Philippines က Romantic အဖြစ်ဆုံး Sunset ကြည့်ရှုရာ နေရာ (၁၁) ခု
ကိုယ့်အတွက်အရေးပါဆုံးသူနဲ့ အတူတူကြည့်ရှုခံစားနိုင်မယ့် Philippines က Romantic အဖြစ်ဆုံး Sunset ကြည့်ရှုရာ နေရာ (၁၁) ခု
Philippines နိုင်ငံက Romantic အဖြစ်ဆုံး sunset ရှုခင်းတွေကို ကိုယ်အချစ်ရဆုံးသူရဲ့ ရင်ခွင်ထဲကနေ ကြည့်ရှုရင်း သင့်ရဲ့တစ်နေ့တာကို အလှပဆုံးအဆုံးသတ်လိုက်ပါ။
နေဝင်ဆည်းဆာရှုခင်းတွေက တစ်နေ့တာရဲ့အကောင်းဆုံး ရှုခင်းတွေပါ။ ဘာလို့လဲဆိုရင် အဲ့ဒီ့ရှုခင်းတွေက မိမိ တစ်နေ့တာမှာဆောင် ရွက်ခဲ့တဲ့အပြုအမှုတွေ၊လုပ်ငန်းတွေကို ပြန်လည်မှတ်မိစေပြီး နောက်တစ်နေ့အတွက် မကောင်းတာတွေကို ပယ်ဖျက်ပြီး ပိုကောင်းတဲ့ အရာတွေဖန်တီးနိုင်ဖို့ အခွင့်အရေးကိုပေးစွမ်းလို့ပါ။ ဒါ့အပြင် အဲ့ဒီ့ရှုခင်းတွေကို ကိုယ်အချစ်ရဆုံးသူနဲ့ ကြည့်ရှုခံစားတဲ့အခါ ပိုအသက်ဝင်ပြီးတန်ဖိုးပိုရှိလာမှာပါ။
Philippines နိုင်ငံတစ်ဝှမ်းက အကောင်းဆုံး sunset ရှုခင်းတွေကို ရှာဖွေဖို့ အဆင်သင့်ဖြစ်ပြီလား….။
- Bangui, Ilocos Norte

Image credit: Jhay Baniaga
လှပတဲ့နေဝင်ဆည်းဆာကို နောက်ခံထားပြီး ကြီးမားတဲ့ လေဒဟတ်ကြီးတွေကိုမြင်ရတဲ့ ရှုခင်းထက် မျက်စိပသာဒဖြစ်စရာ ရှုခင်းမရှိတော့ပါဘူး။
- Manila Bay, Manila

Image credit: Rolandave Bola
Manila Bay က လူတွေနဲ့ပြည့်ကျပ်နေပေမယ့်လည်း သူ့ရဲ့နေဝင်ချိန်ရှုခင်းကတော့ Philippines နိုင်ငံမှာ အလှဆုံးရှုခင်းတစ်ခုအဖြစ် မှတ်တမ်းတင်ခံနေရတုန်းပါပဲ။
- Tagaytay, Cavite

Image credit: Matteo Russo
ကိုယ့်ချစ်သူနဲ့အတူနေဝင်ချိန်ကိုကြည့်ရှုခံစားဖို့အကောင်းဆုံးနေရာတွေထဲက တစ်ခုကတော့ Tagaytay လိုမျိုး တစ်မြို့လုံးကိုအပေါ်စီးကမြင်ရတဲ့ နေရာမျိုးပဲဖြစ်ပါတယ်။
- Puerto Galera, Oriental Mindoro

Image credit: Oliver Mercader
စိတ်ကူးယဉ်ဆန်ဆန်အလှပဆုံးရှုခင်းတွေကိုမြင်ရဖို့ ကျောက်တုံး၊ကျောက်ဆောင်တွေထူထပ်တဲ့ကမ်းခြေဆီကိုလည်း သွားနိုင်ပါတယ်။
- Pasacao, Camarines Sur

Image credit: Jarle Refsnes
နေဝင်ဆည်းဆာရှုခင်းတွေက Romantic ဆန်ရုံမက စစ်မှန်တဲ့အလှတရားနဲ့ ဘဝရဲ့အခက်အခဲတွေကိုလည်း သတိပေးလေ့ရှိပါတယ်။
- Boracay, Aklan

Image credit: momo
Boracay ကိုသွားဖို့စီစဉ်ထားရင်တော့ sunset ကိုခံစားဖို့အတွက် အကောင်းဆုံးနဲ့ romantic အဖြစ်ဆုံးနေရာကတော့ paraw ရွက်လှေပေါ်ကပဲဖြစ်ပါတယ်။
- El Nido, Palawan

Image credit: mendhak
ရွှေအိုရောင်ဆည်းဆာရှုခင်းကို ကိုယ့်ချစ်သူရဲ့ရင်ခွင်ထဲမှာနေရင်း ကြည့်ရတာထက် စိတ်ချမ်းသာစရာမရှိတော့ပါဘူး။
- Misibis, Albay

Image credit: jopetsy
ဒီလိုမျိုးရှုခင်းကိုမြင်လိုက်ပြီဆိုတာနဲ့ အတွေးပေါင်းစုံနဲ့ရင်ဆိုင်ရတော့မှာပါ။ သင်နဲ့ သင့်ချစ်သူကြားမှာ တိတ်ဆိတ်မှုဆိုတာကိုခံစားရပါလိမ့်မယ်။
- Ormo, Leyte

Image credit: ax
ကျေးလက်ရဲ့နေဝင်ချိန်တွေက ဘဝရဲ့တည်ငြိမ်မှုနဲ့ အေးချမ်းမှုတွေကို လွမ်းမောစေပါတယ်။
- El Salvador, Misamis Oriental

Image credit: matoy
ဒီလိုကြီးကျယ်တဲ့နေဝင်ဆည်းဆာတွေကိုမြင်ရတဲ့အခါ မိမိကိုယ်ကိုယ် သေးငယ်တဲ့မြူမှုန်လေးဆိုတာ သိရှိနားလည်သွားလိမ့်မယ်။
- Manolo Fortich, Bukidnon

Image credit: Jojo Nicdao
သင်ရော၊ သင့်ချစ်သူရော လုပ်လက်စတွေကိုရပ်ပြီး ဆည်းဆာအလှကိုသာရှုစားလိုက်ပါ။
နေဝင်သွားတဲ့အခါ ကောင်းကင်တစ်ခုလုံး အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်တွေ ရောယှက်ပြီး လှပနေပါတော့တယ်။ ဆည်းဆာအလှတွေဟာ တစ်နေ့တာလုံးဘာတွေပဲကြုံခဲ့ ကြုံခဲ့ နောက်ဆုံးမှာ အဲ့ဒီ့တစ်နေ့တာကို လှလှပပ အဆုံးသတ်နိုင်မှာပဲဖြစ်ကြောင်းပြတဲ့ သက်သေဖြစ်ပါတယ်။
Reference : www.tripzilla.com


2 comments
အရင်ကကျော်စွာဦးကြီးမိုက်
August 29, 2017 at 10:22 am
သိပ်ကိုလှတဲ့ ဆည်းဆာအလှပုံလေးတွေပါပဲ
Shar Thet Man
August 29, 2017 at 2:48 pm
ဟုတ်ပါတယ်ကွယ်