စင်ကာပူနိုင်ငံ၏ လည်ပတ်စရာနေရာများထဲမှာ Garden By the Bay(ပုံပါ)
Man Made Attraction Place ဖြစ်ပြီး Flower Dome / Cloud Forest / Supertree Grove တို့မှာ ထင်ရှားပါသည်။
Flower Dome – ၂၀၁၅ ခုနှစ်Guinness World Records အဖြစ် စာရင်းသွင်းခံရပြီး အံ့မခန်း ဆန်းကြယ်လှပသော ကမာ္ဘ ့အကြီးဆုံးဖန်လုံအိမ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။မြေထဲပင်လယ်ဒေသနှင့် မိုးနည်းရေရှားဒေသမှ အပင်များနှင့် ပန်းပွင့် များဖြင့် အလှဆင်ထားပါသည်။
Cloud Forest -မိုးတိမ်သစ်တော ထဲဝင်လိုက်တာနှင့် ရေခိုးရေငွေ့များဖြင့် ဖုံးလွှမ်းနေသော လှျို့ဝှက်ဆန်းကြယ်သော သစ်တောထဲ ရောက်သွားသလို ခံစားရမှာဖြစ်ပါတယ်။ မတူကွဲပြားခြားနားသော အပင်များနှင့် ကျောက်မျက်ရတနာအလား ပုန်းကွယ်နေသော ရှားပါးပန်းပင်များ နှင့် အပင်များကို လေ့လာနိုင်ပေမည်။
Supertree Grove – 25 မီတာ နှင့် 50 မီတာရှည်လျားသော သစ်ပင်ပုံစံ ဒေါင်လိုက်ဥယျာဉ် နှင့်တူပေသည်။ နေ့အချိန်တွင် အရိပ်ပေးပြီး ညအချိန်တွင် အလင်းနှင့်အသံတို့ကိုရကာ အသက်ရှင်လျက်ကြီးမားလှသောသဘောကို ဒီဇိုင်းရေးဆွဲထားပါသည်။
#credit
3 comments
Thint Aye Yeik
December 22, 2016 at 10:52 am
ဒီပိုစ့်က ဘယ်လို ဖြစ်တယ်မသိ။
ပုံမပါတာက ၁ပုဒ် တက်လာတယ်။
ပုံပါတာချည်းပဲ နောက်ထပ် ၂ပုဒ် တက်လာတယ်။
ဆိုတော့ . . .
ပုံ ပါတဲ့၂ပုဒ်က အကြောင်းအရာတူ ပုံပါတာချင်းတူ
အကုန် တူနေသမို့ . . .
ပုံပါတာ တစ်ပုဒ်ရယ် ပုံ မပါတာ ၁ပုဒ်ရယ်ကို
.ဖျောက်ပေးထားလိုက်ပါတယ်။
ဒီတစ်ပုဒ်ကိုတော့ ဒီအတိုင်း ထားလိုက်ပါကြောင်း
အရင်ကကျော်စွာဦးကြီးမိုက်
December 26, 2016 at 1:40 pm
ဖန်တီးထားတာအံ့စရာပါပဲ
သျှားသက်မာန်
December 27, 2016 at 5:30 pm
ဟုတ်ကဲ့ပါပထမတစ်ခေါက်တုန်းကပုံမပါပဲတင်လိုက်တော့ကြည့်မကြောင်းဘူးလေ..အဲဒါနဲ ့ပုံပါတဲ့ပို ့စ်လေးပြန်တင်တာပါ..ဒါပေမဲ့
ကော်နက်ရှင်မကောင်းလု့ိနဲ ့တူတယ်..တစ်ခါတည်းထပ်တင်တာ..2ခါလောက်ဖြစ်သွားတယ်ထင်တယ်။ဟီး