မိသားစုနဲ့ဘာလို့ခရီးထွက်သင့်လဲ

Mon LayDecember 12, 20191min21733

မွန်လေးခရီးတွေစထွက်ခဲ့ဖူးတာ လူကြီးတွေပြောပြချက်အရ ဟိုးခပ်ငယ်ငယ်၃ နှစ်သမီးလောက်ကတည်းက အဖွားနဲ့ လေယာဉ်ကြီးစီးပြီးကျောက်ဖြူကိုစသွားခဲ့တာပါ။ အဲ့ကတည်းကအခုချိန်ထိ ခရီးတွေတောက်လျှောက်ထွက်ဖြစ်နေခဲ့တာပေါ့နော်။ ခြေထောက်မှာ ဗွေပါတယ်ထင်ပါရဲ ့။သူငယ်ချင်းတွေနဲ့သွားတဲ့ခရီးစဉ်တွေလည်းရှိသလို မိသားစုနဲ့သွားတာတွေလည်းရှိပါတယ်။ ဒါပမေဲ့ တစ်ယောက်ခရီးသွားတာမျိုးတို့၊ ရည်းစားနဲ့ ခရီးသွားတာမျိုးတို့တစ်ခါမှမရှိခဲ့ပါ။ ကိုယ်ကိုယ်တိုင်ကလည်းမသင့်တော်လို့ မသွားချင်သလို အိမ်ကလည်း မလွှတ်ဘူးလေ။

ကိုယ်ကိုယ်တိုင်ကလည်း မိသားစုနဲ့ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ပဲ သွားရတာ ပျော်လို့ ဒီတစ်ခေါက်ကတော့ မိသားစုနဲ့သွားတာ ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာကို ရေးပေးချင်ပါတယ်။ မွန်လေးထင်မြင်ချက်ကိုရေးပေးတာနော်..

  • မိသားစုနဲ့သွားရင် သူတို့က ကုန်ကျစရိတ်ပိုခံပေးတော့ ကိုယ်ပိုသက်သာတယ်။
  • မိသားစုကသာလျှင် ကိုယ့်အကြိုက်နဲ့ မကြိုက်တာကိုပိုသိတော့ ခရီးသွားရင် ညှိုစရာမလိုတော့ဘူး။
  • ကိုယ်ကိုဂရုစိုက်မှုအပေးနိုင်ဆုံးက မိသားစုပဲဆိုတော့ ခရီးသွားရင် ပိုလုံခြုံတယ်လို့ခံစားမိတယ်။
  • တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေ၊ ချစ်ခင်နားလည်မှုတွေ မိသားစုတွင်း မှာ ပိုမိုရရှိစေပါတယ် ။

ခုနောက်ပိုင်းမှာ မိဘတွေက မိသားစုကိုအချိန်ပေးဖို့နည်းလာသလို သားသမီးတွေကလည်း မိဘနဲ့တွေ့ဆုံဖို့အချိန်နည်းလာကြတယ်။ မိဘတွေကလည်း စားဝတ်နေရေးအတွက် ငွေကြေးနောက်လိုက်နေရသလို သားသမီးတွေကလည်း အပြိုင်အဆိုင်များတဲ့ခေတ်မှာ ကျူရှင်တွေအထပ်ထပ်တက်၊ ပညာရည်ပြည့်ဝအောင်လုပ်ရင်း မိဘနဲ့ သားသမီးကြားကချစ်ခင်ရင်းနှီးမှုတွေက ဝေးသထက်ဝေးလာခဲ့တာပေါ့။ သားသမီးကဘာဖြစ်ချင်မှန်း၊ ဘာလိုချင်မှန်းမသိ.ပြောပြတော့လည်း မိဘတွေကလည်း မအားတော့ နားမထောင်ပေးနိုင်ဆိုတော့ သားသမီးနဲ့ မိဘကြားမှာ relationship တွေက gap တွေဖြစ်ကုန်တာပေါ့။

ဒီတော့ အဲလိုလေးတွေမဖြစ်ရအောင် ပိတ်ရက်ရရင် သားသမီးလေးတွေနဲ့ အိမ်မှာ မုန့်လုပ်စားတာပဲဖြစ်ဖြစ်၊ ရန်ကုန်မြို့တွင်းကတစ်နေရာရာကိုသွားတာပဲဖြစ်ဖြစ်၊ အပန်းဖြေခရီးတွေသွားတာပဲဖြစ်ဖြစ်လုပ်ပေးသင့်ပါတယ်။ အဲလိုမျိုးတွေသွားရင်း အမှတ်တရတွေကို အတူတကွ ဖန်တီးရယူပါ။ မိသားစုနဲ့အတူတူ ခရီးထွက်ရင်း ဓါတ်ပုံလေးတွေ၊ ဗီဒီယိုဖိုင်လေးတွေရိုက်ပါ။ ဒါဆို တစ်ချိန်ကျရင် ဘယ်လိုမှ ပြန်လည်ရယူလို့ မရတော့တဲ့ နုပျိုမှုတွေ ပျော်ရွှင်မှုတွေ ပြည့်နေတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေ အဖြစ်တည်ရှိနေမှာပါ။

မွန်လေးဆို အမေနဲ့က အိမ်မှာဆို သိပ်တောင်စကားမပြောဖြစ်ဘူး။ တစ်ခုခုတိုင်ပင်မယ်ဆိုလည်း အဖွားနဲ့အဒေါ်တို့လောက်ပဲတိုင်ပင်လေ့ရှိတာ။ အမေက အေးလည်းအေးသလို၊ တစ်ခုခုပြောပြနေရင် သူလုပ်ချင်တာလုပ်နေတာမျိုး။ ပြန်လည်းမပြော ဖာသိဖာသာဆိုတော့ အိမ်မှာ အမေနဲ့က သူစိမ်းတွေလိုပဲ။ ငယ်ငယ်ထဲက အမေက နယ်မှာတာဝန်ကျအလုပ်လုပ်၊ မွန်လေးကအဖွားနဲ့ပဲအတူနေခဲ့တာဆိုတော့ အမေနဲ့ကအရမ်းစိမ်းတယ်။ အမေ့ကိုဆို ကလေးမရှိဘူးလို့ပဲလူတွေကထင်ကြတာ။ ဒါပေမဲ့ သားအမိနှစ်ယောက် ဘယ်မှာ စိတ်တူပြီး ညီညွှတ်လဲဆိုရင် ခရီးသွားတာပဲ။ နှစ်ယောက်စလုံးက ခရီးသွားတာကြိုက်တယ်။ ခရီးသွားချိန်ဆို သားအမိနှစ်ယောက်ကအရမ်း အတို်င်ဖောက်ညီပြီး ညှိုလို့ရတယ်။ အဲ့အချိန်ပဲ နှစ်ယောက်က သားအမိဆိုပြီး တခြားသူတွေကသိကြတယ်။ အဲ့သလိုဆိုတော့ မိဘနဲ့သားသမီး ရင်းနှီးမှုရချင်ရင် ခရီးသွားတာကနေလည်း ရနိုင်ပါတယ်လို့ ဆိုတော့ ….မိသားစု ခရီးလေးတွေထွက်ဖြစ်အောင်တော့ထွက်ပါ။
မိမိကလေးတွေကို အချိန်ပေးပါ။ သူတို့လေးတွေ ဝါသနာပါတဲ့အရာလေးတွေကို အရမ်းကြီးမပံ့ပိုးနိုင်ရင်တောင် အပြောစကားလေးနဲ့ အားပေးပါ။ သူတို့လေးတွေနဲ့အမှတ်တရလေးတွေ များများဖန်တီးပေးပါ လို့ ပြောရင်း ခရီးတွေဆက်သွားပြီး စာတွေရေးပါဦးမယ်။

3 comments

  • ဦးကြောင်ကြီး

    December 14, 2019 at 11:28 pm


  • manawphyulay

    January 8, 2020 at 4:04 am

    မွန်လေးရ့ ထင်မြင်ချက်နဲ့က တစ်ချို့မှန်ပေမယ့် တစ်ချို့ကတော့ ကိုယ့်အတွက် မမှန်ဘူးလို့ ဆိုရမှာပေါ့လေ..

    ကိုယ်က ဦိးဆောင်သွားတော့ ပိုပြီး ကုန်ကျပါတယ်….


    မိသားစုရ့အကြိုက်လိုက်ရပါတယ်…

    ကိုယ့်အစီအစဉ်နဲ့ကိုယ်ဆိုတော့ လုံခြုံမှုတော့ ရှိပါတယ်။

    ဒါလည်း မှန်ပါတယ်။

  • Shar Thet Man

    January 19, 2020 at 2:14 pm

    ဟုတျကဲ့ပါ

Leave a Reply