ကွီးယားစစ်ပွဲ (၁၉၅၀-၁၉၅၃)
၁၉၅ဝ ဇွန် ၂၅ မှာ မြောက်ပိုင်းရှိ ဆိုဗီယက် ကျောထောက်နောက်ခံပြု ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမတ နိုင်ငံ နှင့် တောင်ပိုင်းရှိ အနောက်လိုလားသော ကိုရီးယားသမတနိုင်ငံ တို့အကြားရှိ နယ်စပ်၃၈မျဉ်းပြိုင်ကို အင်အား ၇၅၀၀ဝ ရှိ မြောက်ကိုရီးယား ပြည်သူ့စစ်တပ် ဖြတ်ကျော်ကာ ကိုရီးယားစစ်ပွဲ စတင်သည်။ ကျူးကျော်မှုမှာ စစ်အေးတိုက်ပွဲ၏ ပထမဆုံး စစ်မက်ဖြစ်ပွားမှု ဖြစ်သည်။ ဇူလိုင်လတွင် အမေရိကန်တပ်များ စစ်ပွဲအတွင်း ဝင်ရောက်ကာ တောင်ကိုရီးယားဖက်မှ ကူညီသည်။ အမေရိကန်အစိုးရ အရာရှိများ စိုးရိမ်ပူပန်သလို နိုင်ငံတကာ ကူမြူနစ် ဝါဒအား တွန်းလှန်သည့် စစ်ပွဲဖြစ်သည်။ ၃၈ လက်တီကျု မျဉ်းပြိုင်ကို အစောပိုုင်းကာလ ရှေ့တိုးနောက်ငင် သူတပြန်ကိုယ်တပြန် တိုက်ခိုက်ကြရင်း တိုးတက်မှု မရှိဘဲ တိုက်ပွဲ ရပ်တန့်ကာ ထိခိုက်ဒဏ်ရာရမှု မြင့်တက်နေသည်။ ထိုအခိုက် အမေရိကန် အစိုးရအရာရှိများ စိုးရိမ်ကြီးစွာဖြင့် တိုက်ခိုက်မှု ရပ်ဆိုင်းရေးစာချုပ် မြောက်ကိုရီးယားနှင့် ချုပ်ရန် လုပ်ဆောင်ခဲ့သည်။ အခြားတဖက်တွင် သူတို့ ပူပန်သလို ပိုကြီးမားကျယ်ပြန့်သော စစ်ပွဲ ရုရှား၊ တရုတ် နှင့်ဖြစ်နိုင်ကြောင်း၊ တတိယ ကဗာစစ်သို့ပင် ရောက်နိုင်ကြောင်း အချို့က သတိပေးသည်။ နောက်ဆုံးတွင် ကိုရီးယားစစ်ပွဲ ၁၉၅၃ ခုနှစ်၌ ပြီးဆုံးခြင်းတိုင်သည်။ နိဂုံးချုပ်တော့ စစ်သား နှင့် အရပ်သား ငါးသန်းလောက် စစ်ပွဲအတွင်း အသက်ဆုံးရှုံးခဲ့သည်။ ကိုရီးယား ကျွန်းဆွယ်မှာတော့ ယနေ့တိုင် နှစ်ခြမ်း ကွဲနေဆဲ…။ ။။။။။။
နှစ်ဖက် ကိုရီးယား ……
ကဗာ့အဆိုးဝါးဆုံးနေရာမှာ ဖြစ်တဲ့ သိပ်ပြင်းထန်တဲ့စစ်ပွဲ ရွေးပါဆိုလျင် ကိုရီးယားစစ်မြေပြင်လို့ အားလုံး သဘောူ ရွေးကြလိမ့်မယ်လို့ ယူအက်စ် နိုင်ငံခြားရေးဝန်ကြီး Acheson ( ၁၈၉၃ – ၁၇၉၁ ) တခါက ပြောဖူးသည်။ ကိုရီးယားကျွန်းဆွယ်မှာ မေ ျှှာ်လင့်မထားဘဲ အမေရိက လက်ထဲသို့ ရောက်နေခဲ့ခြင်း ဖြစ်သည်။ ၂ဝရာစု အစပိုင်း ဂျပန် အင်ပါယာ၏ အစိတ်အပိုင်း ဖြစ်ပြီး ဒုတိယ ကဗာစစ်ပြီးနောက် ရန်သူ့ထံမှ ရသော နယ်မြေ သတ်မှတ်သည့် အမေရိကန် နှင့် ဆိုဗီယက် တို့လက် ရောက်ရသည်။ ၁၉၄၅ ဩဂုတ်တွင် အတွေ့အကြုံ နုနယ်သည့် နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူများ ယူအက်စ် နိုင်ငံခြားရေးဌာနတွင် ၃၈ လတ်တီကျု မျဉ်းပြိုင်တလျောက် ကိုရီးယား ကျွန်းဆွယ်အား တဝက်စီ ပိုင်းခြားသည်။ နယ်စပ်မျဉ်း မြောက်ဖက်ကို ရုရှတို့ သိမ်းယူပြီး ယူအက်စ်က တောင်ဖက်အား သိမ်းပိုက်သည်။ ။။။။
သိရဲ့လား …….
ဒုတိယ ကဗာစစ် နဲ့ ဗီယက်နမ်စစ် တိုု့လို ကိုရီးယားစစ်ပွဲအား ယူအက်စ် သတင်း၊ မီဒီယာမှ အာရုံ သိပ်မစိုက်ခဲ့ပေ။ စစ်ပွဲကိုယ်စားပြု တင်ဆက်သည့် ကဏ္ဍတွင် တောင်ကိုရီးယားရှိ စစ်မြေပြင် ဆေးရုံအကြောင်း ရိုက်ကူးသည့် ရုပ်သံစီးရီး M*A*S*H လောက်သာ လူသိများ ထင်ရှားခဲ့သည်။ ။။။။။
ထိုရုပ်သံစီးရီးကို ၁၉၇၂ မှ ၁၉၈၃ အထိ ပြသခဲ့ပြီး နောက်ဆုံး ဇာတ်သိမ်းပိုင်းမှာ ရုပ်သံသမိုင်းတွင် လူကြည့်အများဆုံး ဖြစ်သည်။ ဆယ်စုနှစ်အကုန်တွင် ကိုရီးယားကျွန်းဆွယ်၌ နိုင်ငံသစ် ၂ခု ပေါ်ထွက်လာသည်။ တောင်ပိုင်းတွင် ကူမြူနစ်ဆန့်ကျင်သူ အာဏာရှင် Syngman Rhee ( ၁၈၇၅ – ၁၉၆၅ ) အမေရိကန် အစိုးရ၏ တွန့်ဆုတ်သော ထောက်ခံမှု ရပြီး ကူမြူနစ် အာဏာရှင် ကင်အီဆမ်း ( ၁၉၁၂ – ၁၉၉၄ ) ဆိုဗီယက်တို့၏ အနည်းပို စိတ်အားထက်သန်သော အားပေးမှု ရရှိသည်။ နယ်စပ် တိုက်ခိုက်မှုများ အမြဲ ရှိနေသော်လည်း အာဏာရှင် နှစ်ဦးစလုံး ၃၈ လက်တီကျု ဒီဂရီ နယ်စပ်မျဉ်းပြိုင် တဖက်စီတွင် နေရခြင်းအား မနှစ်မြို့ကျပေ။ စစ်ပွဲမစခင်ကပင် တောင်နှင့်မြောက် ကိုရီးယား စစ်သား တသောင်းနီးပါး စစ်မြေပြင်၌ ကျဆုံး ခဲ့ပြီး ဖြစ်သည်။ ။။။။။။
ကိုရီးယား စစ်ပွဲ နှင့် စစ်အေးကာလ ……..
ဒါတောင်မှ မြောက်ကိုရီးယား ကျူးကျော်ဝင်ရောက်မှုသည် အမေရိကန် အာဏာပိုင်များအား အငိုက်မိ အံ့အားသင့် စေခဲ့သည်။ ကဗာတဖက်ခြမ်းစီတွင်ရှိသော စိတ်မချရသည့် အာဏာရှင် နှစ်ဖွဲ့အကြား ရိုးရိုးသာမန် နယ်စပ် အငြင်းပွားမှု မဟုတ်ဟု သူတို့ စိုးရိမ်ပူပန်နေသည်။ ကဗာအား သိမ်းပိုက်ရန် ကူမြူနစ်ဝါဒ အကြံအစည်၏ ပထမ ခြေလှမ်းဟု အများ ကြောက်ရွံ့ထိတ်လန့် ခဲ့ကြသည်။ ထို့အကြောင်းပြချက်ကြောင့် ဝင်ရောက် မစွက်ဖက်ရေးမူကို ရွေးစရာလမ်းအဖြစ် ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ထိပ်ပိုင်းခေါင်းဆောင်များ မစဉ်းစားကြ။ ( အချက်အလက်အားဖြင့် ၁၉၅ဝ ဧပြီလ အမျိုးသား လုံခြုံရေးကောင်စီ မှတ်တမ်း NSC-68 တွင် ပြသနာ ဖြစ်ပွားရာ နယ်မြေ၏ မဟာဗျူဟာ (သို့) စီးပွားရေး အကျိုးအမြတ် ငှဲ့ကွက်ရန် မလိုဘဲ ကူမြူနစ်ဝါဒ ပြန့်ပွားမည့် မည်သည့်နေရာမဆိုအား စစ်အင်အားသုံး ထိန်းချုပ်ရန် ပြည်ထောင်စု အစိုးရအား အကြံပြုထားသည်။ ။။။။။။
သမတ ဟင်နရီ ထရူးမင်း ( ၁၈၈၄ – ၁၉၇၂ ) မှ “ကိုရီးယားကို ငါတို့ လက်လွှတ်ရလျင် ဆိုဗီယက်တို့ တနေရာပြီး တနေရာ ထပ်ချပ်မကွာလိုက် ဝါးမြိုသွားမယ်။ ကိုရီးယားကျွန်းဆွယ် တိုက်ပွဲဟာ အကောင်း နဲ့ အဆိုး၊ အရှေ့ နှင့် အနောက် တို့ရဲ့ ကဗာနဲ့ချီတဲ့ ယှဉ်ပြိုင်မှု သင်္ကေတ တခုပါ။ မြောက်ကိုရီးယားတွေ တောင်ကိုရီးယား မြို့တော် ဆိုးလ်ကို ဝင်ရောက်ခဲ့လျင် ကူမြူနစ်ဝါဒရန် ကာကွယ်ဖို့ ယူအက်စ်က သူ့စစ်တပ်ကို အသင့်ပြင်ထားတယ်” လို့ ပြောထားသည်။ ။။။။။။
အစပိုင်းမှာ စစ်ပွဲဟာ တောင်ကိုရီးယားမှ ကူမြူနစ်များကို မောင်းထုတ်ရန် ခုခံစစ် တခုသာ ဖြစ်သော်လည်း မဟာမိတ်များအတွက် အခြေအနေ ပိုဆိုးလာသည်။ ကြောက်လန့် ဝေဝါးကာ တိုက်ခိုက်လာလျင် စစ်မြေပြင်မှ ထွက်ပြေးရန် တိမ်းညွှတ်နေသော Rhee ၏ တောင်ကိုရီးယား တပ်များနှင့်စာလျင် မြောက်ကိုရီးယား စစ်တပ်မှာ စည်းကမ်းသေဝပ် လေ့ကျင့်မှုပြည့်ဝ စစ်လက်နက် ပြည့်စုံသည်။ စံချိန်တင် ပူပြင်းခြောက်သွေ့သော နွေရာသီ ဖြစ်သည့်အပြင် ရေငတ်မှုဒဏ် အပြင်းအထန် ခံစားနေရသည့် အမေရိကန် စစ်သားများမှာ လူ့အညစ်အကြေးများနှင့်အတူ ဓါတ်မြေဩဇာ ကြဲထားသော စပါးစိုက်ခင်းမှ ရေကို မကြာခဏ သောက်နေရသည်။ ထို့ကြောင့် အူမရောဂါနှင့် အခြား နာမကျန်း ဖြစ်မှုများ အမြဲတစေ ခြိမ်းခြောက်လျက်ရှိသည်။ နွေရာသီအကုန်တွင် စစ်ပွဲ ရည်မှန်းချက် အသစ်အား သမတ ထရူးမင်း နှင့် အာရှစစ်မြေပြင် သေနာပတိ ဗိုလ်ချုပ်ကြီး ဒေါက်ကလပ် မက်အာသာ ( ၁၈၈ဝ – ၁၉၆၄ ) တို့ ချမှတ်သည်။ ကူမြူနစ်တို့လက်မှ လွတ်မြောက်ရေး စစ်ပွဲဖြစ်သည်၊ မဟာမိတ်တို့အတွက် ကိုရီးယားစစ်ပွဲတွင် ထိုးစစ် ပြုရပေတော့မည်။ အစတွင် စစ်မဟာဗျူဟာ အသစ် အောင်မြင်သည်။ အင်ချွန်ကို ကမ်းတက်တပ်နှင့် ထိုးစစ်ဆင်ပြီး ဆိုးလ်မြို့တော်တွင်းရှိ မြောက်ကိုရီးယားများကို ၃၈ ဒီဂရီ မျဉ်းပြိုင် သူတို့ဖက်ခြမ်းသို့ မောင်းထုတ်နိုင်သည်။ ဒါပေမဲ့ အမေရိကန်တပ်များ နယ်စပ်ဖြတ် မြောက်ဖက်သို့ချီတက်ခါ မြောက်ကိုရီးယား နှင့် တရုတ် နယ်စပ် ယာလူးမြစ်သို့ ရောက်ချိန်တွင် တရုတ်မြေအား လက်နက်ကိုင် ကျူးကျော်ခြင်းမှ ခုခံရန် ကိုယ့်ကိုယ်ကို ကာကွယ်ရေး တရုတ်တို့ စတင် စိုးရိမ်လာသည်။ တရုတ်ခေါင်းဆောင် မော်စီတုံး မြောက်ကိုရီးယားသို့ စစ်တပ်များ ပို့ပြီး စစ်ပွဲကြီး မဖြစ်ချင်လျင် ယာလူး နယ်စပ်မှ ယူအက်စ် ဖယ်ခွာရန် သတိပေးသည်။
အောင်ပွဲအတွက် အခြားနည်းလည်း မရှိလို့လား ……..
သမတ ထရူးမင်းနဲ့ သူ့ အကြံပေးတွေ ခုလိုဖြစ်တာ မလိုချင်တဲ့ အရာပဲ။ အဲလို စစ်ဖြစ်ရင် ဥရောပကို ဆိုဗီယက် ကျူးကျော်မှု လမ်းပွင့်သွားစေနိုင်ပြီး အဏုမြူ လက်နက်များ တပ်ဆင် နေရာချထားမှု နဲ့အတူ သန်းပေါင်းများစွာ အကြောင်းမဲ့ အသက်ဆုံးရှုံး ကြလိမ့်မည်။ သို့သော် ဗိုလ်ချုပ်ကြီး မက်အာသာကမူ ပိုကြီးမား ကျယ်ပြန့်တဲ့ စစ်ပွဲ မတိုက်လျင် ကူမြူနစ်တို့အား အလျော့ပေး လ ျှိုဝင်ရာရောက်မည် ခံယူသည်။ ။။။။။။။။
သမတ ထရူးမင်း တရုတ်နှင့် စစ်မဖြစ်ရေး အခြားနည်းလမ်း ရှာဖွေခိုက် မက်အာသာက သူတတ်နိုင်သမျ သွေးထိုးလှုံ့စော်သည်။ နောက်ဆုံးတွင် ၁၉၅၁ မတ်လ၌ တရုတ်အား အစွမ်းကုန် စစ်ပွဲဆင်နွှဲရန် အမြင်ခြင်းတူသော၊ သတင်းဌာနများသို့ ပေါက်ကြားရန် အကူအညီပေးနိုင်မည့် လွှတ်တော်ခေါင်းဆောင် ရီပါပလစ်ကန်အမတ် ဂျိုးဇက်မာတင်ထံ စာတစောင်ရေးခဲ့သည်။ စာတွင် မက်အာသာက “နိုင်ငံတကာ ကူမြူနစ်ဝါဒအား အောင်ပွဲဆင်ရန် အခြားနည်းလမ်း မရှိပါ” ဟု ရေးထားသည်။ စာမှာ ထရူးမင်းအတွက် နောက်ဆုံး သည်းခံသည့် အနှောက်အယှက် ဖြစ်သည်။ ဧပြီ ၁၁ရက်တွင် သမတမှ ဗိုလ်ချုပ်ကြီးအား အမိန့်မနာခံမှုဖြင့် ရာထူးမှ ထုတ်ပယ်သည်။ ။။။။။။
သူမသာ ကိုယ်အသုဘ ……….
၁၉၅၁ ဇူလိုင်တွင် သမတ ထရူးမင်း နှင့် သူ့ စစ်ဦးစီး အရာရှိများ ပန်မုံဂျုတွင် ငြိမ်းချမ်းရေး စတင် ဆွေးနွေးသည်။ စေ့စပ်ဆွေးနွေးနေစဉ် ၃၈ မျဉ်းပြိုင်တလျောက် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်။ ၃၈ ဒီကရီ လက်တီကျု နယ်စပ်မျဉ်းပြိုင်အား ဆက်လက် ထိန်းသိမ်းရန် နှစ်ဖက်စလုံး လိုလားသော်လည်း စစ်သုံ့ပန်းများအား အတင်းအကျပ် ပြန်ပို့ရေး သဘောတူချက် မရပေ။ (တရုတ်နှင့် မြောက်ကိုရီးယားက လုပ်ချင်ပြီး ယူအက်စ်မှ မလုပ်ချင်)။ ၂နှစ်ကျော်မ ျှ စေ့စပ်ဆွေးနွေးပြီး နောက်ဆုံးတွင် ရန်သူတော်များ အပစ်အခတ် ရပ်စဲရေး စာချုပ် ၁၉၅၃ ဇူလိုင် ၂ရတွင် လက်မှတ်ရေးထိုးသည်။ စစ်သုံ့ပန်းများအား သူတို့ နှစ်သက်ရာတွင် နေထိုင်ခွင့်ပြုခြင်း၊ တောင်ကိုရီးယားကို စတုရန်းမိုင် ၁၅၀ဝ အပို နယ်မြေ ပေးသည့် ၃၈ ဒီဂရီ မျဉ်းပြိုင်အနီး နယ်စပ်စည်း အသစ် ရေးဆွဲခြင်း၊ ယနေ့တိုင် တည်ရှိသည့် ၂မိုင် ကျယ်ဝန်းသည့် စစ်မဲ့ဇုံ ဖန်တီးခြင်း တို့အား စာချုပ်တွင် ခွင့်ပြု သတ်မှတ်သည်။ ။။။။။။
ကိုရီးယား စစ်ပွဲ ထိခိုက်သေကြမှုများ …………
အခြားစစ်ပွဲများနှင့် နှိုင်းယှဉ်လျင် ကိုရီးယား စစ်ပွဲမှာ တိုတောင်းပေမဲ့ သွေးထွက်သံယို ထူးကဲစွာ များလွန်းသည်။ လူငါးသန်းနီးပါး သေဆုံးသည်။ စစ်မဖြစ်မှီ ကိုရီးယား လူဦးရေ၏ တဆယ် ရာခိုင်နှုန်း နီးပါးရှိပြီး တဝက်ကျော်မှာ အရပ်သားများ ဖြစ်သည်။ (အရပ်သား သေဆုံး၊ဒဏ်ရာ ရနှုန်းမှာ ဒုတိယ ကဗာစစ် နှင့် ဗီယက်နမ် စစ်ပွဲထက် ပိုမြင့်မားသည်။) အမေရိကန် လေးသောင်းနီးပါး တာဝန် ထမ်းဆောင်ရင်း ကိုရီးယားတွင် ကျဆုံးပြီး တသိန်းကျော် ဒဏ်ရာရသည်။ ။။။။။
4 comments
ဦးကြောင်ကြီး
September 14, 2017 at 11:00 am
မူရင်း။။။။။
Korean War
On June 25, 1950, the Korean War began when some 75,000 soldiers from the North Korean People’s Army poured across the 38th parallel, the boundary between the Soviet-backed Democratic People’s Republic of Korea to the north and the pro-Western Republic of Korea to the south. This invasion was the first military action of the Cold War. By July, American troops had entered the war on South Korea’s behalf. As far as American officials were concerned, it was a war against the forces of international communism itself. After some early back-and-forth across the 38th parallel, the fighting stalled and casualties mounted with nothing to show for them. Meanwhile, American officials worked anxiously to fashion some sort of armistice with the North Koreans. The alternative, they feared, would be a wider war with Russia and China–or even, as some warned, World War III. Finally, in July 1953, the Korean War came to an end. In all, some 5 million soldiers and civilians lost their lives during the war. The Korean peninsula is still divided today.
The Two Koreas
“If the best minds in the world had set out to find us the worst possible location in the world to fight this damnable war,” U.S. Secretary of State Dean Acheson (1893-1971) once said, “the unanimous choice would have been Korea.” The peninsula had landed in America’s lap almost by accident. Since the beginning of the 20th century, Korea had been a part of the Japanese empire, and after World War II it fell to the Americans and the Soviets to decide what should be done with their enemy’s mperial possessions. In August 1945, two young aides at the State Department divided the Korean peninsula in half along the 38th parallel. The Russians occupied the area north of the line and the United States occupied the area to its south.
Did You Know?
Unlike World War II and Vietnam, the Korean War did not get much media attention in the United States. The most famous representation of the war in popular culture is the television series “M*A*S*H,” which was set in a field hospital in South Korea. The series ran from 1972 until 1983, and its final episode was the most-watched in television history.
By the end of the decade, two new states had formed on the peninsula. In the south, the anti-communist dictator Syngman Rhee (1875-1965) enjoyed the reluctant support of the American government; in the north, the communist dictator Kim Il Sung (1912-1994) enjoyed the slightly more enthusiastic support of the Soviets. Neither dictator was content to remain on his side of the 38th parallel, however, and border skirmishes were common. Nearly 10,000 North and South Korean soldiers were killed in battle before the war even began.
The Korean War and the Cold War
Even so, the North Korean invasion came as an alarming surprise to American officials. As far as they were concerned, this was not simply a border dispute between two unstable dictatorships on the other side of the globe. Instead, many feared it was the first step in a communist campaign to take over the world. For this reason, nonintervention was not considered an option by many top decision makers. (In fact, in April 1950, a National Security Council report known as NSC-68 had recommended that the United States use military force to “contain” communist expansionism anywhere it seemed to be occurring, “regardless of the intrinsic strategic or economic value of the lands in question.”)
“If we let Korea down,” President Harry Truman (1884-1972) said, “the Soviet[s] will keep right on going and swallow up one [place] after another.” The fight on the Korean peninsula was a symbol of the global struggle between east and west, good and evil. As the North Korean army pushed into Seoul, the South Korean capital, the United States readied its troops for a war against communism itself.
At first, the war was a defensive one–a war to get the communists out of South Korea–and it went badly for the Allies. The North Korean army was well-disciplined, well-trained and well-equipped; Rhee’s forces, by contrast, were frightened, confused, and seemed inclined to flee the battlefield at any provocation. Also, it was one of the hottest and driest summers on record, and desperately thirsty American soldiers were often forced to drink water from rice paddies that had been fertilized with human waste. As a result, dangerous intestinal diseases and other illnesses were a constant threat.
By the end of the summer, President Truman and General Douglas MacArthur (1880-1964), the commander in charge of the Asian theater, had decided on a new set of war aims. Now, for the Allies, the Korean War was an offensive one: It was a war to “liberate” the North from the communists.
Initially, this new strategy was a success. An amphibious assault at Inchon pushed the North Koreans out of Seoul and back to their side of the 38th parallel. But as American troops crossed the boundary and headed north toward the Yalu River, the border between North Korea and Communist China, the Chinese started to worry about protecting themselves from what they called “armed aggression against Chinese territory.” Chinese leader Mao Zedong (1893-1976) sent troops to North Korea and warned the United States to keep away from the Yalu boundary unless it wanted full-scale war
“No Substitute for Victory”?
This was something that President Truman and his advisers decidedly did not want: They were sure that such a war would lead to Soviet aggression in Europe, the deployment of atomic weapons and millions of senseless deaths. To General MacArthur, however, anything short of this wider war represented “appeasement,” an unacceptable knuckling under to the communists.
As President Truman looked for a way to prevent war with the Chinese, MacArthur did all he could to provoke it. Finally, in March 1951, he sent a letter to Joseph Martin, a House Republican leader who shared MacArthur’s support for declaring all-out war on China–and who could be counted upon to leak the letter to the press. “There is,” MacArthur wrote, “no substitute for victory” against international communism.
For Truman, this letter was the last straw. On April 11, the president fired the general for insubordination.
The Korean War Reaches a Stalemate
In July 1951, President Truman and his new military commanders started peace talks at Panmunjom. Still, the fighting continued along the 38th parallel as negotiations stalled. Both sides were willing to accept a ceasefire that maintained the 38th parallel boundary, but they could not agree on whether prisoners of war should be forcibly “repatriated.” (The Chinese and the North Koreans said yes; the United States said no.) Finally, after more than two years of negotiations, the adversaries signed an armistice on July 27, 1953. The agreement allowed the POWs to stay where they liked; drew a new boundary near the 38th parallel that gave South Korea an extra 1,500 square miles of territory; and created a 2-mile-wide “demilitarized zone” that still exists today.
Casualties of the Korean War
The Korean War was relatively short but exceptionally bloody. Nearly 5 million people died. More than half of these–about 10 percent of Korea’s prewar population–were civilians. (This rate of civilian casualties was higher than World War II’s and Vietnam’s.) Almost 40,000 Americans died in action in Korea, and more than 100,000 were wounded.
သင့်အေးရိပ်
September 15, 2017 at 9:49 am
ကွီးယားကြောင်နဲ့ ဗမာကြောင်
ဘယ်လို ကွာပါသရဲခညာ
:k:
ဦးကျောက်ခဲ
September 16, 2017 at 4:26 pm
ကွီးယားအထီးတွေ စစ်တိုက်ကြ … ဓာတ်ရှင်မင်းသားတွေ မိုင်းရှင်းကြ …
မြောက်ကွီးယား တောသူမတွေကို ကြောင်ဏှာဂျီးလက်အပ်…
တောင်ကွီးယား အလှပဂေးမလေးတွေကို ဦးကျောက်ခဲ ကာကွယ်မယ်… :k:
မဟာရာဇာ အံစာတုံး
September 23, 2017 at 7:59 pm
ဗဟုသုတ ရှာဖွေ၊ မျှဝေခြင်း ဟာ မင်္ဂလာ တစ်ပါး ဆိုပါစို့။
ဒါဆို …
ဖွန်တဏှာကြောင် မှ မင်္ဂလာကြောင် ဖြစ်သွားတယ် ဆိုရမှာပေါ့။