တရုတ်ကူမြူနစ်ပါတီ အထွေထွေအတွင်းရေးမှုး ကျောက်ကျိယန်၏ လျှို့ဝှက်မှတ်တမ်း
ကျောက်ကျိယန်၏ လ ျှို့ဝှက်မှတ်တမ်း စာအုပ်ကို တိန်အင်န်မင်ရင်ပြင် လူသတ်ပွဲ အနှစ်၂ဝ ပြည့် နှစ်ပတ်လည် မတိုင်ခင် ထုတ်ဝေလိုက်သည်။ (၂၀၀၉ခုနှစ်က) နိုင်ငံတော် အကျဉ်းသား စာအုပ်မှ ကောက်နှုတ်တင်ပြချင်တာ …..
တိန်အင်န်မင်ရင်ပြင် ဖြိုခွင်းမှုကို သူဆန့်ကျင်ပြီးနောက် ဖြုတ်ထုတ်သတ် လုပ်ခံရ သော တရုတ်ကူမြူနစ်ပါတီ အထွေထွေအတွင်းရေးမှုး ကျောက်ကျိယန် ကြုံတွေ့ရသည့် နောက်ဆက်တွဲ အကျိုးဆက်များ ….. …..
ကျောင်းသား ဆန်ဒပြပွဲအပေါ် ခိုင်မာစွာ ရပ်တည်ခဲ့တဲ့ ကျနော့်အမြင် နဲ့ အင်အားသုံး ဖြိုခွဲရေး ဆုံးဖြတ်ချက်ကို လက်ခံရန် ငြင်းပယ်ခဲ့လို့ ဘယ်လို အကျိုးဆက် ရရှိမည်၊ ဘယ်လို ပြုမူဆက်ဆံ ခံရလိမ့်မည်ကို သိပြီးသားပါ။ ကိုယ့်အမြင်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားလျင် အဆုံးမှာ ရာထူး အထုတ်ပယ်ခံရဖို့ စိတ်ပိုင်းဆိုင်ရာ ပြတ်ပြတ်သားသား ပြင်ဆင်ထားခဲ့သည်။ ကိုယ့်ရာထူး ကိုယ်မက်နေလျင် (သို့မဟုတ်) မျက်နှာ မပျက်ရဘဲ အိနြေရရ နှုတ်ထွက်လိုလျင် ကိုယ့်အမြင်ကို စွန့်လွှတ်ကာ သူတို့ပြောစကား လိုက်နာလိုက်ယုံပါပဲ။ မိမိ ယုံကြည်ရာ မစွန့်လွှတ် ဆိုလျင်တော့ ရာထူးမှ ဆင်းဖို့ ပြင်ထားရပေလိမ့်မည်။ ။။။။။။
( ၁၉၈၉ခုနှစ် တိန်အင်န်မင်ရင်ပြင် ဆန ်ဒပြပွဲတွင် ကျောင်းသားများဖက်မှ ရပ်တည်သော ကျောက်ကျိယန်) ……..
ကျောက်ကျိယန် က သူ့ရပ်တည်ချက်ကို တိရှောက်ပိန်အား ရှင်းပြခြင်း ….. ….
မျက်နှာခြင်းဆိုင်တွေ့ပြီး ကျနော့်အမြင်ကို တိန် အား တဦးခြင်း ပြောပြတာကလွဲလို့ အခြားရွေးစရာလမ်း မရှိခဲ့ဘူး။ တိန်နဲ့ တဦးခြင်း တွေ့ဖို့ ပန်ကြားမှုကို တိန်က သူ့အိမ်မှာပဲ နိုင်ငံရေး ဦးဆောင်ကော်မတီ အစည်းအဝေး လူစုံတက်ခိုင်းကြောင်း သိတဲ့အခါ အခြေအနေ သိပ်ဆိုးနေပြီလို့ ကျနော် သိလိုက်တယ်။ ။။။။။
ကျနော့်အမြင်ကို အကြမ်းအားဖြင့် ဒီလို ပြောခဲ့တယ် “ကျောင်းသား ဆန်ဒပြပွဲ အခြေအနေ ပိုဆိုးလာပြီး အလွန်အမင်း စိုးရိမ်ဖွယ် ကြီးထွားလာနေသည်။ ကျောင်းသး၊ ဆရာ၊ ဂျာနယ်လစ်၊ ပညာတတ် နဲ့ အစိုးရဝန်ထမ်း အချို့ပင် လမ်းပေါ်ထွက် ကန့်ကွက်ကုန်ပြီ။ ဒီနေ့ဆို လူပေါင်း သုံးသိန်း ကနေ လေးသိန်း နီးပါးရှိမည်။ မြောက်များလှစွာသော အလုပ်သမား၊ လယ်သမားများကလည်း ဂရုဏာ သက်နေကြသည်။ အကျင့်ပျက် ခြစားမှု၊ အစိုးရ ပွင့်လင်းမြင်သာ မရှှိုမှုတို့လို အရေးကြီးတဲ့ ပြသနာများအပြင် အစာငတ်ခံ ဆန်ဒပြ ကျောင်းသားတွေကို ကယ်တင်ရန် တခုမ ျှ အားမထုတ်ဘဲ ပါတီနဲ့ အစိုးရရဲ့ သွေးအေး စိမ်းကားစွာ မျက်ကွယ်ပြု နေနိုင်ခြင်းအပေါ် ဖြေရှင်းပေးရေး လိုလားချက်မှာ မတူကွဲပြားခြားနားသော အုပ်စုများရဲ့ ဆုံချက်မောင်းနှင်အား ဖြစ်သည်။ အစာငတ်ခံ သပိတ်မှောက်မှု ဆက်ဖြစ်လို့ သေဆုံးမှုအချို့ ရှိလာလျင် မီးတောက်ကို ဓါတ်ဆီလောင်းသလို ဖြစ်မည်။ အကယ်ရွေ့ လူအုပ်နှင့် ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်း ပြုလျင် အခြေအန ပေါက်ကွဲထွက်ပြီး ထိန်းချုပ်နိုင်မှု အလုံးစုံ ကင်းမဲ့သွားနိုင်သည်။” အဲလိုတင်ပြနေစဉ်မှာပဲ တိန်မျက်နှာဝယ် လွန်စွာ စိတ်ပျက်မှု၊ အလိုမကျမှုများ မြင်နေရသည်။ စကားဆုံးတော့ အပြီးသတ် ဆုံးဖြတ်ချက်ကို တိန် ချသည်။ သူက ” အခြေအနေ ထိန်းမနိုင်သိမ်းမရ မဖြစ်အောင် နောက်ပြန်ဆုတ်ဖို့ လမ်းမရှိလို့ စစ်တပ်ကို ပေကျင်းမြို့တော်ထဲ ပို့ပြီး စစ်အုပ်ချုပ်ရေး ကြေငြာရန် ဆုံးဖြတ်ခဲ့သည်”။ ။။။။။
တိန်အင်န်မင် လူသတ်ပွဲ နဲ့ ကျောက်ကျိယန် ….. …..
“ဇွန် ၃ ညဖက် မိသားစုနဲ့ နောက်ဖေး ကွက်လပ်မှာ ထိုင်နေတုံး ဆူညံလှသော သေနတ်သံများ ကြားရတယ်။ ကဗာကို တုန်လုပ်စေမည့် ကြေကွဲဝမ်းနည်းစရာ အဖြစ်ဆိုး ရှောင်လွှဲမရ ဖြစ်လေပြီ”။ ။။။။။။
ကျောက်ကျိယန် အဖြုတ်ခံရခြင်း ….. ….
ဆန့်ကျင် စွန့်ပစ်ထားတာ ကြာပြီဖြစ်တဲ့ ယဉ်ကျေးမှု တော်လှန်ရေး ပုံစံ နည်းဗျူဟာ ပြန်သုံးပြီး ကျနော့်ကို နှိပ်ကွပ်ကြတယ်။ သတင်းစာ ဆောင်းပါးတွေထဲ ပုဂိုလ်ရေး တိုက်ခိုက်၊ ကျနော့်ကို ရန်သူအဖြစ် ပုံဖေါ်ရေးတဲ့ နည်းလမ်းတွေပေါ့။ ဇွန် ၄ နောက်ပိုင်း ၁၂ ကြိမ်မြောက် ပါတီ ကွန်ဂရက်မှာ ချမှတ်တဲ့ ယဉ်ကျေးမှု တော်လှန်ရေး ဘယ်တော့မှ နောက်တခါ မဖြစ်ပွားရန် တားဆီးရေး မူဝါဒကို သူတို့ အတိအလင်း မျက်ကွယ်ပြု ချိုးဖေါက်ပြီး ယဉ်ကျေးမှု တော်လှန်ရေး လက်ဝဲ အစွန်းရောက်နည်း ပြန်ကျင့်သုံးပြီး ကျနော့်အပေါ် ဆက်ဆံပြုမူခဲ့တယ်။ အဲလိုမျိုး လုပ်မယ်လို့ ကျနော် ထင်မထားခဲ့ဘူး “။ ။။။။။
အနောက်ကဗာ နဲ့ ကျောက်ကျိယန် …… …..
“ရှင်သန်အောင်မြင်ဖို့ လက်တွေ့ သရုပ်ပြနိုင်တာ အနောက်တိုင်း ပါလီမန် လွှတ်တော် ဒီမိုကရေစီ စနစ်ပါပဲ။ မျက်မှာက်ခေတ်မှာတော့ ရနိုင်တဲ့အထဲ သူအကောင်းဆုံး ဖြစ်သည်။ ခေတ်မှီ လူ့အဖွဲ့အစည်း လိုလားချက် နဲ့ ဒီမိုကရေစီ လွတ်လပ်ခွင့် ကို လွယ်ကူရှင်းလင်းစွာ သက်သေပြနိုင်သည်။ နိုင်ငံ တိုးတက်ချင်လျင် ဈေးကွက် စီးပွာရေး ကျင့်သုံးရုံတင်မက ပါလီမန် ဒီမိုကရေစီကို နိုင်ငံရေး စနစ်သို့ ပြောင်းလဲရမည် ဖြစ်သည်။ အဲလိုမှ မဟုတ်လျင် နိုင်ငံသည် ခေတ်မှီ သန်စွမ်းသော ဈေးကွက် စီးပွားရေး ရနိုင်မည် မဟုတ် (သို့မဟုတ်) တရားဥပဒေ လေးစားလိုက်နာသော ခေတ်မှီ လူအဖွဲ့အစည်း ဖြစ်လာနိုင်မည် မဟုတ်ချေ။ ။။။။။
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု နှင့် ကျောက်ကျိယန် …….. …
“အဲလို ပန်းတိုင်ကို ကျနော်တို့ မသွားလျင် ချို့တဲ့ဆင်းရဲသော ဈေးကွက်၊ အာဏာ အလွဲသုံးစားမှု၊ ထိန်းမနိုင် သိမ်းမရ လူမှုရေး ဖေါက်ပြန် ခြစားမှု၊ ဆင်းရဲ ချမ်းသာ ကွာဟမှုများလို မူမမှန်သော အခြေအနေများအား ဖြေရှင်းရန် မဖြစ်နိုင်ဘူး။ ဒါမှ မဟုတ်လဲ တရားဥပဒေ စိုးမိုးရေး ဘယ်တော့မှ အကောင်အထည် ပေါ်လာမည် မဟုတ်ချေ”။ ။။။။။
“အကယ်လို့ နောက်ဆုံး ရည်မှန်းချက် ပန်းတိုက်မှာ ပါလီမန် ဒီမိုကရေစီ ဆိုလျင် အာဏာရ ပါတီသည် တော်လှန်ရေး နှစ်ရပ်ကို ဆင်နွှဲ အောင်မြင်ရမည်။ ပထမမှာ အခြား နိုင်ငံရေး ပါတီများ ဖွဲ့ခွင့်ပြုပြီး စာနယ်ဇင်း လွတ်လပ်ခွင့် တည်ရှိခွင့် ပေးရေး ဖြစ်သည်။ ဒုတိယ တော်လှန်ရေးမှာ ပါတီတွင်း လွတ်လပ်ခွင့် ဒီမိုကရေစီ ရှိရေး တနည်းအားဖြင့် ပါတီအား ပြင်ဆင်မွမ်းမံရန် ကိုယ်တိုင် ဒီမိုကရက်တစ် လုပ်ငန်းစဉ် နှင့် ဒီမိုကရက်တစ် နည်းနာ နိသယများကို လက်ခံ ကျင့်သုံးရန် လိုအပ်သည်။ ကွဲပြား ခြားနားသော အတွေးအမြင်များ တည်ရှိမှု လက်ခံရမှာဖြစ်ပြီး သဘော မတူညီသော ပါတီတွင်း ဂိုဏ်းဂဏ အုပ်စုကွဲများကို တရားဝင် အသိအမှတ်ပြုရပေမည်။”
တရုတ်ကူမြူနစ်ကြေးမုံဂျီး (ခ) အီကြာကွေး ဘဲ တရုတ်မမုံးသူ ဗကပကြောင်ကြီး
http://www.telegraph.co.uk/news/worldnews/asia/china/5325047/Extract-Prisoner-of-the-State-The-secret-Journal-of-Zhao-Ziyang.html
2 comments
ဦးကြောင်ကြီး
December 3, 2017 at 2:12 am
Here are extracts from Prisoner of the State: The secret Journal of Zhao Ziyang which were released ahead of the 20th anniversary of the Tiananmen Square mass
Zhao Ziyang on the consequences of his opposition to the Tiananmen Square crackdown:
“By insisting on my view of the student demonstrations and refusing to accept the decision to crack down with force, I knew what the consequences would be and what treatment I would receive. Mentally, I was fully prepared, I knew that if I persistently upheld my view, I would ultimately be compelled to step down. If I wanted to keep my position, or give up my post in some face-saving way, I would have to give up my viewpoint and conform. If I persisted, then I had to be prepared to step down.”
Zhao Ziyang on explaining his opposition to Deng Xiaoping:
“I had no other choice but to express my views to Deng personally, in a face-to-face meeting. Since I had asked for a personal meeting with Deng, only to have Deng call for a full Standing Committee meeting at his home, I realised that things had already taken a bad turn.
“I expressed my views roughly as follows: ‘The situation with the student demonstrations has worsened, and has grown extremely grave. Students, teachers, journalists, scholars and even some government staff have taken to the streets in protest. Today there were approximately 300,000 to 400,000 people. Quite a large number of workers and peasants are also sympathetic. Quite a large number of workers and peasants are also sympathetic. Besides the hot issues of corruption and government transparency, the main impetus for all these different social groups is that they want an explanation for how the Party and the government can be so coldhearted in the face of hunger-striking students, doing nothing to try to save them… If the hunger strike continues and some people die, it will be like gasoline poured over a flame. If we take a confrontational stance with the masses, a dangerous situation could ensue in which we lose complete control.’
“While I was expressing my view, Deng appeared very impatient and displeased.
“In the end, Deng Xiaoping made the final decision. He said: ‘Since there is no way to back down without the situation spiralling completely out of control, the decision is to move troops into Beijing and impose martial law’.”
Zhao Ziyang on the Tiananmen massacre:
“On the night of June 3, while sitting in the courtyard with my family, I heard intense gunfire. A tragedy to shock the world had not been averted, and was happening after all.”
Zhao Ziyang on being purged:
“Cultural Revolution-style tactics that had been condemned and abandoned long ago were taken up to be used against me. These tactics included inundating the newspapers with critical articles making me out to be an enemy, and casual disregard of my personal freedoms.
“After June 4, they entirely disregarded these rules [drawn up at the 12th Party Congress to prevent the Cultural Revolution from ever occurring again] in their treatment of me, instead openly violating them and reassuming the ultra-left tactics of the Cultural Revolution. This was something I had not anticipated.”
Zhao Ziyang on the West:
“It is the Western parliamentary democratic system that has demonstrated the most vitality. This system is currently the best one available. It is able to manifest the spirit of democracy and meet the demands of a modern society.
“If a country wishes to modernise, not only should it implement a market economy, it must also adopt a parliamentary democracy as its political system. Otherwise, this nation will not be able to have a market economy that is healthy and modern, nor can it become a modern society with a rule of law.”
Zhao Ziyang on political reform:
“If we don’t move toward this goal, it will be impossible to resolve the abnormal conditions in China’s market economy: issues such as an unhealthy market, profiting from power, rampant social corruption and a widening gap between rich and poor. Nor will the rule of law ever materialise.
“If the final destination is a parliamentary democracy, the ruling Party must achieve two breakthroughs. One is to allow other political parties and a free press to exist. This can happen gradually, but it must be pursued. The second breakthrough is having democracy within the Party: that is, the Party needs to adopt democratic procedures and use democratic means to reform itself … Different opinions must be allowed to exist, and different factions should be made legitimate.”
Thint Aye Yeik
December 8, 2017 at 12:30 pm
တရုတ်မကို မုန်းတယ်သာဆိုတယ်။
တရုတ်နံ့ ထွက်နေတဲ့ ပိုစ့်တွေချည်း….တင်နေတယ်။
:k: