မဟုတ်တရုတ် နှင့် အဟုတ်မြန်တြံ့ စစ်ပွဲ (၁၇၆၅ – ၆၉)

တရုတ်နိုင်ငံ ကွင်မင်းဆက် အင်ပါယာ ဘုရင် ကွင်လောင် (Qianlong) မှာ ပုန်ကန်ထကြွမှု များစွာကို နှိမ်နင်းအောင်မြင်ပြီး တရုတ် နယ်နမိတ် ချဲ့ထွင်ခဲ့သူဖြစ်သည်။ လူမျိုးတုံး သတ်ဖြတ်မှု ဆိုလောက်အောင် နယ်ချဲ့သိမ်းပိုက်ရန် လူများစွာအား ရက်ရက်စက်စက် သတ်ဖြတ်သဖြင့် သူ့အကြောင်း ငြင်းခုံ ပြောဆိုနေဆဲ ဖြစ်သည်။ လွယ်လင့်တကူ အောင်ပွဲခံမည် ထင်မှတ်ရွေ့ မြန်မာနယ်စပ် ယူနန် အခြေစိုက် ကျောက်စိမ်းရောင် တပ်မတော်အား အရိုင်းအစိုင်း မြန်မာတွေကို တိုက်ခိုက်ရန် စေလွှတ်သည်။ နောက်ပိုင်း ပဋိပက်ခ စစ်ပွဲများကြောင့် တရုတ်စစ်သား ခုနှစ်သောင်းကျော် အသက်ဆုံးရှုံးပြီး ကွင်မင်းဆက် ဆင်နွှဲခဲ့သမျထဲ အထိနာဆုံး ရှေ့တန်းစစ်မြေပြင် အမည်တွင်သည်။ ။။။။
ကျောက်စိမ်း တပ်မတော်မှာ တရုတ် ကွင်နိုင်ငံ စစ်တပ်၏ အဓိက လက်ရွေးစင် ပင်မတပ် ဖြစ်သည်။ ဆင်းရဲကြပ်တည်းမှု နှင့် မိသားစု စားဝတ်နေရေးကြောင့် စစ်ထဲဝင်ကြပြီး တရုတ်ပင်မ လူ့အသိုင်းအဝန်းတွင် ခွဲခြားနှိမ်ချ ခံရသည့် ဟန်တရုတ်အနွယ် အောက်ခြေလူတန်းစားများ အမာခံထား ကနဦးတွင် ဖွဲ့စည်းခဲ့သည်။ များသောအားဖြင့် သူတို့အား သူပုန်သူကန် နှိမ်နှင်းရန်၊ ကင်းလှည့်ရန် ရဲအင်အားစုအဖြစ် ခိုင်းစေသည်။ ။။။။
ဆီယမ် (ယိုးဒယားရှမ်း ထင်တယ်) ကျူးကျော်မှုတွင် မြန်မာပြည် ပါဝင်ပက်သက်မှုမှာ ကျူးကျော်သိမ်းပိုက်ရန် အချိန်ကောင်းဟု ကွင်ဘုရင် ရှုမြင်သောကြောင့် အမတ် လ ျူဇောင် (Liu Zao) က ဗမာကုန်သည်များ နှင့် ဒေသခံ တရုတ်တို့ အကြား ကုန်သွယ်ရေး အငြင်းပွားမှု အသေးအမွှားလေးများကို ကျူးကျော်တိုက်ခိုက်ရန် အပြစ်ရှာသည်။ ။။။။။
ပထမ ကျူးကျော်စစ်
၁၇၆၅ ပထမ ကျူးကောျ်မှုမှာ ၁၇၆၅ တွင်ဖြစ်သည်။ တရုတ်တို့ ကောင်းတုံ ကို ဝိုင်းပတ် ပိတ်ဆို့သော်လည်း မအောင်မြင်ဖြစ် ဖရိုဖရဲ ဆုတ်ခွာ အရေးနိမ့်သည်။ အမတ်လ ျူ အရှက်တကွဲ အကျိုးနဲဖြစ်ပြီး “ဧကရာဇ်မင်းကြီး ကျေးဇူး ပြန်ဆပ် အခြားနည်းမရှိပါ၊ ကျွန်တော်မျိုး ပြုသော ရာဇဝတ်မှု နှင့် သေရန် ထိုက်တန်ပါသည်။” စာရေး အကြောင်းကြားရင်း သူ့လည်ပင်း သူလှီး သတ်သေသည်။ ။။။။
ဒုတိယ ကျူးကျော်စစ်
ဒေါသအမျက် ချောင်းချောင်းထွက်သော ကွင်ဘုရင်က ဝါရင့်အမတ် ယန်ရင်ဂျူ (Yang Yingiu) အား မြန်မာပြည်ကို ဒုတိယံမိ ကျူးကျော်တိုက်ခိုက်ရန် ၁၇၆၆ တွင် တာဝန်ပေးသည်။ ဝမ်းဖေါဝမ်းရောင်၊ ငှက်ဖျားဒဏ်ကြောင့် နာလံမထူအောင် တပ်ပျက်နေတဲ့ ယန်၏တပ်မှာ ချုံခိုတိုက်ခံရရွေ့ အီတကြိမ်တွင်လဲ အကြီးအကျယ် ရှုံးနိမ့်ပြန်သည်။ လူတထောင်ပါ စစ်ကြောင်းတကြောင်းတွင် ရှစ်ရာ ရောဂါကြောင့် သေကုန်ပြီး နောက်ထပ်တရာမှာ ဖျားနာနေသည်။ ။။။
ယန်ကို ပေကျင်းသို့ ပြန်လာခိုင်းပြီး ရောက်ရောက်ခြင်း ကိုယ့်ကိုယ်ကို အဆုံးစီရင် ခိုင်းသည်။ ကျောက်စိမ်း တပ်မတော် အသုံးမကျမှုကို အပြစ်တင်ရွေ့ ဘုရင်မှ မင်ရီ (Ming Rui) အား မြန်မာပြည် ကျူးကျော်ရန် တာဝန်ပေးသည်။ ဒီတခါတော့ နာမည်ကြီး အောင်လံရှစ်ခု တပ်မတော်မှလာသော မန်ချူး အလံကိုင်စစ်သားများနှင့် လက်ရွေးစင်တပ်ဖွဲ့သည်။ ။။။
တတိယ ကျူးကျော်စစ်
စစ်မျက်နှာ နှစ်ဖက်ဖွင့်ကာ ညှပ်ပူးညှပ်ပိတ်တိုက် အနိုင်ယူရန် မင် ကြံသော်လည်း မြောက်ဖက်ချီတပ်မှာ ကျိုင်းတုံ ခံတပ်အရောက် ရန်သူ ဆီးကြိုတိုက်ခိုက်ပြီး အကျအဆုံးများစွာဖြင့် ယူနန်သို့ ပြန်ဆုတ်ခွာပြီး သူလည်း ကွပ်မျက်ခံခဲ့ရသည်။ မင်လက်အောက်ရှိ တောင်ပိုင်းတပ်မှာ သူ့တဝက် အင်အားရှိသော ရန်သူစစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်သည်။ အခြေအနေကို ထိန်းရန် ဗမာဘုရင် ဆင်ဖြူရှင်၏ ယိုးဒယားရောက် တပ်များ ပြန်ခေါ်ရွေ့ မင်းရီစစ်ကြောင်းကို တားဆီးဟန့်တားသည်။ ထောက်ပို့ စခန်းနှင့် တရုတ်တပ် အလွန် ဝေးကွာနေပြီး ထောက်ပံ့ရေးလမ်းကြောင်းများမှာ တိ ံကြားမင်းခေါင် ဦးစီးသော မြန်မာပျောက်ကျားတပ် တိုက်ခိုက်မှု ခံရသည်။ ။။။။။
မြောက်ဖက်ချီတပ်မှာလဲ အရေးးနိမ့်၊ သူ့တပ်မှာလဲ ငှက်ဖျားရောဂါ နှင့် အတွေ့အကြုံရင့် မြန်မာစစ်တပ်ကြောင့် အထိနာနေသဖြင့် ယူနန်သို့ မင်းရီ ဆုတ်ခွာရန် ကြိုးစားသည်။ သူ နှင့် သူ့တပ်အား မြန်မာစစ်ကြောင်း နှစ်ခုမှ ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်ရာ ၃ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် တရုတ်စစ်တပ် ချေမှုန်းခံရပြီး မသေသူများ အဖမ်းခံရသည်။ မင်းရီမှာ ထွက်ပြေးလွတ်မြောက်နိုင်သော်လည်း သစ်ပင်တွင် ကြိုးဆွဲချ သတ်သေသည်။ ။။။။

ကျူးကြော်တလုပ် ပူးဆော်တုပ်

။။။။။။   မေမြိုု့တိုက်ပွဲ (https://en.wikipedia.org/wiki/Sino-Burmese_War_(1765%E2%80%9369) မှ ကောက်နှုတ်သည်။)

၁၇၆၈ မတ်လ၊ စတင်ဆုတ်ခွာနေသော မင်းရီတပ်အား စစ်သားတသောင်း နှင့် မြင်းတပ်ဖွဲ့ နှစ်ထောင်ပါ မြန်မာတပ်မှ လိုက်လံ တိုက်ခိုက်သည်။ တရုတ်တို့အား နှစ်ပိုင်းပိုင်းရွေ့ ဝိုင်းထားရန် မြန်မာတို့ ကြိုးစားသည်။ မဟာစည်သူထံမှ စစ်သေနာပတိ ရာထူး မဟာသီဟသူရ လွှဲပြောင်းယူသည်။ အင်အားနည်းသောတပ်ကို မဟာစည်သူ ဦးဆောင်ကာ မင်းရီတပ်အား ဆက်တိုက်ပြီး မဟာသီဟသူရ ဦးစီးသည့် အင်အားပိုကြီးသောတပ်က တောတောင်ထူထပ်သော လမ်းခရီး ချီတက်ဖြတ်ကျော်ကာ တရုတ်တို့ နောက်ကြောမှ တိုက်ရိုက် ထိုးဖေါက်တိုက်ခိုက်သည်။ စေ့စပ်သေချာစွာ စစ်ကစားပြီး တရုတ်တို့အား အင်းဝ အရှေ့မြောက်ဖက် မိုင်ငါးဆယ်လောက် အကွာ ယနေ့ခေတ် ပြင်ဦးလွင် (ခ) မေမြို့ အရောက်တွင် လုံးဝ ဝိုင်းပတ်မိသည်။ သုံးရက်ကြာ သွေးချောင်းစီးတိုက်ပွဲတွင် တရုတ် အလံကိုင်တပ် စိစိညက်ညက်ကျေ ထုထောင်းခံရသည်။ သတ်ဖြတ်မှုများ ဆိုးရွားပြင်းထန်လှကား ရန်သူ့သွေးများ ဓါးလက်ကိုင်တွင် စေးကပ်နေရွေ့ မြန်မာတို့ ဓါးကို မလွတ်အောင် ခက်ခက်ခဲခဲ ဆုပ်ကိုင်ထားနေရသည်အထိ ဖြစ်သည်။ အစက လူ၃၀၀၀ဝပါ ပင်မတပ်တွင် ၂၅၀ဝ သာ အသက်ရှင်ကျန် ဖမ်းဆီးခံရသည်။ ကျန်လူများမှာ စစ်ပွဲတွင် အသတ်ခံရ၊ ကူးစက်ရောဂါနှင့် (သို့) လက်နက်ချပြီးနောက် ကွပ်မျက်ခံရခြင်း တခုမဟုတ် တခုဖြင့် သေဆုံးသည်။ မင်းရီ ကိုယ်တိုင်လည်း တိုက်ပွဲမှ ပြင်းထန်စွာ ဒဏ်ရာ ရသည်။ လူအနည်းငယ်သာ သတ်ဖြတ်ပွဲမှ ရုန်းထွက် လွတ်မြောက်နိုင်ခဲ့ကြသည်။ မင်းရီလည်း ထိုအုပ်စုနှင့်အတူ ထွက်ပြေးလွတ်မြောက်နိုင်ပါသည်။ ထိုအစား  သူ့ကျစ်ဆံမြီး ဖြတ်ရွေ့ သစ်စာစောင့်သိမှု အမှတ်အသားအဖြစ် လွတ်မြောက်သူများနှင့် ဘုရင်ထံ ပို့ခဲ့သည်။ ထို့နောက် သူ့ကိုယ်သူ သစ်ပင်တွင် ဆွဲကြိုးချသေသည်။ အဆုံးတွင် ပင်မတပ်မှ လူ ဒါဇင် အနဲငယ်သာ ပြန်လာနိုင်ခဲ့သည်။ ။။။။။။။
စတုတ်ထ ကျူးကျော်စစ်
အရှက်ကွဲရင်း ကွဲနေတဲ့ ဘုရင်က စစ်ပွဲအဆုံးသတ်ဖို့ အနိုင်တိုက်ရန်ကလွဲ အခြားနည်းလမ်း မရှိ စိတ်ပိုင်းဖြတ်ထားသည်။ မင်းရီ ဦးလေး ဖူဟန် (Fuheng) ကို နောက်တကြိမ် ကျူးကျော်ရန် ရွေးချယ်သည်။ ယိုးဒယားမှာ အကျိုးစီးပွား ရှိနေတဲ့ မြန်မာဖက်၏ သံခင်းတမန်ခင်းသုံး ဖြေရှင်း ကမ်းလှမ်းချက်ကို တရုတ်တို့ ငြင်းပယ်သည်။ မြန်မာတို့က ယိုးဒယားမှာ ထားတဲ့စစ်တပ်ကို တရုတ်နယ်စပ်အနီး ပြောင်းရွှေ့နေရာချရလို့ ဗမာ လက်ထဲ ဆုံးရှုံးခဲ့တဲ နယ်မြေများအား ယိုးဒယားတို့ ပြန်ရရှိသွားသည်။ ။။။။
ဖူဟန်က စစ်ကြောင်း သုံးခုခွဲတိုက်ရန် ဆုံးဖြတ်ရာ တခုမှာ နောက်ချန်နေရွေ့ ထောက်ပို့လမ်းကြောင်းများ ကာကွယ်ရန် နှင့် ကျန်နှစ်ခုမှာ ရေတပ် အကူအညီယူ ချီတက်မည် ဖြစ်သည်။ မြန်မာတို့ကလည်း ရေတပ်အုပ်စုဖွဲ့ထာပြီး နယ်စပ်တွင် ရန်သူများအား စောင့်ကြိုတိုက်ခြင်း၊ တရုတ် ထောက်ပို့လမ်းကြောင်းများအား ဖြတ်တောက်ခြင်း တို့ကို စစ်တပ်သုံးဖွဲ့ ခွဲပြုလုပ်သည်။ တရုတ်တပ် ဗန်းမော်မြို့ သိမ်းပိုက်ပေမဲ့ ၎င်းတို့ အသစ်ဆောက်ထားသော စစ်လှေများ မြန်မာတို့ထံ ဆုံးရှုံးကာ ပင်ပန်းဖျျားနာပြီး နောက်ပိုင်းတွင် လုံးလုံးလျားလျား အဝိုင်းခံရသည်။ ။။။။။
မြန်မာစစ်သူကြီး မဟာသီဟသူရက “ငြိမ်းချမ်းရေး မလုပ်နိုင်လျင် နောက်တခါ လာတိုက်ဦးမှာပဲ၊ ငါတို့နိုင်လဲ နောက်တခါ လာလိမ့်ဦးမယ်။ ငါတို့မှာ အခြား လုပ်စရာတွေ ရှိသေးတယ်၊ တရုတ်တွေရဲ့ တခါပြီး တခါ လာတိုက်တိုင်း ပြန်ချနေရတာ ငါတို့နိုင်ငံအတွက် မကောင်းဘူး။ သတ်ဖြတ်မှုတွေ ရပ်ကြပါစို့၊ သူတို့လူတွေနဲ့ ငါ့တို့လူတွေ ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ နေထိုင်ကြပါစို့။” (ဟီ ဟိ အနိုင်နဲ့ပိုင်းတာ)
ခက်ခက်ခဲခဲ ကြိုးစားလို့ ငြိမ်းချမ်းရေး ရခဲ့ပေမဲ့ ကွင် နဲ့ မြန်မာ နှစ်ဖက်စလုံး ယူနန် နယ်စပ်တကြောမှာ ခံတပ်၊ စစ်တပ်များ ဆက်ထားကြသည်။ မြန်မာ နှင့် တရုတ် ၁၇၉ဝ ခုနှစ် သံတမန် ပြန်ဆက်သွယ်တော့ ကွင်ဘုရင်ဖက်မှ မြန်မာတို့၏ အညံ့ခံအဖြစ် အောင်ပွဲခံကြောင်း တဖက်သက် ကြေငြာသည်။ ။။။။။
ရေမြေတောတောင် ရာသီဥတု အကျွမ်းတဝင် ရှိမှုကို အကောင်းဆုံး အားသာချက်အဖြစ် အသုံးချပြီး သူ့ထက်အင်အား အလွန်ပိုကြီးသော ရန်သူအား ရင်ဆိုင်ရဲ၊ ရင်ဆိုင်နိုင်စွမ်းရှိကြောင်း မြန်မာစစ်တပ် သက်သေပြခဲ့သည်။ ။။။။။
နယ်ချဲ့ကွင်တရုတ် ကြေးမုံဂျီးဘဲ တရုတ်မခြစ်သူ ဗမာဘုရင် ကြောင်ဖြူရှင် *>:P phbbbbt

2 comments

  • ဦးကြောင်ကြီး

    October 16, 2017 at 10:22 am

    The Sino-Burmese War, 1765–69Suggested by: geoffinitelyill, idciyd The Emperor of Qing Dynasty China, Qianlong, was a successful military leader who suppressed many rebellions and expanded the borders of China. Conquering and massacring many people…
    The Sino-Burmese War, 1765–69

    Suggested by: geoffinitelyill, idciyd

    The Emperor of Qing Dynasty China, Qianlong, was a successful military leader who suppressed many rebellions and expanded the borders of China. Conquering and massacring many people along the way to the point of genocide, he remains a controversial topic.

    He then set his eyes towards Burma, believing it be an easy victory against a “barbarian” people he sent the Green Standard Army which was based in Yunnan (which borders Burma). The following conflicts claimed the lives of over 70,000 Chinese soldiers and is often referred to as the “most disastrous frontier war that the Qing Dynasty had ever waged”.

    Burma and China prior to the war (1765)

    [The Green Standard Army was the core of Qing China’s military. The majority of its early ethnic makeup was of Han Chinese descent, voluntarily enlisted men from the lower classes who, because of their poverty and inability to sustain and support a family, were separated and shunned from the core of the Chinese society. Most commonly they were used as a policing force which would often put down rebellions and keep order.]

    As Burma was involved in an invasion of Siam, the Qing saw this as an opportune time to invade Burma so Minister Liu Zao used a few minor trade disputes between Burmese merchants and local Chinese as the excuse to invade.

    The Qianlong Emperor in Armor on Horseback,
    by Italian Jesuit Giuseppe Castiglione (1688–1766 AD).

    First Invasion

    The first invasion was in 1765, the Chinese laid siege on the Burmese city of Kengtung but the siege was lifted, and the Chinese were then chased off and defeated. In embarrassment, Liu sliced his throat and while dying he wrote “There is no way to pay back the emperor’s favor. I deserve death with my crime”.

    Chinese soldier of Emperor Qianlong, by William Alexander, 1793.

    Second Invasion

    The enraged Emperor appointed an experienced officer, Yang Yingju, with the duty of leading their second invasion of Burma in 1766. This one also ended in a disastrous defeat as Yang’s forces were ambushed after already losing most of their men to cholera, malaria and dysentery: “800 out of 1000 soldiers in one garrison had died of disease, and that another hundred were ill”.

    Yang was ordered to return to Beijing and upon arriving there he was ordered by the Emperor himself to commit suicide. Blaming their losses on the ineffectiveness of the Green Standard Army, the Emperor now appointed Ming Rui with the task of invading Burma. This time the army would consist of an elite force known as the Manchu Bannermen, which were part of a greater military grouping known as the Eight Banners.

    Third Invasion

    Main battle routes of the third invasion (1767-1768)

    Ming planned a two pronged attack that would end with a pincer attack but his northern army met the enemy at the Kaungton fort and was held there until their eventual retreat back to Yunan under heavy losses (in which he was executed). Meanwhile the southern pincer under Ming Rui, clashed with an army half their size which they routed.

    In response, the Burmese king Hsinbyushin recalled armies that were in Siam and Ming Rui’s progress had been hampered. His army was too far from their supply base and their supply lines were being attacked by Teingya Minkhaung and his guerrilla army.

    Manchu Imperial Gaurdsmen

    With his northern army retreating, his army suffering heavily losses from malaria and experienced Burmese armies returning from Siam, Ming Rui began his retreat back to Yunnan. Two Burmese armies in pursuit encircled him and his army, after 3 days of fighting Ming Rui’s army was destroyed while the rest were captured. Severely wounded, Ming Rui could’ve escaped but he decided to instead hang himself from a tree.

    4th Invasion

    Military Minister Fuheng

    Embarrassed, there was no way in the Emperor’s mind that they could end this war in anything else but a victory. Next he set Ming Rui’s uncle, Fuheng, to lead in the next invasion of Burma. Despite Burma’s offerings for a diplomatic end (because of their business in Siam), the Chinese refused. Burma now redeployed the forces that were in Siam close to their border with China and as a result Siam had retaken the lands they lost to Burma.

    Qing flotilla

    Fuheng decided on a three pronged invasion, one in which his supply lines would remain secured and two of the three armies would have naval support. The Burmese formed three armies which would meet the enemy at the borders and another to cut off Chinese supply lines, they also built a flotilla of warships. The Chinese armies took Bhamo and afterwards lost their newly built flotilla of warships to the Burmese, they fell ill and were later completely encircled.

    A Burmese war-boat on the Irrawaddy River

    “Comrades, unless we make peace, yet another invasion will come. And when we have defeated it, yet another will come. Our nation cannot go on just repelling invasion after invasion of the Chinese for we have other things to do. Let us stop the slaughter, and let their people and our people live in peace.”

    An uneasy peace was established but the Qing and Burma kept forts and heavy military presences along the border areas of Yunnan. When Burma and China resumed a diplomatic relationship in 1790, the Qing unilaterally viewed the act as Burmese submission, and ‘claimed’ victory.

    Chinese military post c. 1796

    The Burmese military proved that they were able and willing to take on a far superior enemy, using their familiarity with the terrain and the weather to their maximum advantage. The Battle of Maymyo is now a military case study of infantry fighting against a larger army.

    Battle of Maymyo

    In March 1768, Ming Rui began his retreat, pursued by a Burmese army of 10,000 men and 2000 cavalry. The Burmese then tried to encircle the Chinese by splitting the army into two. Maha Thiha Thura had now assumed the overall command, replacing Maha Sithu. The smaller army, led by Maha Sithu, continued to pursue Ming Rui while the larger army led by Maha Thiha Thura advanced through the mountainous route to emerge directly behind the Chinese. Through careful maneuvering, the Burmese managed to achieve complete encirclement of the Chinese at modern-day Pyinoolwin (Maymyo), about 50 miles northeast of Ava. Over the course of three days of bloody fighting, the Bannerman army was completely annihilated. The slaughter was such that the Burmese could hardly grip their swords as the hilts were slippery with enemy blood.[35] Of the original 30,000 men of the main army, only 2500 remained alive and were captured. The rest had been killed either on the battlefield, through disease or through execution after their surrender.[5] Ming Rui himself was severely wounded in battle. Only a small group managed to break through and escaped the carnage. Ming Rui himself could have escaped with that group. Instead, he cut off his queue and sent it to the emperor as a token of his loyalty by those who were escaping. He then hanged himself on a tree.[32] In the end, only a few dozen of the main army returned.[27]

  • Thint Aye Yeik

    October 20, 2017 at 12:50 pm

    အခု ဗမာ့တပ်မတော်ကတော့
    လက်သံကတော့ ပြောင်နေတာပဲ
    ဒါမယ့် ပြည်တွင်းစစ်အတွင်းသာ….
    :k:

Leave a Reply