Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆိုလာစွမ်းအင်ကိုအပြည့်အဝအသုံးချပြီး ရပ်တည်နေတဲ့ Ta’u ကျွန်း

Mon LayDecember 9, 20161min3183

ဆိုလာအသုံးပြု Telsa battery တွေက တောင်ပစိဖိတ်ဒေသမှာ နေရာယူထားပါပြီ။ဝေးလံပြီးတသီးတသန့်ဖြစ်နေတဲ့ ဒီကျွန်းလေးက ဆိုလာစွမ်းအင်ကိုအပြည့်အဝအသုံးချပြီး ရပ်တည်နေတာပါ။

သဘာဝပတ်ဝန်းကျင်ကိုလေ့လာချင်သူ ခရီးသွားတွေဟာ သူတို့ရဲ့ခရီးစဉ်တွေထဲမှာ တောင်ပစိဖိတ်ကျွန်းစုတွေထဲက Ta’u ကျွန်းကိုထည့်သွင်းဖို့လိုနေပါပြီ။

သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတဲ့အနေနဲ့ ကျွန်းပေါ်မှာ ဆိုလာစွမ်းအင်ရရှိစေဖို့ solar panel ပေါင်း (၅၀၀၀) ခန့်နဲ့ ဆိုလာအသုံးပြု telsa battery ပေါင်း (၆၀) ကို ထားရှိပြီး ကျွန်းတစ်ကျွန်းလုံးက နေရောင်ခြည်စွမ်းအင် တစ်မျိုးတည်းကို သာအသုံးပြု မှီတည်နေပါတယ်။

အမေရိကန် ကမ်းရိုးတန်းရဲ့အနောက်ဘက်ကနေ မိုင်ပေါင်း(၄၀၀၀)ကွာဝေးတဲ့ ဒီကျွန်းငယ်လေးမှာ နေထိုင်သူ (၆၀၀)လောက်ပဲရှိပါတယ်။သို့ပေမယ့် နှစ်ပေါင်းများစွာကြာ ဒီကျွန်းလေးပေါ်မှာ လူတွေအဆင်ပြေပြေနေနိုင်ဖို့အတွက် ဒီဇယ်ဂါလံပေါင်း (၁၀၀၀၀၀) လောက်လိုအပ်ခဲ့တယ်လို့ “the Independent” အွန်လိုင်းသတင်းစာအရ သိရပါတယ်။

The Wild Coast of Ta'u

ဒီဇယ်တွေကို ကျွန်းပေါ်သယ်ယူဖို့ ရာသီဥတုအခြေအနေမကောင်းတဲ့အခါ ကျွန်းတစ်ကျွန်းလုံး အမှောင်ကျသွားခဲ့တယ်။ ကျွန်းပေါ်ကလူတွေက မီးမှောင်မှောင်ထဲမှာနေခဲ့ရပြီး၊ သောက်သုံးဖို့ ရေသန့်တွေလည်း ပြတ်လပ်သွားခဲ့တယ်။ အဲ့ဒီ့အခါ ဒီဇယ်တွေကို ကျွန်းပေါ်သယ်ယူဖို့အတွက် သင်္ဘောစရိတ်ကလည်း မတန်တဆမြင့်တက်သွားပြီး တစ်နှစ်ကို ဒေါ်လာ (၄၀၀၀၀၀)ဝန်းကျင်မှာရှိခဲ့တယ်။

“ဒီဇယ်တွေကိုသင်္ဘောနဲ့သယ်ယူရတာက ကြာရှည်တဲ့စီးပွားရေးထိခိုက်မှုဖြစ်ပြီး  အခွန်ဆောင်သူတွေရဲ့အခွန်ငွေတွေကို အလဟသ ဖြုန်းတီးပစ်သလိုပါပဲ” လို့  American Samoi ရဲ့ စွမ်းအင်ဆိုင်ရာ အာဏာပိုင်အဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Ute Abe Malae ကပြောကြားခဲ့တယ်လို့ “the Guardian” သတင်းစာကဖော်ပြခဲ့ပါတယ်။

သူက “ကျွန်တော်တို့က ၂၀၄ဝ ခုနှစ်နောက်ဆုံးထားပြီး American Samoa ဒေသတစ်ခုလုံးကို ဆိုလာစွမ်းအင်စနစ်နဲ့ ရပ်တည်စေချင်တာပါ။ ဒါပေမယ့် Ta’u ကျွန်းက ပထမဆုံးဖြစ်ပြီး စမ်းသပ်အသုံးပြုနေဆဲဖြစ်ပါတယ်” ဆက်လက်ပြော ကြားခဲ့ပါတယ်။

ဒီကျွန်းရဲ့ဆွဲဆောင်မှုကတော့ သဘာဝအလှပများစွာတည်ရှိရာဖြစ်ပြီး Si’u Point လမ်းနဲ့ Luatele Crater လမ်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။ပထမလမ်းက(၂.၈)မို်င်ရှည်လျားပြီး၊ကမ်းရိုးတန်းသစ်တောထဲ မှာဖောက်ထားတဲ့ ပထမဆုံးလမ်းဖြစ်ပြီး Laufuti ရေတံခွန်ထိရောက်ပါတယ်။

Luatele Crater ကတော့ ရာသီဥတုအခြေအနေအရ လမ်းကအန္တရာယ်ရှိတတ်တဲ့အတွက် တချို့အချိန်တွေမှာသာသွား လို့ရပါတယ်။ ဒီမတ်စောက်တဲ့လမ်းကတော့ Fiti’uta ရွာကနေ အသီးအနှံတွေစားတဲ့လင်းနို့တွေရှိရာ  မီးတောင်ဝအ ထိရောက် ပါတယ်လို့ American Samoa website တစ်ခုမှာဖော်ပြထားပါတယ်။

[youtube https://www.youtube.com/watch?v=L8-JcEFtfzw]

Refrence : www.travelandleisure.com
Images Credit : www.travelandleisure.com

3 comments

  • Thint Aye Yeik

    December 10, 2016 at 11:21 am

    ဒို့နိုင်ငံမှာလဲ… နေရောင်ခြည် စွမ်းအင်တို့… လေ စွမ်းအင်တို့ကို ကောင်းကောင်း အသုံးမချနိုင်သေးတာ…
    နှမြောစရာ…

  • သျှားသက်မာန်

    December 10, 2016 at 2:11 pm

    ဟုတ်တယ်သူများနိုင်ငံတွေတိုးတက်တာလည်းမပြောနဲ ့..နိုင်ငံခြားသွားလေလေ..ကိုယ့်နိုင်ငံစုတ်တာပိုသာလာလေလေပဲ..တအား
    ကြိုးစားရမယ်မှီဖို ့။

Leave a Reply