Negative Feedback တွေ ပေးရအောင်❗

အခုလက်ရှိ အချို့သော facebook user တွေ ရင်ဆိုင်နေရတဲ့ စိတ်ပျက်စရာကောင်းတဲ့အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ အချို့မီဒီယာတွေက တင်ထားတဲ့ စိတ်ပျက်စရာ အင်တာဗျူးတွေ ကိုယ့် News Feed မှာ လာပေါ်တာပါပဲ။
မီဒီယာတွေရဲ့ trend မှာကျ အဲ့လိုအင်တာဗျူးတွေဟာ viewer ပိုများပါတယ်။ အဲလို့ ဗီဒီယိုတွေမှာဆိုရင် လုပ်ငန်းရှင်တွေက ကြော်ငြာပိုထည့်ကြပါတယ်။ ဝင်ငွေပိုရပါတယ်။ ဒါကြောင့် သူတို့ကလည်း ပေါက်ရင်ပြီးရောဆိုပြီး အဲလိုလူတွေဆီ တကူးတကသွားပြီး အင်တာဗျူးတွေလုပ်ပါတယ်။ ဆဲချင်လို့ ဝင်ကြည့်ကြတဲ့အတွက် viewer ပိုများပါတယ်။ angry တို့ haha တို့ စတဲ့ react ပေးတာတွေ၊ ဝင်ဆဲတဲ့ comment တွေ၊ တစ်ဆင့်ပြန်ဖြန့်တဲ့ share တွေကြောင့် engagement တက်ပါတယ်။ ပို့စ်က ပေါက်သွားပါတယ်။ လူတွေလည်း ပေါက်သွားပါတယ်။ မီဒီယာလည်း ပေါက်ပါတယ်။ ဒီလိုနဲ့ သံသရာလည်ပြီး တန်ဖိုးရှိတဲ့လူတွေ၊ တန်ဖိုးရှိတဲ့အရာတွေ မှေးမှိန်ပြီး ပေါက်တတ်ကရတွေက ရှေ့တန်းရောက်လာပါတယ်။
မကြည့်ချင်၊ မမြင်ချင်ရင် ကျော်သွားလို့ရတယ်ဆိုပေမယ့် ဒါတွေကို လက်မခံနိုင်တဲ့သူတွေရှိတယ်၊ ဒါတွေကို စိတ်ပျက်တဲ့သူတွေရှိတယ်၊ ဒါတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုတာကို ပို့စ်တင်တဲ့သူတွေသိအောင် လုပ်လို့ရပါတယ်။ ဒါကို Negative Feedback လို့ ခေါ်ပါတယ်။ အထူးအဆန်းတော့ မဟုတ်ပါဘူး။ Hide Post လုပ်တာပါ။ Hide Post လုပ်တာဟာ သူတို့ကို Negative Feedback ပေးတာနဲ့ အတူတူပါပဲ။ ဖြစ်နိုင်ရင် Video ကို လုံးဝဖွင့်မကြည့်ဘဲ Hide Post လုပ်ပါ။
Hide Post လုပ်နည်းနဲ့ Page မှာ မြင်ရမယ့် Post Performance ကိုအောက်ကပုံမှာ ပြထားပါတယ်။
ဒီလို wrong trend မှာ ငြိမ်မနေဘဲ ကိုယ်တတ်နိုင်တာလေး တစ်ခုခုလုပ်ပြီး စိတ်လုံကြပါစို့။
Post ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ အစက် ၃ စက်ကို နှိပ်လိုက်ပါ။ ပေါ်လာတဲ့အထဲက Hide Post ကို နှိပ်ပါ။ Sponsored Post တွေအတွက်တော့ Hide Post အစား Hide Ad လို့ ပေါ်ပါလိမ့်မယ်။ ဒီ Hide Post နဲ့ Hide Ad က ကိုယ့် News Feed မှာ ပေါ်လာတဲ့ပို့စ်တွေမှာပဲ တွေ့ရမှာပါ။ ဒါက Page Admin ဘက်က မြင်ရမယ့် Performance မြင်ကွင်းပါ။ Hide Post အပြင် တစ်ခြားအရာတွေလည်း လုပ်ပေးလို့ပါတယ်။
2 comments
Shar Thet Man
May 13, 2019 at 3:27 pm
ok
manawphyulay
July 10, 2019 at 3:26 am
New Feed မှ လာပေါ်တာက သူတို့ကို following လုပ်ထားမှပေါ်တာမလား။ မနောဆီတော့ မပေါ်ဘူးမွန်မွန်ရဲ့