“သူ ဘာဖြစ်နေတာလဲ။” မော်လီက ရှေ့နည်းနည်းကိုင်းပြီး ပန်းခြံထဲကခုံပေါ်မှာ တစ်ယောက်တည်းထိုင်နေတဲ့ သနားစရာမိန်းကလေးကို ထပ်ချောင်းကြည့်လိုက်တယ်။ ပြီးတော့ နားရွက်လေးတွေပါ ခါသွားတဲ့အထိ ခေါင်းကို ခါယမ်းလိုက်တယ်။ “ဘယ်သိမှာလဲ ရော့ကီရဲ့။ သူ့ကြည့်ရတာ တော်တော်ဝမ်းနည်းနေပုံပဲ။” “ငါတို့ သူ့နားသွားကြည့်ရင် ကောင်းမလား။ တစ်ခုခု လုပ်ပေးနိုင်မလားလို့လေ။” မော်လီက သူနဲ့ ရော့ကီတို့ ထိုင်နေကြတဲ့ သစ်ပင်နောက်နားလေးကနေ ပတ်ထွက်လိုက်တယ်။ ကောင်မလေးကို သေသေချာချာ လှမ်းမြင်ရပြီ။ သူ့အမြင်အာရုံက သိပ်အကောင်းကြီးမဟုတ်ပေမယ့်လည်း ကောင်မလေး ငိုထားမှန်းတော့ သိတယ်။ အကြားအာရုံကလည်း ကောင်းလွန်းလို့ ကောင်မလေးရဲ့ တရှုံ့ရှုံ့အသံကိုတောင် ကြားနေရတယ်။ “အေး သွားရအောင်။” သူတို့ကိုယ်ပေါ်က အမှိုက်တွေကို ခါထုတ်လိုက်ပြီး နှစ်ယောက်သား ကောင်မလေးနား ကပ်သွားလိုက်တယ်။ အနားရောက်သွားတော့မှ ကောင်မလေးက တကယ်ကို ငိုထားတာပဲ။ မြင်ရတဲ့သူတို့ပါ မျက်လုံးလေးတွေ […]