရှာလို့ တဲဘက်ကို ချီတက်သွားတယ်။

 အေးစက်တဲ့နေ့လည်ခင်း တစ်ခုပေါ့။ ကွန်ရာဒင်ကတော့ အိမ်ထဲမှာပဲ နေခဲ့ရမတဲ့။ ထမင်းစား

ခန်း ဟိုးတစ်ဖက်ဆုံးပြတင်းတံခါးကနေပြီး ရှရပ်ဘယ်ရီချုံ တွေအလွန် ထောင့်နားက တဲကလေး

ရဲ့ တံခါးကို မြင်နိုင်တယ်။အဲဒီ ပြတင်းပေါက်နားမှာ ကွန်ရာဒင်က ကျောက်ချပြီး ရပ်ကြည့်နေတာ

 ပေါ့။ ဘွားတော် ဝင်သွားတာသူမြင်လိုက်တယ်။ နောက်တော့ သူ့စိတ်ထဲ ဘာမြင်ယောင်လာ

လဲဆိုတော့- ဘွားတော်က အထွဋ်အမြတ် ဗိမာန်တော်ကို ဆွဲဖွင့်၊ အောက်ငုံ့ပြီး မျက်ပေါက်ကျဉ်း

ကလေးနဲ့ သူ့နတ်ဘုရား လျှို့ဝှက်ပြီး စံမြန်းတော်မူရာ ကောက်ရိုး ကမ္ဗလာကို ချောင်းကြည့်၊

စိတ်မရှည် လက်မရှည်နဲ့ ကောက်ရိုးစတွေနဲ့ ဟိုထိုးသည်ထိုး။

ကွန်ရာဒင်းကလေးခမျာ အပြင်းအထန် စိတ်လှုပ်ရှားလာပြီး အသက်ကို ခဲခဲယဉ်းယဉ်းရှုလို့

နောက်ဆုံးသော ဆုတောင်း ပတ္ထနာကို ပြုရှာတော့တယ်။ ဆုတောင်းနေပေမဲ့လို့ သူမယုံဘူး

ဆိုတာ သူ့ဘာသာ သိတယ်။ ဟိုဘွားတော်က သူအရမ်းမုန်းတဲ့ နှုတ်ခမ်းစေ့ပိတ်ပြီး ပြုံးတဲ့

အပြုံးနဲ့ အောင်မြင်စွာ ထွက်လာ။နောက် တစ်နာရီ၊ နှစ်နာရီလောက်မှာ ဥယျာဉ်မှူးက သူ့

နတ်ဘုရားကို ခေါ်သွား။ နတ်ဘုရားမဟုတ်ရှာတော့ဘူး၊ လှောင်အိမ်ထဲက ရိုးရိုး ဖျံကတိုး

တစ်ကောင်။ အမြဲအနိုင်ရတတ်တဲ့ ဘွားတော် ဒီတစ်ခါလည်း ဘယ်ရှုံးလိမ့်မလဲ။ သူကတော့

ပိုပြီး တင်းကျပ်လာတဲ့ ထိန်းချုပ်လွှမ်းမိုးမှုတွေအောက်မှာနေ။တစ်နေ့ ..သူနဲ့ပက်သက်လို့

ဘာမှထပ်ပြီး အရေးမပါ၊ ပြဿနာဆိုတာ မရှိတဲ့ နေ့အထိ။ ဆရာဝန်ကတော့ မှန်ပဟ လို့

သက်သေပြနိုင်မှာပေါ့။ ရှုံးနိမ့်မှုကြောင့် နာကျင်လှတဲ့ ဝေဒနာခံစားရင်းမှာပဲခြိမ်းခြောက်ခံရ

တဲ့ သူ့နတ်ဘုရားအတွက် ဓမ္မတေးကို ပြောင်ပြောင်တင်းတင်း ကျယ်ကျယ်လောင်

လောင်နဲ့ အော်ဆိုပါတော့တယ်။

“ဆရဒ်နီ ဗက်ရှ်ထာ ရှေ့သို့ချီ၊
သူ့အတွေးများဟာ စွေးစွေးနီ။
သွားစွယ်များလည်း ဖွေးဖွေးညီ။

သူ့ရန်သူများ ပြေငြိမ်းလို (လျက်)၊
သူက မရဏလမ်းကို ဆောင်ပို့ခဲ့။

လှပပေတာ ဆရဒ်နီ ဗက်ရှ်ထာ။”

အဲဒီလိုဆိုရင်း ရုတ်တရက်ရပ်ပြီး မှန်ပြတင်းနားကို တိုးကြည့်လိုက်တယ်။ တဲတံခါးက

နည်းနည်းလေးဟ ပြီးကျန်ခဲ့တာပဲ။ ဒီလိုနဲ့ မိနစ်တွေ ကုန်လာတာတယ်။ တကယ်

ကုန်ခဲလှတဲ့ မိနစ်တွေပါပဲ။ ဘယ်လိုဖြစ်ဖြစ်လေ နောက်ဆုံးတော့ လွန်သွားရတာပါပဲ။

မြက်ခင်းထဲ ငှက်တွေ လျှောက်ပြေး၊ လျှောက်ပျံတာတစ်ကြိမ်ပြီး တစ်ကြိမ် ရေတွက်ရင်း

မျက်စိတစ်ဖက်ကလည်း လှုပ်နေတဲ့ တံခါးကို ကြည့်ရင်းပေါ့။မျက်နှာထားဆိုးဆိုး ရှစ်ခေါက်ချိုး

နဲ့ အိမ်အကူ မိန်းမကြီးတစ်ယောက်က လက်ဖက်ရည်ပွဲ လာပြင်တယ်။ကွန်ရာဒင်ကတော့

ပြတင်းပေါက်နားမှာ ရပ်စောင့်လို့ ကြည့်တုန်း။ မျှော်လင့်ချက်ကလေးက တစ်စစနဲ့သူ့

နှလုံးသားထိရောက်အောင် တစ်လက်မချင်း တွားတက်လာတယ်။ ရှုံးနိမ့်မှုကို နာကျင်သည်း

ခံရတာပဲသိတတ်ခဲ့တဲ့ မျက်လုံးလေးတွေထဲမှာ အောင်နိုင်ခြင်း အရိပ်အလေးတွေ တဖျတ်ဖျတ်

လူးလွန့်လာသပေါ့။ အသက်ရှုသံအောက်မှာ တိတ်တခိုး ပျော်ရွှင်မှုဟာ အောင်မြင်မှုကို

သီကျူးဖွဲ့ဆိုနေသလိုလို။ဟနေတဲ့ တံခါးကြားအောက်ကနေ အဝါနဲ့ အညိုကျား သတ္တဝါ

တစ်ကောင်ထွက်လာတာကို မှိန်ဖျော့လာတဲ့ နေ့လည်အလင်းရောင်အောက်မှာ လှစ်ခနဲ

သူတွေ့လိုက်တယ်။ အဲဒီသတ္တဝါရဲ့ မေးနဲ့ လည်ပင်းတစ်ဝိုက်မှာ မဲနက်နက်အရာတွေ စိုရွှဲ

စွန်းထင်းလို့။ ကွန်ရာဒင် ကလေးက ဒူးထောက်ချလိုက်တယ်။ကြီးမြတ်လှတဲ့ ဖျံကတိုးသခင်

ကတော့ ပန်းခြံ အောက်ခြေနားက စမ်းချောင်းကလေးမှာ ရေခဏသောက်။ ပြီးတော့

သစ်သားခင်းတံတားလေးကို ဖြတ်၊ ချုံဖုတ်တွေ နောက်ဖက်ကို ဝင်ရောက် ပျောက်

ကွယ်သွားတော့တယ်။ ဆရဒ်နီ ဗက်ရှ်ထာ ရဲ့ ထွက်တော်မူ နန်းကခွာ ခန်းပေါ့။

“လက်ဖက်ရည် ရပြီ။ သခင်မရော ဘယ်မလဲ။”

မျက်နှာထားဆိုးဆိုးနဲ့ အိမ်အကူ မိန်းမက လှမ်းမေးတယ်။

“စောစောကပဲ တဲဘက် ထွက်သွားတယ်။” ကွန်ရာဒင်က ပြန်ဖြေလိုက်တယ်။

အိမ်အကူမိန်းမ ထွက်သွားတော့ ကွန်ရာဒင်း တစ်ယောက် အံဆွဲထဲက ခက်ရင်းတစ်ချောင်း

ရှာပြီး ပေါင်မုန့်တစ်ချပ်နဲ့ မီးကင်ဖို့ လုပ်တယ်။ မီးကင်၊ ထောပတ်သုတ်..များများသုတ်၊

တဖြည်းဖြည်းအရသာခံစားရင်း ထမင်းစားခန်း တံခါးဟိုဘက်က ဆူတလှည့် တိတ်တလှည့်

အသံတွေကို နားစွင့်နေတယ်။ အိမ်အကူ မိန်းမရဲ့ စူးစူးဝါးဝါး အော်ဟစ်လိုက်တဲ့ အသံ၊

မီးဖိုဆောင် ဝန်းကျင်တစ်ဝိုက်က တပြိုင်နက် မေးသံ မြန်းသံ၊ ဝရုန်းသုန်းကား ခြေသံတွေ၊

အရပ်ကူပါ လူဝိုင်းပါ ဟစ်အော်သံတွေ။ အဲဒီလို အဝီစိ ပွက်သံတွေ ငြိမ်သွားတော့ ထိတ်

လန့်တဲ့ ရှိုက်သံတွေနဲ့အတူ လေးလေးလံလံအရာတစ်ခုကို အိမ်ထဲရောက်အောင်

တရွတ်ဆွဲသယ်လာသလို တရှပ်ရှပ်ခြေသံတွေ ကြားရပါရော။

“သနားစရာ ဟိုကောင်ကလေးကို ဘယ်သူသွားပြောမှာတုန်း..။ ငါတော့ မပြောနိုင်ဘူး..။”

အသံစူးစူး နဲ့ တစ်ယောက်က အလန့်တကြားထပြောတယ်။ သူတို့ဟာ သူတို့ ငြင်းခုံလို့

ကောင်းတုန်းမှာ ကွန်ရာဒင်ကလေးက နောက်ထပ် ပေါင်မုန့်မီးကင် တစ်ခု လုပ်နေတာပေါ့။

* ရင်မွန်အိမ်တော် – ဟီဗရူး ကျမ်းစာတွင် ပါဝင်သော ဆီးရီးယား နတ်ဘုရား Baal ကို ဝတ်ပြုရာ

 ကျောင်းတော်။

13 comments

  • ကျော်လွင်ဖြိုး

    August 31, 2016 at 10:46 am

    ဖတ်လိုက်တာ မူးတောင် မူးသွားလေရဲ့။
    သူတို့နိုင်ငံမှာလဲ ဒီစာတွေက ခေတ်စမ်း စာပေ မတိုင်ခင် နဲ့တူတယ်။ း)

    • မောင်ဘလိူင်

      August 31, 2016 at 1:30 pm

      ခေတ်စမ်းတော့ မဟုတ်ဘူးဗျ။ သူရေးတာကိုက အဲဒီလို။ မူရင်းက အင်တာနက်မှာ အလွယ်တကူ
      ရှာဖတ်လို့ ရသဗျ။ Youtube မှာ ၁ဝမိနစ်စာ ဇာတ်လမ်း ၂ပုဒ်လောက် ရှာကြည့်လို့ရသေး။
      Horror fiction ရေးပုံစတိုင်စပြောင်းတာ ၁၉၀၈ – ၁၉၁၁ လောက်တဲ့။ အမေရိကနဲ့ အင်္ဂလန်မှာပေါ့။
      အဲဒါအတွက် တစ်ပုဒ်လောက်ပြန်ဖို့ စိတ်ကူးထားပါတယ်။ ဒဲ့ မပြန်တော့ပဲ ကျောရိုးပဲ မှီးတော့မယ်လို့
      စိတ်ကူးတာပဲ။

      • ကျော်လွင်ဖြိုး

        September 1, 2016 at 2:28 pm

        ကိုယ် ပဲ အနုပညာ ကို မခံစားတတ်တာလားတော့ မသိဗျ။
        ပထမ တဲထဲက ကောင်ကို ဖျံကတိုး လို့ မသိသေးတော့
        မြွေလား ဘာလား ပေါ့။
        အဲ့ဒီ မြွေကနေပြီးတော့မှ တဲထဲ မှောင်မှောင်ကြီး ထဲ ဝင်မယ့် သူ့ အဒေါ်ကို ပေါက်သတ်မယ် ထင်နေတာ။
        နောက်တော့ အဒေါ်လဲ သေတယ်
        အကောင်ကလဲ ဖျံကတိုး ဆိုတော့ကာ း)
        ဘာဖြစ်သွားမှန်း ကို မသိလိုက် း)

        • မောင်ဘလိူင်

          September 1, 2016 at 2:59 pm

          ကိုဂျက် က နောက်ပြီ။ တဲထဲက လှောင်အိမ်ထဲမှာ ဖျံ တစ်ကောင်ရှိကြောင်း ရှေ့ကတည်းက ရေးပြထားတယ်လေ။ အင်္ဂလိပ်လို polecat or skunk
          ။ နောက် ferret ဆိုပြီးလည်း ဝတ္ထုထဲမှာ ပြောသေးသဗျ။ ကိုယ်လည်း မမြင်ဘူးပါ။

  • kai

    August 31, 2016 at 2:57 pm

    လှတဲ့ရက်စက်ခန်းပေါ့လေ..။
    ရက်စက်သူက.. ကလေးဖြစ်နေတာကတော့.. နည်းနည်း..အောင့်သက်သက်ဖြစ်မိ…။

    Hector Hugh Munro was born in Akyab, British Burma, which was then still part of the British Raj, and was governed from Calcutta under the authority of the Viceroy of India. Saki was the son of Charles Augustus Munro, an Inspector General for the Indian Imperial Police, by his marriage to Mary Frances Mercer (1843–1872), the daughter of Rear Admiral Samuel Mercer. Her nephew, Cecil William Mercer, later became a famous novelist as Dornford Yates.
    လို့ရှာတွေ့သမို့.. Akyab ဆိုတာ စစ်တွေမှန်းအခုမှသိတယ်..။
    ဒီဘာသာပြန်ကို သတင်းစာထဲထည့်သုံးချင်ပါတယ်..။ နည်းနည်း Formal လေးလုပ်ပြီး.. editor@MyanmarGazette.net ကို ပို့ပေးပါလားဟင်င်….. အဆင်ပြေရင်ပေါ့..။
    အချိန်လည်း ၂ပါတ်.. ရပါတယ်..။

    https://www.youtube.com/watch?v=8S1Pwra7r2g

    • မောင်ဘလိူင်

      August 31, 2016 at 7:03 pm

      ရပါတယ်​ သူဂျီး​ရေ ။ ဒါနဲ့ formal ဆိုတာ ဘယ်​လိုမျိုးလဲ မသိလို့။ ယူနီကုဒ်နဲ့ ရိုက်ထားတဲ့ ms word file ရှိတယ်။ ဘာ format နဲ့ ပို့ပေးရမလဲ။

      • kai

        September 1, 2016 at 4:53 pm

        ဇော်ဂျီနဲ့ပဲ..။
        MS Words မှာ အပိုဒ်ခွဲပေးဖို့ ပြောတာပါ..။

        • မောင်ဘလိူင်

          September 1, 2016 at 7:02 pm

          ဟုတ်ကဲ့ သူဂျီး…နည်းနည်းပြန် တည်းဖြတ်ပြီး ပို့လိုက်ပါမယ်။

        • Wow

          September 9, 2016 at 3:41 pm

          ဟယ်.. ကိုဘလှိုင်စွံဘီ……. ဒဂျီးးးနဲ့ :mrgreen:
          ဒါနဲ့ အဲ့ ဖျံကတိုးက လူသတ်နိုင်လို့လားးး

    • မောင်ဘလိူင်

      August 31, 2016 at 7:06 pm

      saki ရဲ့ ဝတ္ထုတိုတွေ က အကြမ်းတွေများတယ်။ ဒီတစ်ပုဒ်က အနုဆုံး ဆိုရမယ်။ အားပေးလို့ ​ကျေးဇူးပါပဲ ညီမ​ရေ ။

  • Thint Aye Yeik

    September 1, 2016 at 3:28 pm

    အဲ့လို မတူကွဲပြား ထွက်နေတဲ့ ရေးဟန်စတိုင်လ်တွေကို ဖတ်ရတာ အားရတယ်။

    လူတိုင်းပြောနေသလိုပဲ…ပြောရအုန်းမှာပဲ။ ကိုဘလှိုင်ကြီးက စာစီတာ တော်ချက်။ ချောနေတာပဲ။

    စကားစပ်မိလို့….
    အခုတလော…. ဘာသာပြန်တွေ ဖတ်မိတိုင်း တွေးမိတာက…
    တိုက်ရိုက် (နာမည်က အစ-တိုက်ရိုက်)ဘာသာပြန်တာတွေထက်…
    နာမည်တို့ဘာတို့ကို…ရနိုင်သလောက် မြန်မာမှု ပြုလိုက်တာလေးတွေကို ပို သဘောကျမိလာသလိုလို… ။
    .ရေးဟန်တို့ တင်ပြဟန်တို့ ဆန်းသစ်တဲ့ နိုင်ငံခြားစာပေတွေကိုကျတော့… မြန်မာမှု အပြုလွန်သွားပြီး ရသပျက်သွားမှာလည်း ကြောက်မိသလိုလို….

    :k:

    • မောင်ဘလိူင်

      September 1, 2016 at 7:07 pm

      နာမည်ကတော့ ပြဿနာ သိပ်မရှိလှဘူး ကိုသူရ။ ဇာတ်ကွက် အခင်းအကျင်းပါ ဗမာမှု ပြုဖို့ ကျတော့ ကိုယ်က ဒေသန္တရ ဗဟုသုတ အင်မတန်နည်းတော့ မဆီမလျော် ဖြစ်မှာစိုးတာပါ။ ခု ဒီဝတ္ထုတိုမှာ မြွေပါ နဲ့ အစားထိုးရင် ကောင်းမလား စဉ်းစားသေးတယ်။ ဖျံကျတော့ ကိုယ့်ဆီမှာမရှိ။

Leave a Reply