Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အရှေ့တောင်အာရှမှာ သွားလည်သင့်တဲ့ ဂူ(၆)ခု

Mon LayDecember 8, 20162min4258

ဂူတွေက မှောင်မည်းစိုစွတ်ပြီး ကြောက်စရာကောင်းတတ်ပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လူသားတွေအတွက်အံ့ဖွယ်နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ အပင်မျိုးစိတ်တွေ တိရစ္ဆာန်မျိုးစိတ်တွေရဲ့ ကျက်စားရာနေရာ လည်းဖြစ်သလို တခါတလေ လက်တွေ့ဆန်တဲ့လူသားတွေအတွက် နားမလည်နိုင်တဲ့ အဖြစ်အပျက်တွေတည်ရှိတဲ့ နေရာတွေလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဂူတွေကို နေထိုင်စရာနေရာအဖြစ်ကစလို့ ဘာသာရေးဆိုင်ရာနေရာအဖြစ်အထိ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သတ်မှတ်ထားပါတယ်။

အရှေ့တောင်အာရှမှာလည်း သမိုင်းဝင်ဂူတွေအများကြီးရှိသလို လူနေမှုဘဝအတွက် အသုံးပြုတဲ့ ဂူတွေလည်းရှိပါတယ်။

ဒီဆောင်းပါးမှာ ဘာကြောင့် ဂူတွေကိုသွားလည်သင့်တယ်ဆိုတာသိနိုင်ဖို့  အရှေ့တောင်အာရှမှာရှိတဲ့  ဂူတွေကို ဥပမာအနေနဲ့ ဖော်ပြပေးမှာပါ။ ဂူတွေကိုသွားလည်ရင်း ထူးခြားတဲ့စွန့်စားမှုတွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။

Sarawak Chamber

Sarawak Chamber

တည်နေရာ – Gunung Mulu National Park, Sarawak, Malaysia

Good Luck cave လို့ခေါ်တဲ့ Gua Nasib Bagus ဂူရဲ့ အစိတ်အပိုင်းဖြစ်တဲ့ Sarawak Chamber လိုဏ်ဂူက  Gunung Mulu National Park မှာတည်ရှိပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးမြေအောက်လိုဏ်ဂူအဖြစ်  သတ်မှတ်ကြပါတယ်။ Boeing 747 လေယာဉ် ၈စီးစာလောက်ဆန့်တဲ့ဂူအကျယ်အဝန်းက ဂူကိုစတင်တွေ့ရှိတဲ့ ၁၉၇၀-၈ဝ လောက်ကတည်းက ခရီးသွားတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ Gunung Mulu National Park တစ်ခုလုံးကို UNESCO World Heritage Site အဖြစ် သတ်မှတ်ထားပါတယ်။

  1. Hang Son Doong

hang son doong cave vietnam

Photo Credits: www.sondoongcave.org/

တည်နေရာ –  Quang Binh ပြည်နယ် ၊ Vietnam

Hang Son Doong ခေါ် Son Doong ဂူကတော့  စဖွင့်လှစ်ကြောင်း နိုင်ငံတကာကိုကြေငြာလိုက်တဲ့ ၂၀၀၉ ခုနှစ်ကစပြီးတော့ ကမ္ဘာ့အကြီးဆုံလိုဏ်ဂူအဖြစ် တရှိန်ထိုး လူသိများလာခဲ့တယ်။ ဂူရဲ့အမြင့်က ၁၅ဝမီတာရှိပြီး အကျယ်ကတော့ ၂၀ဝမီတာကျယ်ပါတယ်။ အရှည်က ၉ကီလိုမီတာရှိပြီး အကြမ်းဖျင်းအားဖြင့် မြို့တစ်မြို့စာလောက်ရှိပါတယ်။ သဘာဝထုံးကျောက်လိုဏ်ဂူဖြစ်ပြီး အဲ့ဒီ့ထုံးကျောက်တွေရဲ့ သက်တမ်းက နှစ်ပေါင်းနှစ်သန်းကျော်လောက်ရှိပါပြီ။ ထုံးကျောက်တိုင်တွေအများကြီးရှိတဲ့ ဂူအဖြစ်လည်း ကျော်ကြားပါတယ်။

  1. Puerto Princesa Subterranean River

Puerto Princesa Subterranean River

Photo Credits: www.wikimedia.com

တည်နေရာ – Palawan,Philippines

ကမ္ဘာ့အရှည်ဆုံးမြေအောက်မြစ်လို့ အလွယ်တကူမှတ်ယူတဲ့ Puerto Princesa မြေအောက်မြစ်က Puerto Princesa National Park ရဲ့ပထမဆုံးဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။ ၈.၂ကီလိုမီတာ ရှည်လျားပြီးတော့ ၂၄ကီလိုမီတာ အရှည်ရှိတဲ့ Saint Paul မြေအောက်လိုဏ်ဂူထဲကို ဖြတ်စီးပြီး တောင်တရုတ်ပင်လယ်ထဲသို့  စီးဝင်ပါတယ်။ မြစ်ကြောင်းတစ်လျှောက်မှာ ထူးဆန်းတဲ့ အပင်နဲ့ သတ္တဝါမျိုးစိတ် ရာပေါင်းများစွာ နေထိုင်ကျက်စားကြပါတယ်။

 

  1. Sung Sot Cave

pi45795-hr

တည်နေရာ- Halong Bay, Vietnam

Halong Bay မှာရှိတဲ့ သဘာဝအလှအပများစွာထဲက တစ်ခုဖြစ်တဲ့ Sung Sot လိုဏ်ဂူကအံ့ဩဖွယ်ရာ လိုဏ်ဂူတစ်ခုအဖြစ်လူသိများကြပါတယ်။ လာရောက်လည်ပတ်သူတွေက ဂူထဲကိုဝင်ဝင်ချင်းမှာဘဲ အလှအပတွေကို ခံစားရမှာပါ။ လိုဏ်ဂူက Boho ကျွန်းအထိလမ်းပေါက်ပြီး  ဂူနံရံတွေက လူတွေလုပ်ထားသလို ချောမွေ့နေတဲ့အတွက် နာမည်ကျော်ကြားပြီး ခရီးသည်တွေကို ဆွဲဆောင်နိုင်ပါတယ်။

 

  1. Tham Pu Kham

Tham Pu Kham Cave

Photo Credits: laostours.info

တည်နေရာ – Vang Vieng, Laos

ဒေသခံတွေအတွက် ကြောက်စရာဂူကြီးလို့ သတ်မှတ်ထားတဲ့ Them Pu Kham ဂူက လှပတဲ့ရေငံအိုင်တွေကြောင့် ကျော်ကြားပါတယ်။ ပြာလဲ့နေတဲ့ရေတွေကြောင့် ရေပြာအိုင်လို့ နာမည်ကြီးပြီး အေးမြတဲ့ ရေအိုင်ထဲကိုဆင်းလိုက်တာနဲ့ လာရောက်သူတွေအမောပြေသွားမှာပါ။ လိုဏ်ဂူထဲမှာလည်း လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် ကိန်းဝပ်စံပါယ်နေပြီး ဒေသခံ ဗုဒ္ဓဘာသာဝင်တွေ မကြာခဏ လာရောက်ဖူးမြော်လေ့ရှိကြပါတယ်။

 

  1. Batu Caves

goa_batu_caves

တည်နေရာ – Kuala Lumpur, Malaysia

မလေးရှားနိုင်ငံရဲ့ ဘာသာရေးဆိုင်ရာ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Batu လိုဏ်ဂူတွေက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဟိန္ဒူဘာသာဝင်တွေနဲ့ အခြားဘာသာဝင်လူမျိုး အားလုံးကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဂူဝင်ပေါက်ကို ဦးတည်ထားတဲ့ ၂၇၂ ထစ်ရှိတဲ့ လှေကားကြောင့် ကျော်ကြားပေမယ့် အခြားစိတ်ဝင်စားစရာ နေရာတွေလည်း ရှိပါသေးတယ်။ ဂူအတွင်းပိုင်းမှာ Murugan ဘုရားအပါအဝင် ဟိန္ဒူဘုရားများစွာ ရှိပါတယ်။ ဒါပေမယ့် ဂူလမ်းတစ်လျှောက်မှာရှိတဲ့ အဆော့သန်တဲ့မျောက်တွေကိုတော့ သတိထားပါ။

ဒီဆောင်းပါးကနေ အရှေ့တောင်အာရှရဲ့ ထင်ရှားတဲ့ဂူတွေအကြောင်း သိရှိပြီးသွားပြီဖြစ်လို့ အဲ့ဒီ့ဂူတွေဆီသွားလည်ပြီး အတွေ့ကြုံသစ်တွေရှာဖွေဖို့ အကြံပြုပါရစေ။

 

Article Credit: goasean.com

8 comments

  • Thint Aye Yeik

    December 10, 2016 at 11:18 am

    ဂူတွေကိုတော့ တောင်တွေ တက်ရတာလောက်… ပင်လယ်ရေပြင်ထဲ ထွက်ရတာလောက် စိတ်မဝင်စားမိ…
    ဒါမယ့် မြန်မာပြည်ထဲ ရှိတဲ့ ဂူတွေတော့ နှံ့အောင် သွားကြည့်ချင်တဲ့စိတ်ကတော့ ရှိ…
    😆

  • သျှားသက်မာန်

    December 10, 2016 at 2:34 pm

    ဟုတ်ပါတယ်..ဒါပေမဲ့ဂူတွေထဲဝင်သွားရင်အေးချမ်းသွားတာလေးခံစားရလို့ကြိုက်မိပါတယ်

    • Thint Aye Yeik

      December 22, 2016 at 3:08 pm

      ကရင်ပြည်နယ်ထဲက ကော့ကသောင်ဂူတို့ ဆဒ္ဒန်ဂူတို့ထဲ ဝင်တာတော့…
      အမွှေးတိုင် မီးခိုးနံ့တွေ ထောင်းထောင်းထပြီး မွှန်ထွန်နေလို့… ဂူထဲ ဝင်မိတာ မှားလေခြင်းလို့တောင် တွေးမိခဲ့ဖူးတယ်
      :k:

  • aye.kk

    December 10, 2016 at 8:05 pm

    ဂူတွေအကြောင်းတင်ပြပေးတဲ့
    သျားသက်မာန်ကို၊ကျေးဇူးတင်ပါတယ်နော်

  • သျှားသက်မာန်

    December 12, 2016 at 11:03 am

    ရပါတယ်…ဆက်လက်တင်ပြပါဦးမယ်

  • manawphyulay

    December 12, 2016 at 4:11 pm

    မြန်မာပြည်တွင်းမှာ ရှိတဲ့ ရှားပါးလိုဏ်ဂူတွေအကြောင်း ပြည့်ပြည့်စုံစုံတင်ပြပေးရင် ပိုကောင်းမယ်ထင်တယ်နော်။ ပြည်ပနိုင်ငံ မပြောနဲ့ ပြည်တွင်းနေရာအနှံ့တောင် မသွားနိုင်သေးတော့ သွားလည်ချင်မိလို့ပါ။

  • ကထူးဆန်း

    December 12, 2016 at 10:01 pm

    မြန်မာပြည်တွင်း ဂူတွေ က သဘာဝ တရား ပ ျက် ပြား ကုန်ပြီလေ .. တောင်တွေ့ ရင် စေတီ တည်သလို ဂူတွေ့ ရင် ဘုရားတည်လေတော့ …. သဘာဝ ပ ျက်ပြားတာနဲ့တန်းမဝင်တော့တာလား …

Leave a Reply