Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗီယက်နမ်လား….အနောက်နိုင်ငံလား…????

Mon LayNovember 29, 201638min5908

#Vietnam

#Danang

#Hoi_an

#Ho_Chi_Minh

ဒီတစ်ခေါက်မွန်လေးရောက်ဖြစ်တဲ့နိုင်ငံကတော့ ၂၀၁၆ မှာhot ဖြစ်နေတဲ့ဗီယက်နမ်နိုင်ငံပါ။ သွားလည်တဲ့မြို ့တွေကတော့ ဒါနန်း၊ ဟွေ ့အန်းနဲ ့မြို  ့တော်ဖြစ်တဲ့ဟိုချီမင်းပါ။ဒါနန်းကဗီယက်နမ်နိုင်ငံရ ဲ ့အလယ်ပိုင်းမှာရှိပြီး ဟွေ ့အန်းကတော့ ဒါနန်းကနေ နောက်ထပ်(၁)နာရီလောက်ကားနဲ ့ဆက်သွားရင်ရောက်တဲ့နေရာလေးပါ။

  • ဘယ်လိုသွားလဲ

ရန်ကုန်ကနေဒါနန်းကိုတိုက်ရိုက်လေယာဉ်တော့မရှိပါဘူး။ဟိုချီမင်း(စိုင်ဂုန်)ကနေtransit နဲ ့ဒါနန်းလေဆိပ်ကို

ဆက်စီးရပါတယ်။ဘတ်ဂျက်လိုင်းဖြစ်တဲ့ Viet Jet နဲ ့ဟိုချီမင်း(စိုင်ဂုန်)မှာတစ်ထောက်နားပြီးဒါနန်းကိုလေယာဉ်

ဆက်စီးကြတာပါ။Vietnam Airline လည်းရောက်ပါတယ်။နောက်တစ်ခေါက်ဆိုရင်တော့ Vietnam Airline စီး

ကြည့်ပါမယ်။Viet Jet ကရန်ကုန်ကနေစထွက်ကတည်းကနေ ့လည်(၁)နာရီအချိန်ပဲရှိတာမို ့လို ့ဒါနန်းလေဆိပ်

ကိုရောက်တော့ ည(၈)နာရီကျော်နေပါပြီ။

img_9352img_0962

လေဆိပ်ကနေဟိုတယ်ကိုမိနစ်(၂၀)လောက်သွားရတာမို ့ရောက်တဲ့နေ ့မှာလည်ဖို ့အချိန်မရှိတော့ပဲဟိုတယ်မှာ

ပဲညအိပ်လိုက်ပါတယ်။ ညစာကိုဟိုတယ်ကညွှန်ပေးတဲ့စားသောက်ဆိုင်မှာဝင်စားလိုက်ပါတယ်။သူတို ့မှာMenu

ကအစ ဗီယက်နမ်၊တရုတ်၊ကိုရီးယား(ကိုရီးယားလူမျုူိးတွေလာတာများလို ့)စာတွေပဲပါတာများပါတယ်။အင်္ဂလိပ်

စာလည်းကောင်းကောင်းမတတ်တော့Body Langudage ကိုပဲအားကိုးရတာပေ့ါ။

  • ဘယ်မှာဒေါင်ပိုက်ဆံတွေလဲကြမလဲ

ဒါနန်းမှာပိုက်ဆံလဲဖို ့နေရာသိပ်များများစားစားမတွေ ့ခဲ့ပါဘူး။ဒါကြောင့်ဖြစ်နိုင်ရင်လေဆိပ်မှာလဲများများ

စားစားလဲသွားစေချင်ပါတယ်။(ဗီယက်နမ်မှာဒေါင်မရှိရင်ဒေါ်လာနဲ ့လည်းစားလို ့၊ဝယ်လို ့မရတဲ့နေရာတွေ

ရှိတတ်လို ့ပါ။)သူတို ့နိုင်ငံကငွေကြေးဖောင်းပွမှုထဲမှာတစ်ခုအပါအဝင်ဖြစ်တော့ကိုယ်တွေဆိုတာချက်ချင်း

ကိုဒေါ်လာလဲလိုက်တာနဲ ့သန်းကျော်ဘီလီယံနာတွေဖြစ်ပါလေရော။ 😛

img_9374

  • ဘယ်တွေလည်ကြမလဲ

မွန်လေးတို ့ဟိုတယ်က My Khe ကမ်းခြေနဲ ့နီးတော့အိပ်ရာကစောစောထပြီး ကမ်းခြေကိုလမ်းလျှောက်သွား

တာပေါ့။မွန်လေးတို ့ရောက်တဲ့နေ ့ကမုန်တိုင်းနည်းနည်းရှိလို ့မိုးလေးတွေဖွဲဖွဲကျနေပါတယ်။မိုးကာအကျီလည်း

မပါသွားတော့ဟိုတယ်နားမှာရောင်းတဲ ့ပလပ်စတစ်မိုးကာအကျီလေးတွေပဲဝယ်ဝတ်ပြီးကမ်းခြေကိုချီတက်ခဲ့ကြ

ပါတယ်။ သိပ်လှတဲ့ကမ်းခြေကဖူးခပ်လိုတောင်တွေပတ်လည်ဝိုင်းနေတာပါ။ကမ်းခြေကနေ Son Tra Peninsula (ကွမ်ရင်မယ်တော်)ကိုလှမ်းမြင်နေရပါတယ်။

img_9389 img_9391 img_9397

#Ba Na hill

Banana hill ကနေဆင်းသက်လာတာဖြစ်ပြီး ငါတို ့တောင်လို ့လည်းအဓိပ္ပါယ်ရတဲ့ဒီတောင်ကတော့ ဒါနန်းမြို  ့

မှာလည်စရာအသက်တစ်ခုပါပဲ။ ဒါနန်းကနေ (၁)နာရီလောက်သွားရတာဖြစ်ပြီး ၁ရက်တည်းမှာပဲ Morning ဆို Spring၊ Noon ဆို summer၊ Afternoon  ဆို Autumn နဲ ့ Evening ဆို winter လို ့ခေါ်တဲ့ ရာသီဥတု(၄)မျိုးရှိ

တဲ့နေရာလေးလည်းဖြစ်တယ်။ဒီတောင်ကိုတက်ဖို ့အရင်ဦးဆုံးမြင်ရတဲ့မုခ်ဦးကတော့တရုတ်လက်ရာနဲ ့ဖန်တီး

ထားတဲ့အဆောက်အအုံပဲဖြစ်ပါတယ်။လက်မှတ်ဝယ်ဖို ့ကတော့အဲ့အဆောက်အအုံရဲ  ့ညာဘက်မှာဝင်ဝယ်လိုက်

ရုံပါပဲ။ ဝင်ကြေးကတော့ဒေါင် ၆၀၀,၀၀ဝပါ (မြန်မာငွေနဲ ့ဆို၃သောင်းနဲနဲစွန်းစွန်းပေါ့)။ စက်လှေကားနဲ ့တစ်ခါ

တက်၊ပြီးပြန်ထွက်၊ တောင်ခြေကိုရောက်ဖို ့လမ်းဆက်လျှောက်နဲ ့တကယ့်cable car စီးတဲ့နေရာကိုရောက်ဖို ့

(၁၅)မိနစ်လောက်တန်းစီစောင့်ရပါတယ်။တကယ်cable car လည်းစီးရောcable car ကရပ်နေတာမျိုးမဟုတ်

ဘဲဖြည်းဖြည်းချင်းသွားနေတာဆိုတော့အမြန်အမြန်ပြေးတက်ကြရပါတယ်။လူ(၈)ယောက် (၁၀)ယောက်အများ

ဆုံးပဲစီးရတာဆိုတော့ကိုယ့်လူတွေပါတဲ့cable car ရမှစီးတာအကောင်းဆုံးပါ။လူပြည့်မှထွက်တာမျိုးမဟုတ်တဲ့

အတွက်ကြောင့်ကိုယ့်လူအုပ်စုနဲ ့မဆန် ့ရင်နောက်cable car ကိုပြောင်းစီးလို ့ရပါတယ်။အဲ့cable car နဲ ့တောင်

ထိပ်ကိုရောက်ဖို ့နာရီဝက်စီးရပါတယ်။cable car ထဲမှာလည်းမပျင်းရအောင်တီးလုံးလေးတွေဖွင့်ပေးထားလို ့

မျက်လုံးလေးမှေးရင်းလိုက်သွားရုံပါပဲ။Cable car ပေါ်ကမြင်ကွင်းကလည်းဘာလှသလဲမမေးနဲ ့။ဘေးကတောင်

တွေ၊ရေတံခွန်တွေပါမြင်နေရပါတယ်။ ဒါပေမဲ့မိုးလေးတွေဖွဲဖွဲလေးကျနေလို ့cable car မှန်ကရေငွေ ့တွေလာ

ရိုက်လို ့ပတ်ဝန်းကျင်ကိုသေချာမမြင်ခဲ့ရပါဘူး။မြူကျတဲ့နေရာများဆိုပတ်ဝန်းကျင်ကိုလုံးလုံးကိုမမြင်ရတော့ပါ။

တကယ့်ကိုတောနက်ကြီးထဲcable car ကားစီးရသလိုမျိုးပါပဲ။တောင်ပေါ်ရောက်တော့ တချို  ့အန်တဲ့သူကအန်၊

ခဏအပန်းဖြေတဲ့သူကဖြေနဲ ့ပေ့ါ။ကိုယ်တွေကတော့နားကလေထွက်တာကလွဲလို ့ဘာမှမဖြစ်ခဲ့ပါဘူး။တောင်

ပေါ်မှာလမ်းညွှန်စာတွေကအစပြင်သစ်စာတွေနဲ ့မို ့ပြင်သစ်ကိုလိုနီတွေအုပ်ချုပ်ခဲ့မှန်းကောင်းကောင်းကြီးသိသာ

ပါတယ်။ပြင်သစ်စာနဲ ့ကျောင်းပြီးထားတဲ့ကိုယ်ကတော့သူတို ့ဘာဆိုင်းဘုတ်ပဲတင်တင်အကုန်ကိုဖတ်တတ်၊နား

လည်နေတော့တာပေါ့။

img_9399 img_9401 img_9404 img_9407 img_9409 img_9410 img_9412 img_9415 img_9417 img_9418 img_9421 img_9423 img_9426 img_9427 img_9429 img_9431 img_9432 img_9434 img_9436 img_9437 img_9440 img_9441 img_9444 img_9445

#Le Jardin d’amour (အချစ်ပန်းခြံကြီး)

အဲ့ပန်းရောင်စုံဖူးပွင့်နေတဲ့ပန်းခြံကိုရောက်ဖို ့ကောင်တာမှာလက်မှတ်ကို ဒေါင် ၇၀,၀၀ဝ နဲ ့ထပ်ဝယ်ရပါတယ်။

ပြီးတော့Fanicular လို ့ခေါ်တဲ့ အဝါရောင်trainကို(၃)မိနစ်စီးရပါတယ်။Fanicular စီးရင်တော့အပြင်ဘက်ဝရန်

တာမျိုးမှာစီးစေချင်ပါတယ်။အဲ့ဒါမှအပြင်ပတ်ဝန်းကျင်ကိုမြင်ရမှာဖြစ်ပါတယ်။Gare de Jardin (ပန်းခြံဘူတာ

ရုံ) ကိုရောက်တော့ရပ်ပေးပြီးရထားပေါ်ကနေဆင်းတော့ Le Jardin လို ့ရေးထားတာကိုလှမ်းမြင်ရပါတယ်။အဲ့ထဲ

ဝင်ပြီး ပန်းဥယာဉ်ကြီးထဲမှာလှချင်တိုင်းလှ၊ပွင့်ချင်တိုင်းပွင့်နေတဲ့ပန်းတွေနဲ ့ကိုယ်တို ့ဓါတ်ပုံတွေမနားတမ်းရိုက်

ကြတော့တာပေ့ါ။နှမြောစရာကောင်းတာကမြူတွေလည်းကျနေလို ့ပတ်ဝန်းကျင်ကမှုန်မှုန်ဝါးဝါးဖြစ်နေတာပါ။

ပြီးတော့ဝိုင်တွေကိုလှောင်ထားတဲ့ဂူကြီးထဲကိုုလည်းဝင်ရောက်လေ့လာခဲ့ပါသေးတယ်။

img_9504 img_9503 img_9502 img_9501 img_9500 img_9487 img_9489 img_9494 img_9495 img_9499 img_9485 img_9481 img_9478 img_9477 img_9476 img_9464 img_9465 img_9468 img_9472 img_9475 img_9457 img_9456 img_9462 img_9455 img_9454 img_9434 img_9444 img_9445 img_9450 img_9452

img_9450 img_9452 img_9454 img_9455 img_9456 img_9457 img_9462 img_9464 img_9465 img_9468 img_9472 img_9475 img_9476 img_9477 img_9478 img_9481 img_9485 img_9487 img_9489 img_9494 img_9495 img_9499 img_9500 img_9501 img_9502 img_9503 img_9504

#French Village

French Village ကိုသွားဖို ့ပထမကစီးလာတဲ့Fanicular အဆင်းရထားကိုပြန်စီးပြီး Fantasy Park,

Restaurant & bar လို ့ရေးထားတဲ့ဆိုင်းဘုတ်ကိုဖြတ်ဝင်ရပါတယ်။ အဲ့သွားလမ်းကိုလည်းအနီရောင်ကောဇော

ကြီးခင်းထားတော့ကိုယ့်ကိုယ်ကို red carpet ကြီးပေါ်ရောက်နေသလိုလိုပေ့ါ။ ပြီးတော့အဝါရောင် cable car

နောက်တစ်စီးကို(၁၀)မိနစ်ထပ်စီးပြီးတဲ့အချိန်မှာတော့ အနောက်နိုင်ငံကိုရောက်သွားတဲ့ခံစားမှုကိုလုံးဝခံစားရပါ

တော့တယ်။အရမ်းကိုလှပြီး ကိုယ်ဆိုတာပျော်လို ့၊ မိုးဖွဲဖွဲရွာလည်းဂရုကိုစိုက်မနေတော့ဘဲ ပြေးလွှားပြီးဓါတ်ပုံ

တွေရိုက်နေတော့တာပါပဲ။ ဗီဇာမလိုဘဲအနောက်နိုင်ငံရောက်သွားတာလေ တန်မှတန်။သိပ်လှတဲ့ရေပန်းတွေ

ရယ်၊ သိပ်ခန် ့ညားတဲ့church ကျောင်းကြီးရယ်၊ Romantic ဆန်တဲ့ဆိုင်လေးတွေရယ်၊ ရှေးကျပြီးအနောက်

တိုင်းဆန်တဲ့အဆောက်အအုံတွေရယ်၊အလကားကစားရတဲ့ကစားနည်းတွေရယ်နဲ ့မွန်လေးဆိုတာတောင်

ပေါ်မှာအချိန်ကိုမလောက်ခဲ့တာ။မကစားခဲ့ရတဲ့၊မရောက်ခဲ့တဲ့နေရာတွေဆိုတာကျန်ခဲ့တာ..နှမြောထာ။

ပြီးတော့နိုင်ငံတကာကနာမည်ကျော်ကြားလူသိများတဲ့ ဖယောင်းရုပ်ထုလည်းရှိပါသေးတယ်။အဲ့တောင်ပေါ်မှာ

လည်းတည်းလု ိ ့ရတဲ့Ba Na Hill Mountain Resort လည်းရှိသေးတော့တည်းဖို ့လုပ်ပါသေးတယ်။

Fully booked ဖြစ်သွားလို ့တည်းခွင့်မကြုံလိုက်ရပါဘူး။နောက်တစ်ခေါက်သွားခွင့်ကြုံရင်အဲ့မှာတည်းပြီးစုံအောင်

သွားပါဦးမယ်။အဆင်းကြတော့အောက်ကိုတိုက်ရိုက်ဆင်းရတဲ့cable car ကားကိုစီးရတဲ့ Gare de l’indochine လို ့ရေးထားတဲ့အင်ဒိုချိုင်းနား ဘူတာရုံအဆောက်အအုံထဲကိုဝင်ရပါတယ်။French Villageထဲအဝင်ဘူတာရုံ

နာမည်က Gare Morin ပါ။မမှားစေနဲ ့နော်။

img_9506 img_9510 img_9513 img_9517 img_9522 img_9524 img_9525 img_9526 img_9527 img_9529 img_9532 img_9533 img_9540 img_9541 img_9550 img_9552 img_9553 img_9555 img_9558 img_9560 img_9561 img_9562 img_9563 img_9564 img_9566 img_9569 img_9571 img_9572 img_9575 img_9576 img_9577 img_9578 img_9579 img_9580 img_9581 img_9583 img_9585 img_9586 img_9587 img_9591img_9636

အဲ့Ba Na Hill မှာနေ ့လည်စာစားဖို ့European restaurant တစ်ခုဖြစ်တဲ့ Morin လို ့နာမည်ရတဲ့စားသောက်ဆိုင်

လေးမှာပဲစားခဲ့ကြပါတယ်။Waitress လေးကservice တော့ကောင်းသား ကိုယ်တွေကိုဘာလူမျိုးလဲအရင်မေးပြီး

အစားအစာကိုrecommend ပေးပါတယ်။မွန်လေးတို ့မြန်မာလူမျိုးနဲ ့ဘာဟင်းလေးဆိုအဆင်ပြေမယ်..ဘာဆို

ကောင်းမယ်ဆိုတာမျိုးလေးတွေပေါ့။သူပြောတာလေးတွေစားကြည့်တော့လည်း ကိုယ်တွေအရသာနဲ ့အံကိုက်သား။

#Hoi_an

Ba Na hill ကနေ(၁)နာရီသာသာသွားရင်ရောက်တဲ့ရှေးဟောင်းမြို  ့လေးပါ။နောက်နာမည်တစ်ခုက

တော့မီးပုံးလေးတွေထိန်ထိန်ညီးနေတဲ့နယ်မြို  ့လေးပေ့ါ။ညဘက်ဆိုလမ်းတလျှောက်ဆိုင်တိုင်းလိုလိုမီးပုံးလေးတွေ

ထွန်းတတ်တဲ့မြို  ့လေးပါ။တိတ်ဆိတ်ငြိမ်သက်ပြီးအေးချမ်းတဲ့မြို  ့လေးလို ့ဆိုရင်လည်းမမှားပါဘူး။ဒီမြို  ့လေးက

ဗီယက်နမ်၊တရုတ်နဲ ့ဂျပန်စတိုင်ရောယှက်ထားတဲ့နေရာလေးဆိုတော့ တချို  ့အိမ်လေးတွေဆိုတာချစ်စရာလေး

တွေ။တရုတ်ကားတွေထဲမှာမြင်ရတဲ့ပုံစံမျိုးလေးတွေ။ညဘက်ကျတော့ Night market ကိုသွားဖို ့Bach Dang လမ်း

ကိုသွားရပါတယ်။အဲ့Night market က An Hoi Island မှာရှိတာပါ။ ဟွေ ့အင်မြို  ့မှာကျွန်းငယ်လေး၂ခုရှိပါတယ်။

Cam Nam Island နဲ ့An Hoi Island ဆိုပြီးရယ်။ ခုအဲ့Night market က An Hoi Island မှာရှိတာပါ။Bach Dang

လမ်းကနေအဲ့ကျွန်းကိုသွားဖို ့မီးပုံးလေးတွေမျှောတဲ့မြစ်လေးကိုတံတားနဲ ့ကူးပြီးမှရောက်ပါတယ်။လမ်းတလျှောက်

ဆိုင်တိုင်းမှာမီးပုံးလေးတွေစီရရီနဲ ့အရမ်းကိုအသက်ဝင်ပါတယ်။ပြီးတော့ရာသီတွေခွဲခြားတာမျိုးမဟုတ်ဘဲညတိုင်းကို

မီးပုံးတွေထွန်းတတ်ကြတာပါတဲ့။တကယ်ကိုနေ ့နဲ ့ညနဲ ့ကပြောင်းပြန်ပါ။နေ ့ဘက်ဆိုလမ်းမှာဆိုက်ကယ်တွေနဲ ့ပဲ

စည်နေတဲ့မြို ့လေးကညဘက်လည်းကျရောမီးပုံးလေးတွေထိန်ထိန်လင်းနေတဲ့လမ်းမှာလမ်းသွားလမ်းလာတွေနဲ ့

ပြည့်နေတဲ့နေရာလေးပါ။လမ်းမှာကပြဖျော်ဖြေနေကြတဲ့ရိုးရာကပွဲတွေလည်းရှိပါသေး။မြစ်ထဲမျှောဖို ့၊လှေစီးဖို ့လိုက်

ခေါ်နေတဲ့သူတွေလည်းများပါသေး။မွန်လေးတို ့ကိုဗီယက်နမ်လိုစကားတွေလိုက်ပြောလိုပြော၊ပြောဆိုမွန်လေးတို ့က

လည်းအာရှသားတွေဆိုတော့ရုပ်ကလည်းတူနေတာကိုး။

img_9593 img_9599 img_9603 img_9606 img_9609 img_9615 img_9619 img_9620 img_9621 img_9625 img_9626 img_9627 img_9633 img_9634 img_9637 img_9639

#Japanese_Covered_Bridge

ဒါလေးကတော့ဂျပန်စတိုင်ဆောက်ထားတဲ့တံတားပါ။ဝင်ကြေးတော့ရှိပါတယ်။အပြင်ကနေပဲဓါတ်ပုံလှမ်းရိုက်ခဲ့ပါ

တယ်။

img_9631

#Dragon_Bridge

ဗီယက်နမ်နိုင်ငံကတံတားတွေကြောင့်လည်းနာမည်ကြီးတော့ဒီနဂါးပုံစံတံတားကလည်းတစ်ခုအပါအဝင်ဖြစ်ပါ

တယ်။အရမ်းလက်ရာပြောင်မြောက်ပြီး ခေတ်မီတဲ့တံတားကြီးကဟန်မြစ်ကိုဖြတ်ဆောက်ထားတာဖြစ်ပြီး ဒါနန်း

လေဆိပ်ကိုသွားရာလမ်းနဲ ့ဒါနန်းမြို  ့ထဲဝင်လမ်းမကြီးကိုပေါက်ပြီးMy Khe ကမ်းခြေကိုရောက်အောင်ဆောက်

လုပ်ထားတာလည်းဖြစ်ပါတယ်။

img_9652 img_9677

#Ho_Chi_Minh(Saigon)

ဟိုချီမင်းလို ့လည်းခေါ်၊စိုင်ဂုန်လို ့လည်းခေါ်တဲ့ဒီမြို  ့ကတော့ဗီယက်နမ်နိုင်ငံရဲ  ့မြို  ့တော်ပါ။သူ ့မှာလည်စရာဆို

Museum၊ Notre Dame Cathedralနဲ ့ခန် ့ညားထည်ဝါတဲ့ဟိုချီမင်းရုပ်ထုတို ့ရှိပါတယ်။ဟိုချီမင်းရုပ်ထုထားတဲ့

နေရာကရန်ကုန်မှာဆိုမြို  ့တော်ခန်းမရှိတဲ့နေရာနဲ ့တော်တော့်ကိုတူပါတယ်။သူတို ့ဆီမှာလွတ်လပ်ရေးကျောက်

တိုင်မရှိတာကလွဲလို ့ပေါ့။ညဘက်သွားရင်ပိုကောင်းပါတယ်။လေလေးဖြူးပြီး လမ်းလျှောက်သွားရတာပါ။လူတွေနဲ ့

အရမ်းလည်းစည်ပြီးကလေးတွေဆိုတာပြေးဆော့နေကြတာပါ။

img_9837img_9870img_9871img_9873

#Shopping

မြန်မာတွေအကြိုက်ဈေးဝယ်မယ်ဆိုရင်တော့ Ben Tan Market( ရန်ကုန်ကဗိုလ်ချုပ်ဈေးလိုပါပဲ လူသုံးကုန်ကအစ

စားသောက်ဆိုင်တွေထိရှိပါတယ်)၊ Saigon Square (အဝတ်အစား၊အိတ်၊ဖိနပ်တွေရပါတယ်)၊ Takashimaya shopping mall (Branded တွေမျိုးစုံရပါတယ်)။ဈေးကတော့ဝယ်မယ်လို ့ဆုံးဖြတ်ထားရင်ထက်ဝက်ကျော်တဲ့ထိ

ဆစ်ပါ။မတန်တဆတင်ထားတတ်ကြလို ့ပါ။သူတို ့ငွေနဲ ့ကိုယ်တွေငွေနဲ ့ပြန်ယှဉ်တော့ရယ်ချင်စရာတွေ။သောင်းတွေ

သိန်းတွေကျပြီးဝယ်ရတာမျိုးပါ။မွန်လေးတွက်တဲ့နည်းလေးပါပြန်ရှယ်ပေးမယ်နော်။အနီးစပ်ဆုံးတွက်လို ့ရတာပေ့ါ။

သူတို ့ငွေကိုု သုညတစ်လုံးဖြုတ်၊၂နဲ ့စားရင်မြန်မာငွေရပါတယ်လို ့။

img_9699 img_9701img_9704capturefsdfsdfe46510

#Dinner_Cruise

စိုင်ဂုန်မြစ်ထဲမှာပွဲကြည့်ရင်းစားရတဲ့ညစာပါ။ ဟင်းလျာတွေကတော့မွန်လေးအကြိုက်တွေတော့မဟုတ်ပေမဲ့(ပေါ့

လို ့)သင်္ဘောကြီးစီးရင်းစားရတဲ့အရသာကတော့ဘာနဲ ့မှမလဲနိုင်ပါ။သင်္ဘောပေါ်မှာအနောက်တိုင်းသီချင်းတွေရော၊

ဗီယက်နမ်သီချင်းတွေပါညံလို ့ပေါ့။တချို ့ဆိုမွေးနေ ့ပွဲတွေလည်းလုပ်ကြတာတွေ ့ခဲ့ပါသေးတယ်။ခုရန်ကုန်ဗိုလ်

တထောင်မှာလည်းriver cruise dinner လုပ်လို ့ရနေပါပြီ။

img_9720img_9724

#အစားအသောက်

လေယာဉ်စီးရတာကြာလို ့လေယာဉ်ပေါ်မှာခေါက်ဆွဲမှာစားခဲ့ရာကနေတော်တော်လေးအနံ ့မွှေးပြီးအရသာရှိလို ့

အပြန်ရန်ကုန်ထိခေါက်ဆွဲဘူးတွေရှာပြီးဝယ်ခဲ့ရပါသေးတယ်။ သူ ့တို ့အစားအသောက်ကအမွှေးအနံ ့တွေများများ

ပါပြီးပူစီနံနဲ ့အရွက်တော်တော်များများပါတာကိုတွေ ့ရပါတယ်။ဆိုင်တွေမှာခေါက်ဆွဲမှာစားရင်ခေါက်ဆွဲတစ်ပွဲအပြင်

ဘေးမှာပဲပင်ပေါက်၊ဆလပ်ရွက်(အရွက်တမျိုုးမျိုး)၊သံပုရာသီးနဲ ့ငရုတ်သီးဆီစိမ်တို ့ပါတတ်ပါတယ်။

img_3198 img_3200 img_3201 img_3253

img_9698 img_9727

#ဘယ်အချိန်လက်မှတ်ဝယ်ရမလဲ

အကောင်းဆုံးကတော့ပြောခဲ့ဖူးတဲ့အတိုင်း ကြိုဝယ်ရင်သက်သာပါတယ်။အနည်းဆုံး၂လပေ့ါ။ဒါဆိုသွားရမယ်ဆို

တဲ့အသိနဲ ့cancelမဖြစ်တော့ပါဘူး။

#သူများနဲ ့မတူထူးခြားချက်

သူများနိုင်ငံတွေမှာ customဖြတ်ရင် ဖိနပ်မချွတ်ရပါဘူး။ဗီယက်နမ်မှာဖိနပ်ပါချွတ်ပေးပါရပါတယ်။passport ကိုလည်းအထပ်ထပ်စစ်ပါတယ်။

#စရိတ်

လေယာဉ်ခက ၁၈၁ (အပြန်ကီလိုပါ)၊ ကားခ၊ဟိုတယ်ခက ၁၃၅၊ အစားအသောက်ရယ်၊ဝင်ကြေးရယ်၊ဝယ်တာခြမ်း

တာက ၁၄၅ ဆိုတော့ ဒေါ်လာ ၄၆၁ပဲကျခဲ့ပါတယ်လို ့:P အိုးဟိုးဟိုး အရမ်းမကုန်ခဲ့ဘူးပဲ။

#travelwithmonlay

နောက်သွားမယ့်ခရီးစဉ်လေးတွေလည်းဆက်ရေးပေးပါဦးမယ်

PS: အဲ့လိုခရီးတွေကိုလိုက်ပါခံစားချင်ရင်တော့ …Just Follow me!! ….မွန်လေးနဲ ့လိုက်ခဲ့လို့ရပါတယ်…..Free & Easy tour ပဲစီစဉ်ပြီးစရိတ်သက်သက်သာသာနဲ့ ့ကမ္ဘာပတ်ကြမယ်…..09421045685

 

8 comments

  • kai

    November 29, 2016 at 7:41 pm

    အောင်မြလေး..
    ပုံတွေမနည်းဘူး..။

    တော်တော်ရိုက်နိုင်.. သွားနိုင်တာပဲ..။
    ဂုဏ်ယူပါပေ့… ယူပါပေ့..။

    တလလတော့.. ခရီးသွားဆောင်းပါး အနေနဲ့ ပုံနှိပ်သတင်းစာထဲ ထည့်မယ်နော..။ :k:

  • သျှားသက်မာန်

    November 30, 2016 at 11:13 am

    ဘယ်သတင်းစာလဲသိပါရစေ…..အသိပေးပြီးဘယ်ဆောင်းပါးထည့်မယ်ပြောပြီးမှထည့်စေချင်ပါတယ်

    • Thint Aye Yeik

      November 30, 2016 at 3:19 pm

      တိန်
      ဘယ်သတင်းစာလဲ တဲ့
      :k:

      ————

      ပုံတွေ ကြည့်တာ
      မွန်လေး အတော် ဝ လာသလားလို့။
      ဟိုးးးးတစ်ခါ မြေနီကုန်းက အိုက်စ်ဘယ်ရီမှာလား တစ်ခါ ဆုံကြတုန်းက ပိန်ပိန်လေးလိုပဲ
      🙂

    • kai

      November 30, 2016 at 5:29 pm

      ဘုရား…
      အဲဒီသတင်းစာပါ..။ ဒီဝက်ဘ်ဆိုက်ရဲ့ ပုံနှိပ်သတင်းစာပါခင်ဗျား..။
      တလက်စထဲ.. အဲဒီမှာ LA လိပ်စာပါပါတယ်..။ ဖုံးနံပါတ်လဲပါပါတယ်..။
      ရောက်ရင် ဆက်သွယ်နိုင်ပါတယ်…။ ရွာထဲက ဘယ်သူမဆို.. အတွက်.. တံခါးဖွင့်ထားပါကြောင်း..။ :k:
      https://issuu.com/myanmargazette

  • သျှားသက်မာန်

    December 1, 2016 at 1:08 pm

    ဟုတ်ပါတယ်မွန်လေးအတော်လည်းဝလာသလိုလှလာတယ်လို့လည်းပြောပြပါတယ်….ဟီး အလင်းဆက်

  • သျှားသက်မာန်

    December 1, 2016 at 1:10 pm

    ကျေးဇူးတင်ပါတယ်…ထည့်ပေးစေချင်ပါတယ်…travel blogger တစ်ယောက်အနေနဲ ့ပါ။ LA ရောက်ရင်လည်းဖုန်းဆက်
    လိုက်ပါမယ်

  • “ဘီလူးကြီး”ogre

    December 9, 2016 at 6:35 pm

    post ဆစ်ခုထဲမှာ ဓါတ်ပုံအများဆုံး တင်နိုင်သူအဖြစ်
    မန်းဂေးဇက်မှာ 2016 အတွက်မှတ်တမ်း ဝင်သွားပါတယ်

  • CharTooLan

    December 19, 2016 at 5:32 pm

    နောက်တာလားလူးလူး hehee 😛

Leave a Reply