Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်္ဂလိပ်စာရေးတတ်လိုသော်(၁) – ပါမောက္ခမျိုးကျော်မြင့်

kaiDecember 29, 20182min6721
                        အင်္ဂလိပ်စာရေးတတ်လိုသော် (၁)

အင်္ဂလိပ်သဒ္ဒါနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းလေးတွေအကြောင်း ရေးခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ အတော်အသင့်လည်း ပြည့်စုံပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ယခုလကစပြီး အင်္ဂလိပ်လိုကောင်းကောင်းရေးတတ်အောင်လှလှပပ အမှားနည်းစွာရေးတတ်အောင် သင်ကြားပြသပေးလိုပါတယ်။ နှစ်သစ်ကူးမှာ အင်္ဂလိပ်လို ကောင်းကောင်းရေးတတ်အောင် လေ့ကျင့်ကြမယ်၊ ကြိုးစားကြမယ်လို့ အဓိဌာန်ပြုစေလိုပါတယ်။ အင်္ဂလိပ်စာ ကောင်းကောင်း ရေးတတ်ရင် အကျိုးများစွာ ရှိပါတယ်။ အလုပ်မှာရော၊ ကျောင်းမှာရော၊ ရပ်ကွက်ထဲမှာပါ လူလေးစားတာခံရမှာ သေချာပါတယ်။ မည်သူမျှ အနိုင်မကျင့်ရဲကြပါ။

ဦးစွာပထမ – ဝါကျလှလှလေးတွေရေးတတ်အောင် လေ့ကျင့်ကြပါစို့။ ဝါကျလေးတွေက မရေးခင် မှာကြားခြင်တာကတော့ ဘာသာမပြန်ဖို့ပါ။ လူတော်တော်များများက ခေါင်းထဲမှာ မြန်မာလို စာစီလိုက်တော့၊ ချရေးတော့ အင်္ဂလိပ်လိုပေါ့။ ။ ယခုခေတ် Apps လေးတွေကလည်း အများသားဆိုတော့ မြန်မာလိုတွေး၊ မြန်မာလိုရေး၊ Apps လေးက ဘာသာပြန်ပေးတယ်။ ကိုယ်က အလွယ်တကူ ကူးချလိုက်ရုံပေါ့။ အင်္ဂလိပ်စာကို မြန်မာလိုတွေးပြီး၊ မြန်မာလိုရေးလို့မရကြောင်း ဦးစွာပထမသတိပြုမိပါစေ။ အင်္ဂလိပ်လိုရေးတတ်လိုလျှင် အင်္ဂလိပ်လိုတွေးတတ်ရန်လိုပါသည်။
တွေးတတ်အောင်လည်း လေ့ကျင့်ထားဖို့လိုပါသည်။ အင်္ဂလိပ်လို ဝါကျလေးတွေရေးကြဖို့ ဆိုရင် ဖေါ်ပြပါ structure လေးနှစ်ခုကို အရင်ဆုံးလေ့လာထားပြီး လက်တွေ့အသုံးချကြရအောင်။
Subject + Verb Subject + verb + object
ဥပမာ – ကျောင်းသူ၊ ကျောင်းသားအတော်များများဟာ မြန်မာလိုတွေးပြီး အင်္ဂလိပ်လိုရေးတော့ အောက်ပါဝါကျမျိုးတွေ့ရတတ်ပါတယ်။
I angry at him because he killed my cat.
ဒီဝါကျမှာ Angry ဆိုတဲ့ adjective လေးကို ကြိယာထင်ပြီး သုံးထားတော့ လုံးဝမှားနေပါတယ်။ မြန်မာလို စိတ်ဆိုးတာနဲ့ ရိုက်တာ ပုံစံခြင်းတူနေတော့ hit ကိုသုံးသလို angry ကို သုံးထည့်လိုက်တော့ မှားသွားတာပေါ့။ Hit က အင်္ဂလိပ်လို ကြိယာလေးပါ။ angry ကတော့ adjective လေးပါ။ လုံးဝမတူပါ။ အင်္ဂလိပ်ဝါကျဆိုရင် ကြိယာတစ်ခု အနည်းဆုံး တခုပါကိုပါရပါသည်။ ကတ္တားတွေ ကံတွေ မပါချင်ရင်နေပါစေ။ ကြိယာပါမှ ဝါကျမြောက်ပါသည်။ ဖေါ်ပြပါဝါကျလေးတွေကို ကြည့်လိုက်ပါအုံး။
Go away, please. Don’t cry in front of the children. Stay here and wait for me.
ဖေါ်ပြပါ ဝါကျသုံးခုစလုံးမှာ ကတ္တားလည်းမရှိပါ။ ကံလည်းမရှိပါ။ သို့သော် ကြိယာလေးများ Go, don’t cry stay, wait ပါနေသည့်အတွက် ဝါကျလို့ သတ်မှတ်ပါသည်။ ဝါကျတိုင်းမှာ upper case လို့ခေါ်တဲ့ capital letter နဲ့စရမယ်။ အဆုံးမှာ period လို့ခေါ်တဲ့ Dot လေးနဲ့ အဆုံးသတ်ပေးရမှာ အားလုံးသိကြပါတယ်။ ဒါပေမဲ့ အသိခေါက်ခက်၊ အဝင်နက်ဆိုတဲ့အတိုင်း ဒီ period လေးအစား comma လို အသုံးများကြပါတယ်။ ဥပမာ –
My sister is pretty, she works at Cisco, she is not well-liked because she is mean.
အထက်ပါစကားစုလေးတွေမှာ pretty ရဲ့နောက်မှာ period လေးထည့်ပေးရမှာပါ။ ဝါကျက ပြီးဆုံးသွားပြီကိုး။ သို့သော် comma လေးထည့်လိုက်တော့ မှားသွားပါတယ်။ အလားတူ Cisco ရဲ့နောက်မှာ period လေးထည့်ရမှာ comma လေးထည့်မိပြန်တော့ မှားသွားပြန်ပါပြီ။ ဒီလိုစကားစုလေးတွေကို comma splice လို့ ခေါ်ပါတယ်။ period အစား comma လေးတွေ မှားယွင်းစွာ အသုံးပြုထားမိတယ်ပေါ့။ အင်္ဂလိပ် sentence ကို ကြိယာလည်းပါတယ်။ အဓိပ္ပါယ် ပြီးပြည့်စုံတဲ့စကားစုလို့ သတ်မှတ်ထားပါတယ်။ ဒီတော့ ဝါကျဆိုရင် အချက်နှစ်ချက်နဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။ ကြိယာလည်းပါရမယ်။ အဓိပ္ပါယ်လည်း ပြည့်စုံရမှာ ဖြစ်ပါတယ်။
ဥပမာ – As soon as it rains Because he loves me When I saw him ဆိုတဲ့ စကားစုလေးတွေဟာ ကြိယာပါသော်ငြားလည်း အဓိပ္ပါယ်မပြည့်စုံတဲ့အတွက် sentence လို့ သတ်မှတ်၍မရပါ။ clause လေးတွေ သာ ဖြစ်နေပါသည်။ အထူးသဖြင့် ကျောင်းသားကျောင်းသူအများစုဟာ Because နဲ့စတဲ့ clause လေးတွေကို ဝါကျထင်ပြီး မှားယွင်းစွာ သုံးတတ်ကြတာတွေ့ရပါတယ်။
ဥပမာ – He failed the exam. Because he didn’t study hard.
ဒီနေရာမှာ Because he didn’t study hard. ဆိုတဲ့ သဘောစုလေးဟာ ဝါကျမဟုတ်ပါ။ နှစ်ခုပေါင်းပြီး He failed the exam because he didn’t study hard တို့ရေးမှ မှန်သွားပါသည်. အရင်ဖော်ပြခဲ့တဲ့ Subject + verb structure လေး ကိုလေ့လာပြီး ဖေါ်ပြပါ ဝါကျလေးတွေနဲ့ အလားတူ ဝါကျ ၅ ခုလောက် အစမ်းရေးကြည့်ကြပါ။
She cried softly the whole night.
He slept well last night.
We have lived in San Jose since 1992.
အထက်ပါဝါကျသုံးခုစလုံးမှာ ကတ္တားလည်းပါတယ်။ ကြိယာလည်းပါတယ်။ ဒါကြောင့် sentence လို့ သတ်မှတ်ားပါတယ်။ ဒီကြိယာလေးတွေရဲ့ ထူးခြားချက်ကတော့ object လို့အမည်ပေ့းထားတဲ့ ကံလေးတွေမလိုပါ။ ထို့ကြောင့် ကြိယာလေးတွေရဲ့ နောက်မှာ နာမ် noun မလိုက်ဘဲ preposition လေးတွေ adjective လေးတွေ adverb လေးတွေသာ လိုက်ပါတာကို သတိပြုမိပါမယ်။ မိမိရေးထားတဲ့ အလားတူဝါကျလေးတွေကို သူငယ်ချင်းနဲ့ ဖလှယ်ပြီး ဝေဖန်ကြည့် ကြပါ။ မှားလား မှန်လား သုံးသပ်ကြည့်ကြပါ။ ပြီးတော့ ဒုတိယ subj + V + object structure လေးကို သုံးပြီး ဖေါ်ပြပါ နမူနာ Sentence လေးတွေကို အတုယူပြီး ကိုယ်တိုင် ဝါကျ ၅ ခုလောက်အစမ်းရေးကြည့်ပါ။
He wrote a letter to her.
They are building a house near the freeway.
\ She has attended school for many years in the US.
နောက်လမှာ paragraph ခေါ်စာပိုဒ်လေးတွေ ရေးတတ်လာအောင် စတင်ဖေါ်ပြပေးပါမယ်။ ယခု နှစ်သစ်ကူးမှာ diary လေးတစ်အုပ်ဝယ်ပြီး နှစ်ဆန်းတစ်ရက်နေ့ကစပြီး အင်္ဂလပ်လို နေ့စဉ် မှတ်တမ်းလေးရေးကြပါစို့။ တဖက်သူအားလုံးနှင့်တကွ မိသားစုများကိုပါ နှစ်သစ်တွင် ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။ သောကကင်းဝေးလျှက် အောင်မြင်များ ကြုံရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။