ပျောက်သောလမ်းမှာ စမ်းတဝါး ဝတ္ထုဟာ ရန်ကုန်မြို့က အသစ်စက်စက် အိမ်ထောင်တည်ကာစ ချစ်သူနှစ်ဦးရဲ့ဘဝကို ရေးဖွဲ့ထားခြင်းပဲ ဖြစ်ပါတယ်။ ဒီဝတ္ထုမှာ စာရေးဆရာမ မိုးမို(အင်းလျား)ဟာ ဇနီးသည်တစ်ဦးရဲ့အမြင် ခံစားမှုဘက်ကနေ တင်ပြထားပါတယ်။ `လှိုင်´ဆိုတဲ့ အဓိက ဇာတ်ဆောင် အမျိူးသမီးဆိုရင် တက္ကသိုလ်က ဘွဲ့ရ ခေတ်ပညာတတ်တစ်ဦးဖြစ် ပါတယ်။ အလုပ်မရှိဖြစ်နေတဲ့ `လှိုင်´ဟာ လခစားအလုပ်သမားလေးတစ်ဦးဖြစ်တဲ့ သူ့ချစ်သူနဲ့အတူ အိမ်ထောင်တစ်ခုကို အခိုင်အမာထူထောင်ဖို့ ရုန်းကန်ခဲ့ရတယ်။ စာအုပ်ရဲ ့ပထမအစမှာ မင်္ဂလာဆောင်ပွဲကိုကျင်းပပုံနဲ့ ဆရာမကစထားပါတယ်။ ပြီးတော့ မင်္ဂလာဆောင်ဖို့ကို ပိုက်ဆံမရှိလို့ ကောင်လေးက သူများဆီက သွားချေးနေလို့၊ ကြာနေလို့ လှိုင် ကရင်မောမောနဲ့စောင့်နေရတယ်ဆိုပြီးပြောပြထားပါတယ်။ ကြိုတင်ပြင်ဆင်ထားမှုမရှိဘဲ၊ ပိုက်ဆံမစုထားဘဲ အိမ်ထောင်တစ်ခုကို အချစ်တစ်ခုထဲနဲ့ဆုံးဖြတ်လိုက်တယ်။ အဲတော့ မင်္ဂလာဦးညတောင်သူများအိမ်မှာသူများအိမ်မှာ အိပ်ခဲ့ရတယ်။ နောက်ပိုင်းအိမ်ဌားနေရတဲ့ဘဝရောက်ပေမယ့် အိမ်မပိုင်တော့ ပြဿနာတွေလည်းတက်ခဲ့ရပါတယ်။

အိမ်ထောင်ရက်သား ကျပေမယ့် လူလူသူသူဖြစ်လောက်တဲ့ အမိုးအကာ အိမ်ကလေးတစ်ခု မပိုင်ဆိုင်ရှာတဲ့ သူတို့ဇနီးမောင်နှံခမျာ သူ့ခင်ပွန်းရဲ့ဆွေမျိူးတွေ ၊ တစ်နည်းပြောရ ရင်ယောက္ခမအိမ်မှာပဲနေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ မိသားစုများတော့ အခန်းရယ်လို့သက်သက်မရှိဘဲ ကန့်လန့် ကာတစ်ခုသာရှိပါတယ်။ပြီးတော့ လင်ညီမတွေ အပြင်မှာ ဖြစ်တတ်ပုံကိုလည်းဆရာမကသေချာလေးဖော်ပြထားပါတယ်။ လင်ညီမအချင်းချင်းတောင်မှ အကိုကြီးရဲ ့ မယားသာလျှင် အာဏာ ရှိတယ်လို့ဖော်ပြထားပါတယ်။ လှိုင် ကအိမ်မှာ မင်းသမီးလေးလိုနေခဲ့ရတော့ အိမ်ထောင်ကျ၊ ယောက်ျားနောက်လိုက်နေတော့ အဆင်မပြေပုံများကိုသေသေချာချာရေးထားတာတော်တော်လေးကောင်းပါတယ်။ အိမ်ဌားနေဖို့ကျတော့လည်း ပထမနေနေတဲ့ အိမ်ဌားတွေက မပြောင်းဖြစ်လို့ဆိုပြီး အဆင်မပြေခဲ့ရပါဘူး။ တစ်အိုးတစ်အိမ်ထူထောင်ဖို့ အစကတည်းက မပြင်ဆင်ခဲ့တော ဒုက္ခရောက်ပုံကိုတင်ဆက်ထားတာပါ။ လှိုင့်မှာကလည်း ဘွဲ ့သာရပြီး အလုပ်ကမရှိတော့ နောက်ဆုံး ထုံးစံအတို်င်းဆိုသလို နောက်ဖေးမီးဖိုချောင်ပဲရောက်ရတော့တာပေ့ါ။ အဲ့ကြားထဲ ကလေးပါထပ်ရတော့ အဆင်မပြေမှုတွေက ပိုပိုများလာခဲ့တယ်။

ဒါပေမဲ့ လင်ယောက်ျားဘက်က ဆွေမျိူးတွေနဲ့အတူတကွ နေကြည့်တဲ့အခါ ဘယ်လိုမှသည်းညည်းမခံသာဖွယ် လူမူရေးဖိစီးမှု တွေ တစ်ခုပြီးတစ်ခု ရိုက်ခတ်ခြင်း ခံ ခဲ့ရတဲ့ `လှိုင်´ဟာ နောက်ဆုံးတော့ တစ်ခြားအိမ်ခန်းလေး တစ်ခန်းမှာ ဌားးရမ်းပြီး မိမိတို့ဇနီးမောင်နှံ နေတော့မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဘဝရပ်တည်ရေးအတွက် လှိုင်တို့လင်မယား ဟာ နှစ်ယောက်စလုံး အလုပ်လုပ်ကြရတယ်။

ချစ်သူဘဝနဲ့ အိမ်ထောင်နဲ့ဘဝကအရမ်းကိုကွာခြားသွားပုံကို ဆရာမက လှိုင့်မှာ ကိုယ်ဝန်ရလို့ အဆောင်ပြန်နေစဉ် ကောင်လေးကလိုက်ပု့ိရင်း အင်းလျားကန်ဘောင်မှာစကားတွေပြောကာ စတွေ့တွေ့ချင်း လှိုင်ကဘယ်လိုတွေဝတ်ထားခဲ့တာ ကိုပြောပြ နိုင်ခဲ့ပေမဲ့ အိမ်ထောင်သည်ဘဝရောက်တော့ လက်ထပ်တဲ့နေ့မှာပင် ဘာအရောင်တွေဝတ်ထားမိမှန်း ကောင်လေးမမှတ်မိတော့တာတွေနဲ့ နှိုင်းယှဉ်ရေးသားတာ တော်တော်လေးကောင်းလှပါတယ်။

ပြီးတော့ ဘွဲ ့ရထားပေမယ့် ရန်ကုန်မြို့ကြီးမှာနေဖို့၊ အလုပ်လုပ်ဖို့ခက်ခဲကြောင်း၊ နယ်ကနေတက်လာပြီး ရန်ကုန်မှာ အဆောင်နေရင်းကြိုးစားရုန်းကန်နေရတဲ့ မိန်းကလေးများရဲ ့ဘဝကိုလည်း ဆရာမကဖော်ပြရေးထားတော့ ခုခေတ်မှာဖြစ်ပျက်နေတာလေးကို ပြေးမြင်မိပါတယ်။ ခုချိန်ထိ လှည်းတန်းနားတဝိုက်မှာ နယ်ကနေတက်လာ၊ အဆောင်နေကြ၊ အလုပ်လုပ်ကြ၊ ကြိုးစားရှုန်းကန်နေကြတဲ့သူတွေအများကြီးပါ။

မိမိတို့ရဲ့ ရင်သွေးမျိူးဆက်သစ်ကလေးမွေးဖွားရတယ်။နောက်ဆုံးမှာ လင်ယောက်ျား ဘက်မှာရော မိမိဘက်မှာ မှာကိုယ့်အကြောင်းနဲ့ကိုယ် ဖြစ်လာတယ်။ ယောက်ျားနဲ့ ခွဲဆင်းပြီး မိမိရဲ့အဆောင်ဟောင်းကို ပြန်ပြောင်းနေခဲ့ရတယ်။ ကိုယ်ချစ်တဲ့ယောက်ျားကို ဘာစကားမှ မပြောချင်လောက်အောင်အခြေအနေတွေက တင်းကျပ်လာခဲ့တယ်။ ဒါတွေဟာရန်ကုန်မြို့မှာ ရုန်းကန်နေရတဲ့ အထက်တန်းလွှာ ပညာတတ်မိန်းမ တစ်ဦးရဲ့ ပီပြင်တဲ့ ဖြတ်သန်းမှုပါ။ ဆရာမ မိုးမို (အင်လျား)ဟာလူ့ဘဝဖြတ်သန်းမှုတွေကို စုစည်းပြီး ဖန်တီးလိုက်တဲ့မြို့ပြ မိန်းမသားတစ်ဦးအကြောင်းအဖွဲ့အနွဲ့ပါ။´

ဆက်လက်ပြီးဆရာမက ယောက်ျားတွေရဲ ့စရိုက်သဘာဝကိုလည်းပေါ်လွင်အောင်ဖော်ပြတတ်ပါသေးတယ်။ တချို့သောယောက်ျားတွေကိုသာရည်ညွှန်းတာပါ။ ဝတ္ထုထဲမှာ ကောင်လေးက အိမ်ထောင်ကျသွားတော့ ငွေရှာမယ့်အလုပ်ကလွဲပြီး ကျန်တာသူ့အလုပ်လို့မမြင်တော့ဘူး။ အိမ်သန့်ရှင်းရေးလုပ်တာကအစ ကလေးထိန်းတာအဆုံးသူ့အလုပ်မဟုတ်ဘူးဟုမှတ်ချက်ယူထားတာကိုတင်ပြထားပါတယ်။ ကြုံလာတဲ့ပြဿနာတိုင်းကိုယောက်ျားပီပီဦးဆောင်နို်င်ခြင်းမရှိဘဲ လျစ်လျူရှုတတ်တယ်။ အိမ်ထောင်ကျပြီးနောက် အဆင်မပြေတတ်သည့် ပုံစံများကို ဆရာမက ရေးသားဖော်ပြထားတာတော်တော်လေးဆွဲဆောင်ဖို့ကောင်းပါတယ်။ အထူးသဖြင့် ကလေးရသွားသည့်အချိန်တွင် အရင်လို မိမိအတွက် အချိန်မပေးနို်င်တော့ဘဲ ကလေးအတွက် စဉ်းစားပြီးလုပ်နေရပုံတွေ၊ ဝင်ငွေမကောင်းတော့ စရိတ်တွေက ကသိကအောင့်ဖြစ်လာတာတွေရေးထားတာ စာအုပ်ကိုဆက်ဖတ်ချင်အောင်ရေးသားနိုင်ပါတယ်။

ပြီးတော့ ဆရာမရဲ ့စာသားလေးတစ်ခုဖြစ်တဲ့ လောကမှာ ကိုယ့်ရည်မှန်းချက်ကိုအပျက်အစီး အတိမ်းအစောင်းမခံရဘဲ ရအောင် ကြိုးစားနိုင်တဲ့ မိန်းကလေးဟာ သတ္တိအရှိဆုံးပဲ တဲ့။ မှန်ပါတယ်။ လူဆိုတာ ရည်မှန်းချက်ထားရမယ်။ ရည်မှန်းချက်ထားမှ အောင်မြင်နိုင်မယ်။  အဲ့ရည်မှန်းချက်ကိုရောက်အောင် ကြိုးစားနေဖို့လည်းလိုတယ်လေမဟုတ်ပါလား။

ဇာတ်အိမ်ထဲက ဇာတ်ပို့characterလေးတွေဖြစ်တဲ့ မြမြသင်းတို့၊ ထွေးထွေးတို့၊ တင်မေဦးတို့ကိုလည်း သင့်တင့်လျောက်ပတ်စွာ ဇာတ်အိမ်ဖွဲ့ပြီး ရေးသားထားနိုင်ခဲ့တာကို ဂရုပြုခဲ့မိပါတယ်။ အိမ်ထောင်တစ်ခု ထူထောင်ဖို့ဆိုရာမှာ အချစ်တစ်ခုတည်းနဲ့လည်း မလုံလောက်ဘူးဆိုတဲ့ themeလေးကိုလည်း စာဖတ်သူ ပရိသတ်တွေရင်ထဲကို ထည့်ပေးနိုင်ခဲ့ပါတယ်။ အခြေခံလူတန်းစားတွေရဲ့ဘဝဟာ ထင်သလောက် မလွယ်ဘူးဆိုတဲ့ အချက်ကိုလည်း သေချာကြီးကို သိခဲ့လိုက်ပါတယ်။

ထို့အတူ ဇနီးဖြစ်သူ လှိုင် ဘက်ကမှကြည့်မည်ဆိုပါက စားဝတ်နေရေးအဆင်မပြေချိန် ခင်ပွန်းဖြစ်သူ၏အားပေးစကားများကိုမကြားရဘဲ ညည်းညူမှုများ၊ အလိုက်မသိတတ်မှုများ၊ သူလိုချင်သည့်ခင်ပွန်းကောင်းတစ်ဦးမပီသမှုများကို ကြုံတွေ့ဖန်တော့ အိမ်ထောင်ရေးခဏခဏအဆင်မပြေတော့ပေ။ သူငယ်ချင်းကောင်း၊ အိမ်နီးချင်းကောင်းရှိသည်က အဆိုးထဲမှအကောင်းဟုဆိုရမည်။ ချစ်ဖို့ကောင်းတဲ့ မိသားစုစိတ်ဓါတ်ရှိတဲ့ သူငယ်ချင်းအပေါင်းအသင်းရှိတာလည်း ကံကောင်းခြင်းတစ်မျိုးပဲဆိုတာကို ဒီစာအုပ်မှာဖတ်လိုက်ရပါတယ်။

မိုးမိုး(အင်းလျား)သည် သူ့ဇာတ်ကောင် လှိုင်ကို လူ့လောကတွင် တကယ်ဖြစ်လေ့ရှိသည့်ဖြစ်ရပ်များထဲကတစ်ခုအတိုင်း အဆုံးသတ်ပေးလိုက်ရာ ထိုဇာတ်သိမ်းမှ စာဖတ်သူဖြစ်စေချင်သည့်ဇာတ်လမ်းကို ဆက်တွေးတောခိုင်းခဲ့တယ်။

တက္ကသိုလ်တတ်ရင်း အချစ်ကို ဦးစားပေးလို့ သေချာမပြင်ဆင်ပဲ အိမ်ထောင်တစ်ခုကို ထူထောင်လိုက်တဲ့အခုမှာ ကြုံတွေရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပြဿတွေ ဒုက္ခတွေနဲ့ ဒါတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတဲ့ ဆရာမရဲ့ အာဘော်လေးတွေကို ပျောက်သောလမ်းမှာ စမ်းတဝါးဆိုတဲ့ စာအုပ်လေးကို သုံးသပ်ချက်ရေးပေးလိုက်ရပါတော့တယ်။


About Mon Lay

Mon Lay has written 468 post in this Website..