Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Ecstacy ဟာ မူးယစ်ဆေးတော့ မဟုတ်ပါ တငွေ့ငွေ့လေးနဲ့ ပျော်လာမှာ…. ဒါဒါ …… ဒီ…ဒါဒ

cobraAugust 30, 20101min2093

မူးယစ်ဆေး ရောင်းနေတယ်လို့တော့ မထင်ပါနဲ့ဗျာ ဒီနေ့ လူငယ်ထု အတွင်းမှာ ရေပန်းအစားဆုံး နတ်ဒေဝီလေး တစ်ပါးအကြောင်း ပြောပြ ချင်လို့ပါ။ သူ့နာမည်ကတော့ Ecstacyတဲ့။ ဒီနေ့မှာတော့ လူငယ်လူရွယ် ဆင်းရဲမရွေး ချမ်းသာမရွေး သူ့ကို ချစ်ကြပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ သူ့ကို အီး(န)လို့ ခေါ်ကြ ပါတယ်။ ခေါင်းလှုပ်ဆေး လို့လည်း ခေါ်ကြပါတယ်။ သူကို ခုကျွန်တော်နေထိုင်နေတဲ့ မလေးရှားနိုင်ငံ မှာတော့ စိတ်ကြွမူးယစ်ဆေးလို့ကို မယူဆတော့ဘူး။ သူတို့အတွက် ဒီဆေးဟာ နိုက်ကလပ်တွေ၊ဒစ်စကိုကလပ်တွေမှာ လူတိုင်းသုံးစွဲနေကြတဲ့ အရာတစ်ခုလို ဖြစ်နေတယ်။ ဒီလိုစိတ်ကြွ မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်ကို ၁၉၉ဝ ပြည့်နှစ်တွေမှာ စပြီးတော့နယ်စပ်ဒေသတွေကနေ မန္တလေးကို စဝင်လာပါတယ်။ အဲဒီအချိန်တုန်းက ဗမာပြည်အောက်ပိုင်းဒေသတွေမှာ ဒီလို စိတ်ကြွ မူးယစ်ဆေးဝါးတွေ ခေတ်မစားသေးပါဘူး။ အဲဒီအချိန်လောက်တုန်းကဆိုရင် အောက်မြန်မာပြည်မှာ ခေတ်အစားဆုံးကတော့ ဘိန်းအခြေခံ မူးယစ်ဆေးဝါးတွေပဲ။ ဘိန်းဖြူ၊ ဘိန်းမဲ၊ ဆေးခြောက် ဒီလောက်ပဲ။ ကိုကင်းတောင် သိပ်မသုံးကြပါဘူး။ မြန်မာပြည်အထက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ စိတ်ကြွမူးယစ်ဆေးကိုသုံးစွဲနေကြပါပြီ။

၂၀၀ဝခုနှစ်နောက်ပိုင်းမှာတော့ မြန်မာပြည်အောက်ပိုင်းကို စိတ်ကြွဆေးတွေ သိသိသာသာစတင်ဝင်ရောက်လာပါတယ်။ စသုံးတာကတော့ မြန်မာပြည်ရဲ့ ရေပေါ်ဆီ အထက်တန်းလွှာက လူငယ်ထု ပြီးတော့ ငွေကြေးကို လွယ်လွယ်ကူကူရတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။  ဟိုးအရင်ကတည်းက ရှိခဲ့ဖူးပါတယ်။ ဒီအဆိုတော်တော့ နံပါတ်ဖိုးနဲ့ လျှောသွားပြန်ပြီ ဟိုသရုပ်ဆောင်တော့ ဆေးစွဲနေပြီ စတဲ့ သတင်းတွေ ကြားရပါတယ်။ ခုလည်းကြားနေရတုန်းပဲ ရှိနေတုန်းပဲ။ သူတို့ ဘာကြောင့် ဒီမူးယစ်ဆေးကို စွဲသွားကြလဲ ဒီမူးယစ်ဆေးကြောင့် သေဆုံးကြရသလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေ လေ့လာ ကြည့်တော့ ငွေကြေးကို လွယ်လွယ်ရလို့ဆိုတာ သွားတွေ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ပြောတာပါ။ မြန်မာပြည်မှာ တင်မဟုတ်ပါဘူး တကမ္ဘာလုံးမှာရှိတဲ့ အနုပညာရှင်တွေဟာ မူးယစ်ဆေးကို တနည်းနည်းနဲ့ စွဲသွားတတ်ကြပါတယ်။ စသုံးတာက အထက်တန်းလွှာလူငယ်ထု ပြီးတော့ အနုပညာရှင် တွေ။ ဘယ်နေရာမှာ သုံးလဲဆိုတော့ ပါတီပွဲတွေ၊ နိုက်ကလပ်တွေ မြန်မာပြည်မှာ ဒီနိုင်ငံမှာလို ဒစ်စကိုကလပ်ဆိုတာတွေ ခုထက်ထိ မရှိသေးပါဘူး။

ခုရန်ကုန်မှာခေါ်နေတဲ့ ဒစ်စကို ဆိုတဲ့ နေရာတွေဟာ တကယ့် ဒစ်စကို အဆင့်အတန်းကို မမှီပါဘူး။ အဲဒီတော့ဗျာ ဒီလိုနေရာတွေမှာ ဒီလိုချစ်စရာကောင်းတဲ့ နတ်ဒေဝီလေးကို မချစ်မနှစ်သက်တဲ့သူ ဘယ်သူရှိမလဲဗျာ။ တကယ်လို့များ ခင်ဗျားတို့ ဒီလို နတ်ဒေဝီလေးနဲ့တစ်ခါလောက်ကြုံဖူးသွားရင် မစွဲလန်းပါဘူးလို့ ပြောရဲမလား ကျွန်တော်တော့ မပြောရဲဘူးဗျ။ ဘာဖြစ်လို့ မပြောရဲလဲဆိုတာတော့ မပြောတော့ဘူးဗျာ။ သိတယ်မဟုတ်လား ဟဲ……….ဟဲ။ ခုတော့  ဒီဆေး Ecstacy ကို ရန်ကုန်မြို့မှာ ပေါပေါလောလော ရနိုင်နေပါပြီ။ ပေါပေါလောလောဆိုလို့ ငါတို့လည်း စမ်းသုံးကြည့်ရအောင်လို့များ မစဉ်းစားလိုက်ပါနဲ့ ခုလောလောဆယ် ရန်ကုန်မှာ အီး တစ်လုံးရဲ့ကာလပေါက်ဈေးဟာ  ထုတ်လုပ်တဲ့ နိုင်ငံကို လိုက်ပြီးတော့ မြန်မာငွေ ၆သောင်းခွဲကနေ ၁သိန်း ၃သောင်း
ဝန်းကျင်ရှိပါတယ်။ နောက်ပြီးတော့ ဝယ်ချင်တိုင်း ဝယ်လို့မရဗျ။

သူ့ရဲ့သဘာဝတွေတော့ ဒီလိုဗျ။ Ecstacy စိတ်ကြွမူးယစ်ဆေးလုံးပုံစံတွေကတော့  အပေါ်ကပုံမှာ တွေ့ရတဲ့ အတိုင်းပဲ မသိရင် အကိုက်အခဲပျောက်ဆေးလေးတွေ အတိုင်းပဲ ဒါပေမယ် တွေ့ဖူးရင် သူက သိသာပါတယ်။ ပုံမှန်ဆေးတွေက ဆေးလုံး နည်းနည်းပါးတယ်ဗျ သူကတော့ ထူတယ် ထူတာမှ သိသိသာသာကိုထူတယ်။ သူ့ရဲ့ ဓာတုဗေဒဖွဲ့စည်းပုံက 3-4 methylenedioxy- methamphetamine ဖြစ်ပါတယ်။

ဥိီးနှောက်ကိုပျက်စီးစေတဲ့ အခြားဆေးဝါးများနဲ့ ဖွဲ့စည်းပုံဆင်တူပါတယ်။ အဲဒီ ဓါတုဗေဒပစ္စည်းတွေကို အဆင့်မြင့်ဓါတ်ခွဲခန်းကြီးတွေမှာ အသေအချာ ဓါတ်ခွဲပြီးတော့ သူတို့မှာပါတဲ့ မော်လီကျူးတွေကို ပုံဆောင်ခဲအဖြစ် ပုံပြောင်းပါတယ်။ ပြီးတော့မှ ဆေးလုံးရိုက်တဲ့ စက်ထဲကိုထည့်ပြီးတော့ ဆေးလုံးရိုက်တာပါ။ ဒီဆေးကို ၁၉၈ဝပြည့်နှစ်လောက်မှာ အနောက်နိုင်ငံတွေက နိုက်ကလပ်တွေမှာ စသုံးပါတယ်။ သူ့ကို ထုတ်လုပ်တဲ့ နိုင်ငံတွေကတော့ ဂျာမနီ၊အင်္ဂလန်၊ဟော်လန်၊အမေရိကန်စတဲ့ နိုင်ငံတွေပါပါတယ်။ ခုနောက်ပိုင်းမှာတော့ အာရှဖက်ကို ဒီစိတ်ကြွဆေး ထုတ်လုပ်တဲ့ ဖော်မြူလာ ရောက်လာပါတယ်။ ဒါပေမယ့် အာရှနိုင်ငံ တော်တော်များများက ဒီဖော်မြူလာကို မရကြတာများပါတယ်။ တရုတ်၊ယိုးဒယား၊မလေးရှား၊ဖိလစ်ပိုင် အစရှိတဲ့ နိုင်ငံတွေမှာတော့ ဥရောပနဲ့ အမေရိကန်နိုင်ငံ ကလာတဲ့ ဆေးပြားတွေကို ချေပြီးတော့ ပြန်လုပ်ကြပါတယ်။ ဥပမာဗျာ ဟော်လန်တစ်ပြားကို ဒီမှာ ၅လုံးရအောင် ပြန်လုပ်ပါတယ်။ ဟော်လန်ထုတ်တစ်ပြားရဲ့ အာနိသင်ဟာ လူ၃ယောက်စာ သုံးစွဲလို့ရပါတယ်။ ဒါပေမယ့် ဒီမှာကျတော့ အဲဒီ ဟော်လန် တစ်ပြားတည်းကို ချေပြီးတော့ ၅လုံးရအောင် ပွားယူလိုက်တော့ လူတစ်ယောက်ကို ၂လုံးသောက်ရတာတို့ ဒီထက်ပို သောက်ရတာတို့ ဖြစ်လာပါတယ်။

ဒီတော့ ရေရှည်မှာ ဟော်လန်တို့ အမေရိကန်တို့ကလာတဲ့ ဆေးထက် ဒီမှာထုတ်တဲ့ ဆေးတွေက ပိုပြီးတော့ ခန္ဓာကိုယ်ကို ပျက်စီးမြန်စေပါတယ်။ မြန်မာပြည်ကို ဝင်နေတဲ့ Estacy ကတော့  တရုတ်၊ ယိုးဒယား၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကနေ ဝင်ပါတယ်။ ခုလောလောဆယ်မှာတော့ ယိုးဒယားဆေးနဲ့ မလေးရှားဆေးက အကောင်းဆုံးလို့ သိရပါတယ်။ ဆေးတွေမှာ တံဆိပ်ပေါင်းစုံ ရိုက်ထားတယ်။ ဒီမှာဆိုရင် ငါးမန်းတံဆိပ်နဲ့သရဖူတံဆိပ်ဟာ ကောင်းတယ်။ မြန်မာပြည်မှာတော့ ဘယ်တံဆိပ်တွေ ဝင်နေလဲ မသိရဘူးဗျ။

Ecstacyရဲ့သဘာဝတွေကတော့ ဆေးပြားတွေကို စသောက်သောက်ချင်း အင်မတန်မှကို ခါးသက်ပါတယ်။ ဒီတော့ သူ့ကို coke ဒါမှမဟုတ်ရင် beer နဲ့ရောသောက်ရပါတယ်။ သောက်ပုံသောက်နည်းက Ecstacy ဆေးပြားကို ကျေညက်အောင် ဝါးစားလိုက်ရပါတယ်။ တချို့ကတော့ ဆေးများသောက်သလို မျိုချပစ်ပါတယ်။ အများစုကတော့ ဝါးစားကြတာပါ။ ပြီးရင် coke သောက်ချလိုက်ပါတယ်။ ဒါမှလည်း လျှာပေါ်မှာ စွဲပြီးတော့ ကျန်ရစ်ခဲ့တဲ့ ခါးသက်သက်အရသာကို ဖျောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဆေးသောက်ပြီးပြီးချင်း မူးယစ်ဆေး အာနိသင် မပြပါဘူး။ လူရဲ့ ဆေးသောက်ပုံသောက်နည်း၊ ပြီးတော့ အစာအိမ်ထဲရှိ သွေးကြောတွေကနေ မူးယစ်ဆေးကို စုပ်ယူနိုင်စွမ်း၊ မူးယစ်ဆေး သုံးစွဲမှုနှုန်းတို့ အပေါ်မူတည်ပြီးတော့ အချိန် နာရီဝက်ကနေ လေးဆယ့်ငါးမိနစ်လောက် စောင့်ရပါတယ်။ သဘောကတော့ဗျာ ဒီမူးယစ်ဆေးကို သုံးစွဲတော့မယ်ဆိုရင် ပထမ အစားသိပ်စားမထားရပါဘူး (အစာ အဝစားထားရင် ပြန်ပြီးတော့ အန်တတ်ပါတယ်)၊ နောက်တစ်ခု ဆေးစွမ်း မြန်မြန်ပြစေချင်ရင် တစ်ခါတည်း ဆေး ၂လုံးလောက် ဆင့်သောက်တာမျိုးတို့ကို ပြောတာပါ။ တချိုကျတော့ ပါးစောင်မှာ လျှာပွတ်ဆေးများ စားသလို လှိမ့်ပြီးတော့ စားကြပါတယ်။ မှတ်ချက်။    ။ခုမှဆေးသုံးစွဲမဲ့သူတွေဟာ တစ်ခါတည်း ဘယ်တော့မှ ဆေးတစ်လုံးလုံး မသောက်ရဘူး။တခြမ်းချင်းစီ သောက်ရပါတယ်။ တစ်ခါတည်း ဆေးတစ်လုံးလုံး သောက်လိုက်ရင် ဆေးအာနိသင်ကို မခံနိုင်ပဲ အရက်များ အဆမတန်မူးသလို ခံစားရပြီးတော့ လဲကျသွားတတ်ပါတယ်။

နာရီဝက်လောက်နေရင် မူးယစ်ဆေးရဲ့ အစွမ်းပြလာပါလိမ့်မယ်။ ပထမ လေတွေဆန်တက်ပါလိမ့်မယ်။ carbonated soft drink တွေသောက်လိုက်ရင် လေတက်သလို တက်လာပါတယ်။ အစားများများ စားထားတဲ့ သူတွေဆိုရင် ပြန်အန်ပါတယ်။ လေတက်တာတို့ အန်တာတို့ ဖြစ်ပြီးရင်တော့ မူးယစ်ဆေးအာနိသင် စပြပါပြီ။ ဆေးအာနိသင်ပြပြီဆိုတာနဲ့ စိတ်ထဲမှာ အရင်ဆုံး ပျော်လာပါလိမ့်မယ်။ အလိုလိုကို ပျော်လာတာ။ ပြီးရင်တော့ နိုက်ကလပ်တို့၊ ဒစ်စကိုတို့က နှလုံးမခံနိုင်လောက်အောင်၊ နားမခံနိုင်လောက်အောင် ဖွင့်ပေးတဲ့ သီချင်းသံ ပြင်းပြင်း သွက်သွက်နောက်ကို ခင်ဗျားတို့ စိတ်တွေက လိုက်သွားလိမ့်မယ်။ အဲဒီအခါ ခင်ဗျားတို့ခေါင်းတွေက ဒီဂျေက တီးပေးတဲ့ တီးလုံးသံနောက်ကို စီးချက် ကျကျ လိုက်ခါ လိမ့်မယ်ဗျ။ တကယ်တန်းကျတော့ ဒီမူးယစ်ဆေး သဘာဝကိုက တေးသံကို အင်မတန်မှကို ကြိုက်ပါတယ်။ ဘယ်လို တေးသံမျိုး လဲဆိုရင် အင်မတန်ဆူညံပြီးတော့ နှလုံးကို အင်မတန် ခုန်စေလောက်တဲ့အထိ ပြင်းထန်တဲ့ တေးသံမျိုး၊ ပြီးတော့ နားစည်ပေါက်ထွက်သွားအောင်ကို အဆမတန် ချဲ့ကားထား တဲ့ တီးလုံးသံ သွက်သွက်လက်လက်ကို တောင်းဆိုပါတယ်။ သဘောကတော့ဗျာ ခင်ဗျား အိမ်မှာ ခင်ဗျား Estacyတစ်လုံးသောက်ပြီးတော့ ဘိန်းမှိန်းသလို မှိန်းလိုက်မယ်ဆိုရင်တော့ ခင်ဗျားအတွက် မူးယစ်ဆေးရဲ့ အရသာကို ခံစားရမှာမဟုတ်ဘူး။ ခုဏကကျွန်တော် ပြောသလို မူးယစ်ဆေး အရသာကို ခံစားနိုင်အောင် နိုက်ကလပ်တို့၊ ဒစ်စကိုတို့ကို သွားရပါတယ်။ အဲဒီနေရာတွေရောက်ရင် အဲဒီနေရာတွေက ဖွင့်ပေးတဲ့ တေးသွားတွေကို နားထောင်ရင်းနဲ့ မူးယစ်ဆေးသုံးစွဲရင်းနဲ့ တဖြည်းဖြည်း ခေါင်းကလေး လှုပ်ခိုင်းလိုက်၊ ခြေကလေး လှုပ်ခိုင်းလိုက်၊ လက်ကလေး ခါခိုင်းလိုက်နဲ့ ကျွန်တော်တို့ရဲ့နတ်ဒေဝီလေးက သူ့ရဲ့ အစွမ်းကို ထုတ်ဖော်ပြပါလိမ့်မယ်။ ဆေးအာနိသင် ဟာ ၆နာရီကနေ ၁ဝနာရီကြာအောင် ပြပါတယ်။

ဒီမူးယစ်ဆေးရဲ့ အလုပ်လုပ်ပုံကတော့ အစာအိမ် သွေးကြောများ၊ ပါးစောင်သွေးကြောများကနေ မူးယစ်ဆေးကို စုပ်ယူပြီးပြီဆိုတာနဲ့တပြိုင်နက် ဦးနှောက်ကို ပို့ပါတယ်။ တချို့သော မူးယစ်ဆေးအပိုင်းအစတွေဟာ ဦးနှောက်မှာရှိတဲ့ လူကိုပျော်ရွှင်စေတဲ့ ဂလင်းတွေကို အဆမတန်လုပ်ခိုင်းပါတယ်။ ဒါကြောင့် လူဟာ အလိုလိုနေရင်းကကို ပျော်လာပါတယ်။ နောက်ပြီးတော့ အစားစာချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ သည်းခြေရည်ထုတ်ဂလင်းတွေကို ဖြတ်တောက်လိုက်ပါတယ်။ ဒီတော့ လူဟာ ဒီတီးလုံးသံနောက်လိုက်ရင်းကနေ ပျော်နေတယ်။ ပြီးတော့ အင်တိုက်အားတိုက် ကပါတော့တယ်။ တချို့ကျတော့လည်း သိပ်မကဘူး ခေါင်းလေးကို ဘယ်ဖက်ရမ်းလိုက် ညာဖက်ရမ်းလိုက် ဒီဂျေကဖွင့်ပေးတဲ့ သီချင်းလေးကို လိုက်ဆိုလိုက် လုပ်ကြပါတယ်။

ဒါကြောင့် ဒီမှာ ရှိတဲ့ မြန်မာ အသိုင်းအဝိုင်းကတော့ ဒီဆေးကို ခေါင်းလှုပ်ဆေးလို့ ခေါ်ကြတာပါ။ သူက ဆေးစွမ်းပြ နေချိန်မှာဆိုရင် အဲလို ခေါင်းကို ဘယ်ညာရမ်းရတာ အင်မတန်ကို အရသာရှိပါတယ်။ ခေါင်းထဲကနေ ဘာမှန်းမသိတဲ့ ခံစားချက်တစ်မျိုးကို ထုတ်ပေးနေသလိုကို ခံစားရတယ်။ ခေါင်းရမ်းရတာကိုပဲ ရပ်လိုက်ရင် ချက်ချင်းကြီးပဲ ကိုယ့်လွတ်လပ်မှုတွေ ဆုံးရှုံးသွားရသလိုလို၊ တစ်စုံတစ်ခုကို ဆုံးရှုံးသွားရသလိုလို ခံစားရတဲ့အတွက်ကြောင့် ခေါင်းကို တရားလွန်အောင် လှုပ်တော့တာပါပဲ။ (တချို့ဆို လေထဲမှာ လွင့်နေတယ်ဆိုပဲ။ ဤကား စကားချပ်။) ဆေးစွမ်းပြယ်သွားတဲ့ အချိန်မှာတော့ ခံပေတော့။ တစ်ညလုံးလိုလို ကထား ၊ ခေါင်းတွေ ဘယ်ညာ တရားလွန် ရမ်းထားတဲ့ အတွက် ကိုယ်လက်ကိုက်ခဲခြင်း၊ ဇက်နာခြင်း၊ အုံးလွဲခြင်း၊ သည်းခြေရည်ကို မူးယစ်ဆေးက ဖြတ်ထားတဲ့ အတွက် အစားမစားချင်ခြင်း၊ သည်းခြေရည်မထွက်သဖြင့် ခံတွင်းပျက်ခြင်း၊ ကလပ်ထဲတွင် အချိုရည်တွေ ဘီယာတွေ အဆမတန်သောက်ထားခြင်းကြောင့် ကျောက်ကပ်မှ အဆမတန် အလုပ်လုပ်ရသဖြင့် မကြာခဏ ဆီးသွားရခြင်း (ဘာကြောင့် ဆီးသွားရသလဲဆိုရင် ဆေးအာနိသင်ကြောင့် တရားလွန်အောင်ကတယ် ကတော့ မောတယ် မောတော့ သောက်တယ် သောက်တော့ ပေါက်တယ်) စတဲ့ ဝေဒနာတွေကို တသီကြီးခံစားရပါလိမ့်မယ်။ ဒါက ရေတိုခန္ဓာကိုယ်ပျက်စီးမှုတွေ။

ရေရှည်ပျက်စီးခြင်းတွေကတော့ အင်မတန် ကြောက်စရာ ကောင်းလှပါတယ်။
ဆေးတွေကို ရက်ဆက်သုံးလာရင် တဖြည်းဖြည်းနဲ့ စိတ်တွေ တိုလာမယ်။ ဘာမှဟုတ်တဲ့ ကိစ္စကလေးတွေကိုတောင် စိတ်က ရုတ်တရက် တိုသွားတတ်တယ်။ နောက်ပြီးရင် မှတ်ဉာဏ်တွေလျော့ လာမယ်။ စကားတစ်လုံး အကြောင်းအရာ ကလေးတစ်ခုကို ခဏလေးနဲ့ မေ့မေ့သွားတတ်တယ် ကျောင်းသွားတွေအနေနဲ့ဆိုရင် ဘယ်လောက် စာကျက် ကောင်းပါတယ် ဆိုတဲ့သူပဲ ဖြစ်ဖြစ် ဒီဆေးသုံးဖူးပြီဆိုရင် စာတပုဒ်၊ပုစ္ဆာတစ်ပုဒ်ကို လွယ်လွယ်နဲ့ မရတော့ဘူး အရင်က ၁၅မိနစ်လောက် ကျက်လို့ရတဲ့ စာကို ခု၁နာရီလောက် ကျက်နေရပြီ။ ပြီးတော့ မှတ်မိလားဆိုတော့ အင်း …. မှတ်မိသလိုပဲ …. အဟဲ …. သိပ်မသိတော့ဘူး ဆိုတာတွေ ဖြစ်လာမယ်။ နောက်တစ်ချက် ကတော့ အကြောတွေ ပျက်စီးလာမယ်။ ဘာကြောင့် ပျက်စီးလာသလဲဆိုရင် ဒီဆေးက လူအရိုးတွေမှာ ကပ်နေတဲ့ အကြောမျှင်တွေ တခါတည်း ဆွဲဆန့်ပစ်လိုက်လို့ပါ။ ဘယ်နေရာကနေစပြီးတော့ ပျက်စီးသလဲဆိုရင် ကိုယ်နေစဉ် အသုံးပြုနေရတဲ့ အစိတ်အပိုင်းက အကြောတွေက စပြီးတော့ ပျက်စီးကုန်ပါတယ်။ ဥပမာဗျာ ခင်ဗျားက နှုတ်ခမ်းကိုက် တတ်တယ်ဆိုပါတော့ တဖြည်းဖြည်းနဲ့ ခင်ဗျားနှုတ်ခမ်းကို ခင်ဗျားကိုက်မိမှန်းမသိ ကိုက်တတ်လာတယ်။ ခင်ဗျားသတိထားမိတဲ့ အချိန်မှာ ဒီအကျင့်ကြီးက စွဲသွားပြီ။ ညအိပ်ပြီဆိုရင် ခြေထောက်တွေက အကြောဆွဲပါတယ်။ ဆတ်ခနဲ ဆတ်ခနဲ တွန့်ပြီးတော့ အကြောဆွဲတာ။

ပြီးတော့ လန့်လန်နိုးပါတယ်။ ညဖက်အိပ်နေရင်းနဲ့ နုလုံးကတအားခုန်လို့ မောတတ်ပါတယ်။ တချို့ဆို ဆေးသုံးရင်း ကရင်းနဲ့ ဒစ်စကိုထဲတင် နုလုံးကွဲပြီးတော့ သေသွားတာတို့၊ ဆေးသုံးများသွားပြီးတော့ လေဖြတ်သလို အကြောတွေ သေသွားလို့ ထမ်းထုတ်သွားရတာတွေ  အိမ်မှာတင် ဆေးကို သုံးရင်း သုံးရင်းနဲ့ ရူးသွားပြီး ကိုယ့်ကိုယ်ကို သတ်သေကြတာ တိုက်ပေါ်ကနေ ခုန်ချကြတာတွေ ဖြစ်ကြပါတယ်။ ဆေးကို ၁ပတ်လာက် ရက်ဆက်သုံး ပြီးတော့ ၂ရက်လောက် ပြတ်သွားပြီ ဆိုရင်တော့ ခင်ဗျားကောင်းကောင်းကြီး ဒုက္ခရောက်ပြီ မှတ်ပေတော့။ မက်ပါပြီ အိပ်မက်ဆိုးတွေ။ သရဲတပ်ကြီးနဲ့ ကိုယ်တစ်ယောက်တည်း နောင်ချိန်ချရတာမျိုးတွေ၊ လမ်းမှာ တွေ့သမျှကားတွေ လိုက်တိုက်တာတွေ၊ သရဲက ကိုယ့်ကို ခေါင်းဖြတ်သတ်နေပါပြီ ကိုယ့်လည်ပင်းကို သရဲညှစ်ပါတယ်လို့ ထင်လိုထင် အဲသလို အိပ်မက်ဆိုးတွေ မက်ပါတယ်။ ဒါတွေက ရေရှည်ဆိုးကျိုးတွေ။ဒီတော့ကောင်းပြီ ဘာကြောင့်ဒီလောက် ဆိုးကျိုးတွေ ပေးတဲ့ Estacy ကိုမှ လူငယ်တွေ ဘာကြောင့် မက်မက်မောမော သုံးစွဲနေကြသလဲ။ နေစဉ်သုံးစွဲလိုကြသလဲ။

ဘာကြောင့် လူငယ်တွေ Ecstacy ကိုစွဲလန်းသလဲဆိုရင် လူငယ်သဘာဝ နိုက်ကလပ်တို့ စတိတ်ရှိုးတို့ဆိုတာ သွားကြပါတယ်။ ကျွန်တော်ဆို ငယ်ငယ်က ဘာစတိတ်ရှိုးမဆို အကုန်သွားပါတယ်။ ဘာကြောင့်သွားလဲ လို့တော့ မမေးပါနဲ့ ရည်ရွယ်ချက်ကို မရှိတာ။ အဲဒီနေရာတွေကို အဲဒီလို လူငယ်အချိန်တွေတုန်းက သွားကိုသွားချင်တာ။ ဒီလိုသွားရင်းကနေ Ecstacy ကို စမ်းသုံးဖြစ်ကြပါတယ်။ ခုခေတ်လူငယ်ဆိုတာ ကားသော့တစ်ချောင်း၊ လက်ကိုင်ဖုန်းတစ်လုံးနဲ့ စမတ်ကျကျ ဝတ်စားသွားလာနေကြတဲ့ သူတွေ များပါတယ်။ အသက်ကလည်း ငယ်ငယ် ဘာကိုမဆို စူးစမ်းချင်တဲ့ အရွယ် ဘယ်အရာကိုပဲ ဖြစ်ဖြစ် ငါလုပ်လိုက်မယ်ကွ ချလိုက်မယ်ကွလို့ ဖြစ်နေတဲ့ အရွယ်တွေဟာ မူးယစ်ဆေးရဲ့သားကောင်တွေဖြစ်လာပါတယ်။ မူးယစ်ဆေး ရောင်းချသူ တွေဟာ ဒီလို လူငယ်တွေကိုပဲ ပစ်မှတ်အဖြစ် ရှာတတ်ကြပါတယ်။ နိုက်ကလပ်မှာ သူငယ်ချင်းတွေ သုံးရင်း ကြုံလို့ တစ်ပြားလောက်ပါကွာ နောက်နေ့တွေကျတော့ တစ်ပြားလောက်ပါကွာ ဆိုပြီးတော့ သုံးစွဲကြရင်းကနေ မူးယစ်ရဲ့ သားကောင်တွေ ဖြစ်လာကြရင်း နောက်ဆုံး အဖိုးတန်လှပါတဲ့ အသက်တစ်ချောင်းကိုပါ ပေးဆပ်လိုက်ရပါတယ်။ ကျွန်တော်တို့ လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အိမ်မက်တွေပါ။ တိုင်းပြည်တစ်ပြည်ရဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်ပေးကြရတဲ့ သူတွေပါ။ ကျွန်တော်စာရေးတော်တော်လေး ပျင်းပါတယ်။

ဒါပေမယ် ဒီ Ecstacy စိတ်ကြွမူးယစ်ဆေး အကြောင်းကို ဘာကြောင့် ဒီလောက် အသေးစိတ် ရေးဖြစ်လဲဆိုတော့ ဒီမူးယစ်ဆေးဝါးကို အများဆုံး အသုံးပြုနေတာ လူငယ်တွေ ဖြစ်နေကြလို့ပါ။ ဘယ်ခေတ်ကိုပဲ ကြည့်ကြည့် လူငယ်တွေဟာ မူးယစ်ဆေးရဲ့ သားကောင်တွေ ဖြစ်နေကြ ရပါတယ်။ ဖြစ်လည်း ဖြစ်ခဲ့တယ်။ ဖြစ်လည်း ဖြစ်နေဆဲပဲ။ ဒီမှာဆိုရင် Estacyကို မူးယစ်ဆေးလို့ကို သတိမမူ ကြတော့ဘူးဗျာ။ ကျွန်တော်တို့ လူငယ်တွေ မူးယစ်ဆေးသုံးကြရလို့ ဘာများ အကျိုးကျေးဇူး ရခဲ့ဖူးကြသလဲဗျာ။ ကျွန်တော်တို့ရဲ့ လှပမြင့်မားလှတဲ့ အနာဂတ်တွေကို မူးယစ်ဆေးက လောင်တိုက်သွင်းပစ်လိုက်တယ်။ နုပျိုလန်းဆန်းလှတဲ့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို ရက်ရက်စက်စက် ဝါးမြိုပစ်လိုက်တယ်။ ကျွန်တော်တို့မိဘတွေရဲ့ မျော်လင့်ချက်တွေကို ရိုက်ချိုးပစ်လိုက်တယ်။ ကျွန်တော်တို့ ပင်ပန်းကြီးစွာရှာထားရတဲ့ ငွေကြေးဥစ္စာတွေကို တခဏအတွင်း လုယူသွားတယ်။ မူးယစ်ဆေးဟာ ကျွန်တော်တို့ လူငယ်ထုအတွက် ဘာများ ကောင်းသလဲဗျာ။ ကျွန်တော်တို့ လူငယ်တိုင်း လူငယ်တိုင်းရဲ့ လှပမြင့်မားတဲ့ အနာဂတ်၊ ကျွန်တော်တို့တိုင်းပြည်ကြီးရဲ့ အိမ်မက်တွေ၊ မိဘတွေရဲ့ မျှော်လင့်ချက်တွေ၊ ငွေကြေးဥစ္စာတွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ ပိုင်ဆိုင်နိုင်ဖို့အတွက်အတွက် မူးယစ်ဆေးကို ဝေးဝေးကနေ ရှောင်ရှားကြ ပါစို့လားဗျာ။

3 comments

  • winkyawaung

    August 30, 2010 at 7:57 am

    လူငယ်များ၊ လူလတ်များ၊ တိတ်တိတ်ပုန်းချေပုန်းခုတ်နေကြတဲ့ လူကြီးများအတွက်ပါ အားလုံး အသုံးဝင်ပြီး၊ ဆင်ခြင်ရမဲ့ ဆောင်းပါးသတင်းလေးပါဗျာ..။ အသိရှိတဲ့သူတွေအတွက်တော့ ရှောင်စရာပါ..။ အဲ.. သုံးစွဲလိုသူတွေ အတွက်တော့ ဆေးညွှန်းမဖြစ်စေလိုပါ..။

  • winne

    August 30, 2010 at 12:07 pm

    ဒီဆေး အကြောင်းကို သူငယ်ချင်း တယောက်ပြောဖူးလို့ ကြားတော့ ကြားဘူးတာ အမှန်ဘဲ ဒီလိုအသေးစိတ်ကိုတော့ မသိပါဘူး။ သူကိုယ်တိုင် ဆေးချတယ်လို့ ပြောသွားတာ အဲဒီတုန်းက ဘာမှန်းမသိတာနဲ့ ဆေးသောက်တယ်ဆိုတာ ခေါင်းခါချင်လို့ သောက်တာလို့ဘဲ ထင်ထားတာ အခုမှ အဲဒီလိုမှန်းသိတာ ဗဟုသုတ တခုတော့ တိုးတာပေါ့

  • unclegyi1974

    August 30, 2010 at 3:03 pm

    ဖတ်ရှုသူအားလုံးကိုယ်စားကျေးဇူးတင်ပါတယ်လို့ရေးလိုက်ရင်အားလုံးကျေနပ်ကြမယ်ထင်ပါတယ်။
    သတင်းကလဲကောင်းတယ်၊ တင်ပြပုံကလဲကောင်းတယ်လို့ဘဲပြောချင်ပါတယ်။

Leave a Reply