ကဗာပတ်ရှုပ်နေသော တရုတ်နှင့် ဘူရှီဒို စိတ်ဓါတ်ပိုင်ရှင် ဂျပန်တို့၏ ခေတ်သစ် ပထမစစ်ပွဲ ( ၁၈၉၄ – ၉၅ )
မီဂျီဂျပန်နိုင်ငံထံ ကိုရီးယားပိုက်နက်နယ်မြေ အပ်ရသော တရုတ်ကွင်ဘုရင့်နိုင်ငံ…
၁၈၉၄ ဩဂုတ် ၁ မှ ၁၈၉၅ ဧပြီ ၁ရ အထိ တရုတ်ကွင်ဘုရင်နိုင်ငံသည် မီဂျီဂျပန်အင်ပါယာ နှင့် ကိုရီးယားနယ်မြေ ထိန်းချုပ်ရန် တိုက်ခိုက်ခဲ့ပြီး ဂျပန်မှ ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။ စစ်ပွဲအပြီး ကိုရီးယားကျွန်းဆွယ်အား ဂျပန် လက်ဝေခံအဖြစ် သွပ်သွင်းလိုက်ကာ ထိုင်ဝမ် ဖေါ်မိုဆာကျွန်း၊ ပန်ဂူကျွန်းနှင့် လ ျှိုဒေါင် ကျွန်းဆွယ်တို့အား ရရှိခဲ့သည်။ အချောင်သက်သက် ရခဲ့တာတော့မဟုတ်၊ တရုတ်စစ်သား သုံးသောင်းငါးထောင် နီးပါး စစ်ပွဲတွင် ကျဆုံးဒဏ်ရာ ရပြီး ဂျပန်ဖက်တွင် စစ်သားနှင့် အမှုထမ်း ငါးထောင်နီးပါး ဆုံးရှုံးမှု ရှိသည်။ ဆိုးတာက နှစ်ဖက် တင်းမာမှု ပြီးဆုံးမသွားဘဲ ဒုတိယကဗာစစ်၏ တစိတ်တပိုင်း ဖြစ်သော ဒုတိယ တရုတ် – ဂျပန် စစ်ပွဲ ၁၉၃ရခုနှစ်တွင် ဆက်လက်ဖြစ်ပွားသည်။ ။။။။
ပဋိပက်ခ ကာလ
၁၉ရာစုနှစ် ဒုတိယပိုင်းတွင် အမေရိကန် ရေတပ်ဗိုလ်ချုပ် မက်သယူး ပယ်ရီ ပြင်ပကဗာနှင့် မဆက်ဆံ အထီးကျန် ပိတ်ဆို့နေထိုင်သော တိုကူဂါဝါ ဂျပန်နိုင်ငံအား အင်အားသုံး ဖွင့်လှစ်ခဲ့သည်။ ရှိုဂန် နယ်စား အုပ်ချုပ်မှု အဆုံးသတ်ခဲ့ရပြီး ၁၈၆၈ မေဂျီဘုရင်၏ ခေတ်မှီပြုပြင်ပြောင်းလဲရေးကာလ ဂျပန် ကျော်ဖြတ်နိုင်ခဲ့ကာ အလျင်အမြန် ခေတ်မှီတိုးတက် စစ်အင်အားကြီး တနိုင်ငံ မရည်ရွယ်ဘဲ ဖြစ်လာသည်။ ။။။။
ထိုအချိန်တွင် အရှေ့အာရှ အစဉ်အလာ အင်အားကြီး ကွင်တရုတ်နိုင်ငံမှာ စစ်တပ် နှင့် အုပ်ချုပ်ရေးစနစ်ကို ခေတ်မှီတည်ဆောက်ရန် ပျက်ကွက်သဖြင့် အနောက် အင်အားကြီးနိုင်ငံများအား ဘိန်းစစ်ပွဲ နှစ်ပွဲတွင် ရှုံးနိမ့်သည်။ ဒေသတွင်း အင်အားအကြီးဆုံးမို့ ရာစုနှစ်များစွာ ကိုရီးယား၊ ဗီယက်နမ် ကဲ့သို့ အိမ်နီးခြင်း လက်ဝေခံ နိုင်ငံများ၏ ရိုကျိုးလိုက်နာမှုကို ခံယူခဲ့ရပြီး ရံဖန်ရံခါ ဂျပန် ပင်ပါသည်။ ။။။။
အင်္ဂလိပ် နှင့် ပြင်သစ်တို့ သူ့ အားနဲချက်ကို ဖေါ်လိုက်တာမို့ တရုတ် အရှက်ကွဲ သိပ်ခါကျပြီး ၁၉ ရာစုနှစ် ကုန်ခါနီးတွင် ဂျပန်က ထိုအားနဲချက်ကို အမြတ်ထုတ်ရန် အားထုတ်သည်။ ။။။။
ဂျပန် ရည်မှန်းချက်မှာ ဓါးဦးချွန်ဟု စစ်ရေးကျွမ်းကျင်သူများ ယုံကြည်သည့် ကိုရီးယားကျွန်းဆွယ် သိမ်းပိုက်ရန်ဖြစ်သည်။ ကိုရီးယားမှာ တရုတ် နှင့် ဂျပန် ဘတပြန် ကျားတပြန် တလှည့်စီ ကျူးကျော်ရန်စသည့်အခါ ဖြစ်နေကျ စစ်တလင်း ဖြစ်သည်။ ဥပမာအားဖြင့် ကူဗလိုင်ခန် ဂျပန်အား ၁၂၇၄ နှင် ၁၂၈၁ တွင် ကျူးကျော်ရန်စပြီး မင်တရုတ်ပြည်ကို တိုယိုတိုမီ ဟိုင်ဒီယိုရှီ ၁၅၉၂ နှင့် ၁၅၉ရ တွင် သိမ်းပိုက်ရန် ကြိုးစားဖူးသည်။ ။။။။
ပထမ တရုတ် – ဂျပန် စစ်ပွဲ
ရာစုနှစ်များစွာ ကိုရီးယားကို ဗိုလ်ကျစိုးမိုးခွင့် ရှိထားပြီးနောက် ဂျပန် နှင့် တရုတ်၁၈၉၄ ဇူလိုင် ၂၈ အာဆန် တိုက်ပွဲမှစတင်ကာ ချက်ခြင်း ရန်သူဖြစ်ကုန်သည်။ ဇူလိုင် ၂၃၊ ဆိုးလ်ကို ဂျပန်တို့ ဝင်ရောက်ပြီး ဘုရင် ဂိုဂျောင် Joseon King Gojong အားထိန်းသိမ်းကာ တရုတ်လက်မှ လွတ်မြောက်ခြင်း အမှတ်အသား အဖြစ် ဂွမ်မူကိုရီးယား အင်ပါယာဘွဲ့ ပြောင်းလဲ ခံစေသည်။ ငါးရက်အကြာတွင် အာဆန်၌ တိုက်ခိုက်မှုများ စတင်သည်။ ။။။။
ပထမ တရုတ် – ဂျပန် စစ်ပွဲ အများစုမှာ ရေကြောင်းတိုက်ပွဲ ဖြစ်ပြီး တရုတ်ဘုရင်မ ဒေါင်ဝါဂါ စီဇီ (Empress Dowager Cixi) မှ တရုတ်ရေတပ် ခေတ်မှီရေး သုံးရမည့်ငွေများကို ပေကျင်းရှိ နွေရာသီနန်းတော် ပြန်လည်တည်ဆောက်ရာ၌ သုံးခဲ့ရွေ့ နောက်ကျနေသော ပြိုင်ဖက်တရုတ်အား ဂျပန်ရေတပ် အသာဆီးရခဲ့ကြောင်း သတင်းများတွင်ဆိုသည်။ ။။။။
တရုတ် မြို့စောင့်တပ်အတွက် ထောက်ပို့လမ်းကြောင်းများကို အာဆန်တွင် ဂျပန်တို့ ရေတပ်ဖြင့် ဖြတ်တောက် ဟန်တားပြီး ဂျပန် နှင့် ကိုရီးယား စစ်တပ်တို့ အင်အား ၃၅၀ဝရှိ တရုတ်တပ်အား ဇူလိုင် ၂၈တွင် ဝင်ရောက်စီးနင်းရာ တရုတ်ငါးရာ ကျဆုံး၊ ကျန်လူများစွာ အဖမ်းခံရအပြီး နှစ်ဖက်စလုံးမှ စစ်ဖြစ်ကြောင်း ဩဂုတ် ၁ တွင် တရားဝင် ကြေငြာသည်။ ။။။။
လွတ်မြောက်သွားသော တရုတ်တပ်များ မြောက်ပိုင်းမြို့တော် ပြုံယမ်းသို့ ဆုတ်ခွာပြီး ကတုတ်ကျင်းတူးကာ ကွင်ဘုရင် စစ်ကူတပ်စောင့်နေသောကြောင့် ပြုံယမ်းရှိ တရုတ်မြို့စောင့်တပ်ဦးရေ ၁၅၀၀ဝ နီးပါးရှိလာသည်။ ၁၈၉၄ စက်တင်ဘာ ၁၅ မနက်အစောပိုင်းတွင် အမှောင်ထု အကာကွယ်ယူရွေ့ မြို့ကို ဂျပန်တို့ ဝိုင်းကာ နေရာပေါင်းစုံမှ တပြိုင်နက် ထိုးစစ်ဆင်သည်။ ၂၄နာရီကြာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပြီးနောက် ပြုံယမ်းကို ဂျပန်တို့ ရသွားကာ တရုတ် ၂၀၀ဝ သေ၊ ၄၀၀ဝ ဒဏ်ရာရ (သို့) ပျောက်ဆုံးပြီး ဂျပန်ဘုရင့်တပ်မှ ၅၆၈ဦး ဒဏ်ရာရ၊ သေ (သို့) ပျောက်ဆုံးခဲ့ကြောင်း မှတ်တမ်းရှိသည်။ ။။။။
ပြုံယမ်းကျပြီးနောက် ။။။။ ။။။။။
ယာလူးမြစ် တိုက်ပွဲတွင် ရေတပ် အရေးနိမ့်သည့်အပြင် ပြုံယမ်းပါ ဆုံးရှုံးသဖြင့် ကိုရီးယားမှ တရုတ် ဆုတ်ခွာရန် ဆုံးဖြတ်ပြီး နယ်စပ်တွင် အခိုင်အမာပြုသည်။ ၁၈၉၄ အောက်တိုဘာ ၂၄၊ ယာလူးမြစ်အား ဂျပန်တို့ တံတားထိုး ဖြတ်ကာ မန်ချူးရီးယာားထဲ ချီတက်ဝင်ရေက်သည်။ တချိန်ထဲတွင် ပေကျင်းနှင့် မြောက်ကိုရီးယား အကြား ပင်လယ်ဝါထဲ ငေါထွက်နေသည့် အချက်အခြာကျ လ ျှူဒေါင် ကျွန်းဆွယ်သို့ ဂျပန်ရေတပ် ကမ်းတက်ထိုးသည်။ မကြာခင် တရုတ်မြို့များဖြစ်သော Mukden, Xiuyan, Talienwan နှင့် Lushunkou ( Porn Arthur ပို့အာသာ) တို့အား ဂျပန်တို့ သိမ်းပိုက်သည်။ နိုဝင်ဘာ၂၁ အစတွင် လက်နက်မဲ့ တရုတ်အရပ်သား ထောင်ပေါင်းများစွာ အသတ်ခံရမည့် ရာဇဝင်တွင်သည့် ပို့အာသာ လူသတ်ပွဲ ဖြစ်ရာ လူရွှန်းကူမြို့အား ဂျပန်တပ်များ ဒလကြမ်း စီးနင်းသိမ်းပိုက်ခဲ့သည်။ ။။။။
အရေးနိမ့်သွားသော ကွင်ရေတပ်အုပ်စုဟာ ဝေဟိုင်ဝေမြို့ ဆိပ်ကမ်း ခံတပ်သို့ ပြန်ဆုတ်ခွာခဲ့သဖြင့် လုံခြုံစိတ်ချပြီ ထင်မှတ်စရာ ဖြစ်ခဲ့သည်။ သို့သော် မြို့အား ဇန်နဝါရီ ၂ဝ ၁၈၉၅ တွင် ဂျပန်ကြည်းတပ်၊ ရေတပ် ဝိုင်းထားမိသည်။ ဝေဟိုင်းဝေကို ဖေဖေါ်ဝါရီ ၁၂ အထိ ထိန်းထားနိုင်ပြီး မတ်လတွင် ရင်ကူ၊ မန်ချုးရီးယား နှင့် ထိုင်ဝမ်အနီး Pescadores ကျွန်းများ တရုတ် လက်လွတ်ရသည်။ ဧပြီတွင် ဂျပန်တပ်များ ပေကျင်းသို့ ချီတက်လာပြီကို ကွင်အစိုးရ နားလည်သဘောပေါက်သည်။ တရုတ်တို့ ငြိမ်းချမ်းရေး ကမ်းလှမ်းရန် ဆုံးဖြတ်လိုက်သည်။ ။။။။။
ရှီမိုနိုဆီကိုင်း စာချုပ်
၁၈၉၅ ဧပြီ ၁၇၊ တရုတ် – ဂျပန် စစ်ပွဲ အဆုံးသတ်သည့် ရှီမိုနိုဆီကိုင်းစာချုပ်ကို ကွင်တရုတ် နှင့် မီဂျီဂျပန် လက်မှတ်ထိုးသည်။ ကိုရီးယားတွင် တရုတ်၏ ဩဇာသက်ရောက်မှု အားလုံးကို ဖျက်သိမ်းရကာ ဂျပန် အစောင့်ရှောက်ခံ နယ်မြေအဖြစ် ၁၉၁ဝခုနှစ် အထိ ဆက်တိုက် သဘောတူ ပေးရခဲ့ရသည်။ ထိုင်ဝမ်၊ ပန်ဂူကျွန်းများ နှင့် လ ျှူဒေါင် ပင်နီဆူလာ ကျွန်းဆွယ်များကိုလည်း ဂျပန်တို့ ရရှိသည်။ ။။။။
နယ်မြေများ သိမ်းပိုက်ရရှိသည့်အပြင် စစ်လျော်ကြေး ငွေတုံး သန်းနှစ်ရာကိုလည်း တရုတ်ထံမှ ဂျပန် ရရှိသည်။ ယာလူးမြစ်ဆီသို့ ဂျပန်သင်္ဘောများ ဝင်ခွင့်ပြုခြင်း၊ တရုတ်ပိုင် ဆိပ်ကမ်းများတွင် ဂျပန် ကုန်ထုတ်လုပ်ခွင့် ပြုခြင်း၊ ဂျပန်ကုန်သင်္ဘောများအား နောက်ထပ် တရုတ်ပိုင် ဆိပ်ကမ်းလေးခု ဖွင့်ပေးခြင်း အပါအဝင် အထူး ကုန်သွယ်မှု အခွင့်အရေးများ ဂျပန်ကို တရုတ် လိုက်လျောရသည်။ ။။။။
ရှီမိုနိုဆီကိုင်း စာခုျပ်ရေးထိုးအပြီးတွင် မေဂျီဘုရင့်ဂျပန်နိုင်ငံ အလ ျှင်အမြန် နိုးထလာမှုကို သတိပြုမိသော ဥရောပအင်အားကြီး နိုင်ငံသုံးနိုင်ငံမှ ဝင်ရောက်စွက်ဖက်သည်။ ရုရှားတို့ လုယူထားသော လ ျှှူဒေါင် ကျွန်းဆွယ် ဂျပန်တိို့ သိမ်းပိုက်ခြင်းကို ရုှား၊ ဂျာမနီ၊ ပြင်သစ်တို့ အပြင်းအထန် ကန့်ကွက်သည်။ အင်အားကြီး သုံးနိုင်ငံမှ ဂျပန်အား ဖိအားပေးရွေ့ ငွေတုံးသန်း၃ဝနှင့် လဲလှယ်ရွေ့ လ ျှူဒေါင်ကို ရုရှားအား ပြန်ပေးခိုင်းသည်။ အောင်ပွဲယစ်မူးနေသော ဂျပန်စစ်ခေါင်းဆောင်များ ဥရောပနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုကို အနိုင်ကျင့် အရှက်ခွဲခြင်းဟု ယူဆကြပြီး ယင်းမှ ၁၉၀၄ – ဝ၅ ရုရှား – ဂျပန်စစ်မီး တောက်လောင်ရန် လေပင့်ပေးခဲ့သည်။ ။။။။
တရုတ်သဗုံ အော်ကွေ့ကျီ ကြေးမုံဂျီး၏ဘဲ ဆာမူရိုင်း တန်ပူရာကြောင်
မူရင်း။ ။။ https://www.thoughtco.com/first-sino-japanese-war-1894-95-195784
3 comments
ဦးကြောင်ကြီး
October 7, 2017 at 9:20 am
မူရင်း။ ။။။ The First Sino-Japanese War
China’s Qing Dynasty Surrenders Korea to Meiji Japan
by Kallie Szczepanski
Updated July 16, 2017
From August 1, 1894, to April 17, 1895, the Qing Dynasty of China fought against the Meiji Japanese Empire over who should control late Joseon-era Korea, ending in a decisive Japanese victory. As a result, Japan added the Korean Peninsula to its sphere of influences and gained Formosa (Taiwan), the Penghu Island, and the Liaodong Peninsula outright.
However, this did not come without loss. Approximately 35,000 Chinese soldiers were killed or wounded in the battle while Japan only lost 5,000 of its fighters and service people.
Worse yet, this would not be the end of tensions — the Second Sino-Japanese War started in 1937, part of the first actions of World War II.
An Era of Conflict
In the second half of the 19th century, the American Commodore Matthew Perry forced open ultra-traditional and secluded Tokugawa Japan. As an indirect result, the power of the shoguns ended and Japan went through the 1868 Meiji Restoration, with the island nation quickly modernizing and militarizing as a result.
Meanwhile, the traditional heavy-weight champion of East Asia, Qing China, failed to update its own military and bureaucracy, losing two Opium Wars to the western powers. As the preeminent power in the region, China had for centuries enjoyed a measure of control over neighboring tributary states, including Joseon Korea, Vietnam, and even sometimes Japan. However, China’s humiliation by the British and French exposed its weakness, and as the 19th century drew to a close, Japan decided to exploit this opening.
Japan’s goal was to seize the Korean Peninsula, which military thinkers considered a “dagger pointed at the heart of Japan.” Certainly, Korea had been the staging ground for earlier invasions by both China and Japan against one another — for example, Kublai Khan’s invasions of Japan in 1274 and 1281 or Toyotomi Hideyoshi’s attempts to invade Ming China via Korea in 1592 and 1597.
The First Sino-Japanese War
After a couple of decades of jockeying for position over Korea, Japan and China began outright hostilities on July 28, 1894, at the Battle of Asan. On July 23, the Japanese entered Seoul and seized the Joseon King Gojong, who was retitled the Gwangmu Emperor of Korea to emphasize his new independence from China. Five days later, fighting began at Asan.
Much of the First Sino-Japanese War was fought at sea, where the Japanese navy had an advantage over its antiquated Chinese counterpart, mostly due to the Empress Dowager Cixi reportedly siphoned off some of the funds meant to update the Chinese navy in order to rebuild the Summer Palace in Beijing.
In any case, Japan cut the Chinese supply lines for its garrison at Asan by a naval blockade, then Japanese and Korean land troops overran the 3,500-strong Chinese force on July 28, killing 500 of them and capturing the rest — the two sides officially declared war on August 1.
Surviving Chinese forces retreated to the northern city of Pyongyang and dug in while the Qing government sent reinforcements, bringing the total Chinese garrison at Pyongyang to about 15,000 troops.
Under cover of darkness, the Japanese encircled the city early in the morning of September 15, 1894, and launched a simultaneous attack from all directions.
After approximately 24 hours of stiff fighting, the Japanese took Pyongyang, leaving around 2,000 Chinese dead and 4,000 injured or missing while the Japanese Imperial Army only reported 568 men injured, dead, or missing.
After the Fall of Pyongyang
With the loss of Pyongyang, plus a naval defeat in the Battle of Yalu River, China decided to withdraw from Korea and fortify its border. On October 24, 1894, the Japanese built bridges across the Yalu River and marched into Manchuria.
Meanwhile, Japan’s navy landed troops on the strategic Liaodong Peninsula, which juts out into the Yellow Sea between North Korea and Beijing. Japan soon seized the Chinese cities of Mukden, Xiuyan, Talienwan, and Lushunkou (Port Arthur). Beginning on November 21, Japanese troops rampaged through Lushunkou in the infamous Port Arthur Massacre, killing thousands of unarmed Chinese civilians.
The outclassed Qing fleet retreated to supposed safety at the fortified harbor of Weihaiwei. However, the Japanese land and sea forces laid siege to the city on January 20, 1895. Weihaiwei held out until February 12, and in March, China lost Yingkou, Manchuria, and the Pescadores Islands near Taiwan. By April, the Qing government realized that Japanese forces were approaching Beijing. The Chinese decided to sue for peace.
The Treaty of Shimonoseki
On April 17, 1895, Qing China and Meiji Japan signed the Treaty of Shimonoseki, which ended the First Sino-Japanese War. China relinquished all claims to influence over Korea, which became a Japanese protectorate until it was annexed outright in 1910. Japan also took control of Taiwan, the Penghu Islands, and the Liaodong Peninsula.
In addition to the territorial gains, Japan received war reparations of 200 million taels of silver from China. The Qing government also had to grant Japan trade favors, including permission for Japanese ships to sail up the Yangtze River, manufacturing grants for Japanese companies to operate in Chinese treaty ports, and the opening of four additional treaty ports to Japanese trading vessels.
Alarmed by the quick rise of Meiji Japan, three of the European powers intervened after the Treaty of Shimonoseki was signed. Russia, Germany, and France particularly objected to Japan’s seizure of the Liaodong Peninsula, which Russia also coveted. The three powers pressured Japan into relinquishing the peninsula to Russia, in exchange for an addition 30 million taels of silver. Japan’s victorious military leaders saw this European intervention as a humiliating slight, which helped spark the Russo-Japanese War of 1904 to 1905.
ဦးကျောက်ခဲ
October 7, 2017 at 6:03 pm
တရုတ် ဂျပန် ကိုရီးယား စစ်ပွဲတွေက အများသားမို့ အကုန်မမှတ်မိဘူး …
မှတ်မိတာ ကတော့ “ဆန်တပြည် ချီးပါ” နဲ့ “ဟင်နရီ စဏ္ဍာလ” တို့ရဲ့ …
“Shogun’s Ninja” နဲ့ “The Bushido Blade” ဓာတ်ရှင်တွေပဲ …
အဲဒါတွေကြည့်ပြီး ပွဲဈေးတန်းကဓားနဲ့ သိုင်းစွမ်းပြခဲ့တာ … :k:
Note:
“ဆန်တပြည် ချီးပါ” = Sonny Chiba
“ဟင်နရီ စဏ္ဍာလ” = Henry (Hiroyuki) Sanada
ကွင်ကြောင်ဏှာဂျီး ကမ႓ာ့သမိုင်းဝင် စစ်ပွဲတွေဘက် လှည့်သွားပြီဂိုး …
သာဒု … သာဒု … သာဒု … :k:
သင့်အေးရိပ်
October 8, 2017 at 12:41 pm
ပြုံယမ်းစစ်ပွဲအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်ကားကို
တုံယမ်းစားပြီး ကြည့်ရင် သင့် မသင့် ကောင်းမကောင်း စဉ်းစားသွားပါကြောင်း