Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရေနွေးကြမ်း သောက်ရအောင်

etoneAugust 31, 20101min3475

ရေနွေးကြမ်း သောက်ရအောင်

ဒီနေ့တော့ လက်ဖက်ရွက်ရဲ့ မူလအစအကြောင်း အနည်းငယ်နဲ့ လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း)
သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ အကြောင်းကို ရေးပြချင်ပါတယ်..

လက်ဖက်ရဲ့ မူလ

လက်ဖက်စိမ်းရွက်ရဲ့ မူလအစဟာ တရုတ်ပြည်ကလို့ ဆိုပါတယ်.. တရုတ်ပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း
၄၀၀ဝကျော် ၅၀၀ဝ လောက်ကတည်းက ဘုရင်ဧကရာဇ်မင်းတို့ လက်ထက်မှာ လက်ဖက်ရွက်ကို
စတင်သုံးစွဲတဲ့ အလေ့အထ ထွန်းကားခဲ့ကြောင်း သိရပါတယ်.. လက်ဖက်ရွက်ကို
စတင်တွေ့ရှိပုံနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီဆန်ဆန် ပုံပြင်များစွာ ရှိသော်လည်း
လူသိများတဲ့ လက်ဖက်နဲ့ပါတ်သက်တဲ့ ပုံပြင်လေးက BC 2737 မှာ
တရုတ်ဧကရာဇ်ကြီးဟာ တိုင်းခန်းလှည့်လှည်တဲ့အခါ လမ်းခရီးမှာ
ခရီးတစ်ထောက်နားကြတော့ ခြုံပုတ်တစ်ခုရဲ့ဘေးနားမှာ အစေအပါးတွေက မီးမွှေးပြီး
ရေနွေးအိုး တည်ကြပါတယ်.. အဲလိုရေနွေးတည်ချိန်မှာ ခြုံပုတ်က
သစ်ရွက်တစ်ချို့ဟာ ရေနွေးအိုးထဲကို ကြွေကျလာပါတယ်.. အဲဒီရေကို သောက်မိတဲ့
ဧကရာဇ်ကြီးဟာ အရသာထူးလှတဲ့ ရေနွေးဖြစ်တာကို သိသွားတော့ အကျိုးအကြောင်းကို
စုံစမ်းတဲ့အခါ သစ်ပင်ပေါ်က ကြွေကျတဲ့ သစ်ရွက်တွေကြောင့် ဆိုတာ
သိသွားခဲ့ပါတယ်.. ဒါနဲ့ အဲဒီအပင်ကို နန်းတော်ကို ယူဆောင်လာကာ
စိုက်ပျိုးစေခဲ့တာကြောင့် ထိုဘုရင်ဧကရာဇ် လက်ထက်က စပြီး နန်းတော်ထဲမှာသာ
လက်ဖက်ရွက်ကို ဆေးဘက်ဝင်အပင်အဖြစ် သုံးစွဲခြင်း၊ စိုက်ပျိုးခြင်း စတဲ့
အလေ့အထ စတင်ခဲ့ကြောင်း သိရပါတယ်..

စိမ်းစိမ်းစိုစို လက်ဖက်ခင်း

ထိုစဉ်ကတော့ လက်ဖက်ကို နန်းတော်တွင်းမှာနဲ့ ငွေကြေးတတ်နိုင်သူများ၊ မှူးမတ်ကြီးများသာ
ဆေးဘက်ဝင်သော အရွက်အဖြစ် သောက်သုံးခဲ့ကြပြီး ဟန်မင်းဆက် လက်ထက်အရောက်မှာ
တရုတ်ဘုန်းတော်ကြီးများဟာ လက်ဖက်ရွက်ကို ဘုန်းကြီးကျောင်း
ပတ်ဝန်းကျင်တစ်ဝိုက်မှာ စတင်စိုက်ပျိုးခဲ့ကြပြီး တရုတ်ဧကရာဇ် မင်
မင်းဆက်လက်ထက်မှသာ ပြည်သူပြည်သားတို့အကြား လက်ဖက်ရွက်ဟာ
ကူးသန်းရောင်းဝယ်ခွင့်၊ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးခွင့် ရလာကြပါတယ်..
၆ရာစုနှစ်မှာ ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ ဂျပန်နိုင်ငံကို
လဘက်ပင်များစပြီး ယူဆောင်လာခဲ့ကြပါတယ်.. ၁၆ရာစု အရောက်မှာတော့
ပေါ်တူဂီလူမျိုးတို့ဟာ လက်ဖက်ပင်များကို ဥရောပသို့
ယူဆောင်သွားခဲ့ကြတဲ့အတွက် ထိုအချိန်မှစကာ လက်ဖက်ကို နိုင်ငံတကာမှာ
စတင်သုံးစွဲလာပြီး လက်ဖက်ရည်ကြမ်း သောက်သုံးတဲ့ အလေ့အထ
စတင်ပျံ့နှံ့လာကြောင်း သိရပါတယ်. ၁၆၁၅ခုနှစ်မှာ အင်္ဂလန်နိုင်ငံရှိ
ကုန်သည်ကြီးများက အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှ လက်ဖက်များကို အမြောက်အမြား
ဝယ်ယူခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရပါတယ်..

သာယာလှတဲ့ လက်ဖက်စိုက်ခင်း

ယနေ့ခေတ်မှာ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအလေ့အထဟာ အလွန်ကျယ်ပြန့်လာပြီး
လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအားဖြင့်လည်း ကျန်းမာရေးအတွက် များစွာ
အထောက်အကူ ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိလာရပါတယ်..
တစ်နေ့ကို လက်ဖက်ရည်ကြမ်း ၃ခွက်၄ခွက် သောက်သုံးခြင်းဟာ ကျန်းမာရေးကို
ဂရုတစ်စိုက် စောင့်ရှောက်ရာ ရောက်တယ်လို့ ဆိုကြပါတယ်..
တရုတ်နဲ့ဂျပန်မှာတော့ အိမ်တိုင်းနီးပါး လက်ဖက်ရည်ကြမ်းသောက်သုံးတဲ့ အလေ့အထ
ရှိကြပြီး တရုတ်ပြည်တွင် ဧည့်သည်များကို လက်ဖက်ရည်ကြမ်းနှင့် ဧည့်ခံရာတွင်
ဧည်သည်ရဲ့ အဆင့်အတန်းပေါ်မူတည်ပြီး လက်ဖက်ကိုလည်း အကောင်းအညံ့
ရွေးချယ်ဧည့်ခံတတ်သော အလေ့အထရှိကြောင်း သိမှတ်ခဲ့ရဖူးပါတယ်..
လက်ဖက်ရွက်မှာ အတန်းအစား အမျိုးမျိုးပေါ်မူတည်ပြီး အရသာလည်း
ကွဲပြားသွားပါတယ်..

အောက်ဖော်ပြပါ အချက်များကြောင့် လူတိုင်းဟာ လက်ဖက်ရည်ကြမ်းကို သောက်သုံးသင့်တယ်လို့ ဆိုပါတယ်..

၁. လက်ဖက်ရွက်ဟာ ကင်ဆာဆဲလ်များကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်.
ဘလက်ရွက်မှာ ပါတဲ့ ဓာတ်တိုးပစ္စည်းတွေဟာ ဗီတာမင်စီထက် အဆတစ်ရာ
အစွမ်းထက်ပြီး ဗီတာမင်းအီးထက်လည်း ၂၅ဆ ပိုမိုထိရောက်တယ်လို့ ဆိုပါတယ်..
ထို့ကြောင့်လဲ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များ ပျက်စီးခြင်းကို
ကာကွယ်ပေးပြီး ကင်ဆာဆဲလ်များ ပွားများခြင်းကို ကာကွယ်တယ်လို့ သိရပါတယ်..

၂. လက်ဖက်ရွက်ဟာ နှလုံးရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်..
ကိုလက်စရောကို လျှော့ချပေးပြီး နှလုံးရောဂါရှိသူများ ရေနွေးကြမ်းကို
သောက်သုံးခြင်းအားဖြင့် ဆဲလ်များ သေဆုံးပျက်စီးခြင်းကို ကာကွယ်ပေးပြီး
နှလုံးအတွင်းရှိဆဲလ်များကို ပြန်လည် သန်စွမ်းလာစေနိုင်ပါတယ်.

၃. လက်ဖက်မှာပါတဲ့ Antioxidant ဟာ Free Radicals များကို
တိုက်ထုတ်နိုင်စွမ်းရှိတာကြောင့် ကိုယ်ခန္ဓာကို အကာအကွယ်ပေးသော
သက်စောင့်ပစ္စည်း ဖြစ်ပါတယ်..

၄. လက်ဖက်ဟာ ကိုယ်တွင်းအဆီများကို လောင်ကျွမ်းခြေဖျက်ပေးပြီး
ကိုယ်အလေးချိန်ကို လျှော့ကျစေနိုင်ပါတယ်.. တစ်ရက်ကို ကယ်လိုရီ ၇ဝကို
လောင်ကျွမ်းစေနိုင်သောကြောင့် တစ်နှစ်ကို ရပေါင်နှင့်ညီမျှသော
ကယ်လိုရီများကို ချေဖျက်ပေးနိုင်ပါတယ်..

၅. လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် မျက်နှာပြင် အရေးအကြောင်းများကို
ဖြစ်ပေါ်စေခြင်းကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်. အရေပြားကိုလည်း
ခန္ဓာကိုယ်ပြင်ပမှာ ဘက်တီးရီးယားများ ဝင်ရောက်ခြင်းမှာ
အကာအကွယ်ပေးနိုင်ပါတယ်..

၆. အဆစ်အမြစ်ယောင်ရောဂါဖြစ်ခြင်းမှလည်း အကာအကွယ်ပေးနိုင်ပါတယ်..

၇. လက်ဖက်မှာ ဖလူအိုရိုက်ပါဝင်မှုနှုန်း မြင့်မားတဲ့အတွက် အရိုးများကို သန်မာစေတယ်လို့ ဆိုပါတယ်..

၈. လက်ဖက်မှာ ကိုလက်စရောကို လျှော့ကျစေနိုင်စွမ်းရှိပြီး ကိုလက်စရော လယ်ဗယ်ကို ထိန်းညှိပေးနိုင်ပါတယ်..

၉. လက်ဖက်ရွက်သည် ဆဲလ်များတွင်းရှိ ဂလူကိုစ့်များ ရွေ့လျားခြင်းကို
ထိန်းချုပ်ပေးနိုင်တာကြောင့် ကျန်းမာစွာ ဝိတ်လျှော့လိုသူများ
လေ့ကျင့်ခန်းနေ့စဉ်လုပ်ကာ လက်ဖက်ရည်ကြမ်းကိုလည်း နေ့စဉ်
ပုံမှန်သောက်သုံးပေးလျှင် ကိုယ်အလေးချိန် မြင့်တက်ခြင်းမှ
ကင်းဝေးစေနိုင်ပါသည်.

၁၀. ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်များတိုးပွားခြင်းကို ထိန်းချုပ်ပေးသောကြောင့် ဆီးချိုဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း

၁၁. လက်ဖက်မှာ ပါဝင်သော Antioxidants သည် ဦးနှောက်အတွင်းရှိ ဆဲလ်များ
ပျက်စီးခြင်းကို ကာကွယ်ပေးသောကြောင့် အကြောအားနည်း၍ ခြေလက်တုန်သော (Parkinson’s) ရောဂါကို ကာကွယ်ပေးခြင်း

၁၂. လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအားဖြင့် ရေငတ်ပြေခြင်း၊ အသားအရေ လှပစိုပြေခြင်း၊

၁၃. သွားအတွင်းရှိ အညစ်အကြေးများ၊ ဘက်တီးရီးယားများကို သန့်စင်စေနိုင်ခြင်းတို့ကြောင့် သွားပိုးစားခြင်းမှ ကာကွယ်ပေးခြင်း

စသည်တို့ဖြင့် ရေနွေးကြမ်း ( လက်ဖက်ရည်ကြမ်း) သောက်သုံးခြင်းကြောင့် ရရှိနိုင်တဲ့
ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေက များပြားလှပါတယ်.. ဒါကြောင့်
လွယ်လွယ်ကူကူ ရနိုင်ပြီး အချိန်ကုန်၊ ငွေကုန်သက်သာတဲ့ ရေနွေးကြမ်း
(လက်ဖက်ရည်ကြမ်း) ကိုတော့ဖြင့် လူတိုင်း နေ့စဉ်
သောက်သုံးသင့်ပါကြောင်း

5 comments

  • winne

    August 31, 2010 at 10:42 am

    လက်ဖက်ခြောက် ဆိုလို့ ပြောရအုန်းမယ် လက်ဖက်ခြောက်ကို တချို့နေရာတွေမှာ ဘာအရွက်တွေမှန်းမသိဘူး ရောထားပြီး လက်ဖက်ခြောက်အတု လုပ်ရောင်းကြတယ်။ အဘိုးပြောနေကျ ပုံပြင်လေးကို ဖောက်သည်ချလိုက်မယ်။ ဟိုးအရင်က တရုတ်ပြည်မှာ လင်မယား နှစ်ယောက်မှာ ကလေး နှစ်ယောက်ရှိတယ် တယောက်က ဖအေပါသားဆိုတော့ မိထွေးက အမြင်ကတ်တာနဲ့ မြန်မြန်သေအောင် ဆီတုံးတွေကြီးကျွေးတယ်တဲ့ မနက်ဆိုလည်း ထမင်းကြမ်းကို အဆီနဲ့ နယ်ပြီး အဆီတုံးနဲ့ ကြော်ကျွေးတယ်တဲ့ သူသားလေးကိုတော့ ပုံမှန်ဘဲတဲ့ အဲဒီလိုကျွှေးပြီး ကျောင်းလွတ်လွတ်လိုက်တာ မိထွေးက ဒီကလေး ဘာမှ မဖြစ်ပါလား မဖြစ်ပါလားဆိုပြီး စောင့်ကြည့်နေတာ အမှန်တော့ သူက မြန်မြန်သေစေချင်တာ မသေဘဲ သူကလေးနဲ့ အတူတ ူပုံမှန်ကြီးထွားလာတယ်။ လျှို့ဝှက်ချက်ကတော့ ကလေးက အဆီတွေ စားပြီးတိုင်း ရေနွေးကြမ်းပူပူလေး သောက်တာပါတဲ့ ဒါကြောင့် ဘယ်လို အဆီတွေစားမိ စားမိ ရေနွေးကြမ်းသောက်ပါလို့ အဘိုးက ပုံပြင်လေး ပြောပြပြီး သောက်ခိုင်းပါတယ်။ အဘိုးကတော့ အခု အသက် ၉၁နှစ်ပါ အခုထိတော့ ကျန်းမာ သန်စွမ်းနေပါသေးတယ်။ နားလေးတာက လွဲရင် မျက်စိကောင်းတယ် ကိုယ်လည်း ကျန်းမာတယ် ရေနွေးကြမ်းသောက်လို့ လားတော့မသိဘူး။

  • kopauk mandalay

    August 31, 2010 at 4:25 pm

    တရုပ်ပြည်ကတော့ရေနွေးကြမ်းနဲ့ပါတ်သက်ရင် အရူးအမူးဘဲလို့တောင်ပြောနိုင်ပါတယ်။
    ကျနော် ရွှေလီကိုသွားတော့ ဘာယူယူ တရုပ်ငွေတစ်ဆယ်ဆိုတဲ့ဆိုင်ထဲမှာ တရုပ်မတွေဝိုင်းဝယ်နေတာကို ကြည်ု့လိုက်တော့ လက်ဖက်ခြောက်ထုပ်လေးတွေပါ။
    အခုတစ်ထုပ်တစ်ဆယ် တန်တယ်ပေါ့ (မြန်မာငွေနဲ့တွက်ကြည့်ရင် 1500ကျပ်လောက်တန်ပါတယ်။)
    အရွယ်အစားကိုပြောရရင် ပွိုင့်နေကြာစေ့လှော် 500ကျပ်တန်လောက်အထုပ်လေးပါ။
    ကျနော်နဲ့ပါလာတဲ့ လူကလဲ ဝယ်ဘို့တိုက်တွန်းပါတယ်။
    ပုံမှန်ဈေးဆိုရင် တစ်ထုပ်ကို တရုပ်ငွေ 30ကျပ်လောက်တန်ပါသတဲ့။
    အိမ်ရောက်လို့သောက်ကြည့်တော့လည်းမွှေးလိုက်တာ ကောင်းမှကောင်းပါဘဲ။

  • kai

    August 31, 2010 at 8:55 pm

    အဟင်း..။
    ကျောင်းသားဘဝ ကင်တင်းမှာ တနေ့လုံးထိုင်…ရေနွေးကြမ်းအိုးတွေ တအိုးပြီးတအိုး မှာသောက်ခဲ့တဲ့နေ့တွေသတိရမိတယ်..။
    အဲဒီတုံးက စပ်စုပြီး ဘာလက်ဖက်ခြောက်ခပ်သလဲ သွားကြည့်ဖူးတယ်..။
    ၁။ လက်ဖက်အစို ခပ်ပါတယ်။
    ၂။ ဘန်ဒါရွက်အခြောက်ခပ်ပါတယ်..။(ခပ်တယ်ဆိုတာထက်..ပစ်ထည့်လိုက်တာ ဆိုမှန်မယ်ထင်တယ်..)
    အင်း..လက်ဖက်ရည်ကြမ်းမဟုတ်တဲ့ ရေနွေးကြမ်းအေကြာင်းပေါ့..။

    အခုယူအက်စ်မှာ ..တရုတ်တန်းသွားရင်..လက်ဖက်ရည်ကြမ်းဆိုင်တွေရှိပါတယ်။
    ပရိုဖက်ရှင်နယ်..လက်ဖက်ရည်ကြမ်းမျိုုးစုံရောင်းတာပါ။ အမျိုး ၄-၅ဝလောက်ရှိမလားပါ.။
    ဂျပန်တွေရဲ့ ဂရင်းတီးကတော့ ကမ်ဘာတန်းကို ပေါက်နေပါပြီ။ နေရာတကာမှာကို မြင်နေရတော့တာပါပဲ..။

  • winne

    September 1, 2010 at 3:34 am

    ဂျပန် ဂရင်းတီးကတော့ သောက်ကောင်းတာ အမှန်ဘဲ သူက ခပ်ပြီးခါစမှာ သောက်ရင် မွေးတယ် အရသာလေးက ခံတွင်းရှင်းတယ် သူများတွေတော့ မသိဘူး ကိုယ်တိုင်တော့ သောက်ကောင်းကောင်းနဲ့ အများကြီး ဆက်တိုက် သောက်ရင် ရင်တုန်စေ တာကို သတိထားမိတယ်။ လက်ဖက်အစို ကို ရေနွေးမှာ ခပ်ရင်လည်း အရသာ တမျိုးကောင်းတယ် နောက်ပြီး တရုတ်ပြည် ဟန်ကျိုးရောက်တုန်းက ဂိုက်တွေက လက်ဖက်ခြောက်ဆိုင်တွေကို လိုက်ပို့ပေးမယ် သူကတော့ လက်ဖက်ခြောက်ကို အနုလေးတွေ ခူးပြီးတော့ အရွက်လေးတွေ အရမ်း ခြောက်မသွားအောင် မီးအေးအေးနဲ့ ဒယ်ပြားပေါ်မှာ လက်ကလေးနဲ့ ပွတ်သတ်ပြီး အစိမ်းရောင် အခြောက်ဖြစ်အောင် လုပ်တယ်ပေါ့ နောက်ပြီး ရေကိုလည်း ရေတွင်းထဲက ရေနဲ့ ရှင်သန်အောင် စိုက်ပျိုးပြီး လက်ဖက်ခြောက်ကိုလည်း စမ်းရေကို တည်ပြီး ခပ်ရင် အရမ်း သောက်ကောင်း ဆိုပြိး ကြောညာတာနဲ့ ဝယ်သောက်တာ သိပ်တော့ မထူးခြားပါဘူး။ ဂျပန်လက်ဖက်ခြောက် ကတော့ အရသာ ထူးတယ် အဲဒါလေး သဘောကျတယ် ဒါပေမဲ့ ဂျပန်လက်ဖက်ခြောက် ဝယ်မယ်ဆိုရင် အထဲကို မြင်ရရင်ပေါ့လေ အချောင်းလေးတွေ ပါနေရင် မဝယ်နဲ့ သူတို့က ပစ်ရမဲ့ လက်ဖက်ပင်ကို ခုတ်ထစ်ပြီး ပြန်ထည့်ပေးတာ။နောက် အခု မြန်မာလုပ် လက်ဖက်ခြောက်တမျိုးရှိတယ် အဲဒါလေးလည်း သိပ်ကောင်းတယ် သူလည်း လက်ဖက်စစ်လို့ အရသာ ရှာပေါ်သိပ်သိသာတယ် NaNa ဆိုလား မသိဘူး ရွှေအိုရောင်စက္ကူဘူးလေးနဲ့ ၁၈၀ဝ လောက်ဘဲ ကုန်စည်ပြပွဲမှာတော့ ၁၅၀ဝ နဲ့ ဝယ်ခဲ့ရတယ်။ ကြားကနေ အလကား ကြော်ညာပေးတာ ဟီးဟီး အကောင်း ကြိုက်တဲ့ သူတွေ သောက်ကြည့်လို့ရအောင်။

  • sususan

    September 2, 2010 at 7:34 am

    လက်ဖက်ဆိုရင်..လက်ဖက်သုတ်ရော..ရေနွေကြမ်းရောကြိုက်တယ်။ခုနောက်ပိုင်း
    ရေအေးရေခဲရေရှောင်နေရတယ်…မကောင်းဘူးဆိုလို့..ရေနွေကြမ်းကိုတော့အကျင့်လုပ်ပြီးသောက်နေရတယ်။
    သောက်ရင်းနဲ့စွဲသွားတယ်..ရှမ်းပြည်ကနေဝယ်လာတဲ့လက်ဖက်ခြောက်ကကောင်းလို့..သောက်လို့တကယ်
    ကောင်းတယ်…ကြိုက်တယ်…လက်ဖက်ခြောက်အတုဆိုရင်..ရေနွေးထဲခတ်လိုက်ရင်..အရွက်နားတွေမှာအတွန့်တွေ
    မပါရင်..အတုလို့ဆိုပြီးဖတ်ရပါတယ်။

Leave a Reply