Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဝလွန်ရင်ဘာဖြစ်မလည်း

toyoSeptember 4, 20101min1692

ဒီနေ ့ခေတ်လို အထိုင်များတဲ့ အလုပ်တွေ များပြားလာသလို စားစရာတွေရဲ့ ဟာရပါဝင်မှုကလည်း ပိုမို စနစ်ကျ များပြားလာလို့ အဝလွန်မှုတွေ နိုင်ငံတိုင်းမှာ ရှိနေပါတယ်။
အဝလွန်တယ်ဆိုတာ ကိုယ် ခန္ဓာမှာ အဆီ တစ်သျှူး ထုထည် ပမာဏ ပိုလျှံနေတဲ့ အခြေအနေလို့ သတ်မှတ်ပါတယ်။ ခန္ဓာ ကိုယ်မှာ ရှိသင့်ထက် အဆီထက် ပိုလျှံနေသလားဆိုတာ သိနိုင်တဲ့ နည်းတွေထဲက အကျယ်ပြန် ့ဆုံး သုံးကြတဲ့ နည်းကတော့ Body Mass Inders( MBI) တိုင်းတာ ကြည့်နည်းဆိုတဲ့ ကိုယ်အလေးချိန်နဲ့ အရပ် အချိုးကျတဲ့ နည်း ဖြစ်ပါတယ်။

အလွယ်တကူ တိုင်းကြည့်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

– – – -ကိုယ်အလေးချိန်(ကီလို)
(MBI)= ———————————————
– – – – အရပ်အမြင့်(မီတာ) Χ အရပ်အမြင့်(မီတာ)

အကြမ်းဖျင်းအားဖြင့် Body Mass Inders( MBI) ၂၅ ထက်ကျော်ရင် ဝတယ်လို့ စပြော နိုင်ပါပြီ။

အဲ ၃ဝ ထက်ကျော် လာပြီ ဆိုရင်တော့ အဝလွန်သူများ ဖြစ်သွားပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ တစ်ခုမက အောက်မှာ ဖော်ပြ ထားတဲ့အတိုင်း ခံစားရနိုင်တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ဖော်ကြေငြာပါတယ်။

(၁) အင်ဆူလင် ဟော်မုန်း မတိုးတော့ခြင်းနှင့် ဆီးချိုရောဂါ

အဝလွန်သူတွေဟာ သကြားဓါတ် ထိန်းပေးတဲ့ အင်ဆူလင် ဟော်မုန်း ပိုင်ဆိုင်ရာ ပြဿနာတွေ ရှိလာပါတယ်။
လွက်တဲ့ အင်ဆူလင် ဟော်မုန်းက မော်လီကျူးတည်ဆောက်ပုံ မမှန်တော့လို့ ၊ဒါမှ မဟုတ် ထွက်လာတဲ့ ပမာဏ နည်းသွားလို့ ၊ လုံးဝကို မထွက်တော့လို့ ၊ထွက်တော့လည်း ဆဲလ်တွေရဲ့ အင်ဆူလင်အာရုံခံ( Receptors) တွေက အင်ဆူလင်ကို Sensitize မဖြစ်တော့လို့ (မသိတော့လို့) ဆီးချိုရောဂါ ဖြစ်လာပါတယ်။

ဝလေ ပိုနှးစပ်လေပါပဲ။ တခြားနေရာတွေက အဆီတွေထက် ဗိုက်က အဆီတွေက ပိုမို ဆက်စပ်မှု ရှိတယ်လို့ သိရပါတယ်။

 (၂) မျျိုးဆက်ပွါး ကျန်းမာရေး ပြဿနာ

အရမ်းဝလွန်းတဲ့ အမျိုးသားတွေမှာ လိင်ပိုင်းဆိုင်ရာ နိမ့်ကျလာခြင်း( Hypogonadsim) ခံစား လာရတတ်ပါတယ်။ ရင်သားတွေလည်း မိန်းမတွေလို ကြီးလာတတ်ပါတယ်။

အမျိုးသမီးတွေမှာ ကျတော့ ရာသီ စက်ဝန်း ဆိုင်ရာမှာ ပြဿနာ မျိုးစုံနဲ့ ကလေး အရခက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

(၃) နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာ

အဝ လွန်သူတွေမှာ သွေးတိုးရောဂါဟာ သေချာပေါက်နီးပါး ဖြစ်ပါတယ်။ သွေးတိုးကြောင့် ကြာရင် လေလည်း ဖြတ်နိုင်ပါတယ်။ သွေးတွင်း အဆီ မြင့်မားလာခြင်းနဲ့ အဲဒီအဆီတွေကြောင့် သွေးကြော နံရံတွေ မာခေါက် အဆီပိတ်ခြင်း ဖြစ်လာပြီး လူတိုင်းကြောက်တဲ့ အမျိုးသားတွေမှာ ပိုဖြစ်လ့ရှိတဲ့ နှလုံး သွေးကြောပိတ် ရောဂါ ( Ischaemic Heart Disease) ဖြစ်လာနိုင်ပါတယ်။

(၄) သွေးနှင့် ဆိုင်သော ပြဿနာများ

သွေးခဲခြင်းကို အားပေးသည့် ဓာတုပစ္စည်းများ ( Factor VII and X ) ကို သွေးထဲမှာ ပုံမှန်ထက် များပြားလာစေပါတယ်။
ဒါကြောင့် အလိုလိုနေရင်း ကိုယ်တွင်းသွေးခဲ ပိတ်ခြင်းတွေ ဖြစ်လာ နိုင်ပြီး အထက်မှာဖော်ပြခဲ့သည့် နှလံးသွေးကြောပိတ် ရောဂါနှင့် သာ တွဲ ဖြစ်လိုက်လျှင် တော့ နှလုံး ကြွက်သားများ အောက်ဆီဂျင် မရသဖြင့် ပုပ်ဆွေး သွားခြင်း( Myocardial Infarct ) ထိအောင်ဖြစ်ပြီး အသက်ဆုံး နိုင်ပါတယ်။

(၅) အစာအိမ် အူလမ်းကြောင်းနှင့် အသည်းဆိုင်ရာ ပြဿနာများ

သည်းခြေအိတ် ကျောက်တည်ခြင်းဟာ အလွန် ဝသူတွေမှာ အတွေ့ရဆုံး ရောဂါ တခု ဖြစ်ပါတယ်။
( MBI) များလေလေ ဖြစ်ဖို့ အခွင့်အရေး များလေလေလို့ သိရပါတယ်။ အသည်းမှာလည်း အဆီ ဖုံးနိုင်ပါတယ်။
ဒါကြောင့် အဆီဖုံး အသည်းရောင်ရောဂါနဲ့ အသည်းခြောက် ရောဂါတို့ ဖြစ်လာ နိုင်ပါတယ်။ (အဝ လွန်ရင် အရက်မသောက်ဘဲနဲ့လည်း အသည်းခြောက်နိုင်ပါတယ်။)

နောက်ပြီး ဝမ်းဗိုက်တွင်း ဖိအား က နှစ်ရှည်လများ များနေတဲ့ အတွက် အူကျခြင်း၊ အူကျွံခြင်းတွေ မျိုးစုံ လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းဗိုက်အဆီ များခြင်းကြောင့် အသက်ကြီးရင် ဆီး၊ဝမ်း၊ ထိန်းရ ခက်လာတာတွေ ဖြစ်လာတတ်ပါတယ်။

အစာအိမ်ထဲက အက်ဆစ်တွေက အပေါ်ဘက်ကို ပြန် ကန် တက်တတ်တဲ့ အတွက် ရင်ခေါင်းပူတဲ့ အစာမကြေရောဂါ၊လည်း ဖြစ်တတ်ပါတယ်။ ပုံမှန်နေနေချိန်မှာ ဝမ်းတွင်းခြား အကန် ့နံရံ ( Diaphragm ) ဟာ အလွန်ဝရင် အပေါ် အဆုတ် ရှိရာ ဘက်ကို တင်ေးနတတ်တဲ့ အတွက် မောပန်း လွယ်စေပါတယ်။

 (၆) အသက်ရှူ လမ်းကြောင်း ပြဿနာများ

Obesity Hypoventilation Syndrome လို့ ခေါ်တဲ့ အဝလွန် လေဝင်နည်းရောဂါ စုဖြစ်နိုင်ပါတယ်။
အိပ်ရင်လည်း အရမ်း ဟောက်တတ်ပါတယ်။ (ဟောက်တတ်ခြင်းဟာ ကျန်းမာရေးကို ကောင်းစေတယ်လို့ လာပြောရင် လုံးဝ မယုံပါနဲ့။ လုံးဝမဟုတ်ပါ။
ဟိုတလောက ဂျာနယ် တစ်ဆောင်မှာ ဖတ်လိုက်ရလို့ ပြေတာပါ။ )
ပြီးတော့ အထုတ်သွေး ဖိအားများခြင်း (Pulmonary Hypertensiopn) နဲ့ နှလုံး ညာဘက် အခြမ်း အလုပ်မလုပ်နိုင်တော့ခြင်း၊ (Right Ventricular Failure) ကြာရင် ဝင်လာ နို်င်ပါတယ်။

(ရ) အရိုး အဆစ်နှင့် အရေပြား ပြဿနာများ

အဝ လွန်တော့ အလေးချိန်များလှတဲ့ ခန္ဓာကိုယ်ကို သယ်ဆောင်ထားရတဲ့ ဒူးခေါင်းလို အဆစ်မျိုး တွေမှာ အရိုးပွန်း အဆစ်ရောင် ရောဂါ ဖြစ်လာတတ်ပါတယ်။

ရောင်ရင်း ရောင်ရင်း ကြာလာ တော့ အဆစ်က ပုံပျက် တတ်ပါတယ်။ အဝလွန်ရင် ယူရစ်အက်ဆစ် ပမာဏ ပိုမိုများပြား နေတတ်တာ ယေဘူယျအားဖြင့် တွေ ့ရတတ်ပါတယ်။ အရေပြား အနေနဲ့လည်း ယားနာမျိုးစုံ သူများတွေထက် စာရင် ပိုဖြစ်လွယ်တတ်တာ တွေ ့ရမှာပါ။

(၈) ကင်ဆာရောဂါများ

အဝလွန်ရင် ယောင်္ကျားတွေမှာ အစာရေမျို ကင်ဆာ၊ အူမကြီး ကင်ဆာ ၊ ပန်ကရိယ ကင်ဆာ၊ အသည်း ကင်တာနဲ့ ဆီးကျိတ်ကင်ဆာ ့ ့ ့ ။ မိန်းမတွေမှာ သည်းခြေမိတ် ကင်ဆာ၊ သည်းခြေပြွန် ကင်ဆာ၊ ရင်သား ကင်ဆာ၊ သားအိမ် ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာနဲ့ သားဥအိမ် ကင်ဆာတို့ ဖြစ်လာ နိုင်ပါတယ်။

(၉) အာရုံကြောဆိုင်ရာ ပြဿနာများ

အဆီတွေက အာရုံကြောတွေထဲကို ထိုးဖောက် ဝင်ရာက်တဲ့ အတွက် ခြေလက် အကြော မသန်ခြင်း ၊ အကြောသေခြင်းနဲ့ ခဏခဏ ခေါင်းကိုက်ခြင်းတို့ ခံစားရ နိုင်ပါတယ်။

(၁၀) ခွဲ စိတ်ခြင်းမှ ပြဿနာများ

အဝလွန်သူတွေဟာ ခွဲစိတ်ဖို့ ကြုံလာခဲ့ရင် ရိုးရိုး လူတွေထက်ပိုပြီး မေ့ဆေး သုံးရတဲ့ အတွက် မေ့ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေ ပိုမို ခံစားရဖို့ သေချာ သလောက်ပါပဲ။

အဝလွန် သူတွေဟာ ခွဲစိတ်ပြီးနောက် ဒဏ်ရာပိုးဝင်ခြင်း( Post- Operative Infection) ဖြစ်နိုင်စွမ်းလည်း သိသိသာသာ မြင့်မားကြောင်း တွေ ့ရှိ ရတတ်ပါတယ်။

 (၁၁) ကိုယ်ဝန် ဆောင်ခြင်း ဆိုင်ရာ ပြဿနာများ

ဖြစ်နိုင်တာတွေကတော့— ကိုယ်ဝန်ဆောင်သွေးတိုးခြင်း၊ လမစေ့ဘဲမွေးခြင်း၊ ကလေးက ဆုံပိုင်း ကျနေခြင်း၊ ခွဲမွေးရန်၊ ညှပ်ဆွဲမွေးရန် ပိုမိုနီးစပ်ခြင်း၊ မွေးလမ်းကြောင်း ချဲ့ထားသော ဒဏ်ရာမှ ပိုးဝင်လွယ်ခြင်း၊ အိပ်ယာပေါ်တွင်နေစဉ် ခြေသလုံး သွေးကြောကြီးများ ပိတ် တတ်ခြင်း၊ မွေးလာသော ရင်သွေးငယ်တွင် ခါးရိုးထဲမှ အာရုံကြောမကြီး ထွက်၍ မွေးလာတတ်ခြင်း၊ စတာတွေ ဖြစ်ပါတယ်။

(၁၂) စိတ်ပိုင်း ဆိုင်ရာ ၊ လူမှုရေး ဆိုင်ရာ ထိခိုက်မှုများ

ဝခြင်းကြောင့် အလှပျက် သောက ရောက်ရခြင်း၊ စိတ်ဖိစီး လွယ်ခြင်း လိင်ပိုင်း ဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှုကြောင့် လူမှူရေး နစ်နာမှု များ ရှိလာခြင်း၊ အလုပ်လုပ်နိုင်စွမ်းရည် ကျဆင်းလာ၍ ဝင်ငွေ ထိခိုက်ခြင်းစတဲ့ မလိုလားအပ်တဲ့ ဆိုကျိုးတွေ ခံစားရနိုင်တာ အားလုံး အသိပါပဲ။

(၁၃) အသက်တိုခြင်း

အထက်မှာ ဖော်ပြခဲ့တဲ့ အဝလွန်ခြင်းရဲ့ များပြားလှတဲ့ ဆိုကျိုးတွေကြောင့် အဝလွန်သူတွေဟာ သာမန်သက်တမ်းထက် အနည်းငယ် ပိုတိုတတ်တယ်ဆိုတာ စာရင်း ဇယားများအရ သိရပါတယ်။

အထက်ပါ ဖော်ပြချက်များကြောင့် စာဖတ်သူများ ကျန်းမာ ပျော်ရွှင်အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ကြဖို့ အဝအလွန်အောင် ထိန်းသိမ်းကြပါလို့ ဆန္ဒ ပြုလိုက်ပါတယ်။

ဆက်ပိုင်လင်းခန် ့( ဆေး- ၂) The Voice 6-39

 ——

2 comments

  • ဆူး

    September 5, 2010 at 3:53 am

    အဝလွန်တာ မကောင်းတာတော့ သိပါတယ် ရောဂါထူတာလည်း သိပါပြီ ဘယ်လို ကာကွယ်မလဲဟင် မော်ဒယ်တွေ လို ပိန်ချင်လွန်းလို့ လုပ်မိတဲ့ လူတွေ ဆေးရုံရောက်တဲ့ လူငယ်တွေ လည်း ရှိတယ်။

  • ရွှေထား

    September 5, 2010 at 6:25 am

    ဝတာကတော့ မကောင်းဘူးပေါ့ … လှတာမလှတာတွေထက် ကျန်းမာဖို့က ပိုလိုအပ်တယ်လေ .. ရှိသင့်တဲ့အလေးချိန်မှာ ကျန်းမာနေတာသာ အကောင်းဆုံးပါ .. ဒီဆောင်းပါးအတွက်လည်း မသိသေးတာတွေ သိလာလို့ ကျေးဇူးပါ
    ဆူးပြောသလိုပေါ့ .. ပိန်ချင်ဇောနဲ့လုပ်မိလို့ ဆေးရုံရောက် အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အထိမျိုးတွေလည်း မြင်ဖူးတွေ့ဖူးပါတယ် …

Leave a Reply