အာလူးပီဇာ လုပ်စားကြမယ်

အားလူးအလုံးကြီး ငါးလုံးကို ပြုတ်ထားပါ

ဆန်မုန့်(၁၅)ကျပ်သား
ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း (၁)ဇွန်း
ဆားအနည်းငယ်ကို ရေနဲ့ ခပ်ပြစ်ပြစ်ဖျော်ထားပါ။

မွှေရင်း ခပ်ပြစ်ပြစ်လေးဖြစ်လာပြီဆို ခဏဘေးဖယ်ထားပါ

အာလူးပြုတ်ပြီးသားကို ပါးပါးလှီးပါ။

လှီးပြီးသားအာလူးကို စောနက ဖျော်ထားတဲ့ မုန့်နှစ်ထဲထည့်ပါ။
ကြက်သွန်မြိတ် သုံးပင်လောက် ပါးပါးလှီးထားတာရယ်
ကြက်သွန်နီ သုံးလုံး ပါးပါးလှီးထားတာရယ်
ထည့်ပါ

ဆား လက်ဖက်ရည်ဇွန်း (၁)ဇွန်း
ဟင်းခတ်မှုန့် ဖက်ဖက်ရည်ဇွန်း (၂)ဇွန်း
ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ မွှေကာ ချေပေးပါ။

လက်ကို သန့်စင်စွာဆေးပြီး ချေပေးလည်းရပါတယ်။ အရမ်းကြေစရာမလိုပါဘူး။

ပုံပါအတိုင်းဆို ရပါပြီ။

ဒယ်အိုးအပြားအဝိုင်းမှာ ဆီ အနည်းငယ်ထည့်ပါ။

ဒယ်အိုးပူလာရင် စောနက အာလူးငါးလုံးချေထားတဲ့ အနှစ်ထဲက တစ်ဝက်ကို အဝိုင်းပုံစံ ဖြန့်ပါ။

(၃)မိနစ်လောက ်မီးအလယ်အလတ်လောက်ထားပြီး အဖုံးအုပ်ထားပေးပါ။ (၃)မိနစ်ပြည့်ရင်တော့ နောက်တစ်ဖက် လှန်ရပါမယ်။

နောက်တစ်ဖက် လှန်ဖို့အတွက် အိုးထဲကနေ ပန်းကန်ပြား တစ်ခုပေါ်တင်လိုက်ပါ။

ပြီးရင ်ဒယ်အိုးထဲကို ဆီအနည်းငယ် ထပ်ထည့်ပါ။

ထည့်ထားတဲ့ ဆီအနည်းငယ်ကို ပန်းကန်ပေါ်က မကျက်သေးတဲ့တစ်ဖက်အပေါ်ကို ဖြန်းပြီး ပန်းကန်ပေါ်ကို ဒယ်အိုးနဲ့ အုပ်လိုက်ပါ။

ပြီး တစ်ဖက်လှန်းလိုက်ပါ။

မကျက်သေးတဲ့ တစ်ဖက်ဟာ အောက်ဖက်ကို ရောက်သွားပါမယ်။
(၃)မိနစ်လောက် အဖုံးအုပ်ပေးထားပြီးရင်တော့ အာလူးပီဇာ ရပါပြီ။

ပုံထဲကအတိုင်း ရှစ်စိပ် စိတ်ပါ။

အသား (သို့) ကြက်အူချောင်းတို့ကိုလည်း နှစ်သက်ရင်ထည့်စားနိုင်ပါတယ်။

လေးစားစွာဖြင့်
အောင်မိုးသူ

10 comments

  • Thint Aye Yeik

    March 3, 2017 at 4:05 pm

    သိပ်မခက်ခဲဘူးပဲ။
    အာလူးကလည်း ကိုယ့်အကြိုက်ဆိုတော့
    လုပ်စားဖို့ တေးမှတ်ထားအုန်းမှ။

    ပီဇာဆိုလို့ ခရီးတွေသွားရင်းနဲ့ နိုင်ငံခြားသားတွေနဲ့ အတူထိုင်ပြီး စားတိုင်း နိုင်ငံခြားသားတွေက ပီဇာချည်း စားကြတာများတယ်။ ကိုယ်က ပီဇာကို သိပ် မကြိုက်တော့ သူတို့စားတိုင်း လိုက်မစားချင်။
    နိုင်ငံခြားသားတွေကလည်း ခပ်နောက်နောက်တွေဆိုတော့ ကိုယ် မစားဘူး မကြိုက်ဘူးဆိုလေ အတင်း မှာပြီး ကျွေးလေနဲ့။
    ဘိုစာတွေတော့သိပ်မကြိုက်။

    ဒီလို ကိုယ့်အကြိုက် အာလူးလေးနဲ့ လုပ်တာဆိုတော့ စိတ်ဝင်စားမိ။ လုပ်စားချင်မိ။
    😆

  • •*¨နန်းတော်ရာသူ •*¨

    March 5, 2017 at 11:06 pm

    ပန်ကိတ်လုပ်သလောက်နီးပါးလွယ်ကူတာပဲ မှတ်ထားပြီး။ခက်ခက်ခဲခဲမှတ်ရမှာတွေဆိုလုပ်မစားဖြစ်။မလုပ်နိုင်

  • manawphyulay

    March 6, 2017 at 11:11 am

    ဟီး စားတော့ စားချင်တယ်။ လုပ်ချင်ဘူး။ သူများလုပ်ပြီးသားတော့ စားမယ်လေ..အဲဒါ ကောင်းဘူးလား

  • ဇီဇီ

    March 6, 2017 at 1:34 pm

    ငင်။
    ကတ်တလိတ်လို အရသာဖစ်မှာလား

    :k:

    • အောင် မိုးသူ

      March 7, 2017 at 4:37 pm

      ကတ်တလိပ်နဲ့ သိပ်မတူးဘူး မကြီး သူက ပိုစားကောင်းတယ် ဝက်အူးချောင်းလေးနဲ့လုပ်

  • CharTooLan

    March 6, 2017 at 4:54 pm

    ကြိုက်သွားပီလုပ်စားမယ် ကျေးကျေး :*

  • Ma Ei

    March 9, 2017 at 12:04 pm

    ဆန်မှုန့်အစား ဂျုံမှုန့်ဆို ဘယ်လိုနေမလဲ… တီအိ လက်တည့်စမ်းဦးမယ်…

  • သျှားသက်မာန်

    March 27, 2017 at 3:59 pm

    သွားရည်တောင်ကျလာပြီ

  • manawphyulay

    April 21, 2017 at 4:00 pm

    ပီဇာက ပူတုန်းတော့ စားလို့ကောင်းတယ် အေးသွားရင် မာတောင့်တောင့်ကြီးဖြစ်သွားတယ်။
    အာလူးနဲ့ဆို လုပ်တတ်မှနော် မနောတို့လို့ မလုပ်တတ်တဲ့သူ မာများနေမလားပဲဟင်…

Leave a Reply