ကိုယ်ရေးအကျဉ်း
အမည်ရင်း-”သူရ”
အသက်- ”ရှူး တိုးတိုး”
မှတ်ပုံတင်အမှတ်- “ဘဏ်ကနေ ငွေလွှဲပေးမယ် ဆိုမှ ပြောမယ်”
အရပ် – ”ဆရာနီကိုရဲထက် တစ်ပေခွဲလောက် ပိုရှည်တယ်။”
ကိုယ်အလေးချိန်-”ဒါလည်း ရှူး တိုးတိုး”
အိမ်ထောင်ရေးအခြေအနေ- ”အချိန်တန်ရင် ပရိသတ်ကြီးရှေ့မှာ ချ ပြမယ်”
ပညာအရည်အချင်း-”ရေးတတ်ဖတ်တတ်”
ထင်ရှားတဲ့အမှတ်အသား- “မျက်နှာမြင် သတ်ချင်-အသံကြား အုတ်နီခဲနဲ့လိုက်ထုချင်အောင် ရုပ်နာတယ်”
နေရပ်- ”ခြေသလုံးအိမ်တိုင်”
အလုပ်အကိုင်- ‘Driver'(ဒါကြောင့် ခြေသလုံးအိမ်တိုင် လို့ ပြောတာ)
ဝါသနာ- “ခရီးထွက်ခြင်းနဲ့ အဟောင်းပြင်ခြင်း(နောက်ဝါသနာတစ်ခုကိုတော့ မပြောပြဘူး)
စရိုက်- “မဟုတ် မခံ၊ ဟုတ်လည်း မခံ၊ နည်းနည်း အာကျယ်အာကျယ်နိုင်”
ရည်မှန်းချက် – “မသေခင် ဖြစ်ချင်တာမှန်သမျှ ဖြစ်ပစ်လိုက်မယ်”
ဆောင်ပုဒ် – ”အမှားဆိုတာ မရှိဘူး။ သင်ခန်းစာချည်းပါပဲ။”
12 comments
ဝင့်ပြုံးမြင့်
April 18, 2017 at 11:42 pm
ကိုယ်ရေး အကျယ် ကကော။
သင့်အေးရိပ်
April 19, 2017 at 2:24 pm
မကြာမှီ လာမည်
:k:
manawphyulay
April 21, 2017 at 1:58 pm
စရိုက်- “မဟုတ် မခံ၊ ဟုတ်လည်း မခံ၊ နည်းနည်း အာကျယ်အာကျယ်နိုင်”
ရန်ဖြစ်ရင် ကိုယ်ပဲ ခံလာရတယ်ဆိုတာပါ ထည့်ပြော… ဒါပဲ
သင့်အေးရိပ်
April 21, 2017 at 10:58 pm
တိန်။
:k:
သျှားသက်မာန်
April 27, 2017 at 2:39 pm
လန်ထွက်နေတာပဲ..သဘောကျတယ်
ဦး လေး မန်း
May 2, 2017 at 2:54 am
ဆောင် ပုဒ် လေး သ ဘောကြ တယ် ” အ မှား မ ရှိ သင် ခန်း စာ ချည်း ဘဲ ” ဆို တာ လေး။ သင် ခန်း စာ ဆို တာ ယူ တတ် ရင် မ ကုန် မ ခန်း နိုင် အောင် ပါ ဘဲ။
သင့်အေးရိပ်
May 2, 2017 at 12:07 pm
ဟုတ်။ ဦးလေးမန်းရေ။
တကယ်တော့ အဲ့ဒီဆောင်ပုဒ်လေးကို
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)ရေးတဲ့
”ဘဝဆိုတဲ့ကျောင်း”တရား စာအုပ်ထဲမှာ ဖတ်မိ
မှတ်မိခဲ့တာပါ။
”There are no mistaks, only lesson”လို့
ဆရာတော် ဦးဇောတိက က ရေးထားခဲ့တယ်။
ကျနော်လည်း သဘောကျလို့ စွဲနေတာ။
😆
ဇီဇီ
May 2, 2017 at 2:37 pm
“အိမ်ထောင်ရေးအခြေအနေ- ”အချိန်တန်ရင် ပရိသတ်ကြီးရှေ့မှာ ချ ပြမယ်”
နိ မို့ အုကြောင် လာ ပြောမှာ ကို မကြောက်မရွံ့အေ။
:k:
သင့်အေးရိပ်
May 2, 2017 at 2:50 pm
ဥဥကြောင်က အခွေထုတ်ပြီး
အွန်လိုင်းပေါ်တင်ဖို့ ပြောမှာပဲ။ သိနေပြီးသား။
:k:
ဥဥကြောင်အနေနဲ့ မင်္ဂလာဆောင်အခမ်းအနား
အခွေပဲ ကြည့်ရမယ်မှတ်
:k:
လုံမလေးမွန်မွန်
May 3, 2017 at 12:28 pm
တစ်သိန်းပြည့်တာ မုန့်ဝယ်ကျွေးဘာာာာ 😛
သင့်အေးရိပ်
May 4, 2017 at 2:41 pm
နီတို့ နျှောက်ကရော ၂၀၅ဝ ကျမှ ပြည့်တော့မှာလား
:k:
လုံမလေးမွန်မွန်
June 30, 2017 at 4:56 pm
သဂျီးမှ ပွိုင့်ပေါင်းမပေးပဲကို ဟွန့်