Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန်မြို့တွင် ကေဘယ်လ်ကြိုး တစ်ချောင်း တည်းဖြင့် ရုပ်သံ၊ ဖုန်း နှင့် အင်တာနက် အသုံးပြု နိုင်ရန် လျှောက်လွှာ စတင်ရောင်း

toyoSeptember 5, 20101min2609

Elite Tech IT Service Company မှ ရန်ကုန်မြို့ အတွင်း ကေဘယ်လ် (ဝိုင်ယာ) ကြိုးတစ် ချောင်း တည်းဖြင့် ရုပ်သံလိုင်း (IPTV) ၊ ကြိုးဖုန်း (VOIP Phone) နှင့် မြန်နှုန်းမြင့် အင်တာနက် လိုင်းများကို အသုံး ပြုနိုင်ရန် အတွက် လျှောက်လွှာများ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း ယင်း ကုမ္ပဏီ တာဝန် ရှိသူက ပြောသည်။ ရုပ်သံ လိုင်းတွေက ဇာတ်လမ်း ရုပ်ရှင်တွေ နိုင်ငံ တကာ အားကစား လိုင်းများ နာမည်ကြီး သီချင်း၊ မိုးလေဝသ ဆိုင်ရာ သတင်း၊ ဗဟုသုတ ဆိုင်ရာ သတင်း အချက်အလက် တွေကို ကြည့်နိုင်မည့် (IPTV) လိုင်း ၊ Fax Service အသုံးပြု နိုင်မည့် ဂဏန်း ၆ လုံးပါတဲ့ (01.90) နှင့်စတဲ့ VOIP ( ကြိုးဖုန်း) နှင့် မြန်နှုန်းမြင့် အသုံးပြု နိုင်မည့် အင်တာနက်လိုင်းေ တွကို ကေဘယ်လ်ကြိုး တစ်မျိုး တည်းနှင့် အသုံးပြုနိုင်မည့် FTTX (Multi Mode Coexistence) လိုင်းကို ရတနာပုံ တယ်လီပို့နှင့် Elite Tech တို့ ပူးပေါင်းပြီး လုပ်ဆောင် တာပါဟု ၎င်းက ဆက်ပြောသည်။

Elite Tech မှ ယင်းလိုင်းကို တပ်ဆင် လိုသူများ အနေနှင့် ပထမဆုံး စာရင်း ပေးသွင်း ထားရမည် ဖြစ်သည်။ စာရင်း ပေးသွင်းပြီး စတင် အသုံးပြုနိုင်တော့ မည့် အချိန်တွင် Elite Tech Service Company က စာရင်း ပေးသွင်း ထားသည့် သူများကို ဆက်သွယ်၍ အိမ်တိုင် ရာရောက် တပ်ဆင် ပေးမည် ဖြစ်သည်။ စပြီး တပ်ဆင်လို့ ရပြီ ဆိုရင် ကနဦး အစမှာ ကျပ် ၁ဝ သိန်း (ယာယီ ဈေးနှုန်း) ပေးရမယ်။ ရုပ်သံ လိုင်းတွေ အတွက်က အခမဲ့ ပေးတဲ့ လိုင်းတွေ ရှိသလို တစ်လချင်း ဝယ်လို့ ရတဲ့ အခပေး လိုင်းတွေလည်း ရှိတယ်။ အဲဒီ လိုင်းတွေ အတွက် လစဉ် ကျသင့်ငွေကို သပ်သပ် ပေးရတယ်။ ဖုန်း အတွက်လည်း ဖုန်း ဘေလ် ကတော့ အထွက်တစ်မိနစ် ၂၅ ကျပ် နှင့် အဝင်က အခမဲ့ပါ။ Internet လိုင်း အတွက် သုံးစွဲခကို နိုင်ငံခြားငွေနဲ့ ပေးရမှာ မဟုတ်ဘဲ မြန်မာ ကျပ်ငွေပဲ သွင်းရ မှာပါဟု အဆိုပါ တာဝန် ရှိသူက ဆိုသည်။

FTTH အဆိုပါ FTTH တွင် FTTH (Fiber to Home, FTTC Fiber to Curb နဲ့ FTTB Fiber to the building ဆိုတဲ့ သုံးမျိုးကို Elite မှ ဝန်ဆောင်မှု ပေးမည် ဖြစ်သည်။ Fiber to the Home ဆိုတာ ဖိုင်ဘာကြိုး တစ်ချောင်း တည်းနဲ့ အင်တာနက်ရော TV လိုင်း တွေရော ဖုန်းလိုင်း တွေရော သုံးလို့ ရတာပေါ့။ သူ့က ADSL လိုင်းလိုမျိုး ကြိုးဖုန်းရှိ မှ အင်တာ နက် သုံးလို့ ရတာ မဟုတ်ဘူး။ ဖိုင်ဘာကြိုး တစ်ချောင်းတည်း နည်း အကုန် သုံးလို့ ရတာပေါ့။ ADSL လိုင်းက မြန်နှုန်းမြင့် တယ်ဆိုတာ ဖိုင်ဘာကို မမီဘူး။ ADSL က Upload/ download လုပ်ရင် 1G လောက်ပဲ ရရင် ဖိုင်ဘာက 10G တွေ အထိရတယ်။ သူက Link တစ်ခု လိုတယ်။ လာတဲ့ ဖိုင်ဘာကို ကြားခံ box တစ်ခု မှာ ထိုးပြီး ကိုယ်လို ချင်တဲ့ လိုင်းတွေ ကို ပြန်ခွဲတာ ဒီမှာ တော့ ဖုန်း၊ အင်တာနက်နဲ့ TV လိုင်း သုံးခု ပြန်ခွဲတာပေါ့။ နိုင်ငံတကာမှာ တော့ အများကြီး ပြန် ခွဲ ကြတယ် Fiber to the building ကတော့ အဆောက် အအုံတို့၊ ကွန်ဒို အကြီးကြီးတွေ အတွက် သုံးတာပါဟု အိုင်တီပညာကျွမ်းကျင် သူ တစ်ဦးက FTTH အကြောင်းကို ရှင်းပြ သည်။

Fiber to the Curb ကတော့ Coporation ကြီးတွေ ဆိပ်ကမ်း ကြီးတွေလိုမျိုးမှာ သုံးတယ်။ သူကတော့ ဝင်လာတဲ့ Fiber ကြိုးကတော့ တစ်ချောင်းတည်း။ အဲဒီကနေ ယူတဲ့ ပမာဏပေါ်မှာ မူတည်ပြီး TV လိုင်း တွေ ဖုန်းလိုင်းတွေ ပြန်ခွဲ ပေးတယ်။ ဝယ်တဲ့လူက လိုင်းတွေခွဲပြီး ပြန်ရောင်း စား တာပေါ့။ FTTH မှာလည်း ဒီလို ပြန်ရောင်းလို့ ရတယ်။ ကိုယ့်အနီး အနားမှာ ရှိတဲ့ လူတွေပေါ့။ ဒါပေမယ့် ဒီ စနစ် က ကုန်ကျ စရိတ်များတယ်။ အိမ် ကို ကြိုးရောက် ဖို့ဘဲ ကုန်ကျစရိတ်က တော်တော်များ နေပြီ။ ကြိုးကို မြေ အောက် မြှုပ်ရတော့ နံရံဖောက်နဲ့ အလုပ်တွေရှုပ်တယ်။ နောက် TV လိုင်း အတွက် လည်း Digital TV အမျိုး အစားမှ ရမယ်။ ကြားခံ ပစ္စည်း တန်ဖိုး အတွက်လည်း ရှိတယ်။ ဆယ်သိန်း ကုန်မယ် ဆိုပေမယ့် တကယ် ကုန်တာ ဒီ့ထက် များတယ်။

နောက်လစဉ်ဖုန်း TV လိုင်း အင်တာနက် ကြေးတွေ ရှိ သေးတယ။် ADSL လိုင်း ယူထားတဲ့ သူတွေက ဒီလိုင်းထပ်ယူရင် အပိုသပ်သပ် ထပ်ကုန်နေရ ဦးမယ်။ ADSL ကနေ ဒီ Fiber စနစ်ကို ကုန်ကျစရိတ် တစ်ခု အနေနဲ့ ပြောင်းပေးရင် ကောင်းမယ်ဟု ၎င်း က ဆက်ပြော သည်။ နိုင်ငံတကာတွင် အဆိုပါ ဖိုင်ဘာ ကြိုးစနစ်ထက် 3G စနစ်နှင့် Wimax ကို တာဝါတိုင် နှင့် မဟုတ်ဘဲ ကတ်ပုံစံဖြင့် အသုံးပြုမှုမှာ ခေတ်စားလာ ပြီး ဖိုင်ဘာကြိုးစနစ်ဖြင့် အင်တာနက် ၊ ဖုန်းနှင့် TV လိုင်းများ ချိတ်ဆက် မှုမှာ နည်းသွားပြီ ဖြစ်ကြောင်း ၎င်း က ဆိုသည်။ 3G လိုင်းစနစ်ပေးလိုက်ရင် ဒီဖိုင်ဘာ စနစ်က အောက်သွားပြီ၊ ဂျပန်မှာ ဒီဖိုင်ဘာ စနစ်နဲ့လုပ်တုန်း 3G စနစ် ပေါ်လာတော့ ဖိုင်ဘာစနစ်ကို ဈေးလျှော့ ပေး တာတောင် ယူတဲ့သူမရှိဘူး။ ဒီမှာ သာ 3G စနစ် ဖွင့်ပေးလိုက်ရင် အင်တာနက် TV ဖုန်းလိုင်းတွေ အတွက် အားလုံး ကောင်းသွားမှာပဲ။ ဖိုင်ဘာစနစ် ကတော့ အိပ်ချိန်းနဲ့ ၂ မိုင် အတွင်း မှာပဲ တပ်ဆင်လို့ ရတယ်ဟု ၎င်းက ဆက်ပြောကြောင်း True News ဂျာနယ်တွင် ဖော်ပြထားသည်။

9 comments

  • tunaung

    September 5, 2010 at 4:12 am

    china မှာဒီနှစ် 2010 3G စနစ်စသုံးနေပါပြီ

  • alfred

    September 5, 2010 at 4:55 pm

    china တောင် ဒီနှစ်မှဆိုတော့ မြန်မာနိုင်ငံတော့ အကန့်အသတ်မရှိစောင့်ရအုန်းမယ်ထင်တယ်။ ပေးမယ်ဆိုရင်တောင် ဖုန်းလိုင်းတွေ အရင်ကောင်းအောင်လုပ်ပါအုန်း။ ပေးမယ်လို့တာပြောတာ တကယ်ပေးပြီး Dial up လောက်ပဲဆိုရင် အလကားပဲ။ ပိုက်ပိုက်ကုန်တာပဲအဖတ်တင်မှာ။ အင်တာနက်ကိုုုုုု 3G နဲ့သုံးဖို့ မမျှော်သေးပါဘူး။ GSM တာ လိုင်းမိအောင် သာအရင် လုပ်ပေးပါအုန်း။

  • suzuki

    September 5, 2010 at 6:48 pm

    မနေ့ကတော့ အဒေါ်တစ်ယောက် ဝမ်းသာအားရနဲ့ သွားဝယ်တာ။ မရသေး ပါဘူး တဲ့။ မဟုတ်ဘူးလေ လျှောက်လွှာလေးပါလို့ ပြောတော့ အဲဒီဟာကို မရသေးတာတဲ့ . . . အဲလိုပြောတာပဲ။ Elite လေ သိတယ်မဟုတ်လား ဟင်းဟင်း . . . ဒါပဲ။

  • moethidasoe

    September 6, 2010 at 3:04 am

    စိတ်ဝင်စားသူ ဘယ်လောက်များသလဲ ဆိုတာကို သိချင်တာရယ် .. ဘယ်နေရာကို ဆက်မယ်ဆိုရင် ဘယ်နှအိမ်လောက် သွယ်ကြမယ်ဆိုရင် တွက်ချေ ကိုက်မယ်ဆိုတာရယ် .. အဲဒီအတွက် ဘယ်လောက် ရင်းနှီးရမှာလဲ ဆိုတာရယ်ကို တွက်ချက် နိုင်ဖို့အတွက် လျှောက်လွှာခေါ်တာ နေမှာပါ .. ကိုက်မှ လုပ်ကြမယ့် စီးပွားရေးသမားတွေပဲလေ ဒီလောက်တော့ ရှိမှာပေါ့ .. ကိုယ်တွေသာ အထူးအဆန်း လိုချင်လို့ ကမန်းကတန်း သွားကြတာ ..

  • လင်းဝေကျော်

    September 6, 2010 at 4:46 am

    ဘာပဲဖြစ်ဖြစ် ဈေးသက်သက်သာသာနဲ့တကယ်ကောင်းအောင်လုပ်ကြ။
    အမြတ်ရဖို့လောက်ပဲ လောဘကြီးမနေကြနဲ့ —–တွေရေ…

  • pan pan

    September 6, 2010 at 6:44 am

    အကယ်၍ အဲသည့်အတိုင်း အသုံးပြုနိုင်တဲ့အခါ “ကနဦး အစမှာ ကျပ် ၁ဝ သိန်း (ယာယီ ဈေးနှုန်း) ပေးရမယ်” ဆိုတော့ နောက်ပိုင်းအတွက် လစဉ်ကြေး (သို့) နှစ်စဉ်ကြေးတွေက ပိုများနေမှာလားမသိဘူး။ လိုင်းတွေရောကောင်းပါ့မလား။ ခုတောင် ဖုန်းလိုင်းတွေမှာ လူကြီးမင်းတွေတော်တော်နေရာယူနေကြတာ…..။
    ၅သိန်းတန်ဖုန်းပြီးတော့ ၂သိန်းတန် ထပ်လာဦးမယ်ဆိုပဲ။

  • pan pan

    September 6, 2010 at 6:44 am

    အကယ်၍ အဲသည့်အတိုင်း အသုံးပြုနိုင်တဲ့အခါ “ကနဦး အစမှာ ကျပ် ၁ဝ သိန်း (ယာယီ ဈေးနှုန်း) ပေးရမယ်” ဆိုတော့ နောက်ပိုင်းအတွက် လစဉ်ကြေး (သို့) နှစ်စဉ်ကြေးတွေက ပိုများနေမှာလားမသိဘူး။ လိုင်းတွေရောကောင်းပါ့မလား။ ခုတောင် ဖုန်းလိုင်းတွေမှာ လူကြီးမင်းတွေတော်တော်နေရာယူနေကြတာ…..။
    ၅သိန်းတန်ဖုန်းပြီးတော့ ၂သိန်းတန် ထပ်လာဦးမယ်ဆိုပဲ။ သေချာတော့မသိဘူး။

  • pan pan

    September 6, 2010 at 6:44 am

    အကယ်၍ အဲသည့်အတိုင်း အသုံးပြုနိုင်တဲ့အခါ “ကနဦး အစမှာ ကျပ် ၁ဝ သိန်း (ယာယီ ဈေးနှုန်း) ပေးရမယ်” ဆိုတော့ နောက်ပိုင်းအတွက် လစဉ်ကြေး (သို့) နှစ်စဉ်ကြေးတွေက ပိုများနေမှာလားမသိဘူး။ လိုင်းတွေရောကောင်းပါ့မလား။ ခုတောင် ဖုန်းလိုင်းတွေမှာ လူကြီးမင်းတွေတော်တော်နေရာယူနေကြတာ…..။
    ၅သိန်းတန်ဖုန်းပြီးတော့ ၂သိန်းတန် ထပ်လာဦးမယ်ကြားတာပဲ။ သေချာတော့မသိဘူး။

  • intro

    September 6, 2010 at 2:01 pm

    ဘာမှမရှိတာထက်စာရင်တော့၊ နည်းပညာအသစ်တွေရှိနေတာ ကောင်းပါတယ်ဗျာ… သုံးနိုင်တဲ့သူတွေ သုံးကြပေါ့

Leave a Reply