Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် (၂၄) – ပါမောက္ခမျိုးကျော်မြင့်

kaiMarch 30, 20182min4202

ယခင်လက စတင်လေ့လာခဲ့ကြတဲ့ Prepositions လေးတွေအကြောင်းကို ဆက်လက်မှတ်သားကြရအောင်။ တလုံးတည်းမဟုတ်ဘဲ နှစ်ခု၊ သုံးခုတွဲပြီး သုံးရတဲ့ Prepositions လေးတွေကို ကြည့်ကြရအောင်။
ဥပမာ – in front of , in the front of, in back of, in the back of ဒီနေရာမှာ the လေးထည့်ပေးထားတာနဲ့ the မပါတာ ဘယ်လိုကွာခြားသလည်းဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။ အောက်ပါဝါကျလေးခု ကို
ကြည့်ပါ။
-the dog in front of the car
-the dog is in the front of the car
-the dog is in back of the car
-the dog is in the back of the car
ပထမဆုံးဝါကျမှာ in front of တို့သုံးထားသည့်အတွက် ခွေးလေးသည် ကားရဲ့ရှေ့မှာ ရောက်နေတယ်ပေါ့။ ကားမထွက်ခင် ဒီခွေးလေးထွက်ပြေးသွားအောင် ဟွန်းတီးလိုက်ပါအုံး။ သို့မဟုတ်ရင် ဒီခွေးလေးကိုတိုက်မိမှာစိုး ရတယ်နော်။ ဒုတိယဝါကျမှာတော့ in the front of ဆိုပြီး the လေးထည့်ပေးထားတော့၊ ခွေးလေးဟာကားရဲ့အရှေ့ဘက် မောင်းသူရဲ့ဘေးထိုင်ခုံမှာ ရှိနေပါတယ်။ seat belt လေးတပ်ပေးချင်ရင် ပေးလိုက်ပါ။ ဝင်တိုက်မိ မှာကိုတော့စိုးရိမ်စရာလုံးဝမလိုပါ။ အလားတူပါပဲ တတိယဝါကျလေးမှာ in back of လို့ သုံးထားတော့ ခွေးလေးဟာ ကားရဲ့အနောက်ဖက်မှာ ရှိနေပါတယ်။ သတိမထားဘဲ ကားထွက်မိရင် တက်ကြိတ်မိမှာစိုးရိမ်ရပါတယ်။
ဒီဝါကျကို in back of အစား behind နဲ့ ပြောင်းပြီးသုံးလို့လည်းရပါသေးတယ်။
ဥပမာ – The dog is behind the car
အဓိပ္ပါယ်ကတော့ အတူတူပါဘဲ။နောက်ဆုံးဝါကျလေးမှာကြတော့ in the back of ဆိုပြီး the လေးပါနေတော့ ခွေးလေးဟာကားရဲ့အနောက်ဖက်ထိုင်ခုံတွေပေါ်မှာရှိနေပါတယ်။သခင်က ရှေ့ကမောင်း ခွေးလေးကအနောက် ဖက်မှာထိုင်ပြီး လိုက်ပါမယ်ပေါ့။ ခွေးလေးဟာကားထဲမှာ ရှိနေတယ်ဆိုတော့ ဝင်တိုက်မိမှာ စိုးရိမ်စရာမလိုဘူးပေါ့။ အလားတူ on top of နဲ့ on the top of ဆိုတဲ့ စကားစုလေးတွေရဲ့ ကွာခြားချက်ကိုလည်းရှင်းပြပါရစေ။ ဖေါ် ပြပါဝါကျနှစ်ခုကို ကြည့်လိုက်ရင် ရှင်းလင်းသွားပါတယ်။
-John is on top of things. We have no need to worry
-The book is on the top of the shelf
ပထမဝါကျမှာ on top of ဟာ idiom လေးပါ။ အဓိပ္ပါယ်ကတော့ အားလုံးသိနေတယ်၊ အားလုံးလုပ်စရာတွေကို လုပ်ထားပြီးဖြစ်ပါပြီပေါ့နော်။ ဒါကြောင့်လည်း စိုးရိမ်စရာ၊ ပူပန်စရာမလိုပါလို့ ပြောထားခြင်းဖြစ်ပါတယ်။ဒုတိယ ဝါကျမှာတော့ the လေးပါနေတဲ့အတွက် ဤစကားစုလေးဟာ နေရာကို ဖော်ပြနေပါတယ်။ စာအုပ်ဟာ စင်ရဲ့အပေါ်ဆုံးမှာ ရှိနေတယ်ဆိုတဲ့ သဘောပေါ့ ။ နောက်ထပ်သိထားသင့်တဲ့ preposition လေးနှစ်ခုကတော့ Beside နဲ့ next to တို့ဖြစ်ပါတယ်။ တည်နေရာကို ဖော်ပြတဲ့နေရာမှာအသုံးများပါတယ်။
ဥပမာ – My house is right next to the police station.
My house is beside the police station.
လို့ ဆိုရင် မိမိရဲ့နေအိမ်ဟာ ရဲစခန်းနဲ့ကပ်ရက် ရှိနေတယ်ဆိုပါစို့။ အထူးသတိထားဖို့က beside မှာ “s” လေးထည့်မပေးမိလိုက်ဖို့ပါ။ ဘာကြောင့်လဲဆိုတော့ besides ဆိုတဲ့ ဝေါဟာရလေးဟာ Beside နဲ့လုံးဝအဓိပ္ပါယ်မတူပါ။ Besides ဆိုရင် in addition ဆိုတော့ အဓိပ္ပါယ်သက်ရောက်နေပါတယ်။ ဒီတော့ “I sit beside Jim” ဆိုတဲ့ ဝါကျလေးမှာ beside အစား besides လို့သုံးမိရင်ကောင်းကောင်းဒုက္ခ ရောက်ပြီပေါ့။ ဘာမဟုတ်တဲ့ “s” လေးကို မေ့ကျန်မိရင်၊ မလိုအပ်ဘဲထည့်မိရင် တော်တော်ကိုဒုက္ခ ရောက်တတ်လို့ သတိပြုမိကြပါစေ။ အရင်လက preposition တို့ကို နည်းနည်းလေးပြန်ပြီး review လုပ်ကြရအောင်။
ဥပမာ -in, at, on,
-I’m at San Jose airport.
-I’m in line at immigration.
-I’m still on the plane.
စသဖြင့် သုံးစွဲနိုင်ပါတယ်။ at က in တို့ on တို့လောက်မတိကျဘူးပေါ့နော်။ Airpot ဆို့တော့ တလောကမိတ်ဆွေ တစ်ယောက်ပြောပြတဲ့ အဖြစ်အပျက်လေးတစ်ခုကို သွားပြီးသတိရမိပါတယ်။ သူက ရန်ကုန် ပြန်ရောက်လာ တော့ လေဆိပ်မှာ ဒုက္ခတော်တော်ရောက်ရှာတယ်။ မယူသင့်တဲ ဆိတ်သားခြောက်တွေသယ်လာမိလို့ ပြဿနာကြုံရတယ်ပေါ့။ ဒီမှာ မြန်မာပြည်က အကျင့်ဆိုးတွေမပျောက်သေးတဲ့ ကိုရွှေမြန်မာနဲ့ အကောက်ခွန်ဌာနမှာ သွား ကြုံတော့ ပိုဆိုးသွားတယ်တဲ့။ စာရေးသူရဲ့ မိတ်ဆွေက ဒဏ်ငွေဆောင်ရတာ စိတ်မဆိုးပါဘူး။ ကိုယ်အမှားကြောင့်ကိုယ်ပေးရတာပဲ။ ဒါပေမဲ့ ဒီရွှေမြန်မာက နှစ်ပြားမတန်အောင် ဆူပူကြိမ်းမောင်းတာကိုတော့ လုံးဝမကြိုက်ဘူး ပေါ့။ ဟုတ်တယ်လေ။ us ဟာ မြန်မာပြည်မဟုတ်ပါ။ ဒီမှာ အစိုးရဝန်ထမ်းဆိုတာ public servant လို့ ခေါ်ပါတယ်။ ယဉ်ယဉ်ကျေးကျေးပြောရရင် ပြည်သူ့ဝန်ထမ်းပေါ့။ ခပ်ရိုင်းရိုင်းပြောရရင် ပြည်သူ့ကျေးကျွန်ပါဘဲ။ ထားပါ တော့လေ အသုံးများတဲ့ About နဲ့ around ဆိုတဲ့ preposition လေးကိုကြည့်ကြရအောင်။ တိတိကျကျမပြောနိုင်တဲ့အခါ သို့မဟုတ် မပြောလိုတဲ့အခါမှာ သုံးလေ့ရှိပါတယ်။
ဥပမာ -Let’s meet at about 3 p.m
-He has around 20 dollars
ပထမဝါကျမှာ မနက်ဖြန်သုံးနာရီ ပတ်ဝန်းကျင်မှာ တွေ့ကြမယ်ပေါ့။ ဒုတိယဝါကျမှာကြတော့ သူမှာငွေ ၂ဝ လောက်ရှိတယ်ပေါ့။ နည်းနည်းပိုရင် ပိုမယ်။ နည်းနည်းလျှော့ရင်လျှော့မယ်။ တစ်စုံတစ်ခုအကြောင်း သို့မဟုတ် တစ်စုံတစ်ယောက်အကြောင်းပြောတယ်၊ ဆွေးနွေးတယ်ဆိုရင်လည်း About ကို သုံးတတ်ပါတယ်။
ဥပမာ-They are talking about you.
-They are talking about the case.
ဒီနေရာမှာ Talk about ဆိုတဲ့စကားစုလေးဟာ discuss နဲ့အတူတူဘဲဆိုတာမှတ်သားလိုက်ပါ။ ဒီနောက်မှာ discuss about တို့တွဲပြီးမသုံးမိဖို့လိုပါတယ်။ အချို့က We are discussing about the game. We are discussing the game. ဆိုပြီးမှားသုံးတတ်ပါတယ်။ သို့မဟုတ်ရင် We are talking about the game. ဆိုပြီးသုံးနိုင်မှမှန်ပါတယ်။ About ကို to လေးနဲ့တွဲပြီးသုံးတတ်ပါတယ်။ He is about to get married. she is about အဓိပ္ပါယ်ကတော့ ပြုလုပ်ခါနီးပြီ၊ ပြုလုပ်တော့မယ်ပေါ့။ ပထမဝါကျမှာ သူလက်ထက်ခါနီးပြီ၊ ဒုတိယဝါကျမှာ သူမရောမကိုသွားတော့မယ်ပေါ့။ တနည်းအားဖြင့် ပြုလုပ်မဲ့ကိစ္စနဲ့ သုံးလေ့သုံးထရှိပါတယ်။
ကဲနောက်ဆုံး By ဆိုတဲ့ preposition လေးကိုလေ့လာကြည့်ရအောင်။ ဖော်ပြပါဝါကျသုံးခုကိုကြည့်ပါ။
She came by train. He came by car. I came on foot.
ကားနဲ့လာရင်၊ ရထားနဲ့လာရင် By နဲ့သုံးပြီး ချေကျင်လျှောက်လာတော့ on foot လို့ထူးထူးခြားခြားလေးသုံးထားတာတွေ့ရပါတယ်။ on foot by ကို passive ဝါကျများမှာ နဲ့တွဲပြီးသုံးတတ်ပါတယ်။
ဥပမာ – The bridge was built by the engineers.
-The fence was painted by Tom and his sons.
-The window was broken by Sam. တဲ့ စာရေးသူလည်း အိမ်ကိုဆေးသုတ်ဖို့ တာဝန်ရှိနေတော့ နားကြပါစို့။

2 comments

  • Thint Aye Yeik

    April 2, 2018 at 9:30 am

    အလွန် အသုံးဝင်လှတဲ့ မှတ်သားလေ့ကျင့်စရာ သင်ခန်းစာတွေ ဖြစ်နေတုန်းပါ…
    ပုံမှန် သင်ကြားပေးနေတဲ့အတွက်လည်း ကျေးဇူး အထူးပါလို့ ပြောပါရစေ

  • Shar Thet Man

    April 4, 2018 at 4:27 pm

    Thank you. Wishing you always teaching us.

Leave a Reply