Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နတ်ချုပ် အဖက်မလုပ် ဇက်ပြုတ်ဝါးမယ်

အောင်မငှီး.. မီးကျီတရဲရဲနက်၊ ပူလောင်လှဂျိကလား… ငါဘယ်ရောက်နေပါလိမ့်၊ ထွက်ပြေးဖို့ ခြေလက်တွေလဲ လှုပ်မရ။ ဝယ် ဟယ် ဟယ်….. ဘီလူးကြီးလားမသိ ခေါင်းမှာဂျိုကြီးနက်… အစွယ်က နည်းနည်းနော်နောမဟုတ်၊ မျက်လုံးကလဲ နီနီကြီး။ ဟဲ့ကောင် ငကြောင်ကြီး.. အခု ဘာတတ်နိုင်လဲ၊ လူ့ပြည်မှာတုံးက အများတကာကို စော်ကားပုတ်ခတ် လှောင်ပြောင်သရော်တဲ့ကောင် ပါးစပ်ထဲ မီးကျီမီးခဲထည့်မယ်။ တိန်… ငရဲပြည်ရောက်နာလား၊ အနော်တခါမှ သူများကို အဲလိုမပြောဘူးကြောင်းပါ ငရဲမင်း။ သယ်.. ငါ့ကို လိမ်ဝံ့သလော။။ ဟောသည်မှာ ဖဘမှတ်တမ်း.. နင်သူများကို ယုတ်ယုတ်မာမာ ပြောထားတာတွေ။ မှန်လှပါ.. ဖဘဆိုတာ ဥနှောက်သုံး အင်တာနက်မှာ ရေးတာမို့ စွဲချက် အထမမြောက် တရားရှင်လွှတ်သင့်ကြောင်းပါ။ အေး ဒါဆိုလဲ ခေါင်းကို မီးဖုတ်မယ်။ ဖျား ဖျား…. ကယ်တော်မူပါ။ နင့်ကို နောက်ဆုံး အခွင့်အရေးပေးမယ်။ လူ့ဘဝမှာ ပြုတဲ့ကုသိုလ်ကောင်းမှု တခုခု အမှတ်ရသလား။ စဉ်းစားစမ်း စဉ်းစားစမ်း… အား  ရပြီ။ မှန်ပါ အနော်မျိုး လူ့ဘဝမှာတုံးက ဂေါင်းအောင်ပုနဲ့ပေါင်း ဘိဖွင့်ပြီး ဂဇက်ရွာသားအပေါင်းကို ပရိုမိုးရှင်း ဒစ်ကောင့်ချ ကာမအလှူပေးခဲ့ကြောင်းပါ၊ သယ်.. ကာမအလှူ၊ လက်နက်အလှူ၊ သူများအသက်အလှူ မပေးကောင်း သင်မသိ၏လာ။ လူ့ဘဝမှာ ရှိစဉ် ငရဲမင်းကို အမျှအတမ်းပြုခဲ့သလော။ မှန်ရာ လျောက်တင်ပါမည်၊ စရဖဗိုလ်ကြီးဟောင်း ငရဲစည် နှင့် လဝကဗိုလ်ကြီး ရဲထက်စိုး တို့အား အနော်မျိုး ဘီယာတဖာစီ တံစိုးလာဘ်စောင် ပြုခဲ့ဖူးကြောင်းပါ။ သူတို့နှင့် ဆက်ဆံချိန် စိတ်ဝယ် ငရဲပြည်ရောက်သလို ခံစားမိကြောင်းပါဖလ။ အပွဲပွဲနွှဲလာသော ငရဲမင်း ကြောင်ကြီးနှင့်တွေ့မှ မျက်စေ့လည်ကာ အိမ်း.. ဒါလဲ ငရဲပြည်ကိုခံစား လှူရာရောက်ပေတယ်။ ဒီတော့ ငါစာရေးပေးလိုက်မယ် အကြင်သူသည် မှားယွင်းရောက်လာသောကြောင့် လူ့ပြည်ပြန်ပို့လိုက်သည်။ သို့သော် ကြောင်ကြီးရုပ်ကလပ် မီးကင်အစားခံလိုက်ရပြီ၊ ပြန်ဝင်ခွင့်မရှိတော့။ ထို့ကြောင့် နတ်ကုလသမဂ အစီအစဉ်ဖြင့် ဘုံမဲ့သက်တဝါ ကြောင်ကြီးအား နတ်ပြည်သို့ ရွှေ့ပြောင်းအခြေချဗီဇာ ထုတ်ပေးလိုက်ရသည်။
……….   ……..   ……
——————————
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

၃သုံးလီ၉ ၄လေးလီ၁၆ ၅ငါးလီ၂၅….. ၁ဝဆယ်လီ၁၀ဝ … ဒါ..ဒါတော့ မဖြစ်န်ုိင်။ သုံး၃လီကိုး အထိထားတော့၊ ခုဟာ ဆယ်၁ဝလီတရာ ရောက်နေမို့ တခုခု မှားနေပြီ။ ဟာ… ငါ့ကိုယ် ရွှေတုံးကြီး ဖြစ်နေပါလား၊ ဟင် ကင်းကောင်ရဲ့ အလှတရားတွေလဲ ရွှေတုံးရွှေစိုင်ခဲလို တဝင်းဝင်း၊ လုမကလည်း ရွှေအိုးကြီးလို ပြောင်ပြောင်လက်လက်…။ ခြစ်သျှားရော ဘယ်မှာလဲ… နှမတော်ဒီမှာပါချင့်.. ဘီကီနီနှင့် ဘွားကနဲ ရွှေအုန်းသီးနှစ်လုံးပိုက်

ပေါ်လာသည်။ ။ ကျန်သူတွေလဲ ဖြူ နီ ဝါ ပြာ အရောင်မျိုးစုံ… သာမီးလေးများ ကြောင်တေကြောင်တား စားသောက်ပျော်မြူးကြသည်မှာ ငါးပိအိုးလောက်တက်သကဲ့သို့ ရှိလှချေသည်ငါဘယ်ရောက်နေပါလိမ့်…။ နှမတော်တို့ ကကြောင် ခဏ နားပါရစေဦး၊ ဖေ့စ်ဘွတ် တက်လိုက်ဦးမယ်။ ကွီးဖြိုးတယောက် နေမှကောင်းရဲ့လားမသိ။ ခစ် ခစ်.. ကြောင်အရှင်ကြီး နတ်ရွာလားလို့ ယခု တာဝတိံသာနတ်ပြည် စံမြန်းနေကြောင်းပါ၊ လူ့ပြည်မှာ ဟုတ်တော့ဘူး။ ဟမ်.. .ဂယ်ဂျီးလား၊ ဒါကြောင့် ငါတလိုက်တဲ့စော်အတိုင်း နတ်သမီးတွေပေါ်လာတာကိုး။ အိမ်း.. ယွန်းဝတီလွင်မိုး၊ ပန်းရောင်ခြယ်၊ မေမြတ်နိုး၊ ခင်ဝင့်ဝါ… ပေါ်စေ။ ဟုတ်တယ်ဟ.. ပွနှာဘဲ။ ဘာကြောင့်ဒီလို နတ်စည်းစိမ်ရတယ် နတ်ကြေးမုံမှန်သားဝယ် အတိတ်ဖြစ်အင် ကြည့်ဦးမှ….. ……..။

 

ဟေ့ကာင် ကြောင်ကြီး မင်း ဘာစောင်ချိုး ချိုးတာလဲ။ ဟင် ဦးကျီးမိုက် မတွေ့တာကြာပြီ၊ နေကောင်းလား။ အပိုပြောမနေနဲ့ မင်း အခုအိမ်လိုက်ခဲ့.. မေမေ မင်းကို စောင့်နေတယ် ဆိုကာ ဂုံနီအိတ်ထဲ ကြောင်ကြီးအား ဖမ်းချုပ်ထည့်လေသည်.. ခွီး ဂရား…။ အိုး ဟိုး ဟိုး… ဒီလို မလုပ်နက်လေ.. ကြောင်ကြီးလေးကို လွှတ်လိုက်။ ကားတစီးဘေးစိုက်လာပြီး ကားပေါ်မှ  မအေးသောင်းစတိုင်နှင့် အမျိုးသမီးဆင်းလာသည်။ ဟင်.. မွပ်မားနို… သားကို ကယ်ပါဦး။ မားနို ဇတ်ကနဲ  ရင်ခွင်ထဲ ကြောင်ကြီးအား ဆွဲသွင်းလိုက်သည်။ မကြောက်နဲ့သားကြောင် အငိုနဲ့ တိတ်တိတ်၊ ကြောင်ကြီးခမျာ ယက်ကန်ယက်ကန်နှင့် မျက်နှာအပ်ကာ မလှုပ်နိုင်ရှာပေ။ ဒီမှာ အူးကျီးမိုက်… ကြောင်ကြီးကို ဂျူနိုလေးဆော့ဖို့ မွေးစားမလို့၊ ရှင် မတရား မလုပ်ပါနက်။ ဘယ်ရမလဲဗျ.. ကျုပ်အရင်ဦးတာ။ ကျမကလဲ ကြောင်ကြီးနဲ့ အထက်တန်းကျောင်းသူဘဝထဲက တွေ့တာ၊ ဇာတ်လမ်းတောင် ဖြစ်ဖူးတယ်။ ဦးကျီးမိုက်နှင့် မားနိုကား တဦးနှင့်တဦး ရန်သူပမာ အတေတတ်ကျတော့မည့်နှယ်…။ ကြောင်ကြီး မင်း ငါ့ဆီမှာနေရင် ဘာမှမလုပ်ရဘူး၊ အိမ်ဦးခန်းမှာထား၊ ငါ့သမီးဆေးခန်းထိုင် ငွေသိမ်းယုံပဲ။ မားနိုကလဲ မခေ…အိုး ဒီကလဲ  ကျမကုမဏီမှာ  မန်းနေးဂျင်းဒါရိုက်တာခန့်မှာ။ ကြောင်ကြီးကား ဘာပြောရမှန်းမသိ၊ မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် သနားစရာ။ ဘာဖြစ်ကျတာလဲရှင့်… စုရုံးစုရုံးနဲ့.. မားနိုနဲ့ဦးမိုက်ပါလား၊ ကျန်းမာရဲ့နော်။ အဘိဓမာသင်တန်းမှ ပြန်လာသော ခိုနီဒုံနှင့် လေမားမား လမ်းကြုံဝင်စပ်စုခြင်းဖြစ်သည်။ အကြောင်းစုံ သိပြီးနောက် ဒီလိုရကြေးဆို ကျမတို့မှာလဲ တူမရှိတယ်၊ ကြောင်ကြီးနဲ့ သဘောတူတယ်။ ပွဲကား ပိုစည်လာချေပြီ။ နေကြပါဦး…. တီမွပ်သဲနှင့် ဦးဖက်တီး ဘယ်ကကြားသည်မသိ၊ တူမဓါတ်ပုံ ကိုယ်စီကိုင်လျက်… ကြောင်လုရန်လာသည် မေးနေရန်မလို။။။။။ ဦးပါလေရာက ဖုံးဆက်ရွေ့ ငါတမိနစ်အတွင်း ရောက်မယ်၊ ခြစ်သားကြာင်ကြီး ငါပြောမှားဆိုမှား ရှိရင် ဗွေမယူနက်။ အားလုံး မင်းစိတ်ကြိုက် ဖြစ်စေမယ်။

 
အသာလုပ်ပါ ဆရာတို့…။ ဒီလောက် အဝေမတည့်လျင် အနော်ပြောမယ်… ဖျားသခင် တပတ်ခုနှစ်ရက် ဖန်ဆင်းထားတာ အလကား ဟုတ်ဖူး။ ခုနှစ်ယောက် တရက်စီ ခွဲယူ၊ အနော် အလှည့်ကျ အိမ်လိုက်နေမယ်။ ဘိုလိုလဲ…။ အားလုံးငြိမ်ကျသွားသည်၊ အပြစ်ဆိုစရာ မရှိသည်မို့ လက်ခံမည့်စဲစဲ… တောမှာသွားပြောလေ… သဂျီးမာမွတ်ခိုင်မ်..သာမီးတော်လေး မဒီနာသန်ဆင်ခိုင်မ် လက်ဆွဲလျက် ဒေါကြီးမောကြီးနှင့် ဝင်လာသည်။ ငါ့ရွာမှာနေပြီး ငါ့ကိုမေ့ထားလို့ရမလား။ သမီးတော်လေး ကစားဖို့ ငါ့အိမ်လိုက်ခဲ့။ တိန်… ခုနစ်ပြည်ထောင်မင်းတွေ ပပဝတီမင်းသမီး လုတာထက် ပိုဆိုးနေပြီ။ သဂျီးမို့ အားကိုးရမလား မှတ်တယ် သူပါ ဝေစုတောင်းသကိုး။ စိတ်ထိန်းပါ သဂျီးမွတ်… ပြသနာရှိ အဖြေရှိပါတယ်၊ ဖျားသခင် ဒါတွေသိလို့ ဗုဒ်ဓဟူးနဲ့ ရာဟုဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်၊ သဂျီးမင်း မကျန်ခဲ့စေရပါဘူး။ သို့သော် ကျန်လူများ စိတ်ကုန်သွားကြပြီ၊ သဂျီးကိုပေးလိုက်ရင် အခြားသူများလဲ လာချေမည်။ လေးမွတ်ဘုတ်ဗုံ၊ မားငုံ၊ မားဂျက်တို့မှာလဲ သမီးကိုယ်စီရှိသည်၊ သူတို့လည်း ရသည့်နည်းသုံး လုပေလိမ့်မည်မောဟမှ လောဘ၊ လောဘမှ ဒေါသ ပြောင်းကုန်ရင်း အခြစ်သာဝေစားမည် ကြောင်းသားဝေမစားနိုင် ဖြစ်ကုန်ကြသည်၊ အဆုံးတွင်မတော့ ကြောင်တကိုယ်လုံး ရရာဆွဲလုကြသဖြင့် ဧချမ်းမေ၏ တစစီကျိုးပျက်နေပြီဖြစ်ခါ ရှစ်ပိုင်းပြတ် တေခဲ့ရသည်။
 
ဒီလိုနဲ့ နတ်ပြည်ရောက်၊ ကံကောင်းချင်တော့ နတ်ပြည်မှာ တပ်ချုပ်ရာထူး လုပ်မည့်သူမရှိ။ နတ်ဆိုတာ ကာမစည်းစိမ် ခံစားသည့်နေရာ၊ မည်သူမှ နတ်စစ်သည် မလုပ်ချင်။ အီသို့နှင့် ကြောင်ကံကောင်း ငါးကြော်တွေ့ အသစ်ရောက်လာသော နတ်ကြောင်ကြီး နတ်တပ်ချုပ်ရာထူး ရရှိသွားလေသည်။ ဘယ်ညှိ ညာညှိ တာပေါင်းသတိ၊ နတ်စစ်သမီး ငါ့အနားကပ်။ နတ်စစ်သား ရှေ့တန်းထွက်..။။ ဂွတ်ထ ဂွတ်ထ… နတ်သမီးများနှင့် နှာပမ်းလုံး လေ့ကျင့်ခန်းလုပ်၊ နတ်စစ်သားများအား ဧရိုး မြေအိုး ဆဲဆို ကြိမ်းမောင်း.. ငါဟဲ့ နတ်ချုပ်။ ထိုစဉ် ဗိန်းဗောင်း မောင်းထုသံ ထွက်ပေါ်လာသည်။ နတ်ညီလာခံတက်ရန် အချက်ပေးသံတည်း။
 

ကိုယ့်ဗိမာန်မှာ ဂေါ်ဇီလာ၊ ညီလာခံတွင်မူ ကြွက်စုတ်မို့ ဘယ်သူမှ အရေးတယူမလုပ်ကြ။ အခြားနတ်များ အရောင်အဝါကလဲ ပိုမို

တောက်နေသည်။ သူတို့အခြွေအရံများပါ ထိန်ထိန်ဝါ မနာလိုစရာ။ ကိုယ့်လူများကြည့်တော့ ကာကီရောင်၊ အစိမ်းပုပ်ရောင် ညိုညစ်ညစ်နှင့် မသတီစရာပင် ကောင်းသည်.. ဝေါ့…..။။။ နတ်ဝါစဉ်အရ ထိုင်ရသည်မို့ သိကြားမင်းအား ခစားရန် ရှေ့တန်းမှာ နတ်အမတ်၊ နတ်ပညာရှိများစွာ.. သူတို့နောက် ခပ်လှမ်းလှမ်းမှ နတ်ညွှန်ချုပ်များ… အလိုလေး ငါလိုနတ်တပ်ချုပ် ညွှန်ချုပ်အတန်း ရောက်နေပါပေါ့လား။ နတ်မင်းနဲ့ တန်းတူဖြစ်ရမှာကို… တောက်စ်။ ဟောသည်မှာကြည့် ငါ့ဗလ… လက်မောင်းညှစ်ပြလိုက်သည်။ ခစ် ခစ်. ခွိ ခွိ… ငှက်ပျောသီး.. ပျက်ရယ်ပြုသံများ ကြားလိုက်ရသည်။ ညီလာခံတွင် ဆွေးနွေးသည့် အခြင်းအရာများ တခုမှ နားမလည်။ ဘာတွေမှန်းမသိ၊ မိမိသိတာ စားမည် ဝါးမည် မရလျင် ကိုက်မည်….။ ထောက်ခံပါသလား ပိတ်သက်ကြီး… ငိုက်မြည်းနေရာမှ လန့်နိုးရင်း ထောက်ခံပါတယ် အော်တာ မိမိတယောက်ထဲ ကျန်ဘယ်သူမှ အသံမထွက်။ ထို့နောက် ဘာဆက်ပြောသည်မသိ ပြန်အိပ်မောကျသွားမိသည်။ ကန့်ကွက်ပါသလား ပိတ်သက်ကြီး…။ လုပ်ပြန်ပြီ.. အိပ်ကောင်းခြင်း မအိပ်ရ.. ကန့်ကွက်ပါတယ်။ သည်တခါလဲ မိမိတယောက်ထဲ…။ ညီလာခံ ပြီးဆုံးပါတော့မယ် ဆွေးနွေးစရာ ရှိပါသေးလား။ ရှိပါတယ် သဘာပတိခများ… အနော်ဟာ နတ်ချုပ်မို့ နတ်မင်းနဲ့ တန်းတူနေရာ ပေးထိုင်သင့်ပါတယ်။ ဟား ဟား ဟား နတ်ညီလာခံတခုလုံး ပွဲကျသွားသည်။ လက်ခုပ် တဖျောင်းဖျောင်း တီးလျက် အကောင်းဆုံး ဟာသဆု ချီးမြင့်ခံရကာ မဟာသောက်ရှက်ကွဲရင်း အိမ်ပြန်ခဲ့ရသည်။

မကြေ တသက်မကြေ၊ နတ်စစ်သည်များ အားလုံးလဲ တောက်တခေါက်ခေါက်နှင့်.. ဘာလဲကွ ငါတို့က နတ်ပြည်အတွက် အသက်အသေခံ တိုက်ရတာ။ တိုက်ပွဲဝင်ထားတာ။ နတ်ပြည်မှာ ငါတို့မရှိ ဘာဖြစ်သွားမလဲ။ နတ်ပါးဝလွန်းတယ်။ နတ်ပြည်ချောက်ထဲကျသွားချင်လား။ စွန့်လွတ်စွန့်စား နတ်စစ်သားကွ…လခွီး။ (အမှန်တော့ နတ်စစ်တိုက်သည်ဆိုတာ လူလို သေနတ်နဲ့ အသေအကြေ တိုက်ခြင်းမဟုတ်ဘဲ အွန်လိုင်းဂိမ်းဆော့သလို အာရုံထဲ တဖက်နှင့်တဖက် တိုက်ခြင်းသာဖြစ်သည်။) ထောက်လှမ်းရေးနတ်ဖြိုးကျည် ဘယ်လိုသဘောရလဲ၊ နင် တွင်း(၁) မဖြစ်ချင်လား။ ဂျပန်ဖက်ဆစ်ကင်ပေတိုင်တေ နတ်လာဖြစ်သော ထလရဖြိုးကျည် ချက်ဆို နားခွက်က မီးတောက်သည်။ ကြော ်အခုပဲ စီမံလိုက်ပါ့မယ်။ သူစီမံပုံကား ဒလျှိုဒလံနှင့် တာဝတိံသာနတ်ပြည် နေရာပေါင်းစုံအား မီးရှို့လေသည်။ ရန်သူ အသူရာနတ်များရန် ကာကွယ်ရန်ထားသော နတ်ကင်းများ ရုတ်သိမ်းသည်။ အခြား ခွစ်ယံနတ်၊ မူဆင်နတ် သူပုန်များလမ်းကြောင်းများကိုလဲ ဟပေးလိုက်သည်။ တာဝတိံသာနတ်ပြည်ကား တမဟုတ်ခြင်း ဆူလောင်ပွက်ချေပြီ။ မီးဗျို့မီးမီး… လုပ်ကြပါဦးဟ အထုပ်သယ်ပေးမလိုနဲ့ ငါ့နတ်သမီးလေး မသွားပြီ။ ဒိန်းညှောင့် ဒိုင်း ဒက် ဒက် မအေးညွန့် မအေးသောင်း…..။ ပြည်တွင်းကပူ ပြည်ပကဆူ နတ်ချုပ်ကြောင်ကြီးအကြံ ပက်စက်လှပေသည်။ ရောမပြည် မီးလောင်စဉ် နီရိုးဘုရင် စောင်းတီး အပန်းဖြေသလို နတ်ချုပ်ကြောင်ကြီးသည်လဲ မဖြုံရေးချမဖြုံ… ကင်းကောင် ကွင်နတ်သမီးလေးရေ မီနီစကပ် ယူနီဖောင်းဝတ်ပြပါဦးကွယ်၊ လုမ ချွင်နတ်သမီးက သရီးကွာတားအတိုဝတ် စစ်ရေးပြ။

ဒူဝေဝေဝေ… ဟော ညီလာခံခေါ်ပြီ.. သွာဘူးကွ၊ ညွှန်ချုပ်ခုံမှာ ထိုင်နိုင်ဘူးကွ။ တခါခေါ်လဲ မလာ၊ နှစ်ခါခေါ်လဲမလာ.. သုံးခါမြောက် ဝေါနှင့်ပင့်မှ ကတီပါကော်ဇောနီခင်းကြိုမှ ကြွလေသည်။ ညီလာခံရောက်တော့ ပလင်ပေါ်တက် သိကြားမင်းနှ်င့် ယှဉ်ထိုင်သည်။ နတ်ယဉ်ကျေး သိကြားမင်းက ကြုံ့ကြုံ့လေး၊ နတ်ရိုင်းကြောင်ကြီး ပေါင်ဖြဲကားလျက်… မြင်းကြီးများ နွားကြီးများ ကျွဲကြီးများ မော်ဖူးစေ… စကားမပီသလို တမင်လုပ်ပြောလိုက်သည်။ မှူးကြီးမတ်ရာ ပညာရှိနတ်များ ဘာမှ မတတ်နိုင်ရှာပေ၊ ကြောင်ပါးစပ်ထဲမှ ကြွက်သူငယ်ဘဝ ရောက်နေကြပြီ မဟုတ်လား။ အသင်တို့ မစိုးရိမ်လင့်.. ငါကိုယ်တော်တိုင် ရန်သူများအား ချေမှုန်းမည်၊ နတ်ပြည်ကား ချောက်ထဲကျရန် လက်ဘယ်နှစ်လုံး လိုသနည်း။ အမေးနှင့်အတူ လက်တချောင်းထောင်ပြလိုက်သည်။ အားလုံး တညီတညွတ်ထဲ… လက်တလုံးမျှသာ လိုကြောင်းပါ။ နတ်ပြည်အား ထိန်းသိမ်းကာကွယ်ရန် နတ်တပ်မဒေါ်ဂျီးအား နတ်ပြည်ဦးဆောင်မှုကဏ္ဍတွင် ထားရှိရမည်။ အစစ်အဆေး ကင်းလွတ်စေရမည်၊ အတားအဆီး မရှိစေရ။ နတ်ရဲနှင့်နတ်နယ်စပ်ဌာနကို နတ်ချုပ်လက်လက်အောက် ထားရမည်။ နတ်ညီလာခံ လေးပုံတပုံအားလဲ နတ်စစ်သည်များ ထိန်းချုပ်စောင့်ကြပ်မည်.. သဘောတူ၏လော…။ မတူလို့လဲ မရ.. နတ်ညီလာခံအား နတ်စစ်သည်များ ဝန်းရံထားပြီးပြီ။ လိုချင်တာ အားလုံးရမှ ရန်သူနတ်များအား တိုက်ခိုက်လေသည်။ ရန်သူနတ်များမှာ ယိုင်တိယိုင်တဲ့.. နဂိုထဲက အားမရှိ၊ တမင်ဖွင့်ပေးလို့သာ လာရောက်နိုင်ခြင်းဖြစ်ရွေ့ အလွယ်တကူနှိမ်နင်း နိုင်လေသည်။ တရုတ်ဝနတ်ကတော့ မောင်းထုတ်မရ၊ သူ့ဆရာ မာန်နတ်အားကိုးနှင့် ပေကတ်ကျန်နေ၏။

နတ်ပြည်ဖွဲ့စည်းပုံကား အပြောင်းလဲကြီး ပြောင်းလဲခဲ့ပေပြီ။ ကဗာတည်စထဲက ရှိသော သိကြားမင်း အုပ်ချုပ်ရေးမှ သိကြားမင်းအား စောင့်ကြည့်၊ အချိန်မရွေး ဖမ်းချုပ်နိုင်သော အာဏာရှင် နတ်ချုပ်ကြောင်ကြီး အုပ်ချုပ်သည့် နတ်ပြည်ဖြစ်လို့နေပြီ။ လူ့ပြည်တွင်လဲ အမျှအတမ်းဝေသည့်အခါ သိကြားမင်း ဗြမာမင်း အပြင် နတ်ချုပ်ကြီးအား၎င်း၊ နတ်တင်သည့်အခါ ဘိုးတော်သိကြားမင်းအပြင် ဘိုးတော်နတ်ချုပ်ဟု၎င်း ပြင်ဆင်တိုးချဲ့ ပူဇော်ပသနေကြရပြီ။ တကယ်တော့လဲ အာဏာ သေနတ်ပြောင်းဝမှလာခြင်း ငြင်းရန်ခက်သည် မဟုတ်ပါလော။။။။။။

အာဏာ လက်ပစ်ဗုံးက လာသည်။

4 comments

  • kai

    July 23, 2017 at 2:59 pm

    နပ်ချုပ်က.. သူ.. ့နှစ်၂ထောင်.. မဟာဘှူဟာသိုဏ်းကျမ်းပျောက်သွားလို့တဲ့..။
    အဲဒါရတဲ့သူ အင်တာနက်ပေါ်မတင်နဲ့တဲ့..။ နပ်ဥပဒေ စစ်စစ်ဒီးနဲ့ ဆွဲမယ်တဲ့..။ ကြေညာထားတာ.. အခုတော့.. ကြောင်သူတော် ကြောင်သူခိုးခိုးသွားတယ်ပြောနေလေရဲ့..။ :k:

  • သင့်အေးရိပ်

    July 24, 2017 at 7:49 am

    FB မှာ မသောင်းကျန်းရသမျှ ရွာထဲ လာသောင်းကျန်းနေတာကိုးးး
    အိုဘယ့် ကာမတပ်ချုပ်ကြောင်
    အဲလေ အာဂတပ်ချုပ်ကြောင်
    :k:

  • ဇီဇီ

    July 25, 2017 at 4:10 pm

    နိ ဘိ ဖွင့်တုန်းက နာ ဘာလို့မသိလိုက်တာလဲ?

    :k:

  • •*¨နန်းတော်ရာသူ •*¨

    July 30, 2017 at 4:33 pm

    ဘာပဲပြောပြော မသေသေးလို့တွေ့ရတယ်

Leave a Reply