ရည်မှန်းချက်တွေ ပြည့်စုံဖို့ Plan ထားကြစို့

Mon LayOctober 29, 20201min1680

မနေ့က အစ်ကိုတစ်ယောက်နဲ့အိမ်မက်မက်တယ်။ အဲ့အစ်ကိုနဲ့က မွန်လေးUFL မှာ အင်္ဂလိပ်စာဒီပလိုမာတက်ဖို့ အပြင်သင်တန်းတက်ရင်း ဆုံခဲ့ဖူးတာပါ။ ဘယ်လောက်အင်္ဂလိပ်စာ အခြေခံကောင်းသလဲဆိုရင်..ဆရာက ကွက်လက်ဖြည့်ဖို့မေးတိုင်း သူကချည်းဖြေနိုင်တာ။  တစ်ခန်းလုံးမှာ သူ့အသံပဲထွက်နေတာ..အဲ့လောက် အင်္ဂလိပ်စာတော်လို့ သူ့ကိုသတိထားမိခဲ့ တယ်။ ပြီးတော့ သူက မွန်လေးရဲ့ခုံအနောက်မှာထိုင်တော့ နောက်ပိုင်းမှာခင်သွားတာပေါ့။ 

မွန်လေးတို့ UFL ရောက်တော့လည်း ဆက်ခင်နေတာပေါ့။ အဲ့လိုတက်ရင်းနဲ့ MOFA (Ministry of Foreign Affairs) က တတိယအတွင်း၀◌န် ကခေါ်ရော။  မွန်လေးလည်း လုပ်ချင်တာနဲ့ ၀◌င်ဖြေဖြစ်တယ်ပေါ့။ ဒါပေမဲ့ ကြိုတင် plan မရှိခဲ့တော့  ဖြစ်မလာဘူး။ ဗဟုသုတရော၊ အင်္ဂလိပ်စာလည်း အခုလို မရသေး‌တဲ့ အပြင် လုပ်ဖို့က ရည်မှန်း ထားတာပဲရှိတာ..ဘယ်လိုကြိုတင်ပြင်ဆင်ရမယ်ဆိုတဲ့ plan မရှိခဲ့တော့ အရွေးမခံခဲ့ရဘူးပေါ့။  ဒါပေမဲ့ အဲ့အကိုကကျတော့ အရင်ငယ်ငယ်ထဲက အင်္ဂလိပ်စာကိုတော်အောင်လုပ်မယ်။ တစ်နေ့ ကျရင် ရာထူးကြီးတဲ့နေရာတွေမှာ၀◌င်လုပ်မယ်။ ကံကောင်းခဲ့လို့ရှိရင် MOFA မှာပါ လုပ်မယ်ဆို တဲ့ plan ထားခဲ့လို့ အင်္ဂလိပ်စာနဲ့ ဗဟုသုတကို ရအောင် ကြိုးစားဖတ်ခဲ့တယ်  တဲ့။ သူplan လုပ်ထားခဲ့တဲ့အတိုင်း တကယ်တမ်း MOFA ခေါ်တော့ အေးဆေးပဲ။ သူတတိတ အတွင်း၀◌န်ဖြစ်ခဲ့တယ်လေ။ ဒါတွေကို သူ့ကိုမေးတော့မှသိခဲ့တာပါ။

အဲ့ဒါနဲ့ အိမ်မက်မက်လို့ဆိုပြီး သူ့အကောင့်ရှာတော့ သူအခု နယူးဇီလန်မှာလေ။ အရမ်းကို သာယာနေတာပေါ့နော်။ အဲ့တော့မွန်လေးပြောချင်တာက မွန်လေးတို့လည်း သူ့လို ရည်မှန်းချက် တစ်ခုထားပြီဆို အဲ့ရည်မှန်းချက်ကိုသွားဖို့ plan ထားရမယ်။ လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်  ထားရမယ်။ မွန်လေးက ဖြစ်ချင်စိတ်သာရှိတာ..plan မထားခဲ့တော့ MOFA မှာအလုပ်မရခဲ့ဘူး။  အင်္ဂလိပ်စာလေ့လာဖို့ အချိန်တွေရခဲ့ရဲ့သားနဲ့ ကိုရီးယားရူးပြီး ကိုရီးယားစာပဲလေ့လာခဲ့တယ်လေ  အိမ်ကUFL တက်တော့လည်း ပြင်သစ်ပဲယူရမယ်..ပြင်သစ်နိုင်ငံရောက်အောင်ဆိုပြီး..အမှန်က  ကိုရီးယားစာက အခြေခံသင်စရာမလိုဘဲ..ကိုယ်ကတတ်နေပြီးသားလေ…ဒါမဲ့မတတ်ခဲ့ရဘူး။  ရှိတဲ့အချိန်မှာ အင်္ဂလိပ်စာကို ဖိမလုပ်ခဲ့လို့လည်း အရမ်းနောင်တရတယ်။ ပြင်ပစာတွေ မလေ့လာခဲ့လို့လည်း နောင်တရတယ်။ အာ့ကြောင့် အခုဆို တစ်နေ့ကို သတင်းတွေရအောင်ဖတ်တယ်။  အင်္ဂလိပ်စာလည်း ပိုလုပ်တယ်။ ပြင်သစ်စာသင်ထားတော့ အဲ့ ပြင်သစ်ကိုရောက်အောင်သွားမယ်လို့လည်း plan ထားထားတယ်။ တခြား Target ထားတာတွေလည်းရှိတယ်။ အဲ့ အတွက် အခုကစပြီး plan ထားထားပါပြီ။  အခုစာဖတ်နေတဲ့သူလည်း အသက်မကြီးသေးဘူးဆို နောင်တချိန်မှာ ဘာဖြစ်ချင်လဲ ကြိုတင်မေးခွန်းထုတ်ပါ။ ရည်မှန်းချက်ထားပါ။ ပြီးရင် plan ဆွဲပါ။ အဲ့plan ဆွဲထားတဲ့အ တိုင်း လုပ်ပါ။