သိစေချင်လို့ပါ
နာရေး လက်ကမ်းကြသောအခါ လူတော်တော်များသည် အေးမြခြင်းအတိန်းအမှတ်အဖြစ် ယပ်တောင်ကို ကမ်းကြတာ များပါတယ် ဒါပေမယ့်ထို သို ကမ်းသောယပ်တောင်များတွင်ကဗျာ များပါတတ်ပါတယ်။ဒါပေမယ့် ရေးသူကို အချို့ မပါလို့လေ ဒါကြောင့် ကဗျာ ပိုင်ရှင်လေးကို သိအောင်လို့ရေးပေးလိုက်တာပါ သိတဲ့ သူလည်း ရှိမယ်ထင်ပါတယ် ဒီကဗျာလေးကတော့ ဧည့်သည် * လာတုန်းကလည်း ၊ တစ်ယောက်တည်းနော် လက်တွဲခေါ်ကာ ၊ အဖေါ်မပါဘူး ဥစ္စာချည်းနှီး ၊ ကိုယ်ထီးတည်း။ * ပြန်သွားတော့လည်း ၊ တစ်ယောက်တည်းနော် လက်တွဲခေါ်ကာ ၊ အဖေါ်မပါဘူး ဥစ္စာချည်းနှီး ၊ ကိုယ်ထီးတည်း။ * လာပြီတော့နား မသွားခင် ၊ ချိန်လေးတင်မှ ဝန်းကျင်ယှက်နွယ ်၊ နှောင်ကြိုးတွယ်ကြ ပြုံးရယ်ငိုမ ဲ့၊ ချစ်မုန်းပိုကြ မလိုဒေါသ ။ လိုလောဘနှင့် ဘဝရိပ်မြုံ ၊ ကကြိုးစုံခဲ့ ကံကုန်မိုးချုပ် ၊ လက်တွဲဖြုတ်ကာ သုတ်သုတ်ဆောလျှင် ၊ ခရီးနှင်သည် တို့လျှင် ဧည့်သည်ပါတကား။ အထက်ကဧည့်သည်ကဗျာပိုင်ရှငအစစ်ကတော့ အရှင်ဇာဂရိယ ဖြစ်ပါတယ်အလုံမြို့နယ် အောင်မင်္ဂလာတိုက်သစ်မှာ နေထိုင်ခဲ့ကြောင်းမှတ်သားရပါတယ်၁၉၇၉ ခုနှစ်က ရေးစပ်ခဲ့ကြောင်းသိရပါတယ်ခင်ဗျားယခုအခါမှာ ယပ်တောင်များပေါ် တွင်နေရာယူနေသောထို ကဗျာလေးမှာ ပိုင်ရှင်မဲ့ ဖြစ်နေသောကြောင့်ရေးသားပေးလိုက်ခြင်းသာလျှငိဖြစ်ပါတယ် နောက်ကဗျာလေးကတော့ တစ်နေကွယ် သေနယ်သို့တစ်ခါကူး မေ့လျော့ကာမသေဘူးမထင်လိုက်ပါနဲ့ တစ်နေကွယ်တာများရင်ဖြင့် သေနယ်ရွှာတစ်ကြိမ်သွားရလိမ့်မယ် တားမရဘူး ဒီကဗျာလေးကတော့ လယ်တီဆရာတော်အရှင်ဉာဏဓဇ (၁၂၀၈-၁၂၈၅)ရေးစပ်ခဲ့သောအဖိုးတန်ဒွေးချိုးတစ်ပုဒ်ဖြစ်ပါတယ်
One comment
ghost
August 31, 2010 at 8:34 am
ဘယ်နားကနေ သွားတူးလာတာလဲ နှိုက်နှိုက်ချွတ်ချွတ် တော်ပါပေတယ် အမရယ် တကယ်ပါ၊