Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပင်လုံ ရင်ခုန်ဖို့ Peace

၂၁ရာစု ပင်လုံညီလာခံ မကြာခင် က ျင်းပမည်၊ မတ်လထဲ ဖြစ်ရန်ရှိပြီး ရက်အတိအက ျကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ဒီချပ်အစိုးရ ဆွေးနွေးနေကြောင်း သိရတယ်။ တဆက်ထဲမှာ အင်အားကြီး ကေအန်ယူ ကရင်အဖွဲ့က မတ်လ ၁၅ရက်မှာ သူတို့ညီလာခံရှိလို့ ရက်တိုက်ဆိုင်က ညီလာခံတက်ရန် မသေချာကြောင်း အရိပ်အမြွက် ထုတ်ဖေါ်ပြောလိုက်တယ်။ သူတို့ညီလာခံကလဲ တလ ကိိုးသီတင်းကြာတတ်တာမို့ တတ်နိုင်သမ ျှ စောက ျင်းပချင်နေတဲ့ ဘွားဒေါ်ဂ ျီးအဖို့ ဘေးက ျပ်နံက ျပ်ပါပဲ။ ဝဒေသမှာတော့ အပစ်ရပ်၊မရပ်အဖွဲ့အချို့ တွေ့ဆုံနေပြီး မကြာခင် ၎င်းတို့ သဘောထား သိရဖွယ်ရှိသည်။ ညီလာခံတက်ရန် ကြိုတင်စည်းကမ်းချက်များ ထုတ်ပြန်လိမ့်မည်ဟု ယူဆရသည်။
စစ်တပ်နဲ့ သိပ်ကီးမကိုက်တဲ့ ရှမ်းသူပုန်များနဲ့ တိုက်ပွဲဖြစ်နေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ပါလ ျင် ညီလာခံ တဝက်ဖြစ်မြောက်ပြီမို့ ဆင်ပြောင်ကြီး အမြီးက ျမှတစ်စေမည့် ကေအန်ယူဖက် လှည့်ကြည့်ရအောင်။ ထာဝရ ရန်သူ၊ မိ်တ်ဆွေမရှိ ကိုယ့်အက ျ ိုးစီးပွားသာ ကြည့်တတ်တဲ့ တိမ်တောင်သဖွယ် မင်းရေးကြွယ်တဲ့ နိုင်ငံရေးမို့ ဗမာလူမ ျိုးကြီး စစ်တပ်ကို နှစ်၆ဝကေ ျာ် တော်လှန်နေပါတယ်ဆိုတဲ့ ကေအန်ယူ လက်ရှိခေါင်းဆောင်ပိုင်းဟာ စစ်တပ်နဲ့ ဗိုလ်ပြုတ်ဖွတ်ပါတီနဲ့ ပလဲနံပါတ်သင့်ပြီး ဖက်ဒရယ်မူသွားမည့် တနိုင်ငံလုံး ရွေးချယ်တင်မြှောက်ထားသည့် ဒီချုပ်အစိုးရနဲ့က ျတော့ ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်နေတာ မြင်တတ်ရင် နိုင်ငံရေး သင်ခန်းစာပါပဲ။ (တဖက်ပိတ်များ ဆင်ခြင်ဖို့ပါ။)
ဟာကွာ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ငြိမ်းချမ်းရေးညီလာခံမို့ မင်းတို့အဖွဲ့ အစည်းအဝေးဖျက်လိုက် အလွယ်တွေးနိုင်ပေမဲ့ တဖက်မှာလဲ လွန်ခဲ့တဲ့၆လ က ျင်းပရမည့် ရွှေ့ဆိုင်းထားတဲ့ ကေအန်ယူညီလာခံ ဖြစ်ပြီး ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ရှိနိုင်တဲ့ အရေးပါတဲ့ အစည်းအဝေး ဖြစ်နေတယ်။ ဒီချုပ်အစိုးရကိုလည်း အစည်းအဝေး က ျင်းပမည့်ရက် ပြောပြီးသားလို့ ဆိုပြန်တယ်။ ဒါကို သူတို့ရက်နဲ့တိုက်ပြီး ဖေဖေါ်ဝါရီလကုန် က ျင်းပဖို့ ရည်ရွယ်ရာကနေ အခြေအနေအရ နောက်ရွှေ့လိုက်တာမို့ ကေအန်ယူအလွန် ပြောရန် ခက်ပါတယ်။
ပိုအရေးကြီးတာ ခုလို အဖုအထစ်များသည် တိုင်းရင်းသားအဖွဲ့များရဲ့ ဒီချုပ်အစိုးရအပေါ်သဘောထား၊ ဒီချုပ်အစိုးရ ဦးစီးက ျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပေါ်လစီများအပေါ် ရောင်ပြန်ဟပ်နေပါတယ်။ ယနေ့ တိုင်းပြည်ကို ဘယ်သူ အုပ်ချုပ်နေသလဲ၊ ဘယ်သူလက်ထဲ အဆုံးသတ် အာဏာရှိသလဲ ဒီချုပ်အတွင်းစည်းဝင်များတောင် ဝေခွဲမရ ဖြစ်ပါလိမ့်မယ်။ ပြောနိုင်တာ နိုင်ငံကြီးထဲ နိုင်ငံလေးတခု ရှိနေတယ်။ အစိုးရအဖွဲ့ထဲ နောက်အစိုးရ တခုရှိတယ် ဆိုတာပါပဲ။ မင်းသားကြီးက ပိုအာဏာရှိသလား၊ မင်းသားလေးကပဲ လက်သည်း ဖွက်ထားတာလား မေးရန်ခက်ကြီးပါ။ တိုင်းရင်းသား လက်နုက်ကိုင်များအတွက် သာဆိုး မယုံသင်္ကာဖြစ်ပြီပေါ့။ အချိန်၊ ငွေ၊ လူ အပင်ပန်းခံပြီး ကတိကဝတ် ပြုရမည့်ပွဲ တန်ရဲ့လား တွက်တာ မဆန်းလှဘူး။ သူတို့ လက်ခံအောင် ပူးပေါင်းလာအောင် ဆောင်ရွက်ဖို့က လူထုမန်းဒိတ်ရတဲ့ ဘွားဒေါ်တာဝန် ဖြစ်လို့ နေပါတယ်။ နေရာယူထားပြီမို့ ဖြစ်အောင်လုပ်ဖို့ သူ့တာဝန်ပါ။ ခြေဥ ပြင်ရမယ် ပြောရာကနေ ငြိမ်းချမ်းရေး အရင်ရမှလို့ စစ်တပ်နဲ့ညှိနှိုင်းထားတဲ့ မူဝါဒအပြောင်းအလဲကလည်း ဘွားဒေါ်အတွက် ပို လေးလံစေတယ်။ စည်းရုံးရေး နည်းဗ ျူ ဟာများ မှန်သလောက် သုံးတတ်သလောက် အစွမ်းပြပါမယ်။ ဒါဆို အခြေအနေ ဘယ်လိုလဲ.. ကြည့်တတ်ရင် မြင်ပါတယ်။ ဘော်လုံးစကားနဲ့ ပြောရင် ကွင်းလယ်မှာပဲ ဘော်လုံး တဝဲလည်လည်။

ကျွဲပါးစောင်းတီး ဦးကြောင်ကြီး
ဒေါ်စု တွေ့ဆုံနေတဲ့ အဖွဲ့များကို တူရာဖွဲ့ရင် ယေဘူယ ျ ၃ အုပ်စု ရပါမယ်။ (၁) ကိုယ့်လူ (၂) သူ့လူ (၃) ကြားလူ များပါ။
(၁) ကိုယ့်လူ က ရှင်းတယ်။ အာဏာရပါတီ၊ လွှတ်တော်၊ အစိုးရ နဲ့မိတ်ဖက် အဖွဲ့များပါ။ သူပြောလ ျင် ပြောသလိုပြီးတဲ့ စကားနားထောင်သည့် အုပ်စု ဖြစ်ပါတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ဟုတ်ဟုတ် မဟုတ်ဟုတ် မီးသေပါတယ်။
(၂) သူ့လူ က စစ်တပ်နဲ့ ကြံ့ဖွတ်ပါတီ၊ သူတို့အစွယ်အပွားများပေါ့။ သူတို့မှာကိုယ်ပိုင် အစီအစဉ် ရည်မှန်းချက် ရှိတယ်။ ဒီချုပ်မူဝါနဲ့ ဆန့်က ျင်နေတာလဲ အသိသာကြီးပါ။ ထိုင်ဆိုထမည့်သူ၊ တောင်ဆိုမြောက်လှမ်းမည့်သူ၊ ခါးဖက်ပြီး နံကြားဓါးထိုးမည့် မြွေပွေး ခါးပိုက်ဆောင်ထားရသည့် အုပ်စုပါပဲ။
(၃) ကြားလူ တိုင်းရင်းသား လက်နက်ကိုင်များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ။ မိတ်ဆွေဆိုပေမည့် တစားပွဲထဲ မုန့်လုစား ဟင်းခွက်လုနှိုက်မည့် ပြောဆိုမနိုင်သည့် အုပ်စု။ ကိုယ့်ဂွင်ထဲရောက်လာရင် ဒီချုပ်သော ဘွားဒေါ်သော နားမလည် တီးမည့် သူများပါပေပဲ။
ဒေါ်စုရဲ့ အထက်ပါ အုပ်စုများနဲ့ ဆက်ဆံရေး စည်းရုံးရေး ချဉ်းကပ်ပုံ ချဉ်းကပ်နည်း ဗ ျူ ဟာများကို သုံးသပ်ဝေဖန်တတ်ဖို့ အကြမ်းမျဉ်း ခွဲခြမ်းပြခြင်းပါ။ အားလုံးကို ထူးမခြားနားတဲ့ ဗ ျူ ဟာနဲ့ ဆက်ဆံရင် ယုံကြည်မှု ကင်းမဲ့ခံရတတ်တယ်။ အဲဒီ ၃အုပ်စု အကြားမှာလဲ မ ျှခြေတည်ဆောက်နိုင်ရမယ်။ အပြောလွယ် အလုပ်ခက်ကြီး…။။

ဒေါ်စု အောင်မြင်ရဲ့လား…

နံပါတ်(၁) အုပ်စု ပြောစရာမရှိ… ကိုယ့်ကို ရာစုနှစ်တဝက် နင်းခြေဖျက်ဆီးလာတဲ့ စစ်အုပ်စုကိုတောင် သားတို့သမီးတို့ရယ် သင်ပုန်းခြေလိုက်ပါ ဘာညာနဲ့ ဘယ်သူ ကလန်ရဲသလဲ။

နံပါတ် (၂) အုပ်စု အဆင်ပြေပုံပဲ။ သူတို့ကြိုက်အောင် မူဝါဒများ ထိန်းညှိရေးဆွဲ၊ စစ်တပ်ကို မဝေဖန်၊ အယင်လူများ စားဝါးထားတာ မသိခြင်ယောင်ဆောင်.. အင်္ဂလိပ်လို  ရှေ့သို့ချီတက် move forward နောက်ပြန်လည့်မကြည့်ရေး ပေါ်လစီဖြစ်ပါတယ်။ အလုပ်ဖြစ်နေပုံပါပဲ…။

နံပါတ် (၃) ပြောစရာ ရှိတယ်။ (၁) နဲ့ (၂) လို လုပ် မရဘူး။ မရလို့လဲ ဒေါ်စုရဲ့ ညီလာခံကြီး ဆန့်တငင်ငင် ဖြစ်နေတာပေါ့။ ခြောက်မရ ချော့မလွယ် အုပ်စုပါ။ ဒေါ်စု ဗ ျူ ဟာ အောင်မြင်ပုံ မရဘူး။ ဖိုခနောက်ဆိုင် ၃ခု ထိုင်ဖို့လိုအပ်တာမို့ ဆန်းစစ်ရပါမယ်။ သူတို့အမြင် နားလည်ဖို့ အမျိုးမျိုး ပြောင်းစဉ်းစား သင့်တယ်။ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံ ဆိုုလို့ရှိရင် ဒီချုပ်နဲ့ ပြည်မ အများစု ဖိနှိပ်ခံဘဝ လွတ်ပြီး ငါတို့က ျန်ခဲ့တယ် မြင်နေလို့လား။ ဗမာ – တိုင်းရင်းသား အမြင်အရ စစ်တပ်နဲ့ ဒီမိုအတိုက်အခံ များ ပေါင်းမိသွားပြီ ယူဆနေကြသလား။ လက်နက်ကိုင်အဖွဲ့ မြို့ပေါ် နိုင်ငံရေးထဲ ဝင်ဖို့မလွယ် ရှုဒေါင့်က တွေးနေကြသလား။ လက်နက်ကိုင် – လက်နက်ကိုင် ရှုထောင့်သာ ပကတိ အခြေအနေ ဖြစ်နေသလား။ ရှုထောင့် အားလုံးအရတော့ သူတို့ယုံကြည်မှု လိုလ ျင် စစ်တပ်ကို ဩဇာ ရှိကြောင်း ပြနိုင်ရမည်။ ဗမာ အုပ်စုကို ထိန်းချုပ်နိုင်ကြောင်း ထင်ရှားရမည်။ စစ်တပ်ကို ဗမာစစ်တပ်လို့ မြင်တာကြောင့်လဲ တခုနှစ်တခု ခွဲရန် မဖြစ်နိုင်။။။ တဖက်တွင် တိုင်းရင်းသားနှင့် သိပ်ရောထွေးယှက်တင် လွန်းလ ျင် စစ်တပ်မှ ပြသနာရှာမည်၊ စစ်အာဏာသိမ်းသည် အထိ ဖြစ်သွားနိုင်သည်။ ဒေါ်စုမှ တိုင်းရင်းသား လက်နက်ကိုင်အား စားပွဲဝိုင်းလာထိုင် အဲဒီမှာ ပြောတာပေါ့ အချိုသပ်နေဆဲ..လက်ဆုပ်လက်ကိုင် ဘာမှ မယ်မယ်ရရ မရှိ။ လက်နက်ကိုင်သည် စစ်သားမို့ စစ်သားလိုပဲ စဉ်းစားသည်။ “အာဏာ သေနတ်ပြောင်းမှ ထွက်သည်” မော်စီတုံးစကား မှန်နေဆဲ။ ဒီပုံနှင့် မိုးချုပ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရှေ့မတိုးနိုင်မည် စိုးပါသည်။။

ငြိမ်းချမ်းရေး တမာန်တော် ကြောင်ကြီး

6 comments

  • kai

    February 21, 2017 at 4:35 pm

    ဒီချုပ်က.. အစိုးရကို… ၇၅%+ နဲ့ တက်လုပ်နေပြီး.. ၂၅% ကိုသွားကြောက်နေဖို့မှမလိုတာ..
    အဲဒီကို လက်ညိုးသွားသွားထိုးနေတာကိုက.. ကိုယ်အသုံးမကျတာ.. ကမ္ဘာကသိသမို့.. လူရယ်စရာ..။
    လုပ်စရာရှိတာပြတ်ပြတ်လုပ်ပေါ့…။
    ဆိုတော့..
    မပြတ်တာတွေဖြတ်နည်းကတော့.. အချိန်တခုပေး.. ဝမ်နင်လေးပါလေးပေးပြီး.. ရရင်ရ..မရရင်အပြတ်ချတဲ့နည်း..။
    တကယ်တော့ ဒီနည်းကသာ အလုပ်ဖြစ်တယ်ဆိုတာ.. ကမ္ဘာ ့သမိုင်းကပြပါတယ်..။
    ဥပမာ။ ။ လင်ကွန်းရဲ့ ပြည်တွင်းစစ်ရှင်းနည်းပေါ့..။
    ဒါလေးမြား.. :k:

    • Wow

      February 22, 2017 at 4:34 pm

      ကိုယ်တိုင်လဲ ထင်ရင်မြင်ရာ ခေါင်းမာမာနဲ့ လုပ်တတ်တော့…
      ရေရှည်ညှိလို့မဆုံး တပြုံးပြုံး ဖြစ်နေမဲ့အစား၊​တဂျီးပြောသလို ခပ်ပြတ်ပြတ် လင်ကွန်းလို လုပ်စေချင်တာ….
      May be စစ်တပ် ၂ ခြမ်းကွဲလဲ ကွဲသွားမှာပေါ့ …

  • Thint Aye Yeik

    February 21, 2017 at 5:20 pm

    ဘယ်သူ့ကိုမှလည်း မကြောက်ဘူး။
    ဘယ်သူ့ကိုမှလည်း မခြောက်ဘူး။
    ဘယ်သူ ချော့လို့မှလည်း မပျော့ဘူး
    လုပ်စရာရှိတာကို တိုင်းပြည်နဲ့လူထု
    မျက်နှာကြည့်ပြီး ပြတ်ပြတ်သားသား
    လုပ်သွားမှာပါပဲ ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်ရဲ့စကားကို သတိရမိပါတယ်။

    သခင်အောင်ဆန်းတို့ အစိုးရ တက် လုပ်တဲ့ခေတ်နဲ့ နိုင်ငံရေးအခြေအနေအရ လုပ်စရာရှိတာကို ရဲရဲကြီး ဝုန်းဒိုင်း လုပ်ချလိုက်လို့ ရပေမဲ့။

    အခု အမေစုတို့ ခေတ်နဲ့နိုင်ငံရေးအခြေအနေအရကျတော့ မှန်တယ်ထင်ရာကိုတောင် ရဲရဲ ဇွတ် လုပ်လို့ မရတဲ့ ဘေးကျပ်နံကျပ်။ မြစ်ဆုံကိစ္စ ဇွတ် မလုပ်ရဲတာသာ ကြည့်။

    လုပ်သင့်လို့ လုပ်ရင်လည်း ပြည်သူ့ထောက်ခံမှုနဲ့ ရပ်တည်နေရတဲ့ပါတီ။ ပြည်သူက ဆက် မထောက်ခံတော့ဘူးဆိုတာနဲ့ လဲပြီ။

    အချက်ကျကျ ဘာမှ မသိတဲ့ပြည်သူ တော်တော်များများကလည်း စိတ်ထဲ ဘဝင်မကျတာနဲ့ ဆဲမယ်ဆိုမယ်ဆိုတာချည်းးး

    ဒီနိုင်ငံမှာ စစ်အာဏာရှင်လို မဟုတ်တဲ့အစိုးရ လာဖြစ်ရတာကိုက အမေစုတို့ ဝဋ်နာကံနာ ခံရတာ

    • ဇီဇီ

      February 22, 2017 at 1:09 pm

      အမှန်ပဲ။
      အမေ့နောက်မှာ ပြည်သူပဲရှိတာ။
      ပြည်သူတောင်မှ အဖက်ဖက်က မပြည့်စုံတဲ့ ပြည်သူတွေပဲရှိတာ။
      စိတ်ကွက်လို့ မထောက်ခံဖူးဆိုတာနဲ့ လဲမှာ။
      တဂျီးနှယ်။ ၂၅% ရဲ့ စိတ်ဓာတ်တွေမသိတာလည်းမဟုတ်။ သဒို့လက်ထဲ ဘာရှိလဲဆွာမသိတာလည်းမဟုတ်။
      :a:

  • မင်း ခန့် ကျော်

    February 22, 2017 at 2:49 pm

    ဆက်လုပ် ရဲဘော် ဆက်လုပ် ???

  • Mr. MarGa

    February 23, 2017 at 1:42 am

    ပိုက်ဆံ ပိုက်ဆံ
    အဓိက က ပိုက်ဆံ

Leave a Reply