ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး
တက္ကသိုလ်ရိပ်သာလမ်းပေါ်က
အမေစု အိမ်ရှေ့ဟာ အရင်လို ပြန်ဖြစ်သွားပြန်ပါပြီ။
အရင်လိုဆိုတာက
ဟိုရူးကြောင်းမူးကြောင်
ရူးသယောင်ယောင် ဆောင်ထားတဲ့လူက အမေစုအိမ်ကို မီးရှို့ဖို့ ကြံတဲ့အမှု မဖြစ်ခင်ကလို။
ခြံထဲ ဓါတ်ဆီပုလင်းနဲ့ ဗုံးဖောက်ခွဲဖို့ လုပ်ကြံတဲ့ ဖြစ်ရပ်အပြီး နောက်နေ့တွေတုန်းက အမေစု ခြံရှေ့ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်လို့တောင် မရအောင် သံဆူးကြီးတွေ ပိတ်ကာ ထားတာ မြင်ခဲ့ရပါတယ်။
အခုတော့ အဲ့ သံဆူးကြိုးတွေ မရှိတော့ဘူး။ ဖယ်လိုက်ပြီ။ အရင်လိုပဲ အမေစုအိမ်ရှေ့ ခြံစည်းရိုးရှေ့ကနေ နီးနီးကပ်ကပ် လမ်းလျှောက်ကြ. . .
ဓါတ်ပုံတွေ ရိုက်ကြနဲ့ ပုံမှန် ပြန်ဖြစ်သွားပါပြီ။
တကယ်တော့ ခြံရှေ့ ပလက်ဖောင်းကို သံဆူးကြိုးပဲ ချချ၊ လျှပ်စစ်ပဲ လွှတ်လွှတ်၊ ကုန်ကုန်ပြောရရင် တက္ကသိုလ်ရိပ်သာလမ်းကြီးပဲ ဖြတ်သန်းသွားလာခွင့် မရအောင် ပိတ်ထားပါစေအုန်း။
တကယ် စိုးရိမ်ရမှာ/ စောင့်ရှောက်ကာကွယ်ရမှာက နေပြည်တော်မှာ နေ့တိုင်းလိုလို ရှိနေတဲ့ အမေစုရဲ့ အသက်နဲ့ခန္ဓာပါ။
နေ့စဉ် လူပုဂ္ဂိုလ်ပေါင်းစုံနဲ့
တွေ့ဆုံနေရပြီး မကြာခဏလိုလို
နိုင်ငံပေါင်းစုံကို လှည့်ပတ်သွားလာနေရတဲ့ အမေစုကိုယ်တိုင် လုံခြုံမှုရှိဖို့ဟာ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ထက် ပိုအရေးကြီးနေတာပါ။
ပြည်သူတွေနဲ့ လူတွေကို ယုံကြည်ပြီး သူများအပေါ် မေတ္တာ မပျက်တဲ့ အမေစု။ သူ့ကို မုန်းနေတဲ့သူတွေရှိရာကိုတောင် မေတ္တာဓါတ်နဲ့ ရဲရဲကြီး တိုးဝင် သွားလာရဲနေတဲ့ အမေစုဟာ ငြိမ်းချမ်းရေးနည်းနဲ့ နိုင်ငံရေးလောကမှာ ကျင်လည်နေတာကို ကျနော်တို့ အားပေးရမှာ ဖြစ်ပေမယ့်. . .
လုံခြုံရေး တင်းကျပ်မထားဘဲ
သွားလာ လှုပ်ရှားနေတဲ့
အမေစုကို မြင်တိုင်း. . . /
လုံခြုံရေးစည်းထဲကနေ
ကျွံထွက်ပြီး လူထုကြားထဲထိ
ရောက်နေတတ်တဲ့
အမေစုကို မြင်တိုင်း
အမေစုအစား စိုးရိမ်မိပါတယ်။
အမေစုရဲ့ တန်ဖိုးကို မသိတဲ့
မိုက်ရူးရဲတွေ/ ယုတ်မာ ပက်စက်တဲ့ အကြံသမားတွေကိုလည်း မြင်နေရတော့ ပိုစိုးရိမ်ရပါတယ်။
တစ်ခုခု ယုတ်မာပြီးတိုင်း
ရူးချင်ယောင်ဆောင်သွားကြတာတွေ/ တရားမျှတမှု မရှိဘဲ ယောင်ဝါးဝါးဖြစ်သွားတဲ့ အမှုကြီးတွေကြောင့်လည်း မဖြစ်ခင်ကတည်းက ကြိုပြီး သတိရှိနေဖို့ အရေးကြီးပြီလို့ တွေးမိပါတယ်။
ဦးကိုနီကို လုပ်ကြံသွားတဲ့ အမှုဟာ သင်ခန်းစာပါ။
လူတစ်ယောက်ကို ကြက်ကလေး
ငှက်ကလေး သတ်သလို
သတ်ဖြတ်သွားပြီး . . .
တစ်နှစ်ကျော် ကြာတဲ့အထိ
ပြည်သူကျေနပ်တဲ့ တရားစီရင်မှုမျိုး
ဖြစ်မလာသေးတာကို မြင်ရတာဟာ သင်ခန်းစာပါ။
ဒီနိုင်ငံဟာ လူတော် လူကောင်းတွေကို သတ်ဖြတ် ရှင်းထုတ်ပစ်လေ့ရှိတာတွေ ခေတ်အဆက်ဆက် ခေတ်စားခဲ့တဲ့နိုင်ငံပါ။
အခု အမေစု အိမ်ရှေ့
ပလက်ဖောင်းပေါ်က
သံဆူးကြိုး အကာအရံတွေကို
ဖယ်ထုတ်လိုက်တာဟာလည်း
အမေစုက ဖယ်စေချင်လို့ပဲ ဖြစ်မှာပါ။
သူ့အိမ်ရှေ့က ပလက်ဖောင်းဟာ
ပြည်သူ ပိုင်တဲ့ လျှောက်လမ်း. . . .
ဆိုတာကို အသိအမှတ်ပြုပေးလိုက်တာလို့ပဲ တွေးမိပါတယ်။
အမေစုဟာ သူ့အိမ် လုံခြုံရေးကို
အကြောင်းပြပြီး လမ်းသွား/ လမ်းလာတွေ ပလက်ဖောင်းပေါ်ကနေ
(မောင်းနေတဲ့ ကားတွေရှိရာ)လမ်းမပေါ် ဆင်းလျှောက်နေကြတာကို
ကြည့်နေနိုင်မှာ မဟုတ်။
ဒါကြောင့်လည်း ဖယ်ပစ်လိုက်တာလို့ ထင်ပါတယ်။
ဒါပေမဲ့. . .
လက်နက် မကိုင်ဘဲ မေတ္တာနဲ့
သစ္စာကို ကိုင်စွဲပြီး
တိုင်းပြည်ကောင်းစားရေးအတွက်
ကိုယ်ကျိုးစွန့် ကြိုးစားပေးနေတဲ့
ငြိမ်းချမ်းရေးခေါင်းဆောင်တစ်ယောက်နေအိမ်ဟာ မလုံခြုံတော့ဘဲ
သံဆူးကြိုးအထပ်ထပ်နဲ့ . . .
လုပ်ကြံမယ့်သူတွေ
ကျားချောင်း ချောင်းနေတာကို
ကာကွယ်နေရတယ် ဆိုကတည်းက ဘယ်လိုမှ မြင်မကောင်းတော့ပါဘူး။
ပြည်သူတွေကို ဒုက္ခတွေ ပေးခဲ့တဲ့
ကိုယ်ကျိုးသမားတစ်ယောက်ရဲ့
အိမ်က ကြောက်နေရတယ်ဆိုတာကမှ ယုတိ္တရှိပါသေးတယ်။
အခုလို တန်ဖိုး မသိတဲ့
မလိုတမာသူ
လူယုတ်မာတချို့ကြောင့်
တန်ဖိုးရှိတဲ့ သူတော်ကောင်း
အမျိုးသမီးတစ်ယောက် အိမ်ဟာ
လုပ်ကြံဖျက်ဆီးခံရမှာ ကြောက်နေရတာ ရာဇဝင်ရိုင်းလှပါတယ်။
အမေစုရဲ့ တန်ဖိုးကို
မသိသူများအနေနဲ့
ကိုယ် အသိဉာဏ်အဆင့်အတန်း
နိမ့်ခဲ့တာတွေ/
အမေစုအပေါ်
ယုတ်မာခဲ့တာတွေကို
လည်ပြန်ကြည့်ပြီး . . .
အမေစု ပြည်သူအတွက်
ကိုယ်ကျိုးမငဲ့ဘဲ အနစ်နာခံထားတွေ၊ အသက်အရွယ်နဲ့မမျှ ပင်ပန်းကြီးစွာ ခေါင်းခံ ဖြေရှင်းနေရတာတွေနဲ့
ယှဉ်ကြည့်စေချင်ပါတယ်။
တန်ဖိုးမဲ့တဲ့သူနဲ့ တန်ဖိုးရှိတဲ့သူ. . .
ဘာတွေ ကွာခြားသလဲဆိုတာ
ကိုယ်တိုင် သိသွားရင် . . .
အမေစုလို
အမျိုးသမီးတစ်ယောက်ဟာ. . .
ဘယ်လောက် အရေးကြီးလို့
ဘယ်လို စောင့်ရှောက်/ကာကွယ်ပေးသင့်တယ်ဆိုတာ သိနိုင်မှာပါ။
အမေစုက သူ့အသက်နဲ့
ဘဝတစ်ခုလုံးကို
တိုင်းပြည်အတွက်
ပေးဆပ်ထားပြီးသားမို့
သူ့ကို မုန်းတဲ့သူတွေ ရန်ရှာမှာကို
ဂရုမစိုက်/မတုန့်ပြန်ဘူးဆိုပေမဲ့
ကျနော်တို့က စိုးရိမ်စွာ စောင့်ရှောက်ပေးနေရမှာပါပဲ။
အခုလို
အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ/ ဖျက်လိုဖျက်ဆီး လုပ်ကြံ တိုက်ခိုက်တာတွေ ခံရချိန်မှာတောင်
အမေစု အိမ်ဟာ ဓမ္မစေတီလမ်းပေါ်က စင်္ကာပူသံရုံးလောက် လုံခြုံမှု
မရှိတာ မြင်ရတော့ အမေစုရဲ့ လုံခြုံရေးအခြေအနေဟာ Alarm ပေးခံနေရသလိုပါပဲ။
တိုင်းပြည်ရဲ့ မရှိမဖြစ်
ရတနာတစ်ပါး နေတဲ့အိမ်ဟာ
(တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာပဲ
ရှိနေတဲ့) US Embassy လောက်တော့ လုံခြုံရေး တင်းကျပ်မှု ရှိသင့်/
ရှိထိုက်တယ်လို့ ထင်မိပါတယ်။
နေအိမ်တင်မက. . .
အမေစု ကိုယ်တိုင် သွားလေရာ
လာလေရာမှာလည်း အခုထက်မက ပိုပြီး စောင့်ရှောက်ကာကွယ်ပေးနေဖို့ လိုအပ်သေးတယ်လို့ မြင်မိပါကြောင်း။
#သင့်အေးရိပ်
၂၀၁၈၊ မတ်လ၊ ဝ၆ရက်။
photo= from google
မှန်တယ်…
Was this answer helpful?
LikeDislikeဝင်ရောက် ဖတ်ရှုသွားတဲ့အတွက် ကျေးဇူးပါ
အမေရိကားမှာတော့.. သမ္မတထရမ့်နေနေတဲ့.. အိမ်ဖြူတော်ထဲလူတွေပေးဝင်တယ်..။ လေ့လာရေးလည်းသွားလို့ရတယ်..။
ဆိုတော့..တမြန်နေ့ကတင်.. လူတယောက် အိမ်ဖြုရှေ့မှာ.. ကိုယ့်ကိုယ်ကိုယ်သေနတ်တဲ့သတ်သေပြပါရောလား..။
White House shooting: Man shoots and kills himself outside fence …
http://www.bbc.com/news/world-us-canada-43273830
3 days ago – Police outside the White House front lawn – 3 March 2018. A man has shot and killed himself outside the White House in Washington, the Secret Service says. It said the man approached the White House’s fence on Pennsylvania Avenue just before noon local time (17:00GMT) before taking out a handgun …
Was this answer helpful?
LikeDislikeသမ္တတ အိမ်တော်ထဲ မီးလောင်အောင် ဓါတ်ဆီပုလင်းနဲ့လုပ်တဲ့ ဗုံးတော့

ပစ်သွင်းလို့ မရဘူး မဟုတ်လား။ ပြီးတော့ အမေဒီးကားမှာ လုပ်ချင်ရာ လုပ်ပြီးရင်
ရူးနေလို့ပါဆိုပြီး အရူးကွက် နင်းတာတော့ လုပ်မရဘူးမဟုတ်လား။
ကိုရင့်ကြည့်ရတာ..ဒီလိုကိစ္စတွေ.. ကမ္ဘာမှာ..မြန်မာမှာပဲဖြစ်တယ်ဆိုပြီး.. မြန်မာတွေကို..တော်တော်”ထင်”နေတယ်နဲ့တူတယ်..။
၁။ တက္ကသိုလ်ရိပ်သာလမ်းအိမ်မှာ..ဒေါ်စုမနေ..။ သမ္မတအိမ်တော်လည်းမဟုတ်..။
၂။ ဒေါ်စုက သမ္မတလည်းမဟုတ်..။ သူဖာသူယူချင်လို့ယူထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံဖြစ်..။
၃။ အမေရိကားမှာ.. လင်ကွန်း၊ကနေဒီသမ္မတတွေက.. သေနတ်နဲ့အပစ်ခံရပြီးသေတာဖြစ်..။
ရောနယ်ရီဂင်ဆိုလည်း.. ဟော်တယ်အထွက်သေနတ်နဲ့ပစ်ခံရတာဖြစ်..။
၃။ ဖလောရီဒါပြည်မှာ.. အခုနောက်ဆုံးအထက်တန်းကျောင်းထဲဝင်ပစ်လို့..လူ၁ရယောက်သေသွားတဲ့အမူမှာ.. သေနတ်သမားဟာ.. အရူးလက်မှတ်ရထားပါတယ်လို့.. လက်ခံနိုင်အောင်..ရှေ့နေတွေက.. စာထုတ်ပြီးဖြစ်..။
ဆိုတော့..
အရင်ကတော့ ဒေါ်စုကိုတော်တော်ထင်ထားခဲ့တယ်..။
ခုတော့..သူ ၂နှစ်အုပ်ချုပ်တာစောင့်ကြည့်ပြီး.. သကာလ.. မင်ဒဲလားလောက်မပြောနဲ့.. ကိုရာဇမ်အာကွီနိုလောက်တောင် လုပ်နိုင်ပါမလားဆိုပြီး..
ဟတ်ချိုး..အဟမ်း.. ဘွတ်..။
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
တခုတော့ရှိတာပေါ့သူကြီးရယ် မင်ဒဲလားက လူညစ်လူယုတ်တွေနဲ့ တွဲလုပ်ခဲ့ရတာမဟုတ်ဘူးလေ ဒီမှာကရေရှည်စီမံကိန်းနဲ့ ညစ်ဘို့စီမံထားတဲ့လူတွေနဲ့လုပ်နေရတာ၊
Was this answer helpful?
LikeDislikeပြောပြလိုက်ပါ တဂျီးကို!
အကြိုက်ဆုံး မန့် ပဲ။
<3