Complain
သူစီးရမယ့် လေယာဉ်ထိုင်ခုံနေရာကိုရောက်တော့ ကိုထုံတယောက် တော်တော်အံ့ဩသွားတယ်။
သူ့ဘေးကပ်လျက်ခုံမှာ ကြက်တူရွေးတကောင် ထိုင်နေတာကိုး…
ဒီလိုနဲ့လေယာဉ်ထွက်လာလို့မကြာခင်မှာဘဲ အစားအသောက်တွေ စတင်ကျွေးမွေးတော့ လေယာဉ်မယ်လေးက မေးလာတယ်…
“အစာမစားမီ ဘာများ သောက်ချင်ပါသလဲ ရှင်”
ကိုထုံက… “ကော်ဖီတစ်ခွက် ပေးပါ” လို့ မှာတယ်။
ကြက်တူရွေးက…”ငါ့ အတွက် ဝီစကီတစ်ခွက်ပေးစမ်း ကောင်မ…ကြားလား”…တဲ့။
လေယာဉ်မယ်လည်း အံ့ဩသွားပေမယ့် ဘာမှ မပြောဘဲ ဝီစကီတစ်ခွက်ယူလာပေးတယ်၊ ကော်ဖီကတော့ မေ့ပြီး ပါမလာဘူး။
ခဏနေတော့ ကြက်တူရွေးက ထပ်မှာပြန်တယ်…”ဝီစကီတခွက် ထပ်ယူပေးစမ်း…သောက်ရူးမလေး”………..
လေယာဉ်မယ် ဒေါသနဲနဲထွက်ပြီးမျက်မှောင်ကြုပ်လို့ ဝီစကီတစ်ခွက်ထပ်ယူလာပေးပြန်တယ်။
ဒီတခါလည်း ကော်ဖီက ပါမလာပြန်ဘူး…….
ကိုထုံလည်း ကြက်တူရွေးလမ်းစဉ်လိုက်ပြီးမှာမှရမယ်လို့ တွေးပြီး……
“ငါ့ကော်ဖီကိုမြန်မြန်သွားယူစမ်း ဝက်မလေး၊ မဟုတ်ရင် နင့်ကို ကန်မိတော့မယ်”
ခဏနေတော့ လေယာဉ်မောင်ခပ်ထွားထွား ၂ယောက် ရောက်လာတယ်။
ကိုထုံ နဲ့ ကြက်တူရွေးကို ဖမ်းချုပ်ခေါ်လာပြီး အရေးပေါ်အပေါက်ကနေ လေယာဉ်အပြင်ကို ပစ်ချလိုက်ပါတော့တယ်….
ဒီမှာတင် ကြက်တူရွေးက ကိုထုံ့ ကို လှမ်းပြောတယ်… …. …
“မင်းက ပျံလည်းမပျံတတ်ဘဲနဲ့ Complain တယ်များကိုးကွ”….တဲ့။
သင်ခန်းစာ။ ။ မပျံတတ်ရင် complain မတက်ပါနဲ့ ကိုယ့်လူတို့ – အဟိ။
5 comments
winne
August 31, 2010 at 10:44 am
မှတ်သား လောက်ပါပေတယ်။
saddyangel.9
August 31, 2010 at 12:31 pm
ကောင်းလိုက်တဲ့သင်ခန်းစာလေး……
bigcat
August 31, 2010 at 10:16 pm
ကျွန်တော်ကတော့ မပျံတတ်လို့ အတိုင်အတော မထူဘူး။ ဘေးကင်းရန်ကွာ မန ္တလေးဂေဇက်ကနေပဲ လူမသိသူမသိ ရေးတယ်။ ဖမ်းနိုင်ရင် လာဖမ်းကြစမ်း။ ကမာ္ဘကြီးမှာ ကြောင်မျိုးနွယ်စုဝင် သန်းရာနဲ့ချီပြီး ရှိတယ်။ ပြောချင်တာပြောမှာပဲ။ ဗိုလ်ချုပ်မှူးကြီး ငထုံ မင်းကို ငါမကြောက်ဘူး၊ ဝါးလားလားလား…….
winne
September 1, 2010 at 3:14 am
ဒီမှာ ရေးမှဘဲ ကိုကြောင်ကြီးလို့ လွယ်လွယ် ဘာသာပြန်မိတာ ကိုယ်ဟာကိုတောင် ရီချင်လာပြီ။